Pages

Friday, February 8, 2013

Eleven မီဒီယာ၏ အင်တာနက် စာမျက်နှာအားလုံး တိုက်ခိုက်ခြင်းခံရ


Eleven Media ၏ website တစ်ခုဖြစ်သော http://www.news-eleven.com/ ကို ယနေ့ ည ၇နာရီခွဲ ၀န်းကျင်က BHG Hacker အဖွဲ့ နာမည်ဖြင့် deface တင် တိုက်ခိုက်ခံရကြောင်းသိရသည်။ Eleven Media ၏ website တစ်ခုဖြစ်သော http://www.news-eleven.com/ အပြင် အောက်ပါ EMG Media နှင့်ပတ်သက်သော website များလဲ တိုက်ခိုက်ခံနေရကြောင်း ထပ်မံသိရသည်။


မန်း ဆေးတက္ကသိုလ်တွင် ငွေကျပ် သိန်းထောင်ချီ အလွဲ သုံးစားမှုများ ရှိနေကြောင်း ငွေစာရင်းဌာနမှ စာရင်းစစ် ထုတ်ဖော်


မန္တလေး ဆေးတက္ကသိုလ်တွင် ပါမောက္ခချုပ်နှင့် အဖွဲ့များ နိုင်ငံတော် ဘဏ္ဍာငွေများကို နှစ်စဉ် သိန်းထောင်ချီ၍ အလွဲသုံးစားမှု ပြုလုပ်နေကြောင်း အဆိုပါ တက္ကသိုလ်ရှိ ဘဏ်ငွေစာရင်းဌာနမှ လုပ်သက် ၂၀ ရှိ စာရင်းစစ် (၂) ဒေါ်စန်းလှ ဆိုသူက ဖေဖော်ဝါရီ ၆ ရက် ရန်ကုန်မြို့ မြန်မာဂျာနယ်လစ် နက်ဝပ် တွင် ပြု လုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ဆရာတော် ( ၃ ) ပါး မပုပ်မသိုး ပါသော်လည်း နောက်ဆက်တွဲ ပြဿနာများ


ပထမ ဆရာတော်ဦးကလျာဏ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် ပိန္နဲကွင်းကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းတွင် သီတင်းသုံးနေ သော ကျောင်းထိုင်ဆရာတော် ကို အလှူငွေများ ပုဂ္ဂလိကအသုံး ပြုမှုကြောင့် တိုင်ကြား ထား ကြောင်း သတင်းလေးကို ပြည် တွင်းအပတ်စဉ်ထုတ် ဂျာနယ် တစ်စောင်မှာ ဖတ်လိုက်ရပါ တယ်။ (မြန် မာ သံေ တ်ာဆင့်၊ အမှတ်(၄၆)စာမျက်နှာ ၃၂ အင်္ဂပူ၊ ပိန္နဲကွင်းစကျောင်းအလှူ ငွေအတွက် တ ရားစွဲခေါင်း စဉ်ဖြင့် ထိုသတင်းဖတ်ပြီးတော့ အမှား လေးများကို သိရှိနိုင်ရန်နှင့် အဖြစ် မှန်လေးများကို စာ ဖတ် သူများ ဆက်လက်သိရှိနိုင်ရန်အတွက် စေတနာသန့်ရှင်းစွာ ဆက်လက် ဖြန့်ဝေတာပါ။



မြန်မာပြည်သူတို့ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲနိုင်ရေး ကမ္ဘာ့ဘဏ် ကူညီမည်


မြန်မာနိုင်ငံ ပြည်သူလူထု လိုအပ်နေသော လျှပ်စစ်ဓာတ်အား ပိုမိုရရှိစေရန် အတွက် ကမ္ဘာ့ဘဏ် လုပ်ငန်းစုက ကူညီ ပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရသည်။ ၅-၂-၂၀၁၃ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ချယ်ထရီယမ် ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့ဘဏ်လုပ်ငန်းစု သတင်းစာ ရှင်းလင်းပွဲတွင် ကမ္ဘာ့ဘဏ် လုပ်ငန်းစု၏ IFC အလုပ်အမှုဆောင် ဒုတိယဥက္ကဋ္ဌနှင့် CEO ဖြစ်သူ JIN-YOUNG CAI က အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေး၏ လုပ်ပိုင်ခွင့် တဖြည်းဖြည်း လျှော့ချမည်



