မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်း နှစ်စဉ် တပို့တွဲလဆန်း ငါးရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ ကျင်းပလေ့ရှိသော မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်အတွက် ပွဲတော်ရက်မှာ ၆၂ ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ ပွဲတော်ဖွင့်ပွဲရက်တွင် မြန်မာနိုင်ငံအနှံ့အပြားမှ ဘုရားဖူးများ လာရောက်မှုမှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။ ပွဲတော်မှာ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ဘုရားဖူးများ ပိုမိုစည်ကားလေ့ရှိပြီး တပေါင်းလပြည့်နေ့တွင် စေတုတ္တရာ၊ ငဖဲ၊ ပဒါန်းမြို့နယ်များ အတွင်း ကျေး ရွာများ မှ ပေါင်းမိုးလှည်းများဖြင့် ဘုရားဖူးလာရောက်သူများလည်း ရှေး အစဉ်အလာမ ပျက် လာရောက်လေ့ ရှိကြောင်း သိရသည်။
''အမှန်တကယ် ဒေသဖွံ့ဖြိုးဖို့ဆိုရင် ပဒါန်း၊ ငဖဲ လမ်းဘက်က မန်းချောင်းကို ကူးတဲ့နေရာမှာ တံတား ကို ဆောက်သင့်ပါတယ်။ အခုတံတား ဆောက်မယ့်နေရာက ပွဲတော်ဝန်း အလယ်တည့် တည့် ဖြစ်နေတဲ့အတွက် ပွဲတော်ဝန်းအလှကိုလည်း ပျက်စေပါတယ်။ မိုးတွင်းမှာ အောက်စက်တော်ရာ ဘက် ကူးနိုင်အောင်ဆိုပေမယ့် ဒေသခံတွေအတွက် အမှန်တစ်ကယ် အသုံးဝင်တာ က လှေတင် တံတားေ န ရာ မှာ တည်ဆောက်မှ အသုံးဝင်မှာပါ''ဟု စကုမြို့မှ ဦးနေမျိုးကျော်က ပြောကြားခဲ့သည်။
ယခုနှစ်တွင် ပဒါန်း-ရွှေစက်တော်လမ်းဆုံအနီး GSM တာဝါတိုင် တည်ဆောက်ပြီးခဲ့သောေ ကြာင့် ရွှေစ က်ေ တာ် ပွဲတော်ဝန်း အတွင်း GSM တယ်လီဖုန်းများ ပြောဆိုနိုင်ပြီဖြစ်ကြောင်း အဆိုပါလမ်းဆုံမှ ပုသိမ်-မုံရွာကားလမ်းသို့ ဆက်သွယ်သည့် သုံးမိုင်လမ်းကို ပြုပြင်ပြီးစီးခဲ့သော်လည်း ထိုလမ်းအတွက် လမ်းအသုံးပြု ခ ကောက်ခံမှုမှာ များလွန်းသည်ဟု ဝေဖန်မှု များရှိခဲ့ကြောင်း ပွဲတော်အ၀င် လှေတင် တံတား ဖြတ်သန်းခကို ယခုနှစ်တွင် ရွှေစက်တော်ပွဲတော် ဂေါပကအဖွဲ့မှ တိုက်ရိုက်ကောက်ခံမည်ဖြစ်ေ သ်ာလည်း ပွဲတော်ဝန်းအတွင်းသို့ ဆိုင်ကယ် ၀င်ရောက်ခမှာ ယခင်နှစ်က တစ်စီးလျင် ကျပ် ၁၅၀၀ အထိ ကောက်ခံခဲ့သောကြောင့် ဝေဖန်မှုများရှိခဲ့ကြောင်း သိရပါသည်။
KDN
No comments:
Post a Comment
Note: Only a member of this blog may post a comment.