Pages

Friday, March 29, 2013

တပ်မတော်နေ့မှ ဖြစ်ပေါ်လာသော အတွေးစများ

ဒီနေ့တော့ ကိုစစ်နိုင်အေးရေးထားတဲ့ သုံးသပ်ချက်ဆောင်းပါးလေးကို ဖော်ပြပေးပါ့မယ်ခင်ဗျာ...။

  • ဒီနေ့ဟာ (၆၈)နှစ်မြောက် တပ်မတော်နေ့ဖြစ်ပါတယ်။ နံနက်စောစော တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်ရင် ဖြစ်ပေါ်လာတဲ့ ခံစားမှုလေးတချို့ ကို ရေး သားချင်လာပါတယ်။

ဒီနှစ်တပ်မတော်နေ့ဟာ ခါတိုင်းနဲ့မတူ ထူးခြားတာ အားလုံးအသိဘဲဖြစ်ပါတယ်။ အဲဒါကတော့ ယန္တရား တပ်ဖွဲ့ဟာ အောင်ဆန်းစစ်ကြောင်း အမည်ဖြင့် ပါဝင်လာခြင်းဘဲဖြစ်ပါတယ်။ ယန္တရား တပ်ဖွဲ့ ကို အောင်ဆန်းစစ်ကြောင်းလို့ အမည်ပေးတာ တမူထူးပါတယ်။ ဒီလိုဖြစ်လာဖို့အတွက် နှစ်ပေါင်းများစွာ ကျွန်တော် တို့ မျှော်လင့်စောင့်စားခဲ့ရပါတယ်။ ယန္တရားစစ်ကြောင်းမှာပါဝင်တဲ့ တပ်ဖွဲ့များကတော့ သံချပ်ကာ ယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး၊ အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး နဲ့ လေကြောင်း ရန်ကာကွယ်ရေး တပ်ဖွဲ့ အရာရှိချုပ်ရုံးတို့ဘဲဖြစ်ပါတယ်။ ထုတ်ဖော်ပြသတဲ့ ယာဉ်များနှင့် လက်နက် များဟာ တပ်မတော် အင်အားရဲ့ တစိတ်တဒေသသာလျှင်ဖြစ်တယ်ဆိုတာ စိတ်ဝင်စားသူ တိုင်း တွေ့နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ထုတ်ဖော်ပြသတဲ့ လက်နက်အချို့ဟာ တပ်မတော်မှာ သုံးနေ တဲ့ ခေတ်အမီဆုံး လက်နက်တွေ မဟုတ်ကြပါဘူး။
  • စပြီးပြောရရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တပ်ကို စစ်ဆေးတဲ့နေရာမှာ သုံးတဲ့ယာဉ်နဲ့ ယန္တရားတပ်ဖွဲ့က အရာရှိတွေစီးတဲ့ ကွပ်ကဲမှုယာဉ်ဟာ တောင်ကိုရီးယား နိုင်ငံ KIA Company ထုတ် Retona Cruiser Jeep ဖြစ်ပါတယ်။ တပ်မတော်မှာ သုံးတာကို ပထမဆုံးမြင်ဘူး တာပါ။ ခေတ်မီယာဉ်တစ်မျိုးလို့ ပြောနိုင်ပါမယ်။ နောက်ပြီး ပါနေကျ နောင်ရိုးဂျစ်တွေလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ယာဉ်တန်းမှာ ပါလာပါတယ်။ Humvee နဲ့ ပုံစံတူတဲ့ အဲဒီကားတွေဟာလည်း Retona Jeep ထက်တောင် ပိုမိုလှပနေပါသေးတယ်။ စစ်ရေးပြမှူးကြီးစီးတဲ့ ကားကတော့ အိန္ဒိယနိုင်ငံ TA TA Company ထုတ် ဂျစ်ဖြစ်နိုင်ပါတယ်။
 မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်



 
နောင်ရိုးဂျစ် စစ်သုံးယာဉ်


 
နောက်တမျိုးက ၁၀၅ မီလီမီတာ တင့်ဖျက် တိုက်ခိုက်ရေးယာဉ် (105mm Assaulter) ပါ။ တပ်ခွဲ (၂)ခွဲစာ (၂၄)စီးပါဝင်ချီတက်ပါတယ်။ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှာလည်း လက်ရှိ အသုံးပြုနေတဲ့ ခေတ်မီလက်နက် တစ်မျိုးဖြစ်ပါတယ်။ NORINCO Company ထုတ်ပါ။ နောက် တစ်မျိုးကတော့ SH – 1 (155mm Self-propelled Gun) ပါ။ (၆)စီး ပါဝင်ပါတယ်။ ဒါကို လည်း ခေတ်မီတယ်လို့ပြောရမှာပါ။ ထုံးစံ အတိုင်း NORINCO Company ထုတ်ပါ။