မြန်မာ့ဆက်သွယ်ရေး ၏ လုပ်ပိုင်ခွင့်များ အား တဖြည်းဖြည်းဆွဲထုတ် သွားမည်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း က ပြောသည်။ “ MPT ကို တဖြည်းဖြည်း ဆွဲ ထုတ်တော့မှာပါ။ သူပါလာတဲ့အ တွက် ပြဿ နာတွေအများကြီး ဖြစ် တယ်။ ဒါပေမဲ့ချက်ချင်းကြီး လုပ် လို့မရဘူး။နိုင်ငံမှာ ဖိုင်ဘာတွေခင်း ထား တာတွေရှိနေတဲ့အတွက် တ ဖြည်းဖြည်း လုပ်သွားမှရမှာပါ”ဟု နေပြည်တော်၌ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောသည်။
 

မော်လမြိုင်တက္ကသိုလ်တွင် စစ်ပညာသင်တန်း စတင်ဖွင့်လှစ်


ဖေဖော်ဝါရီလ ၅ ရက်နေ့က မော်လမြိုင် တက္ကသိုလ်တွင် စစ်ပညာသင်တန်းစတင် ဖွင့်လှစ်ခဲ့ကြောင်း သ တင်း ရ ရှိပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားသို့  မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ ၊ အေ ရှ့ တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်တကွ စစ်ဖက်အရာရှိများ ၊ မော်လမြိုင် တက္က သိုလ် ပါမောက္ခ ချုပ်နှ င့် တကွ ဆရာ/ဆရာမများ သင်တန်းသား ကျောင်းသားများ တက်ရောက် ကြပါသည်။
 

၉ နှစ်အရွယ် မိန်းကလေး တစ်ဦး ကလေးမွေးဖွား

မက္ကစီကို နိုင်ငံမှ အသက် ၉ နှစ်သာ ရှိသေးတဲ့ မိန်းခလေး တစ်ဦးဟာ သူမရဲ့ သမီး ကမလေး တစ်ဦးကို ဇန္န၀ါရီလ ၂၇ ရက်နေ့က အောင်မြင်စွာ မွေးဖွား လိုက်တယ်လို့ အေအက်ဖ်ပီ သတင်း တစ်ပုဒ်ကို ကိုးကားပြီး ဘင်္ဂလာဒေခ်ျ့ နိုင်ငံက The Dailystar သတင်းစာမှာ ဖေါ်ပြပါတယ်။
 

ကေအိုင်အေ မှ တာလောကြီးရွာ လူငယ်တစ်ဦးအား ပစ်ခတ် ခြိမ်းခြောက် ဖမ်းဆီးခေါ်ဆောင်

၅-၂-၂၀၁၃ နေ့၊ နံနက် (၁၁)နာရီခန့်အချိန်၌- မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာ၊ ရပ်ကွက်(၄)နေ အဘ ဦးစိုင်မန်း ၏ သား မောင်အောင်ထွန်းလင်း (ခ) မောင်စီးမောင် အသက်(၃၂) နှစ်သည် တာလောကြီးကျေး ရွာ၏ အရှေ့တောင်ဘက် (၁၀) မိုင် ကျော်ခန့်အကွာ ဒေသအခေါ် ခါးကျောတောသို့ သူငယ် ချင်းများဖြစ်သော (၁) မောင်ဝေစိုး (၂)မောင်ဝေမိုး (၃) မောင်ညွှန့်ဝင်း (၄) မောင်ဖိုးခင်း တို့နှင့် အတူ သစ်ခွပင် သွားခူးရာမှ KIA ၏ ခြိမ်းခြောက် ဖမ်းဆီးခြင်းကို ခံခဲ့ရပါသည်။

