မန္တလေး ဆေးတက္ကသိုလ်တွင် ပါမောက္ခချုပ်နှင့် အဖွဲ့များ နိုင်ငံတော် ဘဏ္ဍာငွေများကို နှစ်စဉ် သိန်းထောင်ချီ၍ အလွဲသုံးစားမှု ပြုလုပ်နေကြောင်း အဆိုပါ တက္ကသိုလ်ရှိ ဘဏ်ငွေစာရင်းဌာနမှ လုပ်သက် ၂၀ ရှိ စာရင်းစစ် (၂) ဒေါ်စန်းလှ ဆိုသူက ဖေဖော်ဝါရီ ၆ ရက် ရန်ကုန်မြို့ မြန်မာဂျာနယ်လစ် နက်ဝပ် တွင် ပြု လုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
နိုင်ငံတော် ဘဏ္ဍာငွေတွေကို ပေါင်းပြီး အလွဲသုံးစား လုပ်နေတာ ကျွန်မစာရင်း အတိအကျ ဆွဲထားပါတယ်။ သာမန်ရငွေ၊ ငွေလုံးငွေရင်းရငွေ အားလုံး အတိအကျ ဆွဲထားပါတယ်” ဟု ဆက်လက် ပြောသည်။ အလွဲသုံးစားပြုငွေများတွင် နိုင်ငံတော်နှင့် ပြည်သူပိုင် မန်းဆေး၏ MD-6 တွင် မပေးသွင်းသော ရ-သ-စမှ ညွှန်ကြားပြီး နိုင်ငံတော် သာမန်ရငွေ ငွေစာရင်းများတွင် ပစ္စည်းများ ရောင်းချရငွေများနှင့် ဆောင်ရွက်ပေးမှုအတွက် ရငွေများ၊ အဆောင်ငှားရမ်းခ ရငွေများ၊ ကျောင်းသားကတ် ဒဏ်ငွေများနှင့် အခြားရငွေများနှင့် ဘဏ္ဍာငွေအဖြစ် သိမ်းယူခြင်းများ၊ သာမန်ရငွေ၊ အလွဲသုံးစားပြုငွေ တစ်နှစ်လျှင် စုစုပေါင်း ကျပ်သိန်း ၂၃၀၀ ခန့်ဖြစ်ကြောင်း ယင်းက ဆိုသည်။
အဆိုပါ ပါမောက္ခချုပ်သည် ၂၀၀၇ ခုနှစ်က စတင်ရောက်ရှိခဲ့ပြီး ယင်းကဲ့သို့ ဘဏ္ဍာငွေ အလွဲသုံးစားမှုများကို သိရှိသဖြင့် မလိုအပ်ဘဲ ၂၀၁၁ ခုနှစ် နိုဝင်ဘာမှစ၍ အတင်းအဓမ္မ ပင်စင်ပေးခဲ့သဖြင့် မူလအတိုင်း တာဝန်များ ပြန်လည် ထမ်းဆောင်ခွင့် ရရန်နှင့် စိစစ်ဖြေရှင်းပေး ရန် နိုင်ငံတော် သမ္မတနှင့်တကွ သက်ဆိုင်ရာ ဝန်ကြီးဌာန အဆင့်ဆင့်သို့ စာတင်ထားကြောင်း လည်း ယင်းက ပြောပြခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ထုတ် News Watch Weekly ဂျာနယ် တွင် ဖော်ပြထားပါသည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.