Pages

Tuesday, January 14, 2014

တိမ်ကော နေသည့် ရေနုတ်မြောင်း အား မူလ အတိုင်း ရေစီးဆင်း မှု ကောင်းမွန် စေရန် အတွက် ပြန်လည် တူးဖော်ခြင်း လုပ်ငန်း ကို စတင် ဆောင်ရွက် လျက်ရှိရာ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ လကုန် တွင် ပြီးစီးမည်

၂ဝ၁၃ ခုနှစ် မိုးရာသီ တွင် လက်တံ (၃) နှင့် လက်တံ (၄) အကြား ပင်မမြောင်း အတွင်း သဲနုန်းများ ဝင်ရောက် ခဲ့ရာ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ လကုန် တွင် ရှင်းလင်း ဖယ်ရှားခြင်း လုပ်ငန်း အား ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ပင်မ မြောင်း အတွင်း သဲနုန်း ဝင်ရောက် မှု ထပ်မံ မဖြစ်ပေါ် စေရန် အတွက် မူလ စီမံကိန်း တည်ဆောက် စဉ်က တူးဖော် ထားသော တိမ်ကော နေသည့် အလျား ပေ ၁၈၅ဝ ရှိ ရေနုတ်မြောင်း အား မူလ အတိုင်း ရေစီးဆင်း မှု ကောင်းမွန် စေရန် အတွက် ပြန်လည် တူးဖော်ခြင်း လုပ်ငန်း ကို စတင် ဆောင်ရွက် လျက် ရှိရာ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ လကုန် တွင် ပြီးစီး မည် ဖြစ်ပါကြောင်း ဖြင့် လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးခင်ဇော် က မကွေး တိုင်း ဒေသကြီး မဲ ဆန္ဒ နယ် အမှတ် (၅) မှ ဦးကျော်သူဦး ၏ ''မင်းဘူး (စကု) မြို့နယ်၊ ကမ်းနီ လျှပ်စစ် မြစ်ရေတင် စီမံကိန်း ရှိ ပင်မမြောင်း သဲနုန်းများ တင်နေမှု အား ပြန်လည် တူးဖော် ပေးနိုင်ခြင်း ရှိ / မရှိ'' မေးခွန်း နှင့် စပ်လျဉ်း ၍ ရှင်းလင်း ဖြေကြား ခဲ့သည်။

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဂျပန် နိုင်ငံ အာဏာရ လစ်ဘရယ် ဒီမိုကရက် တစ် ပါတီ ဒုတိယ ဥက္ကဋ္ဌ နှင့် နိုင်ငံခြားရေး ၀န်ကြီး ဟောင်း ဦးဆောင် သည့် ကိုယ်စားလှယ် အဖွဲ့ အား လက်ခံ တွေ့ဆုံ



ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည် ဂျပန် နိုင်ငံ အာဏာရ လစ်ဘရယ် ဒီမိုကရက် တစ် ပါတီ ဒုတိယ ဥက္ကဋ္ဌနှင့် နိုင်ငံခြား ရေး ၀န်ကြီး ဟောင်း H.E.Mr. Masahiko Komura ဦးဆောင် သည့် ကိုယ်စား လှယ် အဖွဲ့ အား ဇန်န၀ါရီလ ၁၃ ရက် နေ့ ညနေ ၃ နာရီ တွင် နေပြည်တော် ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန် ဆောင် ဧည့်ခန်းမ ၌ လက်ခံ တွေ့ဆုံ သည်။

ဒီလှိုင်း သတင်းစာ နှင့် Daily Eleven News သတင်းစာ အပါ အ၀င် စုစုပေါင်း သတင်းစာ ၁၂ စောင်အား ထုတ်ဝေခွင့် လိုင်စင် များ ရုပ်သိမ်း

ကန့်သတ် မှုများ ရုပ်သိမ်း လိုက်သည့် စာနယ်ဇင်း လောက သည် သတင်းစာ၊ ဂျာနယ် မြောက်မြား စွာ ပေါ် ထွက် လာခဲ့ သည်။ အစိုးရ ဆီ အပြိုင် အဆိုင် ထုတ်ဝေ ခွင့် လျှောက်ထား သော သတင်းစာများ လည်း အများအပြား ရှိခဲ့ သည်။ ယခု အခါ ထုတ်ဝေခွင့် ကို အစိုးရ မှ ခွင့်ပြု ထားပြီး သတ်မှတ်ချိန် အတွင်း ထုတ်ဝေ နိုင်ခြင်း မရှိသည့် ပုဂ္ဂလိက နေ့စဉ် သတင်း စာ ၅ စောင် ၏ ထုတ်ဝေခွင့် လိုင်စင် များကို ပြန်လည် ရုပ်သိမ်း တော့မည် ဖြစ်သည်။

