ကျွန်တော် တို့ ဟာ ကိုယ်ရောက်နေ တဲ့ အဆင့် နေရာ နဲ့ ပတ်သက် ပြီး စိတ်ကျေနပ် မှု မရှိတဲ့ အခါ အရှိ ကို အရှိ အတိုင်း လက်မခံ နိုင် ကြပါ။ အမှား အယွင်း၊ အချွတ် အချော်၊ အတိမ်း အစောင်း နဲ့ တွေ့တဲ့ အ ခါမှာ၊ အဆင် မပြေမှု တွေ၊ ဆုံးရှုံးမှု တွေနဲ့ ရင်ဆိုင် ကြုံတဲ့ အခါမျိုး မှာ ဘာကြောင့် အခုလို အဖြစ်မျိုး ရောက်ရှိ ရသလဲ ဆိုတာ မှန်မှန်ကန်ကန် ဆုံးဖြတ် နိုင်စွမ်း မရှိကြ ပါဘူး။ ကိုယ် လုပ်ခဲ့ တဲ့ အမှား ကြောင့် ဆိုတာ ဝန်မခံ လိုကြပါ။ မသိ လို့ ဖြစ်စေ၊ သိလျက် နဲ့  ဖြစ်စေ၊ မတော် တဆ ဖြစ်စေ၊ တမင် တကာ ဖြစ်စေ အမှား ကျူးလွန် တတ် တာမျိုး လူတိုင်း မှာ ဖြစ်လေ့ ဖြစ်ထ ရှိပါ တယ်။
ဒါပေမဲ့ လူ တော်တော် များများ ဟာ မိမိ အမှား ကို ဝန်ခံဖို့၊ ဝေဖန်ဖို့၊ လက် ခံဖို့ အင်မတန် ခက် ပါတယ်။ မိမိ ခုလို အမှား အယွင်း ဖြစ်ရတာ ဟာ အခြေအနေ ကြောင့် လိုလို၊ တစ်စုံ တစ်ယောက် ကြောင့် လိုလို တစ်ခု မဟုတ် တစ်ခု အပြစ်ပုံ ချပြီး ခေါင်း ရှောင် တတ် ကြတဲ့ သဘာဝ ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာ က ဖြစ်ရပ် လေး တစ်ခု ကို နမူနာ ထုတ်ပြ ချင် ပါတယ်။ နေပယ် ဘုရင်ခံ ချုပ် ဖြစ်သူ ' အက်ဆုန' နယ်စားကြီး ဟာ စပိန် နိုင်ငံ ဘာစီလိုနာ မြို့ ကို အလည်အပတ် ရောက်ရှိ သွားပါ တယ်။ အဲဒီ အချိန်က ဆိပ်ကမ်း မှာ ကျွန် သင်္ဘော တစ်စင်း ဆိုက်ကပ် ထားချိန် နဲ့ ကြုံပါတယ်။ ကျွန် သင်္ဘောပေါ် မှာ ရာဇဝတ် သား တွေ ပါရှိပြီး ရာဇဝတ် သား တွေဟာ လှေ နံရံဘေး မှာ လှော်တက် တွေ ကိုယ်စီ နဲ့ ရှိနေ ကြ ပါတယ်။
ဒါနဲ့ နယ်စားကြီး လည်း အကျိုး အကြောင်း သိလို တာနဲ့ သင်္ဘော ကုန်းပတ် ပေါ်တက် ခဲ့ ပါတယ်။ ပြီးတော့ အကျဉ်း သား တစ်ဦးစီ ကို ဆင့်ခေါ်ကာ သူတို့ အရင် က ဘာ အလုပ် လုပ်ခဲ့ ကြတယ်၊ ဘာကြောင့် ဘယ်လို အ ပြစ်မျိုး ကျရောက် ပြီး ဘယ်လို ရာဇဝတ်သား ဖြစ်လာ ရတယ်။ ဘယ်လို ကြောင့် ကျွန်အဖြစ် နဲ့ သင်္ဘော ပေါ် မှာ လှော်တက် ခတ် နေကြရ တယ် ဆိုတာ ကို မေးမြန်း စုံစမ်း ပါတယ်။ ဒီမှာ အကျဉ်း သား တစ်ဦးစီ က သူတို့ရဲ့ ကြေကွဲဖွယ် ရာ နောက်ကြောင်း ပြန် ဇာတ်လမ်း တွေ ကို ဇာတ်စုံ ခင်းပြ ကြပါတော့ တယ်။ ပထမ ရာဇဝတ်သား က ခုလိုပြောပါ တယ်။
