အမေရိကန်နိုင်ငံမှ ပြန်လည်ပင့်ဆောင်လာသော ပုဂံခေတ် မြန်မာ့ဗုဒ္ဓရုပ်ပွားတော် “ဓမ္မစက္ကမုဒြာ”အား အ မျိုး သားပြတိုက် (ရန်ကုန်)တွင် ခေတ္တထားရှိ ထိန်းသိမ်းထားကြောင်း သိရသည်။ အဆိုပါ ဗုဒ္ဓရုပ် ပွားတော် သည် အမေရိကန်နိုင်ငံ Northern Illinois University (NIU) Center for Burma (Myanmar) Studies အာ ရှ ယဉ်ကျေးမှု လက်ရာများ ပြခန်းသို့ ရောက်ရှိနေပြီး ၇၀ ယူနက်စကို သဘော တူ ညီ ချက်ေ ဘာင် အတွ င်းမှ မူလပိုင်ရှင်ဖြစ်သော မြန်မာနိုင်ငံသို့ ပြန်လည်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီဘုရားက ပုဂံခေတ်က လက်ရာပါ။ အေဒီ ၁၁ ရာစုက ပုဂံမြို့ ကျောက်ဂူဥမင်ဘုရားမှာ တည်ထားတဲ့ သဲကျောက်အမျိုးအစား ဗုဒ္ဓရုပ်ပွားတော်ပါ။ ၁၉၈၈ ခုနှစ်မှာ မြန်မာနိုင်ငံကနေ အမေရိကန်နိုင်ငံ ကို ရောက် သွားပြီး အာရှယဉ်ကျေးမှု လက်ရာများပြခန်းကို ရောက်သွားတယ်။ နောက်ပိုင်းမှာ အမေရိ ကန်နိုင်ငံ က မြန်မာနိုင်ငံအစား တရားရင်ဆိုင်ပြီး ဒီဆင်းတုတော် ကို မြန်မာနိုင် ငံ ကို ပြန်လည် ပို့ေ ဆာင် ခဲ့တယ်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှာ လေဆိပ်ကနေ ထုတ်ခဲ့တယ်။ အခုတော့ အများပြည်သူ ကြည့်ရှုနိုင် ဖို့ အမျိုးသားပြတိုက်မှာ ထိန်းသိမ်းပြသထားပါတယ်” ဟု အမျိုးသားပြတိုက် ညွှန်ကြားရေးမှူး ဦးသောင်းဝင်း က ပြောသည်။
အဆိုပါ ဗုဒ္ဓရုပ်ပွားတော်အား အများပြည်သူများ လေ့လာဖူးမျှော်နိုင်ရန်အတွက် အမျိုးသားပြတိုက် (ရန်ကုန်)တွင် ထားရှိသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ “ဓမ္မစက္ကမုဒြာ ရုပ်ပွားတော်”မှာ ဥာဏ်တော်အမြင့် ၂၂ လက်မ၊ အနံ ၁၅ လက်မ၊ ထုထည် ၆ ဒသမ ၅ လက်မရှိပြီး ၁၉၈၈ ခုနှစ်က အမေရိကန်နို င်ငံ သို့ ရောက်ရှိခဲ့ကာ နှစ်ပေါင်း ၂၄ နှစ်အကြာ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်း မှ မြန်မာနိုင်ငံ သို့ ပြန် လည် ပင့်ေ ဆာင် ခဲ့ခြင်းဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ထုတ် Flower News ဂျာ နယ် တွင်ေ ဖ်ာပြထားပါသည်။
Khit Lu Nge
No comments:
Post a Comment
Note: Only a member of this blog may post a comment.