ဗိုလ်မှူးချုပ်အုန်းမြင့် (ငြိမ်း)
တပ်မမှူး (ငြိမ်း)၊ မွန်ပြည်နယ်ဝန် ကြီးချုပ်
“သမိုင်းမှာ တိုင်းပြည်ပျက်ဖို့ကြုံခဲ့ တိုင်း သစ္စာမဖောက်ရေးကိုဦးထိပ် ပန်ဆင်ပြီး တိုင်းပြည်မျက်နှာထောက် ခဲ့တဲ့တပ်မတော်ကဘယ်သူ့ကိုညာ ရမှာလည်း”
တပ်မမှူး (ငြိမ်း)၊ မွန်ပြည်နယ်ဝန် ကြီးချုပ်
“သမိုင်းမှာ တိုင်းပြည်ပျက်ဖို့ကြုံခဲ့ တိုင်း သစ္စာမဖောက်ရေးကိုဦးထိပ် ပန်ဆင်ပြီး တိုင်းပြည်မျက်နှာထောက် ခဲ့တဲ့တပ်မတော်ကဘယ်သူ့ကိုညာ ရမှာလည်း”
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင် တဲ့ တပ်မတော်ကြီးဟာ မြန်မာ နိုင်ငံရဲ့လွတ်လပ်ရေးကိုရအောင် ယူပေးနိုင်ခဲ့တယ်။ လွတ်လပ်ရေး ရပြီးတော့ရော တပ်မတော်နဲ့ အခန်းကဏ္ဍာကပြီးဆုံးသွားသလား ဆိုတော့ မပြီးဆုံးသွားဘူး။ အဲဒီ မှာခွဲထွက်မယ်ဆိုတာတွေ ရောင်စုံသူပုန်ထတာတွေ ဖြစ်လာ တယ်။ ပြောရရင်တိုင်းပြည်ပြိုကွဲ တော့မယ့်အထိ ရန်ကုန်အစိုးရ တစ်ခုပဲကျန်တော့တဲ့အထိဖြစ်ခဲ့ တယ်။ အဲဒီမှာ တိုင်းပြည်မျက်နှာ တစ်ခုထဲကိုကြည့်ပြီး ရပ်တည်ခဲ့ တာတပ်မတော်ပဲ ခေတ်တွေပြောင်း လာတယ်။ နောက် န.၀.တ လက်ထက်မှာလည်း တိုင်းပြည် ပျက်မှာစိုးလို့ အဲဒီ န.၀.တ ကို ရော အစိုးရကိုရောဖျက်သိမ်းလိုက် တယ်။ မဖျက်သိမ်းရင်တိုင်းပြည် ပျက်တော့မယ်လေ။ ပြောရရင် တပ်မတော်က ဘယ်သူ့ကိုညာရ မှာလည် သမိုင်းမှာရောတပ်မတော် က ညာခဲ့တာမျိုးရှိသလား။ ကျွန်တော်မေးမယ်။ သမိုင်းတစ် လျှောက်တိုင်းပြည်မျက်နှာထောက် ပြီး သစ်္စာမဖောက်ရေး၊ တိုင်းပြည် သစ္စာဖောက်ဖျက်ပြီးပုန်ကန်တာ ကလွဲပြီး မဖြုတ်ကြေးဆိုတာကို ဦးထိပ်ပန်ဆင်ခဲ့တာ တပ်မတော် ပဲလေ။ ၆၆/၆၇မှာလည်း ဆန်ကိစ္စ ကြောင့် မော်စီတုန်းအရေးခင်းဆို တာဖြစ်ခဲ့တယ်။ န.၀.တ လက်ထက်တုန်းကလည်း ခေါင်းဖြတ် ဘာဖြတ်နဲ့ တိုင်းပြည်မှာ မရိုမရဲ ဖြစ်နေတာ ဒီလိုအခြေအနေတွေ ကိုမှာသာ တပ်မတော်က တိုင်း ပြည်မျက်နှာမကြည့်ပဲ။ မျက်နှာ လွဲနေခဲ့မယ်ဆိုရင် တိုင်းပြည်ဘာ ဖြစ်သွားမလဲ။ ဟုတ်တယ်မှတ် လား ကျွန်တော်တို့နိုင်ငံမှာ တိုင်းပြည်ပျက်ဖို့ခဏခဏကြုံခဲ့ တယ်။ အဲသလိုကြုံခဲ့တဲ့အချိန် တိုင်းမှာလည်း တပ်မတော်က တိုင်းပြည်မျက်နှာထောက်ပြီး ပါဝင်ရပ်တည်ခဲ့ရတာ ဒီဟာတွေ ကို နောက်လူတွေကဘာမှမသိခဲ့ တာမဟုတ်ဘူး။ ပြောရရင်တပ်မတော် ဟာ တိုင်းပြည်ကို ဘယ်တော့မှ မညာဘူး။ အမြဲအနစ်နာခံပြီး ရပ်တည်ပေးဆပ်ခဲ့တာပဲရှိတယ်။
Hot News
No comments:
Post a Comment
Note: Only a member of this blog may post a comment.