တရုတ်ပါလီမန်က
ဂျပန်နိုင်ငံဆိုင်ရာ သံအမတ်ဟောင်း တစ်ဦးဖြစ်သည့် ဝမ်ယီအား
တရုတ်နိုင်ငံခြားရေး ဝန်ကြီးအသစ်အဖြစ် ခန့်အပ်ခဲ့ကြောင်း မတ် ၁၆ ရက်က
အမျိုးသားကွန်ဂရက်၏ ထုတ်ပြန်ချက်ကို အေပီ သတင်းတစ် ရပ်တွင် ဖော်ပြသည်။
လောလောဆယ် တရုတ်(တိုင်ပေ)ရေး ရာ ခေါင်းဆောင်ဖြစ်သည့် ဝမ်သည် ၂ဝဝ၇
ခုနှစ်ကတည်း က နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ ယန်ကျိချီနေရာတွင်
အစားထိုးခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။ ယန်ကျိချီကို အစိုးရကောင်စီသို့
အဆိုပြုခန့်အပ်ခဲ့ကြောင်း မတ် ၁၆ ရက်က အမျိုးသားပြည်သူ့ကွန်ဂရက်၏
ထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။ အဆိုပါ နိုင်ငံခြားရေးဝန်ကြီး ပြောင်းလဲ မှုသည်
အရှေ့တရုတ်ပင်လယ်အတွင်း လူနေထိုင်ခြင်းမရှိသည့် ကျွန်းများအ တွက်
ဂျပန်နှင့် တင်းမာမှု အရှိန်မြင့်မားချိန်တွင် ဖြစ်လာခဲ့သည်။ အသက် ၅၉
နှစ်အရွယ်ရှိ ဝမ်သည် ၂ဝဝ၄ ခုနှစ်မှ ၂ဝဝ၇ ခုနှစ်အထိ ဂျပန်နိုင်ငံဆိုင်ရာ
သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ
တိုကျိုမြို့ရှိ တရုတ်သံရုံးတွင် သံတမန်တစ်ဦးလည်း ဖြစ်ခဲ့သည်။ ၄င်းသည်
ဂျပန်စကားပြောဆိုနိုင်သူ တစ်ဦးဖြစ်သည်။ ဝမ်သည် ၂ဝဝ၈ ခုနှစ်က
အစိုးရကောင်စီတွင် တရုတ်(တိုင်ပေ)ရေးရာ ခေါင်းဆောင်ဖြစ်ခဲ့သည်။
အေပီ
No comments:
Post a Comment
Note: Only a member of this blog may post a comment.