KIA မှ မြို့ကြီးများတွင် အသေခံဗုံးခွဲရန် စေလွှတ်
ကချင်ဒေသအတွင်းသို့ ဆက်သွယ်ထားသော လမ်း/
တံတားများနှင့် ရထားလမ်းများကို KIAမှ အစိုးရ တပ်အသုံးပြုသည်ဟု
အကြောင်းပြ ချက်ဖြင့် အကြိမ်ကြိမ်မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း များ
ပြုလုပ်ခဲ့ သည်။ သို့သော် KIA သောင်းကျန်းသူ၏ အခြေအနေမှာ တစ်နေ့တစ်ခြား
ဆိုးရွားလာခဲ့သည်။ ကချင်ဒေသ ခံနှင့် နိုင်ငံ တစ်ဝှမ်းရှိ
တိုင်းရင်းသားများကလည်း KIA အား ရွံ့ရှာစက်ဆုပ်လာကြသည်။
ယခုတဖန် KIA သည် အစိုးရအား နိုင်ငံရေးသိက္ခာ ကျဆင်းစေရန်နှင့်
နိုင်ငံတကာမှ မြန်မာနိုင်ငံအား အထင်မြင်သေးစေရန် ရည်ရွယ်ချက်ဖြင့်
မြို့ကြီးများတွင် အကြီးစားဖောက်ခွဲ ဖျက်ဆီးမှုများ ပြုလုပ်ရန် အတွက်
အသေခံအဖွဲ့အဖြစ် ဖွဲ့စည်းထားသော KIA သောင်းကျန်းသူများအား ကချင်ပြည်နယ်
လိုင်စင်ပို့စ် မှ မနေ့က စတင်စေလွှတ်ခဲ့သည်ဟု လိုင်စင်ပို့စ် ဒေသခံတစ်ဦးထံမှ
သတင်းရရှိပါတယ်။ အနီးစပ်ဆုံးမှ ရှိ သည့် မြစ်ကြီးနားမြို့မှ
ဒေသခံများနှင့် ဗန်းမော်မြို့မှ ဒေသခံများမှ KIA ၏ပြုလုပ်မည့် အစီအစဉ်ကို
ကြား သိပြီး စိုးရိမ်မှုများဖြစ်ပေါ် နေသည်ဟု ဒေသခံ များ၏ပြောပြချက်အရ သိရှိရသည်။
KachinDailyNews
နည်းပညာပိုင်း လေ့လာမယ်ဆိုရင်
No comments:
Post a Comment
Note: Only a member of this blog may post a comment.