ကျွန်တော့စားပွဲပေါ်က
အယ်လ်ဘမ်အဟောင်းလေးထဲမှာ ဓာတ်ပုံတစ်ပုံရှိသည်။ ဓာတ်ပုံက
အခမ်း အနားေ တွ အပြီးမှာ ရိုက် လေ့ရှိသည့် စုပေါင်းဓာတ်ပုံ Group Photo
ဖြစ်သည်။ ပုံထဲမှာ စစ်ဝတ်စုံဝတ်ထားသူတွေ ပါသ လို အရပ်ဝတ် အရပ်စား
နဲ့သူတွေလည်းပါသည်။တစ်ချို့ကထိုင်၍တစ်ချို့က ရပ် လျှက် ။
နှစ်နှစ်ဆယ်နီးပါးကြာခဲ့ပြီဖြစ်သည့်အတွက် ဓာတ်ပုံ က
အရောင် ပျက်ချင်ချင်၊ အရွယ် အစား ကလ ည်း ဟိုတုံးကအသုံးများသည့်ပို့စ်စကဒ်ဆိုက်ဆိုတော့မျက်နှာတွေကမထင်ရှား။
တကယ် လို့ ပုံကြီးချဲ့ ကြည့် လိုက် မယ်ဆိုရင်တော့ ပုံထဲကလူတွေအားလုံးရဲ့
မျက်ဝန်းတွေထဲမှာ ကြီးမားသည့် လုပ်ငန်း တာဝန် တစ် ခုကို အောင်မြင်အောင်
ဆောင်ရွက်နိုင်သူတွေဆီမှာ တွေ့ရမြဲဖြစ်သည့် ကျေနပ်ခြင်း၊ ဂုဏ်ယူခြင်း
အရိပ် လက္ခ ဏာတွေကို တွေ့ရမည်မှာ သေချာပါသည်။
၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အမှတ်တရ ဓါတ်ပုံ
တကယ်တော့
ဒီလိုသဘောတူဖို့အတွက်လွယ်လွယ်ကူကူ ဆောင်ရွက်နိုင်ခဲ့ခြင်းမဟုတ်။
၁၉၉၃ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှ လက်မှတ်ထိုးသည့် ၁၉၉၄ခုနှစ်
ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ အကြိမ် ကြိမ်ေ တွ့ဆုံဆွေးနွေး ခဲ့ပြီးမှ
သဘောတူနိုင်ခဲ့ခြင်း ဖြစ်သည်။ ပြီးတော့ ဆွေးနွေးပွဲ မစတင်ခင်က ပင်
နှစ်ဘက် လုံးက ယာယီအပစ်အခတ်ရပ်စဲထားဖို့ ညှိရသည်။ သဘောတူတော့
နှစ်ဘက်တပ်များကို ညွှန်ကြားရ သည်။ ထိုအချိန်တွင် နှစ်ဘက်တပ်အားလုံးက လက်ရှိ
နေရာ အတိုင်း ပိုနေမြဲကျားနေမြဲနေ ကြသည်။ အကြောင်းကြောင်း ကြောင့်
တပ်တွေရွှေ့ပြောင်း သွားလာဖို့ရှိရင် အောက်ခြေ မှာဆက်သွယ်ပြီး သွားလာကြသည်။
ဒီတော့ အပစ်အခတ်ရပ်စဲ ရေးအတွက်စတင်ဆွေးနွေးချိန်တွင် ကချင်ပြည်နယ် မှာ
သေနတ်သံတွေ၊ မိုင်းကွဲသံတွေယာယီအားဖြင့် ဆိတ်သုဉ်းနေပြီ ဖြစ်သည်။ ဒီလို
တင်းမာမှုတွေ၊ စစ်ရှိန်တွေ လျော့ပါး သွားခြင်းကြောင့်လည်း
ဆွေးနွေးပွဲစတင်ဖို့ ပိုပြီးလွယ်ကူစေခဲ့သည်။
ဒါတောင်မှ
ဆွေးနွေးပွဲများစတင်ချိန်တွင် နှစ်ဘက်ပုဂ္ဂိုလ်များအကြားတွင်
ခပ်တန်းတန်းဖြစ်နေဆဲဖြစ်သည်။ ဒါကလည်း သဘာဝကျပါသည်။ ကိုယ်စားလှယ်အများစုမှာ
နှစ်ဘက်လုံးက စစ်ရေးခေါင်းဆောင်ေ တွဖြစ်ပြီး နှစ်ဘက် တိုက်ပွဲတွေ
ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့သူတွေဖြစ်ရာသူတို့ အသီးသီးမှာ
