ကချင်လွတ်မြောက်ရေးအဖွဲ့မှ
ထိန်းချုပ်ထားသော နယ်စပ်မြို့ဖြစ်သည့် လိုင်ဇာမြို့မှာ ပုံမှန်အနေအ ထား
ပြန်ရောက်နေပြီဖြစ်ကြောင်း ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ်
ဗိုလ်ချုပ်ဂွန်မော်က ရွှေလီမြို့ တွင် ပြောကြားခဲ့သည်။“လိုင်ဇာကတော့ ပုံမှန်ပြန်ဖြစ်ပြီလို့ ပြောလို့ရပါပြီ”ဟု
ဗိုလ်ချုပ်ဂွန်မော်က မတ်လ ၁၁ ရက်တွင် တရုတ်နိုင်ငံ ရွှေလီမြို့၌
ပြုလုပ်ခဲ့သောဆွေးနွေးပွဲခေတ္တနားစဉ် သတင်းထောက်များ အား ပြော ကြားခဲ့သည်။
မြန်မာနှင့် တရုတ်နိုင်ငံနယ်စပ်တွင် တည်ရှိသော လိုင်ဇာမြို့သည် နယ်စပ်ကုန်သွယ်ရေးအရ အရေးပါသော မြို့တစ်မြို့ဖြစ်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားပြီးနောက် ကုန်သွယ်ရေးလုပ်ငန်းများ အားလုံးနီးပါး ရပ်တန့်သွားခဲ့သည်။
၂၀၁၂ နှစ်ကုန်ပိုင်းနှင့် ယခုနှစ်ဇန်န၀ါရီလအတွင်း နှစ်ဖက်တိုက်ပွဲများပြင်းထန်စဉ် ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာမြို့အတွင်းသို့ပင် လက်နက်ကြီးများကျရောက်ကာ လေကြောင်းတိုက်ခဲ့မှုများသည် လည်း လိုင်ဇာမြို့ အနီး သို့ ရောက်ရှိခဲ့သည်။
လူဦးရေ ၈၀၀၀ ကျော်ရှိသော လိုင်ဇာမြို့တွင် ဒုက္ခသည်စခန်း ငါးခုရှိပြီး ထိုဒုက္ခသည် စခန်း များတွင် နိုင်ငံတကာအဖွဲ့အစည်း အချို့နှင့် ကုလသမဂ္ဂမှ အကူအညီများ စတင်ရောက်ရှိနေပြီဖြစ်သော်လ
လိုင်ဇာမြို့သို့ ရန်ကုန်မှ ဇန်န၀ါရီလ၂၁ ရက်ကတည်းက ငြိမ်းချမ်းရေး အတွက် လမ်းလျှောက်သော အဖွဲ့သည်လည်း မတ်လ ၁၈ ရက်တွင် လိုင်ဇာသို့ ရောက်ရှိသွားပြီဖြစ်ပြီး ယင်းတို့သည် မြစ်ကြီးနား-လိုင်ဇာ လမ်းအတိုင်း လမ်းလျှောက်ခဲ့ကြခြင်းဖြစ်ေ
လိုင်ဇာမြို့သို့ မြင်းခြံမြို့မှ ငြိမ်းချမ်းရေးလမ်းလျှောက်သ
ထိုသို့ ဖြတ်သန်းရာတွင် လဂျားယန်ဂိတ်ရှိ မိုင်းကွင်းများကို ဖြတ်သန်းရာ၌ အစိုးရတပ်က ကူညီပေး ခဲ့ပြီး မြင်းခြံမြို့မှ ငြိမ်းချမ်းရေးလမ်းလျှောက်အ
မတ်လ ၁၁ ရက်က တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ကေအိုင်အိုနှင့် အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပထမဆုံး အနေဖြင့် တပ်ဘက် ဆိုင်ရာများကို ဆွေးနွေးကာ အပစ်အခတ်ရပ်စဲရေးရ သည်အ ထိဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။ ကေအိုင်အေနှင့် အစိုးရတပ်အကြား တိုက်ပွဲများ လျော့ နည်းသွားပြီဆိုသော်လည်
7Day News Journal
No comments:
Post a Comment
Note: Only a member of this blog may post a comment.