(၆၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနား ကျင်းပ

တောင်ကြီး ၊ ၈-၂-၂၀၁၃
၂၀၁၃ ခုနှစ် ၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သော (၆၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနား ကို ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက် ၈ နာရီက တောင်ကြီးမြို့ မြို့တော် ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ် ထံမှ ၂၀၁၃ ခုနှစ် (၆၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သော သ၀ဏ်လွှာ ကို ပြည်နယ် ၀န်ကြီးချုပ်က ဖတ်ကြား ရာတွင် ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ကျရောက်သည့် ရှမ်းပြည်နယ် ၏ မင်္ဂလာ ရှိသော နေ့ထူး နေ့မြတ် အခမ်းအနား သို့ သ၀ဏ်လွှာ ပေးပို့ခွင့် ရသည့် အတွက် အထူး ကျေးဇူး ၀မ်းမြောက် ပါကြောင်း ၊ ရှမ်းပြည်နယ် သည် ပြည်နယ်နှင့် တိုင်းဒေသကြီး များအနက် အကြီးမားဆုံး နှင့် အကျယ်ပြန့်ဆုံး ပြည်နယ် တစ်ခု ဖြစ်ပြီး တိုင်းရင်းသား မျိုးနွယ်စု ပေါင်း ၃၀ ကျော်ခန့် နေထိုင် လျက်ရှိပြီး ပြည်နယ် အတွင်းရှိ လူမျိုး ပေါင်းစုံအား ကိုယ်စားပြု နိုင်စေရန် ၁၉၆၀ ပြည့်နှစ် ၀န်းကျင်မှ စ၍ ရှမ်းအမျိုးသားနေ့ အား ရှမ်းပြည်နယ်နေ့ ဟု ပြောင်းလဲ ခေါ်ဆိုခဲ့သည်။
 

ဝက်ဆိုဒ်လုံခြုံရေး အားနည်းချက်များကို ထောက်ပြသော တိုက်ခိုက်မှုများရှိလာ



မြန်မာနိုင်ငံ၊ ပြည်တွင်းဝက်ဆိုင်ဒ်များ တိုက်ခိုက်ခံရခြင်းသည် ၀က်ဆိုဒ်လုံခြုံရေးထက် ဒီဇိုင်းကို ပိုမိုဦး စားပေး လုပ်ဆောင်ခြင်းကြောင့် လုံခြုံရေးပိုင်း အားနည်းချက်များရှိပြီး တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။


ဝက်ဆိုက်ဒ် တည်ထောင်လိုသူများအနေဖြင့် ၀က်ဆိုက်ဒ် တည်ဆောက်သူ၏ ဖန်တီးခြင်းကို သိရှိနား လည် ရမည်ဖြစ်ပြီး အခြား Hackerများ၏ တိုက်ခိုက်ခြင်းကို မခံရစေရန် ၀က်ဆိုဒ်၏ Version အသစ် ထွက် တိုင်း မြှင့်တင်ပေးရန်လိုအပ်ကြောင်း ၊ Scanning ဖတ်ခြင်းကိုလည်း အမြဲပြုလုပ်သင့်ကြောင်း ၀က် ဆိုက်ဒ်တည်ထောင်သူပညာရှင်တဦးက အကြံပြုပြောဆိုသည်။


သူရသတ္တိ ရဲဝံ့ထူးချွန်ပြောင်မြောက်သည့် အတွက် သမ္မတ၏ ဆုတံဆိပ် ချီးမြင့်ခြင်း ခံရသည့် တပ်မတော်သားများ စာရင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာအမှတ် ၂/၂ဝ၁၃
၁၃၇၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်
(၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်)
နိုင်ငံတော်သမ္မတက အောက်ဖော်ပြပါပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်
ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို အပ်နှင်းလိုက်သည်
သူရဘွဲ့

၁။ ကြည်း ၅၇၉၇၉ ဗိုလ် ကျော်ဇေယျ အမှတ် (၃ဝ၁)ခြေမြန်တပ်ရင်း
၂။ ကြည်း ၅၇၅၁၆ ဗိုလ် သန့်ဇင်ဦး အမှတ် (၇၇)ခြေလျင်တပ်ရင်း
၃။အမှတ် ၅ဝ၉၅၆၉ တပ်ကြပ်ကြီး သန်းနွဲ့ အမှတ် (၇၇)ခြေလျင်တပ်ရင်း

သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်



တပ်မတော် ဂုဏ်ဆောင် စွမ်းရည်ဘွဲ့ရ OTS ကျောင်းဆင်း အရာရှိများ


*** ဗိုလ်လောင်းသင်တန်းအပတ်စဉ် (၁၁၃) မှ ကျောင်းဆင်း ညီအစ်ကိုတစ်ဦးဖြစ်သော ကြည်း - ၅၇၉၇၉ ဗိုလ်ကျော်ဇေယျ ၏ ရဲစွမ်းသတ္တိအတွက် နိုင်ငံတော်သမ္မတက ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်နေ့တွင် “သူရ” ဘွဲ့ကို ချီးမြှင့်အပ်နှင်းခြင်းသည့်အတွက် လှိုက်လှဲစွာဖြင့် လေးစားဂုဏ်ယူမိပါကြောင်း မှတ်တမ်းတင် အပ်ပါသည်။

