ဖားကန့်မြို့နယ်အတွင်း KIA တပ်များနှင့် အစိုးရတပ်များအကြား တိုက်ပွဲများဖြစ်ပွားခြင်း မရှိသော် လည်း သေနတ်သံများ ထက်ဆိုးသော သေမင်းတမန် မူးယစ်ဆေးဝါးများပျံ့နှံ့ လျက်ရှိနေကြောင်း သိရှိရ သည်။ ဖားကန့်မြို့နယ်၊ ဒွန်ဘန် ကျေးရွာအုပ်စုအတွင်းမှာ ရှိကြသည့် ကျေးရွာတွေ မှာ ကျောင်း သားအ ရွယ် လူငယ် အများစုဟာ မူးယစ်ဆေးဝါးကို စွဲစွဲ လမ်းလမ်းသုံးစွဲနေကြတဲ့အတွက် မိဘတွေအနေနဲ့ စိတ်မ ချမ်းမ သာ ဖြစ်နေကြကြောင်း၊ မိဘတွေ အနေနဲ့သူတို့ရဲ့ သားသမီးတွေ ကိုအချိန်ပြ ည့် စောင့် ကြပ် ကြည် ရှုနို င်ခြင်း မရှိတာ ကြောင့် ကျောင်းတွေမှာ မူးယစ်ဆေးဝါး အသိပညာ ပေးေ ဟာပြော ပွဲေ တွ ပြု လုပ် သင့်သည်ဟု ပြောဆိုနေကြပါသည်။
``ကျွန်တော်တို့ကျောင်းမှာ ဘယ်ကလေးမူးယစ်ဆေးဝါးစွဲနေတယ်ဆိုတာ ကလေးရဲ့မျက်နှာကို ကြည့် လိုက်တာနဲ့ ကျွန်တော်တို့သိပါတယ်။ ဒီနယ်မြေမှာရှိတဲ့ ၀န်ထမ်းသားသမီးတွေ၊ အထူးသဖြင့် ဗမာကလေးတွေက မူးယစ်ဆေးသုံးစွဲတာ နည်းပါတယ်။ မူးယစ်ဆေးစွဲနေတယ်ဆိုတာ သူတို့KIA အဆက်အနွယ်နဲ့ချမ်းသာတဲ့ ကလေးတွေပဲ ပိုက်ဆံတတ်နိုင်လို့ သုံးနိုင်ဖြုန်းနိုင်ကြတာ။ သူတို့ကိုတော့ ကျွန်တော်တို့က တတ်နိုင်သမျှ ချော့ မော့ပြောဆိုဆုံးမပါတယ်။ တချို့လဲ နားထောင်ကြ ပါတယ်။ တစ်ချို့ကတော့ ဘယ်လောက်ပဲပြောပြော မလိုက်နာ ပါဘူး။ သူတို့ကို အတင်းအကြပ် မပြောရဲတာက သူတို့ရဲ့ နောက်မှာ KIA ရှိနေတော့ ကျွန်တော်တို့လဲ ကိုယ့်အသက် ကို ကိုယ်ရှာကြံမွေးနေရပါတယ်´´
ကချင်ပြည်နယ်အတွင်းမှာ သေနတ်သံတွေတိတ်ဆိတ်သွားပေမယ့် ဒုက္ခသည်တွေနဲ့အတူ ဒုက္ခဖြစ်နေ မှာကတော့ မူးယစ် ဆေးစွဲ နေတဲ့ သူတွေပဲဖြစ်ကြောင်း၊ သူတို့အတွက် ပြည်နယ်အစိုးရအနေနဲ့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများ ကာကွယ်တားဆီးရေးလုပ်ငန်းတွေ ပိုမိုလုပ်ဆောင်သင့်သည်ဟု ကချင်ပြည်နယ်မှ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးဖြစ်တဲ့ ဦးသုမင်္ဂလာဘိဝံသက အကြံပေးပြောဆိုခဲ့ပါသည်။
KDN
No comments:
Post a Comment
Note: Only a member of this blog may post a comment.