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း မြန်မာ နိုင်ငံ ကင်းထောက် ဗဟို ကော်မတီ ဖွဲ့စည်းရေး ညှိနှိုင်း အစည်း အဝေး သို့ တက်ရောက် အမှာ စကား ပြောကြား


မြန်မာ နိုင်ငံ ကင်းထောက် ဗဟို ကော်မတီ ဖွဲ့စည်းရေး ညှိနှိုင်း အစည်းအဝေး ကို ဇန်နဝါရီ ၁၃ ရက်နေ့ နံနက် (၉) နာရီ တွင် နေပြည်တော် ရှိ ပညာရေး ဝန်ကြီး ဌာန အစည်း အဝေး ခန်းမ ၌ ကျင်းပ ရာ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက် အမှာ စကား ပြောကြား သည်။ အခမ်း အနား သို့ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီး များ၊ တိုင်းဒေသ ကြီး နှင့် ပြည်နယ် များမှ လူမှုရေး ဝန်ကြီး များ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ နှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။

ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် နဝမ ပုံမှန် အစည်း အဝေး (ပထမနေ့) တွင် ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း ပြောကြား သည့် ကြိုဆို နှုတ်ခွန်းဆက် စကား

ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် များ ခင်ဗျား

၂ဝ၁၄ ခု၊ နှစ်သစ် မှာ မင်္ဂလာ ပါ။  လွှတ်တော် ကိုယ်စားလှယ် များနှင့် ပြည်ထောင်စု သား အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာ ပါစေ ကြောင်း ဦးစွာ နှုတ်ခွန်းဆက် ပါတယ်။ ဒီနေ့ ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီ လ ၁၃ ရက် ဟာ ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် နဝမ ပုံမှန် အစည်း အဝေး ရဲ့ ပထမ နေ့ ဖြစ်ပါ တယ်။ ယခု အစည်းအဝေး သို့ တက်ရောက် ခွင့် ရှိတဲ့ လွှတ်တော် ကိုယ်စားလှယ် များ အားလုံး နီးပါး  တက်ရောက် လာကြပြီး စုံစုံ လင်လင် ပြန်လည် တွေ့ဆုံခွင့် ရတဲ့ အတွက် လည်း ဝမ်းမြောက် ဝမ်းသာ ဖြစ်ရ ပါကြောင်း ထပ်လောင်း ပြောကြား လို ပါတယ်။

ဥပဒေ ကြမ်းများ နှင့် စပ်လျဉ်း ၍ ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေ၊ နည်း ဥပဒေများ နှင့် အညီ ဆက်လက် ဆောင်ရွက် သွားမည်

ဇန်နဝါရီ ၁၃ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်း အဝေး ပထမ နေ့ ကို အစီအစဉ် (၁၈) ခု ဖြင့် ဆောင်ရွက် ခဲ့ရာ အစည်း အဝေး တွင် ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း က နှုတ်ခွန်းဆက် စကား ပြောကြား ခဲ့သည်။

မှတ်တမ်း တင်ခြင်း ကဏ္ဍ ၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင် သော မြန်မာ ချစ်ကြည်ရေး ကိုယ်စား လှယ် အဖွဲ့ ဖိလစ်ပိုင် သမ္မတ နိုင်ငံ သို့ ချစ်ကြည်ရေး ခရီးသွား ရောက်ခဲ့သည့် မှတ်တမ်း၊ ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် နဝမ ပုံမှန် အစည်းဝေး မတိုင်မီ ကာလ အတွင်း ပြည်ထောင်စု လွှတ်တော် နာယက နှင့် လွှတ်တော် ကိုယ်စားလှယ် များ ၏ ပြည်ပ ခရီးစဉ် များ နှင့် ပြည်ထောင်စု လွှတ်တော် က အ တည် ပြု သည် ဟု မှတ်ယူ ရမည့် မြန်မာ နိုင်ငံ အင်ဂျင်နီယာ ကောင်စီ ဥပဒေ ကြမ်း တို့ကို လွှတ်တော် က မှတ်တမ်း တင် ဆောင်ရွက် သည်။