“ကျွန်တော် ဟာ မတရား သဖြင့် စီရင် ချက် ချခံရသူပါ၊ ကျွန်တော့် ကို စစ်ဆေးတဲ့ တရားသူကြီး က ကျွန်တော်ရန် ဘက် ဆီက တံစိုး လက်ဆောင် ယူပြီး ကျွန်တော့် ကို အမိန့်ချ ခဲ့တာပါ”တဲ့။ နောက် တစ်ယောက် ကလည်း “ကျွန်တော့်မှာ အပြစ် မရှိပါ။ ကျွန်တော့် ရဲ့တရားပြိုင် များ က သက်သေ တွေကို ငွေပေး ပြီး မမှန်မကန် ထွက်ဆို ခိုင်းလို့ ခုလို ရာဇဝတ် ဒဏ်ခံ ရတာပါ”
တတိယ တစ်ယောက် က “ကျွန်တော် ဘာပြစ်မူ မှ မကျူးလွန် ပါ။ ရာဇဝတ် မကင်း တဲ့ အလုပ်လုပ် တဲ့ မိတ်ဆွေ က သူ့ကိုယ်သူ ကိုယ် လွတ်ရုန်း ပြီး သစ္စာဖောက် သွားလို့ အပြစ်ဒဏ် ကို မတရား သဖြင့် ခံနေ ရတာပါ” သည်လို နဲ့ နောက်ဆုံး စတုတ္ထမြောက် လူကို မေးမြန်း ပါတော့ တယ်။ အဲဒီ စတုတ္ထ မြောက် ရာဇဝတ်သား ကတော့ ခုလို ပြောပြ ခဲ့ပါ တယ်။
“နယ်စားမင်း ခင်ဗျား၊ ဒီကိစ္စ နဲ့ ပတ်သက် ပြီး ဘယ်သူ့ မှာမှ အပြစ် မရှိပါ။ ကျွန်တော် အပြစ် နဲ့ ကျွန်တော် ရောက်ရှိ လာ ခြင်းသာ ဖြစ်ပါ တယ်၊ ကျွန်တော့် မှာ ငွေ အရမ်း လိုနေ တာ ကြောင့် သူများ ပိုက်ဆံ အိတ် ကို ခိုးယူ သုံးစွဲ မိခဲ့ ပါတယ်၊ ဒီငွေ ကို မတရား လိုချင် မိလို့ ခုလို အဖမ်းခံ ရပြီး အပြစ်ပေး ခံရတာ ပါ၊ ကျွန်တော့် အပြစ် နဲ့ ကျွန်တော် ခံရတာ ပါ ခင်ဗျား” ဒီတော့ နယ်စား မင်းကြီး ခမျာ တော် တော် အံ့ဩ မင်သက် မိသွား ပါတယ်၊ ပြီးမှ နယ်စားကြီး ဟာ သင်္ဘော မာလိန်မှူး ကို ခေါ်ပြီး ခုလို ပြောပါတယ်။
“ဟောဒီက ရာဇဝတ်သား တွေ အားလုံး ဟာ အပြစ်မဲ့ သူတွေ ချည်းပါပဲ၊ သူတို့မှာ အပြစ် မရှိပါဘဲ လျက် တရား မျှတမှု မရှိလို့ ခုလို အပြစ်ပေး ခံနေတာ ပါ။ ဟောဒီ တစ်ယောက် ကတော့ သူတို့နဲ့ မတူတဲ့ လူဆိုး တစ်ယောက် ဖြစ် ပါတယ်။ သူ့ရဲ့ မကောင်းတဲ့ အကျင့်ဆိုး တွေ သင်္ဘောပေါ် မှာ ကူးစက် ကုန်မှာ စိုးရိမ် ရပါတယ်။ ဒါ့ကြောင့် သူ့ရဲ့အကျင့်ဆိုး တွေ တခြား သူ တွေကို မကူးစက် ခင်မှာ သူ့ကို လွှတ်ပေး လိုက်ပါ”