ပုဂ္ဂလိက ခံစားချက် များရှိနေကြသည်။ ဒါပေမယ့် ကံကောင်း တာက ဆွေးနွေးပွဲများသည်
ယခု ကေအိုင်အိုနှ င့်ဆွေးနွေးသလို တစ်ရက်ထဲတွေ့ဆုံခြင်းမဟုတ်။
ကေအိုင်အိုကိုယ်စား လှယ်များကို
ရဟတ်ယာဉ်နှင့်မြစ် ကြီးနားမြို့သို့ပို့ဆောင်ပြီး
တိုင်းစစ်ဌာနချုပ်မလိခဧည့်ရိပ်သာတွင် တစ်ပတ် ဆယ်ရက် နေ ကာ
ဆွေးနွေးကြခြင်းဖြစ်သည်။ ပြီးတော့ ဗိုလ်ချုပ်ဇော်မိုင်၊ ဒုဥက္ကဌ
ဦးလမုန်တူးဂျိုင်၊ အထွေထွေအတွင်းေ ရးမှူး ဦးဇေင်း ဟရားစသည့်
အဆုံးအဖြတ်ပေးနိုင် သည့်ခေါင်းဆောင်များ ကိုယ်တိုင်
ေ ဆွးနွေး ပွဲဖြစ်စဉ်များတွင်အစထဲက ပါဝင်လာခဲ့ ခြင်း ဖြစ်သည်။
ဥက္ကဌကြီးဦးဘရန်ဆိုင်း ပင်
မြစ်ကြီးနား သို့လာေ ရာ က်ရန်စီစဉ်ခဲ့သော်လည်းနောက်ပိုင်းတွင် ဦးဏှောက်
သွေးကြော ပိတ်ဆို့ သည့် ရောဂါခံစားရသဖြင့် မလာနိုင်ခြင်းဖြစ်သည်။
ထိုအချိန်က
မလိခရိပ်သာတွင် ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့၊
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ကိုယ်စား လှယ်အဖွဲ့၊
ကြားလူကြီးများနှင့်
တပ်မတော်ထောက်လှမ်းရေးအဖွဲ့တွေ အားလုံးအတူနေကြသည်။များသောအားဖြင့် နံနက် စာ၊
နေ့လည်စာ၊ ညစာအတူစားကြသည်။ အိမ်ရှင် မြောက်ပိုင်း
တိုင်းစစ်ဌာနချုပ်တိုင်းမှူးကလည်း လာစားသည်။ ဒီတော့
နှစ်ဘက် ကိုယ်စားလှယ်အဖွဲ့က လူကြီးများသည် ဆွေးနွေးပွဲအတွင်းသာမက
စားသောက်ချိန်များမှာပါ အပြန်အလှန်ေ ဆွးနွေးကြသည်။ လက်ရှိအခြေအနေသာမက
သမိုင်းကြောင်းတွေ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ၊ နိုင်ငံတကာရေးရာ တွေ
ပါဆွေးနွေးကြ၊ အမြင်ချင်းဖလှယ်ကြသည်။ မိသားစုတွေ အကြောင်း လည်းပြောကြသည်။
သံအမတ်ကြီးဦးလ၀မ်ဆိုလျှင် ပင်လုံစာချုပ်ကို ပါသိမှီလိုက်သူဖြစ်သောကြောင့်
သမိုင်းနောက်ခံတွေကို စိတ်ဝင်စားဖွယ်ပြောပြတတ်သည်။ ကျွန်တော်တို့ လူငယ်တွေက
နားထောင်သမားသက်သက်။ ဒီလိုပြောရင်းဆိုရင်းနဲ့ နှစ်ဘက်ကြားမှာ ရင်းနှီးမှု၊
ပွင့်လင်းမှုတွေပိုရလာ သည်။ တစ်ချိန်ကျတော့ဆွေးနွေးပွဲတက်ရောက်သည့်
ကေအိုင်အိုခေါင်းဆောင် တစ်ဦးနှင့် တပ်မတော်ခေါင်းဆောင်တစ်ဦး တို့ မှာ
ရန်ကုန်တက္ကသိုလ် ပဲခူးဆောင်တွင် အတူနေခဲ့ဖူးကြောင်း စကားစပ်မိသွားပြီး
သူတို့သိသည့်သူငယ်ချင်းတွေ အကြောင်းပြန်အ စဖော်ကာ
ပြောမဆုံးနိုင်ဖြစ်သွားကြသည်။ နောက်နေ့တွေကျတော့ တစ်ယောက်နှင့်တစ်ေ ယာက်