ဥပဒေပါ ပြဋ္ဌာန်း ချက် များနှင့် အညီ လိုက်နာ ဆောင်ရွက် သွားမည် ဆိုပါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ အခွင့် အရေး များ နစ်နာ နိုင်မည် မဟုတ်

ဇန်နဝါရီ ၁၃ ရက်နေ့ ပြည်သူ့ လွှတ်တော် အစည်း အဝေး ပထမနေ့ ကို အစီအစဉ် (၁၅) ခု ဖြင့် ဆောင်ရွက် ခဲ့ပြီး ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က နှုတ်ခွန်းဆက် စကား ပြောကြား ခဲ့သည်။

ထိုသို့ ပြောကြား ရာ တွင် နှစ်လ ကြာ လွှတ်တော် ရပ်နား ထားသော် လည်း  ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် များ အနေ ဖြင့် သက်ဆိုင်ရာ အဖွဲ့ အစည်း များနှင့် ပူးပေါင်းကာ  နယ်မြေ ဒေသ သို့ ကွင်းဆင်း ပြီး ဖွံ့ဖြိုးရေး ရန်ပုံငွေ ကို သတ်မှတ် ထားသည့် ဘဏ္ဍာနှစ် အတွင်း ၌ လုပ်ထုံး လုပ်နည်း များနှင့် အညီ ပြည်သူများ ၏ လိုအပ်ချက် များ ကို တစ်ဖက် တစ်လမ်း က  ဖြည့်ဆည်း ကာ ပြည်သူ များနှင့် အတူ အကောင် အထည် ဖော် ဆောင်ရွက် နေကြသည့် အတွက် ကိုယ်စားလှယ် များ၏ ကောင်းမြတ် သော လုပ်ဆောင် မှုများ ကိုလည်း ချီးကျူး ဂုဏ်ပြု ရမည် ဖြစ်ပါ ကြောင်း။

လက်ရှိ ထုတ်ဝေ နေသော The New Light of Myanmar သတင်းစာ အား ကုမ္ပဏီ နှင့် အကျိုးတူ ပူးပေါင်း ထုတ်ဝေမည်



ပြန်ကြားရေး ဝန်ကြီး ဌာနမှ အင်္ဂလိပ်ဘာသာ ဖြင့် ထုတ်ဝေလျက် ရှိသော The New Light of Myanmar သတင်းစာ ကို  မြန်မာ နိုင်ငံသား ပိုင် Global Direct Link ကုမ္ပဏီ နှင့် အကျိုးတူ ပူးပေါင်း ၍ ထုတ်ဝေ သွားမည် ဖြစ်သည်။ နိုင်ငံတော် အစိုးရနှင့် အဆိုပါ ကုမ္ပဏီ တို့ ပူးပေါင်း ၍ Joint Venture အဖြစ် Global New Light of Myanmar ကုမ္ပဏီ ကို တည်ထောင် ပြီး The New  Light of Myanmar သတင်းစာ အမည် ဖြင့်ပင် အသွင် သဏ္ဌာန်နှင့် အနှစ်သာရ ပြောင်းလဲ ၍ ထုတ်ဝေ မည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာန တွင် ကျင်းပ သည့် သတင်းစာ ရှင်းလင်း ပွဲ မှ သိရှိ ရသည်။

Tuesday, September 17, 2013

အစ္စလာမ်မစ် အစွန်း ရောက် ၀ါဒီများ သိမ်းပိုက် ထားသည့် မြို့ အား အီဂျစ် အစိုးရ တပ်ဖွဲ့များ ပြန်လည် သိမ်းပိုက်






အီဂျစ် အစိုးရ တပ်ဖွဲ့ဝင် များနှင့် ရဲတပ်ဖွဲ့ ၀င်များသည် အစ္စလာမ် မစ် အစွန်း ရောက် ၀ါဒီ သမားများ တစ်လ ကြာ သိမ်းပိုက် ထားသည့် မင်ယာ ပြည်နယ် အတွင်းရှိ ဒဲလ်ဂါမြို့ ကို စက်တင်ဘာလ  ၁၆ ရက် တွင် စီးနင်း ၀င်ရောက် ခဲ့ပြီး ၄င်းမြို့ကို ပြန်လည် သိမ်းပိုက် ခဲ့ကြ သည်ဟု ဒေသတွင်း အရာရှိများ ၏ ပြော ကြားချက် အရ သိရသည်။