ဒါနဲ့ သူ့မှာ အပြစ်ရှိ ကြောင်း ဝန်ခံတဲ့သူ ဟာ ကျွန်အဖြစ်က လွတ်ငြိမ်း ချမ်းသာ ခွင့် ရရှိခဲ့ ပါတယ်။ မိမိကိုယ် မိမိ အပြစ် ရှိတယ် လို့ မမြင်ဘဲ ကိုယ့်ကိုယ် ကိုယ် ဆက်ပြီး ခွင့်လွှတ် နေကြ တဲ့ တခြားသော သူတွေ က တော့ ကျွန် သင်္ဘော ပေါ်မှာ ကျွန် အဖြစ်နဲ့ ဆက်လက် ပြီး လှော်တက် ကို ခတ်လှော်နေ ကြရ ပါတော့တယ်။
ဒါဟာ စိတ်ကူးယဉ်ပြီးပြောပြတဲ့ ပုံပြင်တစ်ပုဒ်မဟုတ်ပါ။ ထိုးဇာတ်မဟုတ်ပါ။ တကယ့်ဖြစ်ရပ်မှန်တစ်ခုဖြစ်ပါတယ်။ စိတ် ဝင်စားဖို့လည်း ကောင်းလှပါတယ်၊ ဘာ ကြောင့်လည်းဆိုတော့ လူပေါင်းများစွာတို့ ရဲ့ဘဝတွေမှာ ဖြစ်ရပ်များစွာက ခုလိုပဲ ထပ်တူထပ်မျှဖြစ်နေကြပါတယ်။ မိမိကိုယ် မိမိဝေဖန်ဆုံးဖြတ်ရာမှာ အမှားမှား အယွင်းယွင်းဖြစ်နေကြပါတယ်၊ မိမိကိုယ် မိမိ အမှားတစ်ခုကိုကျူးလွန်မိပါကလား၊ ဒီလိုကျူးလွန်မိတာကလည်း ရိုးရိုးသားသား ကျူးလွန်မိတာမျိုးပါလားလို့ အဖြစ်မှန်ကို လက်ခံစဉ်းစားရမယ့်အစား မိမိရဲ့မမျှော် လင့်တဲ့ ရိုးရိုးသားသားမှားယွင်းမှုကလေး ကိုတောင်ဝန်မခံရဲကြဘဲ ဆင်ခြေဆင်လက် တွေနဲ့ ဖုံးကွယ်ဖို့ကြိုးစားနေကြပါတယ်၊ တခြားသူတွေကြောင့်၊ ဘယ်သူကြောင့်၊ ဘယ်ဝါကြောင့်၊ ဘာ့ကြောင့်လို့ အပြစ်ပုံ ချတတ်ကြပြီး အခြေအနေပေါ်မှာလည်း ပုံချတတ်ကြပြန်ပါတယ်။
မိမိ တကယ် ပြောရမယ့် “ငါ့ဘဝ မှာ ငါလုပ်ချင် တာ မှန်သမျှ လုပ်နိုင်တဲ့ အခွင့်အရေး တွေ ငါ့မှာ အပြည့် အဝ ရှိနေတယ်။ ငါ့ရဲ့စိတ်၊ ငါ့ရဲ့ နှလုံးသား၊ ငါ့ရဲ့ ဆန္ဒ ကို ပိုင်စိုးထား သူ ဟာ ငါ ကိုယ်တိုင် ပဲ ဖြစ်တယ်၊ ငါ့မှာ အစွမ်းအစ တွေ ရှိတယ်။ ငါ့ရဲ့ မှားယွင်း တဲ့ လုပ်ရပ် ကြောင့် ငါ ဒီလို နေရာ မှာ နေနေရခြင်း ဖြစ်တယ်။ ငါ့ရဲ့ဆုံး ဖြတ်မှု၊ တွေးခေါ်မှု အတွက် ငါ့မှာ သာ အပြည့်အဝ တာဝန် ရှိတယ်။ ဒီ အတွေး အခေါ်မှား တွေကို ပြောင်းလဲ နိုင်ရင် ငါ့ဘဝ လည်း ပြောင်းလဲ သွားပြီး အခွင့်အလမ်း ကောင်း တွေ လမ်းပွင့် လာလိမ့် မယ်”ဆိုတဲ့ စကားမျိုး ကိုတော့ သူတို့ ဘယ်တုန်း ကမှ ပြောမထွက် ခဲ့ကြပါ။