သူငယ်ချင်း ဟု အာလုပ်သံဖြင့် စကားပြောသည့်အဆင့်သို့ရောက်သွားတော့သည်။
ဒီလိုနဲ့ ဒုတိယအကြိမ်၊ တတိယ အကြိမ် စသည်ဖြင့်
တွေ့ဆုံသည့်အ ကြိမ်တွေများ လာလေ နှစ် ဘက်ကြားမှာ
နှင်းခဲတို့အရည်ပျော်တာမြန်လေဖြစ်လာ တော့သည်။
လက်တွေ့ဆွေးနွေးရာတွင်လည်း
ညှိရတာတွေအများကြီးဖြစ်သည်။ များသောအားဖြင့် လူငယ်တွေမပါ ဘဲ နှစ် ဘက်
လူကြီးများ၊ ကြားလူကြီးများနှင့် တပ်မတော်ထောက်လှမ်းရေးက အရာရှိကြီးတွေပဲ
တံခါးပိတ်ဆွေးနွေးကြသည်။ တစ်ခါ တစ်လေတော့လည်း ဆွေးနွေးပွဲအပြီးတွင်
ပြုံးပြုံးရွှင်ရွှင်၊ တစ်ခါတစ်လေတော့လည်း မျက်နှာမသာမယာနှင့်။ သိတ်ပြီး
အငြင်းအခုန်တွေများလာရင်တော့ တစ်ရက်နှစ်ရက်နား၊ ပြီးတော့ပြန်ဆွေးနွေး၊
အဆင့်တစ်ခုအတွက် သဘောတူပြီးဆိုလျှင်
ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့ကလည်းဗဟိုကိုပြန်၊ ကျွန်တော်တို့ဘက်ကလည်း
ရန်ကုန်ကို သတင်းပို့၊ ဒီလိုနဲ့ ဆွေးနွေး ပွဲတွေ
ကြိမ်ဖန်များစွာလုပ်ခဲ့ရသည်။ သို့သော် ကံကောင်းတာက ထိုအချိန်က ဘယ်သူ့ဘက်ကမှ
ဆွေးနွေးပွဲရပ်ပစ်ဖို့၊ မဖြစ်နိုင်သောတောင်းဆိုချက်တွေ တင်ပြဖို့
မလုပ်ခဲ့၊ မဖြစ်ဖြစ်အောင်၊ မညီရင် ညီအောင် ညှိမယ်ဆိုသောစိတ်နှင့်
ခရီးဆက်ခဲ့ခြင်း ဖြစ်သည်။ ခက်ခဲသော ကိစ္စတွေကို ဘေးဖယ်ထားပြီး
အလွယ်တကူသဘောတူနိုင်မည့် ကိစ္စများကို စပြီး ကိုင်တွယ်ဖြေရှင်း ခဲ့ကြသည်။
အခြေခံသဘောတူညီချက်လေးတွေရလာတာနဲ့ လူတိုင်းစိတ်မှာ ဆွေးနွေးပွဲ လုပ်ငန်းစဉ်
အပေါ် ပိုပြီး ယုံကြည်မှုရှိလာသည်။ အတူနေ အတူစား
အတူဆွေးနွေးခြင်းကြောင့် နားလည် မှုတွေပိုပိုရလာသည်။ ဒီလိုနဲ့ နှစ်ဘက်ကြား
အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
သဘောတူညီချက်ရရှိကြောင်း တရားဝင်ထုတ်ပြန်ချိန်တွင်
ကချင်ပြည်နယ် သူ၊ပြည် နယ်သားတို့ ပျော်လိုက်ကြပုံတွေကို ယခုထိ မြင်ယောင်
နေမိပါသေး သည်။
ဓာတ်ပုံဟောင်းလေးထဲက
ပုဂ္ဂိုလ်အတော်များများမှာ ကွယ်လွန်သွားခဲ့ကြပြီဖြစ်သည်။ ဓာတ်ပုံမှာလည်း
အရောင်ပျယ်လု လုဖြစ်နေပြီ။ သူတို့တည်ဆောက်ခဲ့သည့်ငြိမ်းချမ်းရေးမှာလည်း
အသစ်ပြန်ဖြစ်လာ သည့်တို က်ပွဲသစ်တွေကြောင့် ပျက်ပြယ် ခဲ့ရပြီ။ တစ်နေ့က
ကချင်ပြည်နယ်က ငယ်သူငယ်ချင်း နဲ့တွေ့တော့ သူက ငြိမ်းချမ်းရေးတော့ ဘယ်တော့မှ
ရမယ် မထင် တော့ဘူးဟု စိတ်ပျက်စကားဆိုသည်။ ကျွန်တော်ကတော့ သူ့လိုမယူဆ။