ကိုယ့်ကိုယ် ကိုယ် နားလည် ပါ အရှိကို အရှိ အတိုင်း လက်ခံပါ

 
ကျွန်တော် တို့ ဟာ ကိုယ်ရောက်နေ တဲ့ အဆင့် နေရာ နဲ့ ပတ်သက် ပြီး စိတ်ကျေနပ် မှု မရှိတဲ့ အခါ အရှိ ကို အရှိ အတိုင်း လက်မခံ နိုင် ကြပါ။ အမှား အယွင်း၊ အချွတ် အချော်၊ အတိမ်း အစောင်း နဲ့ တွေ့တဲ့ အ ခါမှာ၊ အဆင် မပြေမှု တွေ၊ ဆုံးရှုံးမှု တွေနဲ့ ရင်ဆိုင် ကြုံတဲ့ အခါမျိုး မှာ ဘာကြောင့် အခုလို အဖြစ်မျိုး ရောက်ရှိ ရသလဲ ဆိုတာ မှန်မှန်ကန်ကန် ဆုံးဖြတ် နိုင်စွမ်း မရှိကြ ပါဘူး။ ကိုယ် လုပ်ခဲ့ တဲ့ အမှား ကြောင့် ဆိုတာ ဝန်မခံ လိုကြပါ။ မသိ လို့ ဖြစ်စေ၊ သိလျက် နဲ့  ဖြစ်စေ၊ မတော် တဆ ဖြစ်စေ၊ တမင် တကာ ဖြစ်စေ အမှား ကျူးလွန် တတ် တာမျိုး လူတိုင်း မှာ ဖြစ်လေ့ ဖြစ်ထ ရှိပါ တယ်။
 

ခြိုးခြံ ချွေတာ စွာ နေလေ့ရှိသော ဘီလျံနာ များ




သင်၏ ဘဝတွင် တစ်ကြိမ် တော့ တစ်ပတ်ခန့် သာ အလုပ် လုပ်လိုက် ရခြင်း သို့မဟုတ် ထို အေ ကြာင်း ကိစ္စ အတွက် တစ်ရက် သာ အလုပ် လုပ် လိုက်ပြီး နေ့ခင်း အိပ်မက် လို အံ့ဩ ဖွယ် ငွေေ ကြး များစွာ ရလာ ခြင်းမျိုး ရှိပေ မည်။ သင်က သန်းချီ တန်သော သူ သို့မဟုတ် ဘီလျံ ချီတန်ဖိုး ရှိ သောသူ ဖြစ်လျှင် ဘယ်သို့ လုပ်မည် နည်း။ သန်းကြွယ် သူဌေးများ၊ ဘီလျံနာ များ သည် လည်း ကျွန်ုပ်တို့ အများ ကြား မှ သာမန် လူ များ လို ရှိကြပြီး ထူးထူးခြားခြားရှိနေကြ သည်မဟုတ်ပါ။ ကမ္ဘာပေါ် တွင် အပိုကုန် သည် များ ကိုရှောင်ရှားပြီး ခြိုးခြံချွေတာ စွာ ဖြင့် အချမ်းသာ ဆုံးဖြစ်နေေ သာ သူများ ကို ရုတ်တရက် ကြည့်မည် ဆိုပါက...

ကမ္ဘာ့ဈေး အကြီးဆုံး ကစားသမား ဘွဲ့ကို လွှဲပြောင်း ယူသွားတဲ့ ဘေးလ်ကို သွယ်ဝိုက် သတိပေး တဲ့ စီရော်နယ်ဒို


ရီးရဲလ်မက်ဒရစ် ကစားသမား စီရော်နယ်ဒိုက အသင်းသို့ ဘောလုံးလောက၏  စံချိန်တင် ပြောင်းရွေ့ ကြေးဖြင့် ပြောင်းရွေ့ ရောက်ရှိလာသော ဘေးလ်အား သွယ်ဝိုက်ကာ သတိပေး စကားပြောကြား သွားခဲ့သည်။


အိမ် ထောင်စု နှစ်ရာ ကျော် ကို လျှပ်စစ်မီး ရရန် အမျိုးသမီး ခြောက်ဦး စွမ်းဆောင် မည်


