ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ
လူ့အခွင့်အရေး အထူးသံကိုယ်စားလှယ် သောမတ်စ်အိုဟေး ကင်တားနား ဟာ
မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်အရ ကချင်နဲ့ ရခိုင်ပြည်နယ်က လက်ရှိအခြေအနေနဲ့
ပတ်သက်ပြီး သတင်း အချက်အလက်တွေ ရယူဖို့ ဖေဖော်ဝါရီ ၁၁ ရက်ကနေ ၁၆ ရက်နေ့အ ထိ
မြန်မာ နိုင်ငံကို လာရောက် မှာဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ဒီခရီးစဉ်ဟာ ကင်တားနားရဲ့ ၇ ကြိမ်မြောက် ခရီးစဉ်ဖြစ်ပြီး ကချင်နဲ့
ရခိုင်ပြည်နယ်ကို သွားရောက်ခွင့်ရဖို့အတွက် အာဏာပိုင်တွေ ကို
တောင်းဆိုထားတယ်လို့လည်း ဆိုပါတယ်။
သောမတ်စ်အိုဟေးကင် တာနား
ကုလသမဂ္ဂရဲ့
ထုတ်ပြန်ကြေညာချက်မှာတော့ မစ္စတာ ကင်တားနားက “ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့
ပဋိပက္ခ ပိုအဆင်မြင့်လာတာက တကယ့်ကို စိုးရိမ်စရာပါ။ ကျနော့်ရဲ့ ခရီးစဉ်က
အဲဒီနေရာ အခြေအနေနဲ့ ရွာသားတွေကို ထိခိုက်မှု ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း သိရမှာ ဖြစ်ပါတယ်။ အပစ်အခတ်
ရပ်စဲဖို့နဲ့ လူနည်းစု ကိစ္စတွေမှာ တိုးတက်အောင်လုပ်ဖို့ လိုတယ်” လို့
တိုက်တွန်းထားပါတယ်။
ဒါ့ပြင် အရင်နှစ် ဇွန်နဲ့ အောက်တိုဘာလက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့
ပဋိပက္ခကြောင့် လက်ရှိ အခြေ အေ နဟာ ပူပန်စရာကောင်းတယ်လို့လည်း မစ္စတာ ကင်တာနား က
ပြော ပါ တယ် လူ့အခွင့် အရေးေ ကာင် စီမှာ အစီရင်ခံစာ မတင်ခင်က
ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူတွေရဲ့ စခန်းထဲက အခြေအနေကိုလည်း
သိချင်သလို အကြမ်းဖက်မှုဖြစ်တာနဲ့ လူတွေ ရွှေ့ပြောင်းရတဲ့
အကြောင်းအရင်းတွေ၊ ရိုဟင်ဂျာ အသိုင်းအ၀န်းအပေါ် ခွဲခြား ဆက်ဆံတာတွေကို
ထပ်ပြီးတော့ သိရအောင် လုပ်သွားမယ်လို့ ဆိုပါတယ်။
ခရီးစဉ်အတွင်း အစိုးရအရာရှိတွေ၊ လွှတ်တော်အမတ်တွေ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးေ ကာ် မရှင်၊ လူမှုအဖွဲ့အစည်းတွေနဲ့လည်း ရန်ကုန်နဲ့ နေပြည်တော်မှာ တွေ့ဆုံသွားမယ်လို့ ဆိုပါတယ်။လူ့အခွင့် အေ ရး ကာကွယ်ရေး၊ ဒီမိုကရေစီအပြောင်းအလဲ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့အတွက် အျပုသေ ဘာေ ဆာင္တဲ့ ဆွေနွေးမှုတွေကို အစိုးရနဲ့ အောက်ခြေအဖွဲ့တွေ လုပ်နိုင်မယ်လို့ မျှော်လ င့်တ ယ်ကြောင်း လည်း သူက ပြောပါတယ်။
ခရီးစဉ်ပြီးဆုံးတဲ့ ဖေဖော်ဝါရီ ၁၆ ရက် ညနေမှာတော့ ရန်ကုန် အပြည်ပြည်ဆိုင် ရာ လေဆိပ် မှာ လေ့ လာချက်တွေနဲ့ ပတ်သက်ပြီးတော့ သတင်းစာရှင်းလင်းပွဲလုပ်မှာဖြစ်ပြီး အစီရင်ခံစာ အပြည့်အစုံကိုတော့ ၂၀၁၃ မတ်မှာ ကျင်းပမယ့် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ တင်ပြမှာ ဖြစ်ပါတယ်။
KDN
No comments:
Post a Comment
Note: Only a member of this blog may post a comment.