လောက နီတိကျမ်းတွင် အားကိုးရာ
လေးမျိုးပြဆို ထားရာ ကောင်းကင်သည် ငှက်တို့၏ အားကိုးရာ၊ ရေသည် ငါးတို့၏
အားကိုးရာ၊ မင်းစိုးရာဇာသည် အရှိန်အဝါ မရှိသူတို့၏ အားကိုးရာ၊ငိုခြင်းသည် ကလေး သူငယ် တို့၏ အားကိုးရာဟူ၍
ဖြစ်သည်။ လောကနီတိ ဟူသည်မှာ ပါဠိစကား ဖြစ်၍ မြန်မာ ဘာသာနှင့် ဆိုသော်
လူ့ဘောင် လောက၏ ရှေ့ဆောင် လမ်းပြဟု ဆိုရမည် ဖြစ်သည်။
လောက နီတိကျမ်း ပြုစုခဲ့သော ပုဂ္ဂိုလ်မှာ
ပင်းယခေတ်က စတုရင်္ဂ ဗလဘွဲ့မည်ရသော စွယ်စုံ ပညာရှင်ကြီးဖြစ်ပြီး ခေတ်အဆက်ဆက်
မြန်မာတို့ ရင်းနှီး ကျွမ်းဝင်ခဲ့သော ကျမ်းတစ်စောင် ဖြစ်သည်။
သို့သော် ထိုခေတ် အခြေအနေဖြင့် ရေးသား
ပြုစုခဲ့သော လောက နီတိကျမ်း ထဲတွင် ယခုခေတ် အမြင်၊ ယခုခေတ် အခြေအနေ
များနှင့် အံမဝင် တော့သည့် အချက် အနည်းငယ် ရှိကြောင်း လေ့လာ တွေ့ရှိရသည်။
ဥပမာ- မင်းစိုးရာဇာသည် အရှိန်အဝါ မရှိသူတို့၏ အားကိုးရာ ဖြစ်၏ ဆိုသည်မှာ
ပြည်သူ့အတွက် ပြည်သူက ရွေးကောက် တင်မြှောက်သော ပြည်သူ့ အစိုးရက နိုင်ငံတော်
တာဝန် အရပ်ရပ်ကို ထမ်းဆောင်နေသော ယခုခေတ်နှင့် မကိုက်ညီတော့ပါ။ ဤသို့
ဆိုရသော်လည်း အစိုးရဟူသည် တိုင်းနိုင်ငံကို အုပ်ချုပ်သော အဖွဲ့ အစည်းဟု
မြန်မာ အဘိဓာန်က အဓိပ္ပာယ် ဖွင့်ထားရာ အစိုးရသည် ပြည်သူတို့၏ အားထား ရာပင်
ဖြစ်သည်။
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်
အစိုးရသည် ပြည်သူ တို့က ရွေး ကောက် တင်မြှောက်သည့် နိုင်ငံတော် သမ္မတ
ဦးဆောင်သော အစိုးရ အဖွဲ့ဖြစ်သည်။ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက်
နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး တို့တွင် ပြုပြင် ပြောင်းလဲရေးများ
ဆောင်ရွက်လျက် ရှိရာ အားလုံး ပါဝင်နိုင်သည့် အခွင့်အလမ်းများ ဖန်တီး
ပေးထားပြီး ပြည်သူ ဗဟိုပြု လုပ်ငန်း အဖွဲ့များဖြင့် ဘက်စုံထောင့်စုံ
ဆောင်ရွက်လျက် ရှိသည်။
သို့သော် လူ့ဘောင် အဖွဲ့အစည်း၏ သဘော
သဘာဝအတိုင်း ဆန့်ကျင်ဘက် သဘော (ဝိရောဓိ) တို့ကား ရှိမြဲ ဖြစ်သည်။
ထိုသဘောတို့မှာ ဥတုရာသီ အလိုက် ပွင့်သော ပန်းတို့မှာ ကြည်း၌ ဖြစ် သည်ကို
ရေ၌ဖြစ်သည်၊ ရေ၌ ဖြစ်သည်ကို ကြည်း၌ ဖြစ်သည်(ဒေသ ဝိရောဓိ)။ ခေတ်ကာလအလိုက်
မည် သည့်အရာမျိုးမဆို ပေါ်ပေါက်လာရကား ဖြစ်လွယ်၊ ပျက်လွယ်၊ အတည်မကျ၊
အဖတ်မတင်၊ မရေမလည် စသည်များ (ကာလ ဝိရောဓိ)။ တူရိယာနှင့် ဆိုင် သော
တီးမှုတ်မှုမျိုး တို့၌ လည်းကောင်း၊ သီချင်းဆိုမှု တို့၌လည်းကောင်း
စည်းဒုံးလင်း ကွင်းချက် မကျခြင်း (ကလာ ဝိရောဓိ)။ မည်သည့် စည်းကမ်းနည်းလမ်း