အိန္ဒိယနိုင်ငံ ရှိ Barefoot ကာလိပ် တွင် နေစွမ်းအင် သုံး လျှပ်စစ် ထုတ်လုပ် သည့် ပညာရပ် ကို သင်ယူ ခဲ့သော အမျိုးသမီး ခြောက်ဦး သည် ၂၀၁၃ ခုနှစ် အောက်တိုဘာ လ တွင် မွန်ပြည်နယ် နှင့် ပဲခူးတိုင်း ဒေသကြီး တို့မှ အိမ်ထောင်စု ၂၃၀ ကို လျှပ်စစ် ရရှိရန် ပထမဆုံး အကြိမ် အဖြစ် စတင် ဆောင်ရွက် တော့မည် ဖြစ်ကြောင်း မြန်မာ့ ဖွံ့ဖြိုး တိုးတက် ရေး အရင်း အမြစ် အဖွဲ့ အစည်း ၏ စီးပွားရေး နှင့် လူမှုဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ ( MDRI-CESD ) ထံမှ သိရသည်။

အမြင် အားကောင်း စေမည့် အကျင့် ခုနှစ် ရပ်



အမြင် အာရုံကို ကောင်းမွန် အောင် ဂရုစိုက် ပေး တာက ဘဝ အရည်အသွေး ကို  တိုးတက် စေ ပါတယ်။ အောက်ပါ အကျင့် ကောင်း တွေ ကို ထိန်းသိမ်း နေထိုင် တာကြောင့် အမြင် အာရုံ ကို ကောင်းမွန် စေ ပါတယ်။

(၁) မျက်စိကို နေကာ မျက်မှန် ကာကွယ်ပါ

နေရောင် ခြည် ရဲ့ အန္တရာယ် ရှိတဲ့ ခရမ်းလွန် ရောင်ခြည် တွေ ဟာ မျက်စိ ကို ထိ ခိုက်မှု ဖြစ် စေပြီး အတွင်းတိမ် ရောဂါ နဲ့ မက်ကူလာ ယိုယွင်းမှု တို့ ဖြစ်နိုင် ခြေမြင့် တက် စေ ပါ တယ်။ နေရောင်ထဲတွင် ကြာ ကြာနေသူတွေ၊ အတွင်းတိမ် ခွဲစိတ်မှု ခံယူ ထားသူတွေနဲ့ ဆီးဆေး၊ တက်ထရာဆိုက် ကလင်းလို တချို့ဆေးတွေ မှီဝဲနေသူတွေ အနေနဲ့ မျက်စိ ကို ခရမ်းလွန် ရောင် ခြည် နဲ့ မထိတွေ့ သင့် ပါဘူး။ ဒါ့ အပြင် နေကာ မျက်မှန် ဟာ ခရမ်းလွန် ရောင် ခြည် ဒဏ် ကြောင့် မျက်စိ အမြင် အာရုံ မထိခိုက် အောင် ကာကွယ် ပေး ပါတယ်။
 

တတ်ထား တဲ့ ပညာနဲ့ တိုင်းပြည် ကို တတ်နိုင် သလောက် အကျိုးပြု မယ့် ထွန်းအိန္ဒြာဗို



အဆို ဘက်မှာရော၊ သရုပ် ဆောင် ဘက်မှာပါ အောင်မြင်မှု ရရှိခဲ့တဲ့ အနုပညာရှင် ထွန်းအိန္ဒြာဗို က အခု လက်ရှိ မှာတော့ ပညာရေး ဘက် ကိုပဲ အချိန်ပေးပြီး လုပ်ဖြစ်နေ တဲ့ အတွက် ဇာတ်ကား ရိုက်ကူးမှုတွေ ကို မလုပ်ဖြစ် သလောက် ပါပဲလို့ ပြောပြခဲ့ပါတယ်။

ပညာရေး ဘက်ကို အချိန် ပေးပြီး လုပ်ဖြစ်နေတဲ့ ထွန်းအိန္ဒြာဗို က “ကားရိုက် တွေ တော့ မလုပ်ဖြစ် တော့ သလောက် ပါပဲ။ ကျွန်မ စိတ်ကြိုက် ဇာတ်လာ မှပဲ ရိုက်တော့မှာပါ။ မလာ ရင် မရိုက် တော့ ဘူး။ အခု British Council မှာ English Course တက် ဖြစ်နေတယ်။ ပညာတစ်ခု တတ်ချင် လို့ သင်တာပါ။ ကျွန်မ ဘာ Stress မှ မယူချင်တော့ဘူး။ ကျွန်မ အလုပ် တွေ လည်း အများကြီး လုပ်ခဲ့ပြီးပြီ။
 

ဆက်သွားချင်သေးတယ် ဆိုရင်