Pages

Friday, January 17, 2014

ပြည်တွင်း ပြဿနာ ကြောင့် အာစီယံ ဥက္ကဋ္ဌ တာဝန် မထိခိုက်နိုင်

 
 
အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အဆင့် အစည်း အဝေး အပေါ် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏ မောင်လွင် (ယာ) အား ဗွီအိုအေ မြန်မာပိုင်း မှ ကိုသားညွန့်ဦး က တွေ့ဆုံမေးမြန်းစဉ်။ (ဇန်နဝါရီ ၁၆၊ ၂၀၁၄)

မြန်မာနိုင်ငံ အနေနဲ့ အာဆီယံ ကို ဦးဆောင်နေတဲ့အချိန်မှာ နိုင်ငံတွင်း ပြဿနာရပ်အချို့ရှိနေပေမယ့်လို့ တိုင်းရင်းသားပြည်သူလူထုရဲ့ စုစည်းမှုအားနဲ့ ပြဿနာရပ်တွေကို ကျော်လွှားသွားနိုင်မယ်လို့ ယုံကြည်တဲ့ အကြောင်း မြန် မာနို င်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။ တချိန်တည်း မှာလည်းပဲ တရုတ် - အမေရိကန် နိုင်ငံကြီးတွေနဲ့ အရေးကြီးတဲ့ မိတ်ဖက်နိုင်ငံတွေ အဖြစ် မျှမျှတတ ရင်းနှီးစွာဆက်ဆံ သွားမယ်လို့ လည်း ပြောသွားပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် နဲ့ တွေ့ဆုံမေးမြန်း ထား တာတွေ ကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

ရိုဟင်ဂျာ ဆိုသည့် လူမျိုး မရှိ ကြောင်း ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် က ပြောကြား အခြား အာဆီယံ နိုင်ငံများ က ရိုဟင်ဂျာ အရေး ဖိအား ပေး လာပါက လက်ခံ မည် မဟုတ်

 
 
ရိုဟင်ဂျာ ကိစ္စ အား ၂၀၁၄ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ၏ သီးသန့် အစည်း အဝေး ၌ ဆွေးနွေး သွားရန် မရှိကြောင်း၊ ရိုဟင်ဂျာ ဟူသော အသုံး အနူန်း ကို လက် မခံ ကြောင်းနှင့် အခြား အာဆီယံ နိုင်ငံ များ က ဖိအားပေး လာပါက လက်ခံ မည် မဟုတ်ကြောင်း ကို ပုဂံမြို့ ရွှေနန်း ဟိုတယ် နန်းမြင့် ဆောင် တွင် ပြုလုပ် သော မီဒီယာ များနှင့် တွေ့ဆုံပွဲ ၌ သမ္မတ ရုံး ပြောရေး ဆိုခွင့် ရှိသူ၊ ပြန် ကြားေ ရး ဒုဝန်ကြီး ဦးရဲထွဋ် က အောက်ပါ အတိုင်း ဖြေကြား ခဲ့သည်။

နိုင်ငံတော် သမ္မတကြီး မကွေး မြို့သို့ ရောက်ရှိစဉ် အငြိမ်း စား ကျောင်းဆရာမ တစ်ဦး က ၎င်း၏ နေအိမ် ဖျက်သိမ်း ခံရမှု နှင့် ပတ်သက် ၍ အသနား ခံစာ ပေးရန် ကြိုးပမ်းမှု ဖြစ်ပေါ်

မကွေး မြို့ မြို့တော် ခန်းမ တွင် ဇန်န၀ါရီ ၁၆ ရက် နံနက် က ကျင်းပ ခဲ့သည့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး နှင့် လူမှု စီးပွား ဘ၀ မြှင့်တင်ရေး အခမ်း အနား မှ နိုင်ငံတော် သမ္မတ ကြီး ဦးသိန်းစိန် ပြန်လည် ထွက်ခွာ လာစဉ် အငြိမ်းစား ကျောင်း ဆရာမ တစ်ဦး က ၎င်း ၏ နေအိမ် ဖျက် သိမ်း ခံရမှု နှင့် ပတ်သက် ၍ အသနား ခံစာ ပေးရန် ကြိုးပမ်းမှု ဖြစ်ပေါ် ခဲ့ကြောင်း ကိုယ်တိုင် မြင်တွေ့ ခဲ့ရသူ များ ထံမှ သိရ သည်။

