၁၂
တန်း ပညာရေးအပေါ် ပါတီနှင့် အဖွဲ့များမှ ပညာရှင်များနှင့် မတ်လထဲတွင်
ပထမဦးဆုံး တွေ့ဆုံဆွေးနွေး သွားရန်ရှိကြောင်း ပညာရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီးက ပြောသည်။ ပြည်ခိုင်ဖြိုး၊ NLD၊ တစည စသော နိုင်ငံရေးပါတီများ၊
လူမှုအဖွဲ့အစည်းများမှ ပညာရှင်များနှင့် ပညာရေးဝန်ကြီးဌာနမှ တွေ့ဆုံကာ
အခြေခံပညာ အဆင့် ကဏ္ဍကို ပွင့်လင်းစွာ ဆွေးနွေးကြရန်အတွက် ဖြစ်သည်ဟု
အထက်ပါပုဂ္ဂိုလ်က ပြောသည်။
“ပြောချင်တဲ့ အကြောင်းအရာ၊ ပြောလိုတဲ့ ကိစ္စကို
ပွင့်ပွင့်လင်းလင်း ပြောကြရအောင်လို့ပါ။ အခုက ပြည်သူရဲ့ ဆန္ဒ မပါဝင်ဘဲ
မလုပ်ချင်ဘူး။ ပြည်သူဆိုတာက ပညာကို ပြောတာပါ” ဟု ဒုတိယဝန်ကြီးက ဆက်ပြောသည်။
အခြေခံပညာ အဆင့်၌ ၁၂ တန်း ပညာရေးစနစ်သစ်ကို သွားမည်ဖြစ်ရာ ထိုစနစ်သစ်အပေါ်
အတန်းစဉ်များ အလိုက် တင်ပြဆွေးနွေးကြရန်နှင့် အခြေခံပညာကျောင်း
စတင်တက်ရောက်ရန် အသက် ၆ နှစ်မှ ဝင်ခွင့်လက်ခံ သတ်မှတ်သွားမည့်အပေါ်
ဝိုင်းဝန်း အကြံပြုကြရန်အတွက် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
လက်ရှိတွင် အသက် ၆ နှစ်မှ စတင် ပညာသင်ယူခွင့်ပေးကာ အသက် ၁၈ နှစ်တွင်
အခြေခံပညာအဆင့် ပြီးဆုံးစေမည့် အချက်ကို အကြမ်းဖျင်း သဘောတူထားပြီး
နိုင်ငံတော်သမ္မတကြီးထံ တင်ပြသွားရန် ရှိကြောင်း သိရသည်။ “ပညာရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီးက ဒါကို အတည်လို့ ပြောလို့ မရသေးဘူး။ ဒါကြောင့် ပညာရှင်တွေကို
ဖိတ်ခေါ်ထားတာ။ လုပ်ဆိုရင် လုပ်မယ်၊ ဒီအတိုင်းပဲ သွားပါဆိုလည်း သွားမယ်။
ဒါပေမဲ့ နိုင်ငံတကာမှာက ၁၂ တန်းကို သွားနေကြပြီ” ဟု ပြောသည်။ စီစဉ်ထားမှုအရ
ပညာရှင် အများစုရှိရာ ရန်ကုန်၌ပင် ဆွေးနွေးညှိနှိုင်းမည်ဖြစ်ပြီး ရက်အတိအကျ
မသတ်မှတ်ရသေးပေ။
NLD ပညာရေး ကော်မတီမှ ဒေါက်တာသိန်းလွင်က ယခုကဲ့သို့
ဆွေးနွေးရန်ရှိမှုကို ကြိုဆိုခဲ့ပြီး ပူးပေါင်းလုပ်ဆောင်လိုခြင်း အပေါ်
ပညာရေးဝန်ကြီးဌာနက လူထုအသံ၊ လူထုဆန္ဒကို ဖြည့်ဆည်းခြင်းဟု မှတ်ယူကြောင်း
၂၀၁၃ ခုနှစ် မတ်လ ၇ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.