အမှန်ကို အမှန် အတိုင်း၊ အရှိ ကို အရှိ အတိုင်း ဆင်ခြင် သုံးသပ် မိတဲ့ အခိုက် အတန့် မှာ တော့ ကျွန်တော် တို့ အားလုံး ရဲ့ဘဝ ဟာ လှော်တက် ခတ်သမား ရာဇဝတ် သား ဘဝ က လွတ်မြောက် ကြပြီ ဖြစ်ပါတယ်။ မိမိ တို့ ရွေးချယ် လိုတဲ့ ဘဝမှာ မိမိ စိတ်တိုင်းကျ လွတ်လွတ် လပ်လပ် တစ်သက်လုံး နေနိုင် အောင် လွတ်လပ် သွားကြပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့  ဖြတ်သန်း ကျင်လည် ခဲ့ ရတဲ့ ဘဝ ရဲ့အစိတ်အပိုင်း တွေ ကို ပြန်ပြောင်း သုံးသပ် ကြည့်မြင် ကြဖို့ လိုပါတယ်။ တိုးတက် မှု ဖြစ်စဉ် ကို လည်း အသိအမှတ် ပြုရ ပါမယ်၊ တကယ် လို့ မိမိ ဘဝမှာ မှားယွင်းစွာ ဆုံးဖြတ် မိခဲ့တာ၊ လုပ်ဆောင မိခဲ့တာ ရှိရင်လည်း မိမိ ကိုယ် မိမိ နားလည် ခွင့်လွှတ်ဖို့ နဲ့ ကိုယ့်ကိုယ် ကိုယ် ချစ်တတ်ဖို့၊ နောင် မမှား အောင် သင်ခန်းစာ ယူဖို့ သတိပြု ဆင်ခြင်ဖို့ လိုအပ် လှပါတယ်။
အတိတ်က အမှား တွေကို လက်သင့် ခံပါ၊ အသိ အမှတ် ပြုပါ။ သင်ခန်းစာ ယူပါ၊ နောင် မမှားအောင် သတိ ပြုပါ။ မှားယွင်း မှု အပေါ် မှာ အမြဲတမ်း တွေးတော စဉ်းစားရင်း ပူပန် နေဖို့ မလိုပါ။ တအုံ့ နွေးနွေး ဖြစ်နေဖို့ မလိုပါ။ အမှား ကို မြင်ခွင့်၊ ပြင်ခွင့် ပေးပြီး မိမိကိုယ် မိမိ တန်ဖိုး ထား ချစ်မြတ်နိုး ပါ။ ဒါ ဆိုရင် ကျွန်တော် တို့ ဟာ ဘဝ ဆိုတဲ့ ကျွန်သင်္ဘော ကြီး ပေါ်က တက်ခတ် သမား အဖြစ် က လွတ်ငြိမ်း ချမ်းသာ ခွင့်ရ ပါလိမ့် မယ်။ မိမိ စိတ်တိုင်းကျ ရွေးချယ် တဲ့ မိမိရဲ့ ကိုယ်ပိုင် ဘဝမှာ ဘဝ တစ်လျှောက် လုံး ကျန်းမာ ပျော်ရွှင်စွာ၊ စိတ် နှလုံး အေးချမ်းစွာ နေထိုင် နိုင်ပါ လိမ့်မယ်။
မိမိရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ် အတွက် မိမိ ကိုယ်တိုင် တာဝန်ယူ ခြင်းဖြင့် ဘဝ ကို ရှေ့ဆက် လျှောက်လှမ်း ရပါလိမ့် မယ်။
အောင်သစ်
အခွင့်အလမ်း

No comments:
Post a Comment
Note: Only a member of this blog may post a comment.