ငြိမ်းချမ်းရေးသည် ထင်သလောက်အလှမ်းမဝေး ဟု ယုံကြည်သည်။ အဘယ်ကြောင့်နည်း။
၁၉၉၃-
၉၄ ကာလထက်စာလျှင် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့က
ပိုပြီးအခြေအနေကောင်းသည်။ ၁၉၉၃ ခုနှစ် ငြိမ်းချမ်း
ရေးဆွေးနွေးပွဲများ စတင်ချိန်တွင်ကေ အိုင်အို/ကေအိုင်ေ အနှင့်ဖြစ်ပွားခဲ့သ ည့်လက် န က်ကိုင်ပဋိပက္ခသည်
၁၉၆၀ မှ ရေတွက် သော် နှစ်သုံးဆယ်ကျော်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့်
ဆွေးနွေးပွဲတွင်ပါဝင်ခဲ့သည့် နှစ်ဘက်ခေါင်းဆောင်များသည် လက်နက်
ကိုင်ပဋိပက္ခကာလ သက်သက်ကိုသာဖြတ်သန်းခဲ့ရသည်ဟုဆိုနိုင်သည်။
ထိုနှစ်ပေါင်းသုံးဆယ်ကာလအတွက် တိုက်ပွဲ ကြီး ငယ်တွေများစွာရှိခဲ့သည်။
နှစ်ဘက်လုံးမှာ ၊ ပြည်သူတွေမှာထိခိုက်နစ်နာမှုတွေအများကြီး၊
ပုဂ္ဂိုလ်ရေးခံစားချက်တွေဖြစ်ဖို့ အကြောင်းအရာတွေက တစ်ပုံတစ်ပင်၊
သံသယတွေ၊နာကြဉ်း မှုတွေက နှစ်ဘက်လုံးမှာ နက်နက်ရှိုင်းရှိုင်းရှိခဲ့သည်။ ဒါပေ
မယ့်ဒါတွေအားလုံးကိုေ ကျာ်လွှားနို င်ခဲ့ သည်။အခု ပဋိပက္ခသစ်တွေပြန်ဖြစ်တာက
တစ်နှစ်ကျော်သာရှိသေးသည်။ ပတ်သက် သူတွေက ငြိမ်းချမ်းရေးကာလရော၊
ပဋိပက္ခကာလကိုရောဖြတ်သန်းခဲ့ကြပြီ။အကောင်းအဆိုး၊ သင်ခန်းစာ ယူစရာေ တွ
တွေ့ခဲ့၊မြင်ခဲ့ကြပြီ။ဆောင်ရန်ရှောင်ရန်တွေကိုနားလည်ခဲ့ပြီ။ ဒါ့ကြောင့်
ငြိမ်းချမ်းရေးပြန်လည် တည်ဆော က် ဖို့က မခဲယဉ်း ဟုဆိုချင်သည်။
ထို့ထက်အရေးကြီးတာက
နိုင်ငံရေးအခြေအနေဖြစ်သည်။ ၁၉၉၃ မှာဆွေးနွေးတုံးက အပစ်အခတ် ရပ်စဲရေးသက်သက်
ဆွေးနွေးခဲ့သည်။ နိုင်ငံရေးအတွက်လုံးဝမဆွေးနွေး။
နောက်အစိုးရတာဝန်ယူချိန်မှသာ ဆွေးနွေးရန်ဟု တပ်မတော် အစိုး ရဘက်က
ရပ်တည်ခဲ့သည်။ နောင် မှာ
မျှော်လင့်သ ည့်နိုင်ငံရေးေ ဆွးနွေးမှုများဖြစ်မ လာသည့်အခါ ပဋိပက္ခတွေဘက် သို့
ပြန်ရော က်သွားခဲ့ခြ င်းဖြစ်သည်။ ယခုတစ်ကြိမ်တွင်တော့
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနှင့် အပစ်အခတ်ရ ပ်စဲ
ရေးတည်ဆောက်ပြီးသည့်နောက် ထာဝရငြိမ်းချမ်းရေးအတွက်
အားလုံးပါဝင်သည့်နိုင် ငံရေးဆွေးနွေးမှုများ ပြုလုပ်မည်ဟု သမ္မတကြီးက
ကတိပြုခဲ့ပြီးဖြစ်သည်။ နောက်ပြီးထိုဆွေးနွေးပွဲတွင် ပါဝင်အားဖြည့်မည့်
နိုင်ငံရေးပါတီများ၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် များ၊
ပြည်နယ်အစိုးရများနှင့် ပြည်နယ်လွှတ်တော်များ၊
