ရန်ကုန်မြို့ အတွင်းရှိ လူစည်ကား သော နေရာများ တွင် စီစီတီဗီ များ တပ်ဆင် ၍ ထိန်းချုပ် ခန်း (Control Room) မှ စောင့်ကြည့် နိုင်ရန် ဆောင်ရွက် လျက် ရှိကြောင်း ရန်ကုန် တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ တာဝန် ရှိသူ တစ်ဦးက ပြောကြား သည်။ “ပြစ်မှု ကျူးလွန် တဲ့သူတွေ ကို အချိန်တို အတွင်း ခြေရာ ကောက် မိနိုင် အောင် ဒီလို စီစီတီဗီ တွေ တပ်ဆင် မယ်။ ပြီးရင် အဲဒီ စီစီတီဗီ ကနေ တစ်ဆင့် Control Room ကနေ အ မြဲ စောင့်ကြည့် နေမယ်။ ရန်ကုန် မြို့ရဲ့ လုံခြုံရေး အတွက် အများကြီး အထောက် အကူပြု မှာပါ” ဟု ၎င်းက ဆိုသည်။
ရန်ကုန်မြို့ ရှိ အဓိက လူစည်ကား သော နေရာ (၂၂) ခု ၌ ယင်း စီစီတီဗီ များ ဦးစား ပေး တပ်ဆင် ပေးမည် ဖြစ်ကြောင်း နှင့် မန္တလေး နှင့် နေပြည်တော် တွင် ထိန်းချုပ် ခန်း (Control Room) မှ စောင့်ကြည့် နိုင်မည့် စီစီတီဗီ များ တပ်ဆင် ထားပြီး ဖြစ်ကြောင်း၊ ရန်ကုန် မြို့အတွင်း လူစည်ကား သည့် ရွှေတိဂုံ ဘုရား ပတ်ဝန်းကျင်၊ လှည်းတန်း နှင့် ဆူးလေ မြို့တော် ခန်းမ အနီး တစ်ဝိုက် ၌ လုံခြုံရေး တိုးမြှင့် ပေးထားကြောင်း ထပ်မံ သိရသည်။ “ပြစ်မှု ကျူးလွန် တဲ့သူ ကို အလျင် အမြန် ဖော်ထုတ် ပေးနိုင်ဖို့ အထောက် အကူ ပစ္စည်း လည်း လိုတယ်။ တခြား နိုင်ငံတွေ မှာ ပြစ်မှု ကျူးလွန် ပြီ လို့ သိရင် အဲဒီ နေရာ ကို စီစီတီဗီ ကနေ ကြည့်ပြီး ငါးမိနစ် အတွင်း အချိန်မီ ရောက်နိုင် တယ်။ ဒီမှာ က ငါးနာရီ လောက် အချိန်ယူ နေရ တယ်” ဟု ရန်ကုန် တိုင်း ဒေသကြီး ရဲ တပ်ဖွဲ့မှ တာဝန် ရှိသူ တစ်ဦး က ပြောကြား သည်။ မြန်မာ နိုင်ငံ ရဲ တပ်ဖွဲ့ ဌာန ချုပ် လက်အောက် တွင် ယခု အချိန်ထိ ရဲ တပ်ဖွဲ့ အင်အား တစ်သိန်း ဝန်းကျင် သာ ရှိနေ သေးကြောင်း နှင့် ယင်း အပြင် ရဲတပ်ဖွဲ့ အင်အား နှစ်ဆ အထိ တိုးချဲ့ နိုင်ရန် ဆောင် ရွက် လျက် ရှိကြောင်း သိရသည်။
News Watch Weekly
No comments:
Post a Comment
Note: Only a member of this blog may post a comment.