မဆို တိုင် ပင် ဆွေးနွေး ကြရာ၌ မည်သည့်အသင်း အစည်းအဝေး မဆို လူတို့၏ ဓမ္မတာ
သဘာဝနှင့် မညီညွတ်ခြင်း (လောက ဝိရောဓိ)။ လျော်ကန် သင့်မြတ်သော အရာ
စသည်တို့နှင့် ဆန့်ကျင်ဘက် ဖြစ်ခြင်း (ဥာဏ ဝိရောဓိ)။ ပိဋကတ် သုံးပုံ အာဂုံ
ယုတ္တိ နှင့်တကွ ထင်ထင်ရှားရှား ရှိသည်ကို မလိုက် မနာခံဘဲ ဆန့်ကျင်ဘက်
ဖြစ်အောင် ပြုလုပ် ယူသော အမူအရာ (အာဂ မဝိရောဓိ) တို့ဖြစ်သည်။
ဤသို့ မတူညီသော ဆန့်ကျင်ဘက် ဝိရောဓိ
တရားများကြောင့် နိုင်ငံတော်၏ အချို့ ဒေသ များ၌ ဖြစ်ပေါ်နေသော လတ်တလော
ဆူပူမှုများနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတ ကြီးက ပြည်သူ လူထု ထံ
ရှင်းလင်း ပြောကြားရာ၌ ''မြန်မာ နိုင်ငံလို တိုင်းရင်းသား ပေါင်းစုံနဲ့
လူမျိုး ပေါင်းစုံ၊ ဘာသာ ပေါင်းစုံနဲ့ ယဉ်ကျေးမှု ပေါင်းစုံ စုစည်း
တည်ဆောက်ထားတဲ့ နိုင်ငံ တစ်နိုင်ငံ အနေနဲ့ နိုင်ငံသား အားလုံး ပါဝင်တဲ့
ဒီမိုကရေစီ စနစ်က သာလျှင် တည်ငြိမ် အေးချမ်းမှုကို အာမခံ နိုင်တဲ့
ဒီမိုကရေစီစနစ် ဖြစ်လာမယ် ဆိုတာကို အားလုံးက အလေးအနက် ခံယူ ထားကြရမှာ
ဖြစ်ပါတယ်။ မတူကွဲပြား မှုတွေ ရှိနေပေမယ့်လည်း အဆင်ပြေပြေ ယှဉ်တွဲ နေထိုင်
နိုင်ဖို့အတွက် ဒီမိုကရေစီ နည်းလမ်း ကျကျ၊ ငြိမ်းငြိမ်း ချမ်းချမ်း
ကြိုးပမ်းကြရမှာ ဖြစ် ပါတယ်။ ကျွန်တော်တို့ တွေရဲ့ မတူကွဲပြားမှု တွေကို
ဂုဏ်ယူကြရ မှာဖြစ်သလို တစ်ပြိုင်နက် တည်း မှာပဲ ကွဲပြားတဲ့ အင်အားတွေကို
စုစည်းပြီး ပေါင်းစည်းအား အဖြစ် အသုံးပြုနိုင် မယ်ဆိုရင် ကျွန်တော်တို့
လက်တွေ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ အနာဂတ်မှာ ကြုံတွေ့ ရမယ့် စိန်ခေါ်
မှုတွေကို ကျော်လွှား သွားနိုင်မယ်လို့ ကျွန်တော့် အနေနဲ့ ရာနှုန်းပြည့်
ယုံကြည် ပါတယ်'' ဟူ၍ စည်းလုံး ညီညွတ်သော ပြည်သူတို့ အင်အားဖြင့်
နိုင်ငံတော်သစ် တည် ဆောက်ကြရန် တိုက်တွန်းသွားသည်။
သို့ဖြစ်၍ ပြည်သူ့အတွက် ပြည်သူက ရွေးကောက်
တင်မြှောက်သော ပြည်သူ့အစိုးရနှင့် ပြည်သူ တို့၏ အရှိန်ယူစ ဒီမိုကရေစီ
ကျင့်စဉ်များ စမ်းသပ် ကျင့်သုံးမှုကို အဟန့်အတား ဖြစ် စေမည့် အပြော အဆို၊
အပြုအမူများ ထပ်မံ မဖြစ်စေရေး ပြည်သူ တစ်ရပ်လုံးက မေတ္တာကို အရင်းခံ၍
ကိုယ်ချင်းစာ တရား လက်ကိုင်ထားပြီး အမြင်ကျယ်ကျယ် သတိကြီးကြီးဖြင့်
ဝိုင်းဝန်းကူညီ ပူးပေါင်း ဆောင် ရွက်ကြရန် ထပ်လောင်း နှိုးဆော်
လိုက်ရပါသည်။
MWD
No comments:
Post a Comment
Note: Only a member of this blog may post a comment.