၁၀၅မမ တင့်ဖျက် တိုက်ခိုက်ရေးယာဉ်


 
SH-1 ၁၅၅မမ ယာဉ်တင်အမြောက်စနစ်


 
  • နောက်ပိုင်းမှာ ဆက်လာတာက အမြောက်တပ်ဖွဲ့က D 30 122mm Howitzer ယာဉ်ဆွဲ အမြော က် ဖြစ် ပါတယ်။ သူကလည်း (၆)စီးပါဘဲ။ ရုရှားနဲ့ သူ့ရဲ့ မဟာမိတ်နိုင် ငံတွေ မှာ နှစ်ပေါင်း များ စွာသုံး လာခဲ့တဲ့ ခေတ်မီအမြောက်ဖြစ်ပါတယ်။
လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ကတော့ နာမည်ကျော် S 125 Pechora 2M မြေပြင် မှ ဝေဟင်ပစ်ဒုံးယာဉ် (၆)စီးနဲ့အတူ ချီတက်လာခဲ့ပါတယ်။ သူနဲ့အတူ ထိန်းချုပ်ရေးယာ ဉ်ေ တွ ၊ ရေဒါယာဉ်တွေပါဝင် ပါတယ်။ S 125 Pechora 2M ဟာ ကိုဆိုဗိုစစ်ပွဲအတွင်း ၁၉၉၉ခုနှစ် မတ်လ (၂၇) ရက်နေ့မှာ အမေရိကန်ရဲ့ F-117 Nighthawk ရေဒါပျောက်တိုက်လေယာဉ်ကို ပစ်ချနိုင်ခဲ့တဲ့ Pechora Missile System ကနေ အဆင့်မြှင့်တင်ထုတ်လုပ်ထားတဲ့ တာတိုပစ်ဒုံးပျံဘဲဖြစ်ပါတယ်။ ပစ်ချတာက ယူဂိုစလပ် တပ်မတော် အမှတ် (၂၅၀) လေကြောင်းရန် ကာကွယ်ရေး ဒုံးပျံတပ်မဖြစ်ပါတယ်။
  • အဲဒီနောက်က ပါလာတာက 37mm နဲ့ 57mm Anti-Aircraft Guns တွေဘဲဖြစ်ပါတယ်။ အဲဒါတွေ ကိုေ တာ့ သိပ်သဘောမတွေ့လှဘူး။ သိပ်ခေတ်မမီတော့ လို့ဖြစ်ပါတယ်။
၃၇မမ လေယာဉ်ပစ် အမြောက်


 
Pechora 2M လေကြောင်းရန် ကာကွယ်ရေး တာလတ်ပစ် ဒုံးလက်နက်စနစ်


 
နောက်တချက်ကတော့ တပ်မတော် (ရေ) နဲ့ တပ်မတော် (လေ)တို့ဟာ ယခင်နှစ်များလို တပ်ခွဲ (၁)ခွဲစီ မဟုတ်တော့ဘဲ တပ်ခွဲ (၂)ခွဲစီ ပါဝင်လာပါတယ်။ တပ်မတော် (လေ)ရဲ့ ပျောက်ကြား ဝတ်စုံ အရောင်ဟာပြောင်းလဲသွားပါပြီ။ တပ်မတော် (ရေ)ရဲ့ ၀တ်စုံဖြူဝတ် တပ်ခွဲကတော့ အထူးခြားဆုံးလို.ဆိုနိုင်ပါတယ်။ တပ်မတော် (ရေ)နဲ့ တပ်မတော် (လေ)က တပ်ခွဲ (၁)ခွဲစီဟာ လက်နက်သစ်တစ်မျိုးကို ကိုင်ဆောင်ချီတက်လာပါတယ်။ အဲဒါကတော့ MA -3 Mark III ဖြစ်ပါတယ်။ တပ်မတော် (ကြည်း)ရဲ့ တပ်ခွဲ အချို့ဟာလည်း MA – 1 Mark I များကိုင်ဆောင်ထားပါတယ်။ အဲဒီ သေနတ်တွေဟာ တရုတ်ရဲ့ QBZ 95 series နဲ့ ပြင်ပပုံစံ အတော်လေးတူပါတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါ။ နောင်နှစ် အနည်းငယ်အတွင်း တပ်မတော်သားအားလုံး ကိုင်ဆောင်တာကို မြင်ချင်နေမိပါတယ်။


တပ်မတော် (ကြည်း)


 
တပ်မတော် (ရေ)

 
 
တပ်မတော် (လေ)


 
ဒါတွေ အပြင် တပ်မတော် (လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များရဲ့စွမ်းပကားကိုလည်း မျက်ဝါး ထင်ထင်တွေ့မြင်လိုက်ရပါတယ်။
  
အမ်အိုင်-၂ အပေါ့စားတိုက်ခိုက်ရေး ရဟတ်ယာဉ်


 
အမ်အိုင်-၃၅ တိုက်ခိုက်ရေး ရဟတ်ယာဉ်


 
အက်ဖ်-၇ တိုက်လေယာဉ်များ


 
အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်များ



ဒီလိုရေးရဲတာကလည်း တရားဝင်ထုတ်ဖော်ပြသလိုက်လို့ မိမိရဲ့ အမြင်ကို ရေးရဲတာဖြစ်ပါတယ်။
  • တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ မိန့်ခွန်းဟာလည်း ဒီနှစ်ရဲ့ထူးခြားချက်တစ်ခုဖြစ်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းရဲ့ မိန့်ခွန်းတစ်ခုကို အလေးပေးဖော်ပြခဲ့လို့ပါဘဲ။ အဲဒါကတော့
“တိုင်းပြည်ကာကွယ်ဖို့ ကိစ္စမှာ ကျွန်တော်တို့ စစ်တပ်တွေက မလုံလောက် သေးဘူး။ ကုန်း တပ်စစ်တပ်ကလည်း ဘာမှ မဖြစ်လောက် သေးဘူး။ သံချပ်ကာကားတပ်တွေဆိုတာ မရှိသေးဘူး၊ ×× လေ တပ်ဆိုတာ အခုမှ စတုံးရှိသေး၊ ရေတပ်ကလည်း ဟန်ပြပဲရှိသေး ×× ကျွန်တော်တို့ တိုင်းပြည် တကယ် စစ်တိုက်မယ့်အချိန်မျိုးမှာ လူတစ်သန်းစစ်တပ်အင်အားရှိရမယ်၊ လူတစ်သန်းရှိမှ ကောင်းမယ်။”
 
(ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ဇွန်လ ၁၆ ရက်နေ့ တိုင်းပြုပြည်ပြုလွှတ်တော် မိန့်ခွန်းမှ)

  • နောက်တစ်ချက်ထူးခြားတာက ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တာဘဲဖြစ်ပါတယ်။ အဲဒါဟာ တပ်မတော်အတွက်ကော သူမအတွက်ပါ (Win-Win) အခြေအနေပါဘဲ။ တပ်မတော်က သူမကို အသိအမှတ်ပြု လေးစားသလို သူမကလည်း တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာကို သက်သေပြလိုက်တာပါဘဲ။ သူမကို လွှတ်တော်ရေးရာကော်မတီ ဥက္ကဌ တစ်ဦး အနေနဲ့ ဖိတ်ကြားတာဖြစ်နိုင်ပါတယ်။ ကျွန်တော်မြင်တာကတော့ သူမရဲ့ ဖခင် အပါအဝင်ဖြစ်တဲ့ ရဲဘော်သုံးကျိပ်တို့ တည်ထောင်ခဲ့တဲ့ ပြည်ထောင်စုတပ်မတော်ကြီးရဲ့ လက်ရှိ အခြေအနေ ကို ပြသချင်လို့ ဖိတ်ကြားတာဖြစ်နိုင်တယ်လို့လဲထင်ပါတယ်။
သာမန်ပြည်သူများ အတွက်တော့ ဒီနှစ်တပ်မတော်နေ့ဟာ ထူးဆန်းချင် ထူးဆန်းနေပါလိမ့်မယ်။ အဆိုးမြင် ဝါ ဒီ အချို့ကလည်း ပိုက်ဆံဖြုန်းတယ်။ မကောင်းတာတွေ ထုတ်ပြနေတယ်လို့ထင်ချင်ထင်ပါလိမ့်မယ်။ ကျွန်ေ တာ့် အတွက်ကတော့ ဘဝမှာ အမျှော်လင့်ဆုံးနေ့တစ်နေ့ အဖြစ် သမိုင်းဝင်ခဲ့ပါပြီ။
  • လာမည့်နှစ်များတွင်လည်း တပ်မတော်နေ့ကို ယခုနှစ်ထက် အဆင့်မနိမ့်စေဘဲ ပိုမိုခေတ်မီ စွာ ကျင်း ပနိုင်ပါစေကြောင်း ဆုမွန်ကောင်းများတောင်းလျက်……..
(ကျွှန်တော်လည်း ရေးဖို့လုပ်ပါသေးတယ် ဒါပင်မဲ့ ကိုစစ်နိုင်အေးရေးထားတာတွေကို ဖတ်ကြည့်တော့ ကျွှန်ေ တ်ာရေးထားတဲ့ ဟာထက်ပိုမိုပြည့်စုံလို့ တင်ပေးလိုက်ပါတယ်ခင်ဗျာ....။)

ဓါတ်ပုံ ကိုးကား- မြဝတီ,Irrawaddy News,RFA, The Voice Weekely
နှင့် သူငယ်ချင်းများ 

Myanmar Defence Weapons

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်