Pages

Wednesday, January 30, 2013

အိမ်ပြန်ချိန်


စစ်ပွဲကြီးပြီးရင် အိမ်ပြန်ချင်တယ်...။

ဦးခေါင်းထက်မှာ ကျည်ဆံတွေက နတ်ဆိုးရဲ့ လေချွန်သံလို
တရွှီရွှီမြည်နေတုန်း မြေလွှာအောက်ကမိုင်းဗုံး
ဝုန်း ကနဲ ပေါက်ကွဲတယ်…။

ငါ့အနာဂတ်မျှော်လင့်ချက်ဟာ ခြေထောက်တစ်ဖက်နဲ့အတူ
ပြုတ်ထွက်လွင့်စင်သွားပေါ့…။

သေမင်းဟာ..
လက်ပိုက်ကို ဖြုတ်ပြီး....
ငါ့ဆီကို တစ်လှမ်းချင်းလာနေတယ်...။

သေနတ်သံ၊ ဗုံးသံတွေ ပျောက်ဆုံးပြီးးးးးးးးးး
ငါ့အတွေးထဲမှာ ငါ့သား နဲ့ ငါမယားရဲ့ ငိုညီးသံတွေက ကြီးစိုးလို့နေတယ်...။

ငါသိလိုက်တယ် ငါ့မျက်ရည်တွေ နဲ့ ဒဏ်ရာဗရဘွ နဲ ငါ့အလောင်းပေါ်က အမှန်တရားကို ဘယ်သူမှ သိမှာမဟုတ်ဖူးးးးးးးးး ။ ဒါပေမယ့် ငါကြိုးစားပြီး ပြုံးနေတယ်...။

ငါ့ရဲ့ စစ်ယူနီဖောင်း နဲ့ ငါ့ရင်ဘတ်မှာ ချိတ်ဆွဲထားတဲ့ စစ်မှုထမ်းသက်တံဆိပ် ကလေးက ငါ့ကို တာ့တာပြနေတယ်...။

ငါ့ရဲ့ အသက်ရှုသံတွေက အိမ်ကိုပြန်ဖို့အတွက် အမှတ်စဉ်ရေတွက် နေသယောင်ယောင်...။

ငါ့ရဲ့ ခန္တကိုယ် အစိတ်အပိုင်းတွေအားလုံး ကောက်ပဲသီးနှံတောင် မစိုက်တဲ့ အမြှောက်ဆံတွေပေါက်ကွဲ သေနတ်သံတွေ ဆူညံနေတဲ့ စစ်မြေပြင်မှာ ဖြစ်သလို မြေမြုတ်ခဲ့ရတော့မယ်...။

ငါ့သားလေးကို ကျောင်းစာလေးတွေ ငါတတ်သလောက် မှတ်သလောက်ကလေး ရှင်းပြရဦးမယ်..။ ကျောက်သင်ပုန်းမှာ ၀လုံးဝိုင်းဝိုင်းလေးတွေ ဆွဲပြရဦးမယ်..။

ဟင်းးးးးးးးးးးးးးးးးးး ခုတော့ စစ်ပွဲကြီး မပြီးသေးပဲ အိမ်ပြန်ရတော့မှာပါလား........။


မင်းခန့် ဦး

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်