စစ်သားတစ်ယောက်၏ ပါရမီဖြည့်ဖက်ဆိုတာ


ကျမ မောင့် ကို စာတွေ့တော့  မောင် က သာမာန် ရဲဘော်လေး အဆင့် သာသာလေးပါ။ လက်မောင်းပေါ် က ပစောက်ပုံ သဏ္ဍန်ရှိတဲ့  အရစ်ကလေး တရစ်ကလွဲရင် မောင်ပိုင်ဆိုင် တာဆိုလို့ ကျမ ကိုချစ်တယ် ဆို တဲ့  အချစ်တစ်ခု ထက် ကျမ ဘာဆိုဘာမှ ပိုမမြင်နိုင်ခဲ့ ဘူး ။မော်လမြိုင် သူ ကျမနဲ့  အညာ သား မောင်နဲ့ စတွေ့ တာ က ၉၂ခုနှစ်က မြ၀တီ နား က တိုက်ပွဲတွေမှာ အစပြုခဲ့ မယ်ဆို မှားမယ်မထင်ပါဘူး။
 

Anonymous Indonesia အမည်ရ ဟတ်ကာအဖွဲ့  တစ်ဖွဲ့  မြန်မာ့ခရီးသွားလုပ်ငန်းဝက်ဘ်ဆိုက်ကို ထိုးဖေါက်၍ ရိုဟင်ဂျာများနှင့် ပတ်သက်သည့် သတိပေးစာရေး




တက်ကြွလှုပ်ရှားသည့် ဟက်ကာအဖွဲ့ တစ်ဖွဲ့ ဖြစ်သည့် Anonymous Indonesia အမည်ရ ဟတ်ကာ အဖွဲ့ တစ်ဖွဲ့ သည် မြန်မာ့ခရီးသွားလုပ် ငန်း ဝက်ဘ်ဆိုက်ကို စာတစ်စောင် ရေးသားဖေါ်ပြ ခဲ့ကြောင်း အင်တာနက် သတင်းနည်းပညာ ဝက်ဘ်ဆိုက် ZDNet တွင် ဖေါ်ပြခဲ့သည်။
ယင်းအဖွဲ့ သည် ဗုဒ္ဓဟူးနေ့ ညနေပိုင်းက မြန်မာ့ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝက်ဘ်ဆိုက် mm.myanmar.net တွင် သတိပေးစာမတ်ဆေ့ခ်ျ တစ်ခု ချန်ထားခဲ့ခြင်းဖြစ်ပြီး ဝက်ဘ်ဆိုက် ၏ ဒေတာများ မှာ လုံခြုံမှုရှိကြောင်း၊ မိမိတို့သည် မြန်မာအစိုးရကို သတိပေးရန်အတွက်သာ မတ်ဆေ့ခ်ျထား ခဲ့ခြင်းဖြစ်ေ ကြာ င်း ဆိုသည်။
 

ဒေါက်တာ အေးမောင်၏ ဘင်္ဂလီအရေး ဆောင်ရွက်ရန် အဆိုအား ကန့်ကွက်ခဲ့

 
၂၀၁၂ ခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ်၌ ဘင်္ဂလီ ဆူပူမှုကြောင့် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအပေါ် ဆင်ခြင် သုံးသပ်ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် နယ်စပ်လုံခြုံရေး၊ နယ်မြေ လုံခြုံရေးနှင့် လူဝင်လူထွက် စီမံခန့်ခွဲရေး ဆိုင်ရာ မဟာဗျူဟာမြောက် ရေတို၊ ရေရှည် အထူး အစီ အမံတို့ဖြင့် ဦးစားပေး ဆောင်ရွက်ရန် အဆိုအား ကန့်ကွက်သူ ရှိသည့်အတွက် အမျိုးသားလွှတ်တော် တွင် ဆွေးနွေးစဉ်းစားရန် မရှိကြောင်း ဖေဖေါ်ဝါရီလ ၇ ရက်နေ့က ကျင်းပသည့် အစည်းအဝေးတွင် အမျိုး သား လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
 

ဆက်သွားချင်သေးတယ် ဆိုရင်