နိုင်ငံတော်သမ္မတဦးသိန်း၏
ခရီးစဉ်အတွင်း ဖင်လန်နိုင်ငံက မြန်မာနိုင်ငံအား ဖွံ့ဖြိုးတိုးတက်ရေး
ပူးပေါင်းဆောင်ရွက်မှု အကူအညီအဖြစ်ယူရို ၆ သန်းကျော်ပေးအပ်ရန်
သဘောတူလက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။
ဖင်လန်နိုင်ငံသို့ ရောက်ရှိနေသော သမ္မတဦးသိန်းစိန်နှင့် ဖင်လန်သမ္မတ Sauli Niinisto တို့ မြို့တော် ဟယ်လ်စင်ကီးတွင် မတ်လ ၁
ရက်နေ့က တွေ့ဆုံခဲ့ကြပြီး သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၆ ခုနှစ် ကြားကာလ မြန်မာနိုင်ငံအတွက်
ဖင်လန်အစိုးရက ဖွံ့ဖြိုးရေးအကူအညီအဖြစ် ယူရို ၆ ဒသမ ၄ သန်း
ပံ့ပိုးမည့်အပြင် နှစ်ပေါင်း ၅၀ ခန့် စစ်အုပ်ချုပ်ရေးနှင့် အသားကျခဲ့ပြီးမှ
ယခုကဲ့သို့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ပြုလုပ်လာသော မြန်မာအစိုးရအား
ကောင်းမွန်သော အုပ်ချုပ်ရေးဆိုင်ရာအတွေ့အကြုံများ ဝေမျှပေးသွားမည်ဟုဖင်လန်သမ္မတက ဆိုသည်။
ထို့အတူ သမ္မတနှစ်ဦးစလုံးကဖင်လန်ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေးအခွင့်အလမ်းများ ရှာဖွေကြရန် တိုက်တွန်းပြောကြားခဲ့သည်။
Popular Myanmar News Journal
No comments:
Post a Comment
Note: Only a member of this blog may post a comment.