ရန်ကုန်မြို့ လှိုင်မြစ်အတွင်း
ဆီတင်သင်္ဘော ပေါက်ကွဲ မီးလောင်မှုကြောင့် အနည်းဆုံး လူတစ်ဦးသေ ဆုံးပြီး
နှစ်ဦးပျောက်ဆုံးနေဆဲဖြစ်သည်ဟု ကယ်ဆယ်ရေးများ က ပြောကြား သည်။ချိတ် တွဲ ခုတ်ေ မာင်းေ နေ သာ သင်္ဘောတွဲအနက် ရှေ့ဆုံးတွင်ရှိနေသော ဆီတင်သင်္ဘောတွင် ညနေ ငါးနာရီခန့်တွင်ပေါက် ကွဲ သံ ကျယ် ကျယ်လောင်လောင်ကြီး ပေါ်ထွက်ခဲ့ပြီးနောက် မီးလောင်ကျွမ်းမှုဖြစ်ပွားသည်ဟု မျက်မြင်သက်သေ များ က မဇ္ဈိမကို ပြောသည်။
”အောင်သုခဧရာ” တွဲသင်္ဘောများမှာ မီးလောင်မှုဖြစ်ပွားနေစဉ် ရေစုန်ဖြင့် ပြန်လည်မျောပါလာရာ နာရီ ၀က် ခန့် အကြာ မီးငြိမ်းသတ်နိုင်မှုအပြီး ကမ်းနားသို့ပင် ပြန်ရောက် လာခဲ့သည် ။ သင်္ဘော စက် ခန်းထဲတွင် သေဆုံးနေသော လူလတ်ပိုင်းအရွယ် အလောင်းတစ်လောင်းကို ရန်ကုန်ဆေးရုံကြီးသို့ သယ်ေ ဆာင် သွားပြီးဖြစ်သည်။ ကယ်ဆယ်ရေးများအဆိုအရ လူနှစ်ဦး ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ဆိုသည်။
မီးလောင်ခိုက် ရန်ကုန်တိုင်း နေရာအနှံ့အပြားမှ မီးသတ်ကားများ ရောက်ရှိခဲ့သော်လည်း လမ်းပိတ်ဆို့မှုက ကြီးမားသော အနှောက်အယှက် ဖြစ်ပေါ်စေခဲ့သည်။ သင်္ဘောပါ မီးသတ်ဆေးဗူး၊ ရေစုတ်စက်များ အသုံးပြု မီးငြိမ်းသတ်ခဲ့ရသလို မီးသတ်ကားများပါ ပိုက်များကို ဆက်ကာ မီးငြိမ်းသတ်ရာတွင် ကူခဲ့ရသ ည်။ သေ င်္ဘာ ပါ မီးသတ်ဆေးဗူး၊ ရေစုတ်စက်များ အသုံးပြု ငြိမ်းသတ်ခဲ့ရသလို မီးသတ်ကားများပါ ပိုက်များ ဆက် ကာငြိမ်း သတ်ခဲ့ရတယ်။
မီးလောင်သော သင်္ဘောကို ရပ်နားထားသည်မှာ ငါးရက်ခန့်ရှိပြီးဖြစ်ပြီး ဆီဖြည့်အပြီး ခုတ်မောင်း သွား ခိုက် ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်သည်။ထုံးစံအတိုင်း မီးလောင်ရာသို့ အနီးအနား ရပ်ကွက် များအပါအ၀င် လူေ ပါင်း ထောင်နှင့်ချီလာရောက်ကြည့်ရှု့ခဲ့ကြပြီး ယခုသတင်းပေးပို့ချိန်အထိ လမ်းပိတ်ဆို့မှု ကြီး ဖြ စ်နေ ဆဲဖြစ်သည်။
မီးသတ်များ၊ ကြက်ခြေနီများကတော့ မနက်ဖြန်တွင် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားပါမည်ဟုဆိုကာ အသေးစိတ်အချက်အလက်များ မရရှိနိုင်သေးသဖြင့် ဖြေကြားရန် တွန့်ဆုတ်နေကြသည်။
Mizzima
No comments:
Post a Comment
Note: Only a member of this blog may post a comment.