ဗိုလ်မှူးချုပ်တင့်ဆွေ (ငြိမ်း)
အမျိုးသားစာပေဆုရှင် ဆရာကြီး တင့်ဆွေ (ငြိမ်း)
“မြန်မာတွေမှန်ကင်းအစစ်ဖြစ်လျက် ထင်းအဖြစ်နေခဲ့ရတဲ့ အပြစ်က လွတ်ဖို့ ဗိုလ်ချုပ်အောင်ဆန်းဦး ဆောင်တဲ့ လူငယ်မျိုးချစ်တွေဟာ ရင်မြေကတုတ်ပြုပြီး ပေးဆပ်တိုက် ပွဲဝင်ခဲ့ကြတယ်”
အမျိုးသားစာပေဆုရှင် ဆရာကြီး တင့်ဆွေ (ငြိမ်း)
“မြန်မာတွေမှန်ကင်းအစစ်ဖြစ်လျက် ထင်းအဖြစ်နေခဲ့ရတဲ့ အပြစ်က လွတ်ဖို့ ဗိုလ်ချုပ်အောင်ဆန်းဦး ဆောင်တဲ့ လူငယ်မျိုးချစ်တွေဟာ ရင်မြေကတုတ်ပြုပြီး ပေးဆပ်တိုက် ပွဲဝင်ခဲ့ကြတယ်”
မြန်မာတွေက မှန်ကင်းအစစ် ဖြစ်ပါလျက် ထင်းအဖြစ်နဲ့ နေ့ခဲ့ ရတယ်။ ဒီလိုဘ၀မျိုးကို မြန်မာ တစ်မျိုးသားလုံးကလည်းမလိုလား။ ကျွန်တော်ကိုယ်တိုင်လည်းမလို လားဘူး။ မြန်မာနိုင်ငံကို သူ့ကျွန် ဘ၀ကလွတ်မြောက်စေချင်တာ မြန်မာတစ်မျိုးသားလုံးရဲ့ ဆန္ဒ၊ အဲဒီခေတ်တုန်းက လူငယ်တွေရဲ့ ဆန္ဒပါပြောရရင် လွတ်လပ်ရေး ဆိုတာကို ဘယ်လောက်လိုချင် တက်မက်သလဲ၊ လူငယ်တွေ လွတ်လပ်ရေးမာန်ဘယ်လောက် ပြင်းထန်ကြသလဲဆိုရင် ဗိုလ်ချုပ် အောင်ဆန်းအပါအ၀င်လူငယ်လေး တွေဟာ မိဘကိုဖယ်ခွာ၊ ဇာတိရပ် ရွာကိုကျောခိုင်း၊ ချစ်သူကိုစွန့်ပြီး လွတ်လပ်ရေးရအောင်ယူမယ်ဆို တဲ့ ပြင်းပြတဲ့စိတ်ဓာတ်နဲ့ တပ်မတော် ကြီးထဲကိုဝင်ခဲ့ရတယ်။ ပြောရရင် တပ်မတော်ထဲဝင်ခဲ့တဲ့ လူငယ်တွေ ဟာ လွတ်လပ်ရေးရမှ မုတ်ဆိတ် ရိတ်မယ်၊ လွတ်လပ်ရေးရမှ မိမိ ထောင်ပြုမယ်ဆိုတဲ့ သံဓိဋ္ဌာန်နဲ့ လွတ်လပ်ရေးကိုအရယူခဲ့တာလွတ် လပ်ရေးရတော့ တစ်မျိုးသားလုံး ကပျော်ရွှင်ကြဗျောက်အိုးဖောက် သံ၊ မီးပန်းမီးရှုးလွှတ်သံတွေနဲ့ အတူပျော်ကြပေါ့ဗျာ။ အဲသလို မီးပန်းဖောက်သံတွေနဲ့အတူ ရောင်စုံသူပုန်တွေနဲ့ သေနတ်သံ တွေ၊ မိုင်းခွဲသံတွေ၊ ဆူပူသံတွေ ကြောင့် ပြည်သူတွေခမျာလွတ်လပ် ရေးအရသာအပြည့်အ၀မခံစားရ ရှာပဲ။ သောကဝေခဲ့ပြန်ရော သောင်းကျန်းမှုမချုပ်ငြိမ်းရင်တိုင်း ပြန်လည်းမတိုးတက်ဘူး။ ဒီအချိန် မှာ လွတ်လပ်ရေးရပြီးပါက နိုင်ငံ ထူထောင်ရေးကိုဘယ်လိုလုပ်ကြ မလဲဆိုတဲ့ အတွေးတွေလည်းေ၀၀ါးသွားခဲ့တယ်။ အဲဒီမှာပဲ။ လူငယ်တွေက သူတို့ဘက်တားတဲ့ စစ်ပညာနဲ့ သောင်းကျန်းသူတွေ ကို နိမ့်နင်းခဲ့ရတယ်။ တရုတ်ဖြူ ကျူးကျော်မှုကလည်းတစ်မှောင် တိုင်းပြည်ကနုနု၊ မုန်တိုင်းက ထန်ထန်ဖြစ်နေတဲ့ အခြေအနေ မှာ ပေးအပ်တဲ့တာဝန်ကိုကျေပွန် စွာနဲ့ ကံကြမ္မာများ ဗုံးသံ၊ အမြှောက်သံ၊ သေနတ်သံတွေကြား မှာ ကိုယ်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက် ရင်မြေကတုတ်ပြုပြီး အသက်ပေး ရပ်တည်ခဲ့တာတပ်မတော်ကြီးပဲ။
Hot News
No comments:
Post a Comment
Note: Only a member of this blog may post a comment.