အငြိမ်းစား ကျောင်း ဆရာမ ဒေါ်သန်းမြင့် က ၎င်း နေထိုင် ခဲ့ရာ မကွေး မြို့ လမ်းမတော် အလယ် ရပ် ၃ လမ်း အမှတ် ၂၃ ရှိ အလျား ၁၀၇ ပေ၊ အနံ ၆၅ ပေ အကျယ် ရှိ အိမ်ဝိုင်း အတွင်းမှ ပျဉ်ထောင် အိမ် အား ၂၀၁၂ ခုနှစ် သြဂုတ် လအတွင်း က တရားရုံး ၏ အမိန့် ဖြင့် ဖျက်ပေး ခဲ့ရခြင်း နှင့် ပတ်သက် ၍ သမ္မတ ကြီး ထံ အသနား ခံစာ ပေးရန် ကြိုးပမ်း ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာ အဆင့်မီ မန်း မြန်မာ ၂၅ ထပ် ကွန်ဒိုမီနီယံ ဖွင့်

မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီ နှင့် မြန်မာ - မန္တလေး ကုမ္ပဏီ လီမိတက် တို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက် ခဲ့သည့် မန်း မြန်မာ ၂၅ ထပ် ကွန်ဒိုမီနီယံ ဖွင့်ပွဲ အခမ်း အနား ကို ဇန်နဝါရီ လ ၁၆ ရက် နေ့ နံနက် ၉ နာရီ က ချမ်းအေး သာစံ မြို့နယ် ၈၄ လမ်း နှင့် ၂၈ လမ်း ထောင့် အဆင့် မြင့် ဈေးချိုတော် ဧရိယာ ရှိ မန်း မြန်မာ ၂၅ ထပ် ကွန်ဒို မီနီယံ အဆောက် အအုံ တည်ရှိရာ မန်းမြန်မာ ပလာဇာ အပေါ်ထပ် ငါးလွှာ ၌ ကျင်းပ ခဲ့သည်။

မြန်မာ နိုင်ငံသားများ အတွက် သုံးနှစ် သက်တမ်း ရှိ အကြိမ်ကြိမ် ဝင်ထွက် သွားလာ နိုင်သော ဗီဇာ ဂျပန် အစိုးရ စတင် ထုတ်ပေး

ဂျပန် အစိုးရက မြန်မာ နိုင်ငံသားများ အတွက် သုံးနှစ် သက်တမ်း ရှိ ဂျပန် နိုင်ငံ သို့ အကြိမ်ကြိမ် ဝင်ထွက် သွားလာ နိုင်သော ပြည်ဝင် ခွင့် ဗီဇာ (multiple - entry visa) ကို စတင် ထုတ်ပေး သွားမည် ဖြစ်ကြောင်း ဂျပန် နိုင်ငံ နိုင်ငံခြား ရေး ဝန်ကြီး ဌာန က ဇန်နဝါရီ လ ၁၅ ရက်နေ့ တွင် သတင်း ထုတ်ပြန် လိုက် သည်။ အဆိုပါ သုံးနှစ် သက်တမ်း ရှိ ပြည်ဝင် ခွင့် ဗီဇာ ကို ဂျပန် - မြန်မာ သံတမန် ဆက်ဆံရေး နှစ် (၆၀) ပြည့် အထိမ်း အမှတ် အ ဖြစ် နှစ် နိုင်ငံ ကုန်သွယ်မှု များ နှင့် ဖလှယ်မှု များ ပိုမို ပြုလုပ် လာနိုင် စေရန်နှင့် ဂျပန် - မြန်မာ ခရီးသွား လုပ်ငန်း ပိုမို အားကောင်း လာ စေရန် အတွက် ရည်ရွယ် ကြောင်း ယင်း ထုတ်ပြန် ချက် တွင် ဖော်ပြ ထားသည်။

