Pages

Saturday, February 9, 2013

ဖိအားပေး ခြိမ်းခြောက်သည့် အမေရိကန် နှင့် တိုက်ရိုက် ဆွေးနွေးရန် မရှိဟု အီရန် ခေါင်းဆောင် ပြောကြား

အီရန်နိုင်ငံအနေဖြင့် နျူကလီးယား ဆွေးနွေးပွဲ ပြန်စရန် နိုင်ငံတကာ အသိုင်းအ၀ိုင်းက တိုက်တွန်းထားသော်လည်း အမေရိကန်၏ ဖိအားပေး ခြိမ်းခြောက်မှုများကို လက်မခံနိုင်ကြောင်း၊ အီရန်ခေါင်းဆောင် အယာတိုလာခါမေနီက ပြောကြားလိုက်ကြောင်း သိရသည်။ မိမိသည် သံတမန်တစ်ဦး မဟုတ်ကြောင်း၊ ရိုးသားပွင့်လင်းစွာ ပြောတတ်သူသာဖြစ်ကြောင်း၊ သို့သော် ဖိအားပေး ခြိမ်းခြောက်မှုများဖြင့် မည်သည့် ဆွေးနွေးပွဲ ကမ်းလှမ်းမှုများကိုမဆို လက်ခံမည်မဟုတ်ကြောင်း အယာတိုလာခါမေနီက ဖေဖော်ဝါရီ ၇ ရက်က အီရန်ရေတပ် တပ်မှူးများနှင့် တွေ့ ဆုံရာတွင် ပြောကြားသည်။ တစ်ဖက်နှင့်တစ်ဖက် ခြိမ်းခြောက်မှု ဖိအားပေးမှုမပါဘဲ တရားသဖြင့် ချစ်ကြည် ရင်းနှီးစွာ ဆွေးနွေးခြင်းသည်သာ စေ့စပ်ညှိနှိုင်းသည့် သဘောသက်ရောက်ပါကြောင်း ၄င်းက ဆက် လက်ပြောကြားသည်။ လွန်ခဲ့သော လေးနှစ်က အမေရိကန် တာဝန်ရှိသူများနှင့် တွေ့ဆုံရာ တွင်လည်း ခါမေနီက အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ဆိုသည်။ အမေရိကန် ဒုတိယသမ္မတ ဂျိုးဘိုက်ဒင် က နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ အီရန်နှင့် တိုက်ရိုက် ဆွေးနွေးရန် အသင့်ရှိပါေ ကြာင်း ဖေဖော်ဝါရီ ၂ ရက်က ဂျာမနီ၌ ကျင်းပသော (၄၉)ကြိမ်မြောက် မြူးနစ်လုံခြုံရေး ကွန်ဖရင့်၌ ပြော ကြားခဲ့သည်။ 
  
Khit Lu Nge

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်