အရပ်ဘက်လူမှု အဖွဲ့အစည်းများလည်း ရှိ နေပြီ။ မြန်မာနိုင်ငံသည်လည်း ၁၉၉၃
ခုနှစ်ကလို အထီးကျန်နိုင်ငံမဟုတ်ေ တာ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို
အားဖြည့် ကူညီပေးမည့် နိုင်ငံ တကာအသိုင်း အ၀န်းကလည်း ရှိနေပြီ။
ဒါတွေအားလုံးက ထာဝစဉ်တည်တံ့မည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက်
လိုအပ်တဲ့အခြေခံေ ကာင်းတွေပဲဖြစ်သည်။ တစ်ခုသာကျန်တော့သည်။
အဲဒါကတော့ဆွေးနွေးပွဲစားပွဲဝိုင်းဆီကိုအရောက်လာဖို့ပဲဖြစ်သည်။ထိုစားပွဲဝိုင်းကိုလာရမည့်ခရီးကား
စစ် တိုက် သည် ထက် ပိုခက်ပါသည်။ ပုဂ္ဂိုလ်ရေးခံစားချက်တွေ၊ နာကြဉ်းချက်ေ တွကို
ဘေး ဖယ်ထား ဖို့လိုသည်။ဒေါ်အောင်ဆန်းစုကြည်စကား အတိုင်းဆိုရလျှင်
မေ့ပစ်ဖို့မဟုတ် ခွင့်လွှတ်ဖို့၊ သင်ခန်းစာေ ဖ်ာထုတ်နိုင်ဖို့ဖြစ်သည်။
နောက်ပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲ ဟူ သည် မိမိမှန်ကြောင်း တစ်ဘက်က
လက်ခံအောင် ငြင်းခုန်ဆွေးနွေးဖို့မဟုတ်၊ စကားစစ်ထိုးခြင်းမဟုတ်၊ နှစ်ဘက်
သဘောတူနိုင်မည့် အချက်တွေကို ရှာဖွေဖို့ဆွေးနွေးဖို့ဆိုတာကို
လက်ခံဖို့လိုသည်။ ဆွေးနွေးပွဲ လုပ်ငန်းစဉ်မှာ တစ်ရက်၊ တစ်မနက်နှင့် မပြီး
စိတ်ရှည်သည်းခံပြီးရေရှည်ဆောင်ရွက်ရမည်ကို သဘောပေါက်ဖို့လိုပါသည်။ ဒါဆိုရင်
ငြိမ်းချမ်းရေးက လက်တစ်ကမ်းမှာပဲရှိသည်။ ပထမဆုံးခြေတစ်လှမ်းကို စလှမ်းဖို့
သာလိုပါသည်။
လွင့်မျောနေသည့် အတွေးတွေကို ရပ်ပြီး
ဓာတ်ပုံကို လက်နှင့်ဖွဖွလေးပွတ်သ ပ်မိသည်။
ငြိမ်း ချမ်းရေး ပျက်ပြားသွားသည့်အတွက် ကွယ်လွန်သွားရှာသူတို့ကို အားနာမိသည်။
သို့သော် ထာဝစဉ်တည်တံ့ မည့် ငြိမ်းချမ်း ရေးကိုတည်ဆောက်ခြင်းအားဖြင့်
သူတို့ကိုပြန်ပြီးကျေးဇူးဆပ်နိုင်ခွင့်ရှိသေးသည်ဆိုသည့်
အတွေးကြောင့်စိတ်ဖြေရာရခဲ့ သည်။
လောလောဆယ်ဆယ်တော့
ဒီဓာတ်ပုံလေးကို ပုံဟောင်းပြင်၊ ပုံကြီးချဲ့သည်ဆိုသည့်
ဓာတ်ပုံဆိုင်ကိုပို့ ပြီး ပြင် ဆင်ပုံကြီးချဲ့ ရဦးမည်။ ငြိမ်းချမ်းရေးအတွက်
စိတ်ပူပန်ရတိုင်း ဓာတ်ပုံကိုကြည့်ပြီး အားတင်းရဦး မည်။ အခြားသူများကိုလည်း
မျှဝေပြော ပြရဦးမည်။ မဝေးလှသောအနာဂတ် မှာတော့ မြစ်ကြီး နားမြို့ က
ငြိမ်းချမ်းရေးပြတိုက်ကြီးမှာ ဒီဓာတ်ပုံကိုချိတ်ခွင့် ရမည် ထင်သည်။
ရဲထွဋ်
No comments:
Post a Comment
Note: Only a member of this blog may post a comment.