Pages
Friday, February 8, 2013
စစ်သားတစ်ယောက်၏ ပါရမီဖြည့်ဖက်ဆိုတာ
ကျမ မောင့် ကို စာတွေ့တော့  မောင် က သာမာန် ရဲဘော်လေး အဆင့် သာသာလေးပါ။ လက်မောင်းပေါ် က ပစောက်ပုံ သဏ္ဍန်ရှိတဲ့  အရစ်ကလေး တရစ်ကလွဲရင် မောင်ပိုင်ဆိုင် တာဆိုလို့ ကျမ ကိုချစ်တယ် ဆို တဲ့  အချစ်တစ်ခု ထက် ကျမ ဘာဆိုဘာမှ ပိုမမြင်နိုင်ခဲ့ ဘူး ။မော်လမြိုင် သူ ကျမနဲ့  အညာ သား မောင်နဲ့ စတွေ့ တာ က ၉၂ခုနှစ်က မြ၀တီ နား က တိုက်ပွဲတွေမှာ အစပြုခဲ့ မယ်ဆို မှားမယ်မထင်ပါဘူး။
ခြေလျင်တပ် တတပ်ရဲ့ ပင်ပန်းမှု့ဒဏ်ကို ကျမ လှိမ့် ပိန့် နေအောင်ခံစားရတယ်။ ဆရာ ကတော်လို့ အခေါ် ခံရ တာကလွဲရင် အပြင်ယောက်ျားတွေရဲ့ မိန်းမတွေလို ကျော့ကျော့ မော့မော့ မနေနိုင် ခဲ့ ဘူးလေ။ တပ်မ ကပေးတဲ့  ယူနီဖောင်း တစ်စုံက မောင့်အတွက် အပြင် ကျမ အတွက် ပါ အပိုစောင်း ရလာခဲ့ တယ်။တပ် မှာ ရှိတဲ့ အိမ်ထောင်သည်ရဲမေ တွေအားလုံး စစ်ပညာမတက်မနေရပေါ့။မောင်က တပ်ကိစ္စ ဆိုင်ရာတွေမှာ လုံးပန်း၊ ကျမ က လက်နက်ငယ်သင်တန်းတွေမှာ တက်၊နှစ်ဦးသားတွေ့စုံချိန်ဆိုလို့  ညပိုင်းလေး တခု ကသာ နားနေချိန်ပေါ့။ဒါတောင် မောင်ကင်းစောင့်ရတဲ့ နေ့ မျိုးဆို တပ်ရဲ့ ဂိတ်(၁)မှာ မောင်နဲ့ အတူတူ ကင်းစောင့်ရင်း သွားအိပ်ပေါ့ ။ မလွယ်တဲ့  မိန်းမတစ်ယောက်ရဲ့ ဘ၀ကို မောင့်ကို ချစ်ပြီး၊မောင့်ကို ယူပြီးမှ ကျမ တကယ်လက်တွေ့ ကျကျ သိခွင့်ရခဲ့ တာပါ။
ကျမ ပထမဆုံး သားဦးလေးကို စလွယ်တော့  မောင်က ရှမ်းပြည်နယ်က မန်တုန်မြို့လေးမှာ တာဝန် ကျ တယ်။ လက်မောင်းပေါ်မှာ အရစ် ကလေး ၁ ရစ်ထပ် ပိုလာတာက လွဲရင် ဘာဆိုဘာမှ မပြောင်းလဲ ပါဘူးေ လ။မြန် မာပြည်အောက်ပိုင်း ကနေ အပေါ်ပိုင်း ကိုပြောင်းရတာ ကလွဲရင်ပေါ့။ ဒီလိုနဲ့  ကျမ ကိုယ် ၀န် (၈) လပြည့် ခါနီးတော့  မောင် ရှေ့တန်း ထွက်ရတယ်။ ထွက်ရတဲ့ နယ်က ပဲခူး၊ ကျောက်ကြီး သိပ်နာ မည်ကြီးတဲ့  နယ်မြေပေါ့။
မောင်က အားမငယ်ပါနဲ့ ဆိုသည့်တိုင်အောင် ရှေ့တန်းကာလက (၈)လကျော်မို့  သားဦးမွေးတဲ့ အချိန် မှာမောင် မရှိနိုင်တော့ ဘူးဆိုတာ ကျမ အလိုလိုတွေးမိလာတာနဲ့  မျက်ရည်ကျတဲ့ ညပေါင်းက လည်း မရေ မတွက် နိုင်တော့ ဘူး။ ပုံမှန် ၀တ္တရားအလုပ်တွေလုပ်နေပေမဲ့ေ မာင်မသိစေချင်တဲ့  ၀မ်းနည်း သိမ်ငယ် မှု့တွေ ကို ကျမ ဟန်ဆောင်ကျော်ဖြတ်နေရတယ်လေ။မောင်သွားတဲ့  ရှေ့တန်းစစ်မြေပြင်အချိန်ကစလို့  ကျမ ဘုရားစင်ရှေ့ကနေ မထနိုင်တော့ ဘူး။သွားပြီး ၁ လလောက်ရှိပြီဆိုရင် မိုင်းထိလို့  တစ်ယောက်ပြန် လာလိုက် သတင်းတွေနဲ့ အတူ ကျမ ဗိုက်ထဲက ကလေးလေး အဖေမဲ့ မှာကို ကျမ တွေးပြီးပူပန်မိနေတာက ခံစား ရတဲ့ ရောဂါပိုပိုတိုးလာသလို ပေါ့။မနက်ဆို ဆွမ်းရေချမ်းကပ်ပြီး မောင့်အတွက်ဆုတောင်းပေးပြီး ညနေ ပိုင်းဆို တပ်က ဓမ္မာရုံမှာ တရားနာပရိတ်ရွတ်မပြက်ခဲ ဘူး။ကျမ ငယ်ငယ်လေးနဲ့  မုဆိုးမ ဖြစ်မှာ စိုးတာထက် ကိုယ်ဝန်ရင့်မာနဲ့ ထားခဲ့ ရတဲ့ မောင့်ကို စိတ်မပူပန်စေချင်တဲ့ စိတ်ကများပါတယ်။
သား ၅ နှစ်ပြည့် လို့ ကျောင်းထားမယ် ဆိုတော့  မောင်က ကျိုက်ထို ခမရ(၂) ကိုပြောင်း ရပြန်တယ်။ ဘာ ထူး လဲ။စ စ်သား မိန်းမလေ။သားငယ်လေးကိုလက်ကဆွဲ၊အထုပ်ပိုက်ပြီး မောင့်နောက် ကိုလိုက် ရျပန္တာေ ပါ့။ႀကာ လာေ တာ ့ ၀န်ထမ်းဘ၀ဆိုတာကြီးနဲ့  လည်ပတ်နေရတဲ့  ဘ၀မှာ အသားကျသလိုလိုရှိလာပြီ။တာ ၀န်၊ ဂျူတီ၊ လုံခြုံရေး၊ သင်တန်းတွေ လုံခြာ လိုက်နေတဲ့  စစ်သားတစ်ယောက်ရဲ့ ဇနီးမိန်း မတစ်ယောက် အဖို့  ခွဲခွာခြင်း၊လွမ်းဆွတ်ခြင်းတွေကိုလည်းခံနိုင်ရည် ရှိလာပြန်တယ်။ရပါတယ်ပြောပြီး သားငယ် ကိုရင် ခွင် ပိုက်ပြီး မျက်ရည်တွေ ကျရပေါင်းလည်းမနည်းတော့ ဘူးပေါ့။
သားကြီး (၁၀)တန်းအောင်တော့  ပြင်ဦးလွင်က စစ်တက္ကသိုလ်ကို တက်တယ်။ ဘာငွေကြေးမှ အပိုစောင်းေ ထာက်ပံ့ မှု မရှိခဲ့ ပေမဲ့  သားကြီးရဲ့လိမ်မာသိတက်မှု့နဲ့  ကျမ တို့  သိပ်ပင်ပန်းခဲ့ ရခြင်းမရှိခဲ့ ဘူး။ကံဆိုး စွာနဲ့ ပဲ သား ပထမနှစ်မပြီးခင်မှာ မောင်က ရှေ့တန်းမှာ မိုင်းဆွဲထိခံရတယ်။ အသက်မသေပေမဲ့ ပေးဆပ် လိုက် ရတဲ့  ခြေတဖက်ကြောင့် တပ်မှာ ဂိတ်စောင့် စစ်သားတစ်ယောက် ဘ၀ ရောက်ခြင်း မလှရောက် သွား ခဲ့ တယ်။အဲ့ချိန် သားငယ်က (၆)တန်း။
ကျမ လောက် လောကဒဏ်ရိုက်ပုတ်ခံရတဲ့ သူများရှိနိုင်ဦးမလားတွေးပြီး မျက်ရည်တွေလည်း ခဏခဏ ကျပေါ့။ သားကြီးကျောင်း ဆင်းတော့  ပြင်ဦးလွင် ရာသီဥတုနဲ့  သားမျက်နှာ ငယ်မှာစိုးလို့  မောင်က နေမေ ကာင်း ချင်ယောင်ဆောင်ပြီး တပ် မှာနေရစ် တယ်။မောင့် က သူ့သားကြီးကိုသိပ်ချစ်သလို သိပ် အားကိုး မှန်း ကျမ သိတယ်လေ။ငါ့သား မျက်နှာမပျက်စေနဲ့ နော် ဆိုပြီး လူပျို ဘ၀ကတည်းက မထုတ်ပဲထားတဲ့  စုေ ချးငွေကို ထုတ်ပြီး ကျမ ကိုပေးလိုက်တယ်။ ဘွဲ့ယူတော့  မိဘတွေ အတွက်ပေးထားတဲ့  ထိုင်ခုံမှာ တခုံ စာ လွတ်လို့ ပေါ့။ကျမ ဘွဲနှင်းခန်းမထဲမှာလည်း ငိုမိသေးတယ်။တကယ်လို့ မောင်သာ .......ရှိနေမယ် ဆိုရင်.............။
