ကချင်ပြည်နယ်
မန်စီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာတစ်ဝိုက်မှာ တရုတ်နိုင်ငံမှ ကုန်သည်အချို့နဲ့ KIA
အဖွဲ့ တို့ သဘောတူညီမှုဖြင့် သစ်ကွက်ထုတ်လုပ်ရောင်းချနေတဲ့ကုမ္ပဏီတွေ
ဖွင့်လှစ်ထားလျက်ရှိပါသည်။ အဲဒီကုမ္ပဏီေ တွ အနေနဲ့ KIA အဖွဲ့နဲ့စာချုပ်ချုပ်ထားရာမှာ
တရားဝင်သတ်မှတ် ငွေကြေးပေးရတဲ့ အပြ င်ေ မ်ာတော်ယာဉ်မောင်းသူ တွေအနေနဲ့ KIA
တပ်ဖွဲ့တွေကို သီးခြားငွေကြေးပေးပြီး ဖြတ်သန်း သွား လာ နေ ကြရ ပါသည်။
တိုက်ပွဲတွေမရှိခင် တုန်းကတော့ ပိုက်ဆံပေးပြီးသွားလာလို့ လွယ်ကူပေမယ့်
အခုခါ မှာေ တာ့ ကားတွေ သွားလာမှုကို KIA ဘက်က ပိတ်ထားလိုက်ကြောင်းသိရှိရသည်။
ဒါ့အပြင်
ကားလမ်းတွေမှာ မိုင်းတွေထောင်ထားတဲ့အတွက် မဖြစ်မနေသွားနေရတဲ့ မော်တော် ကားတွေ
မကြာမဏ မိုင်းနင်းမိပြီးလူနဲ့ပစ္စည်း ဆုံးရှုံးမှုတွေဖြစ်ပေါ်နေပါတယ်။
လမ်းကြောင်းသိပြီး ကျွမ်းကျင်တဲ့ ယာဉ်မောင်း တွေအတွက်အခက်အခဲမရှိပေမယ့်
တရုတ်နိုင်ငံသား ယာဉ်မောင်းတွေ အတွက်တော့ စိုးရိမ် ဖွယ်ရာ အခြေအနေ ပဲဖြစ်နေပါတယ်။
တရုတ်ကုမ္ပဏီတွေဘက်ကလည်း ငွေကြေးကို အဓိကထား ရှာဖွေနေရ သလို KIA ဘက်က လည်း
စစ်တပ်တွေ အယောင်ဆောင် ၀င်လာမှာကို ကြောက်လန့်နေပါတယ်။ KIA တပ်တွေ အတွက်ကျဆုံးမှုတွေ
များပြားနေပြီး ထွက်ပြေး သူတွေများ နေတာကြောင့် အရင်ကလို လမ်းကြောင်းတွေမှာ
ငွေကြေးတောင်းခံတာတွေ လုပ်ချိန်မရဘူး ဖြစ်နေကြောင်းသိရှိရသည်။
စစ်ပွဲတွေဖြစ်နေတဲ့ကာလမှာ
သူ့လူ ကိုယ်လူ့ မခွဲခြားနိုင်တော့ဘဲ လမ်းကြောင်းတွေမှာ မိုင်းထောင်ဖို့နဲ့
တံတားတွေဖောက်ခွဲဖျက်ဆီးဖို့ KIA ဗဟိုဌာနချုပ်ရဲ့ အမိန့်အတိုင်း
လုပ်ဆောင်နေကြရ ပါတယ်။ တံတားတွေ ဖျက်ထားမှ စစ်တပ်တွေမလာနိုင်မှာဆိုတဲ့အမြင်နဲ့
ဖျက်ဆီးနေပေမယ့် တကယ် ဒုက္ခရောက်နေတာကတော့ KIA တပ်ဖွဲ့ဝင်များနှင့် ဒေသခံနေထိုင်သူတွေပဲဖြစ်ပါသည်။
အရင်တုန်းက သစ်ကားတွေဖြတ်မောင်းလာတာတွေ့ရင် KIA တပ်သားတွေအတွက်
ငွေကြေးနဲ့စားစရာတွေ ချပေးခဲ့လို့ သစ်ကားတွေအလာကိုမျှော်နေခဲ့ရကြောင်း
သိရှိရပါသည်။ အခု ခါမှာတော့ ပေါ်လာမဲ့ သစ်ကားတွေ အတွက်
စိတ်မကောင်းစရာတွေ့ကြုံရမှာကိုတွေးပြီး KIA တပ်ဖွဲ့ဝင်များစိတ်
မကောင်းဖြစ်နေကြသည်ဟု ဒေသခံများ၏ပြောပြချက်အရသိရှိရပါသည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.