ဖအေတူသား စစ်သား တစ်ယောက် ဖခင်ထက် ပုံခုံးပေါ်မှာ ရွှေပွင့်လေးတွေ ပိုတပ်ဆင် လာတာကလွဲရင် မြန်မာနိုင်ငံ ရဲ့ မပြီးဆုံးသေး တဲ့  တိုက်ပွဲတွေကြား ကို သားကြီး ရွက်လွှင့်ရပြန်တယ်။ ကျမ ဒုတိယမိ ဘုရား စင်က မထရပြန် ဘူးလေ။၂၀၀၂ မှာတာချီလိတ်၊ ၂၀၀၈ မှာ ကိုးကန့် ၊ပြီးတော့  မြောက်ပိုင်း ကချင်ပြည်နယ်၊ မပြီးဆုံး နိုင်တဲ့  စစ်ပွဲတွေကြားမှာ.................ကျမ ဒုတိယမိ ကံဆိုးခဲ့ပြန်တယ်။
သားကြီး ကချင်မှာ မိုင်းထိပြန်ပြီတဲ့ လေ။
အသက် က ၂၆ နှစ်လောက်ကလေး ၊ဘ၀ကြင်ဖော်လည်း မရှိ၊ ချစ် သူရှိရင်တောင် ဘယ်မိန်းကလေးမှ အားမ ကိုးတော့  တဲ့ သားကြီးကို ကျမ ကြည့်ပြီး မောင့်ရင်ခွင်မှာ တလှည့် ၊သားကြီးကို တလှည့် အားရပါး ရငိုမိတယ်။
ခုလည်းသားငယ် စာမေးပွဲအောင်တော့  မောင်နဲ့  သားကြီးက သားငယ်ဝါသနာပါတာကို လက်ခုတ် လက် တမ်း တီးပြီး အားပေး ကျပြန်တယ်။
ပြည်တွင်း ရဲ့ မဆုံးနိုင်တဲ့  စစ်ပွဲတွေကြားမှာ ကျမလို ဒုက္ခတွေ ခံစားရတဲ့ စစ်သား မိန်းမတွေ ဘယ်နှစ်ေ ယာက် ရှိနေပြီလဲ......။ယောက်ျားတစ်ယောက်ကို ဆုံးရှုံးလိုက်လို့  ကျန်ရစ်ခဲ့ ရတဲ့  မုဆိုးမတွေ ဘယ်ေ လာက် ရှိနေပြီလဲ..............။သားတွေကို ဆုံးရှုံးလိုက်ရလို့  ငိုနေရတဲ့  အမေ တွေဘယ်လောက် ရှိနေပြီလဲ ဆို တာ ကျမ မသိပါဘူး။
အလကား သက်သက်မြေဇာ ပင်ဖြစ်နေရတဲ့  စစ်သား ဘ၀တွေကို ကျမ မြန်မြန် ပြီးဆုံးစေ ချင်ပါပြီ။
မဟုတ်ရင်...........ကျမ တတိယမြောက် ဘုရားစင်ရှေ့ရောက်မှာ စိုးမိတယ်..........။
credit-(ပုံရိပ်စစ်)
ခြေတဖက် စွန့်လွှတ်လိုက်ရတဲ့ သားဖြစ်သူရဲ့ မိခင် သား ၃ယောက်မိခင်ပါ လက်ရှိကေ တာ့ မိ တ္တိ လာ ကျောင်း ဆရာမပါ သားဖြစ်သူက ပေါင်ကနေပြတ်ပါတယ်အခု အငယ်ဆုံး သားကို DSA ဖြေ ခိုင်း ထားေ သးတယ် လေးစားပါတယ် အန်တီရယ်
No comments:
Post a Comment
Note: Only a member of this blog may post a comment.
ဆက်သွားချင်သေးတယ် ဆိုရင်