အနည်း ဆုံး လုပ်ခ ကြေးငွေ ၂၀၁၄ မကုန်မီ ထုတ်ပြန် မည်ဟု ဝန်ကြီး ဆို

မြန်မာ နိုင်ငံတွင် ပထမ ဆုံး အကြိမ် အဖြစ် လုပ်ငန်း မျိုးစုံတွင် သတ်မှတ် မည့် အနည်းဆုံး လုပ်ခ အခ ကြေးငွေ သတ်မှတ် ချက် ကို ၂၀၁၄ ခုနှစ် မကုန် မီ ထုတ်ပြန် ပေးသွား မည် ဖြစ်ကြောင်း အလုပ် သမား၊ အလုပ် အကိုင် နှင့် လူမှု ဖူလုံရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့် က ပြောကြား သည်။ အနည်း ဆုံး အခ ကြေးငွေ သတ်မှတ် ရန် ဖွဲ့စည်း ထားသည့် အမျိုးသား ကော်မတီ က ဇန်နဝါရီ လ ၁၆ ရက်နေ့ တွင် နေပြည်တော် ရှိ အလုပ် သမား၊ အလုပ် အကိုင် နှင့် လူမှု ဖူလုံရေး ဝန်ကြီး ဌာန ၌ ပြုလုပ် သည့် အစည်း အဝေး တွင် အမျိုးသား ကော်မတီ ၏ ဥက္ကဋ္ဌ လည်း ဖြစ်သူ ၎င်း က ယင်းသို့ ပြော ဆိုခြင်း ဖြစ် သည်။ အနည်း ဆုံး အခ ကြေးငွေ သတ်မှတ် ရေးနှင့် ပတ်သက် ၍ အလုပ်ရှင်၊ လုပ်သား တွေ့ဆုံပွဲ များကို ရန်ကုန်၊ မန္တလေး တိုင်း ဒေသကြီး နှင့် စစ်ကိုင်း တိုင်း ဒေသ ကြီးများ တွင် ၂၀၁၃ ခုနှစ် အောက်တိုဘာ လနှင့် ဒီဇင်ဘာ လ တို့တွင် ပြုလုပ် ခဲ့ပြီး အခြား တိုင်း ဒေသကြီး နှင့် ပြည်နယ် အသီး သီး တွင် လည်း ဇန်နဝါရီ လမှ ဇွန်လ အတွင်း အလုပ်ရှင် နှင့် လုပ်သား တွေ့ဆုံ ပွဲများ ပြုလုပ် သွားမည် ဖြစ်ကြောင်း ဦးအေးမြင့် က ဆိုသည်။ “တွေ့ဆုံပွဲ တွေက နေပြီး ရရှိတဲ့ လာတဲ့ သဘော ထား ရလဒ် များကို ထည့်သွင်း စဉ်းစား သွားပါ မယ်” ဟု ၎င်းက ပြောဆို သည်။

တစ်နိုင်ငံလုံး ရှိ စက် သုံးဆီ အရည် အသွေး စစ်ဆေး ရန် ရွေ့လျား ဓာတ်ခွဲခန်း ငါးခု ဝယ်မည်

မြန်မာတစ် နိုင်ငံလုံးရှိ ပုဂ္ဂလိ က စက်သုံးဆီ အရောင်းဆိုင များတွင် ရောင်းချ နေသည့် စက်သုံးဆီများ ၏ အရည် အသွေး ပြည့်မီမှု ရှိ မရှိ စစ်ဆေး နိုင် သည့် ရွေ့လျား ဓာတ်ခွဲခန်း ငါးခု ကို လက်ရှိ နှစ် အတွင်း ဝယ်ယူ သွားမည် ဖြစ်ကြောင်း မြန်မာ့ ရေနံ ထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း ညွှန်ကြား ရေး မှူး ဦးမြင့်ဇော် က ပြောကြား သည်။ မန္တလေး မြို့တော် ၆၆ လမ်းနှင့် ၂၆ လမ်းထောင့်ရှိ အဆိုပါ လုပ်ငန်း အစည်း အဝေး ခန်းမ တွင် ဇန်နဝါရီ လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ က ကျင်းပ သည့် ရေနံ ထွက် ပစ္စည်းများ တင်သွင်း သိုလှောင် သယ်ယူ ဖြန့်ဖြူး ရောင်းချခြင်း ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တွင် ၎င်းက အထက် ပါ အတိုင်း ထည့်သွင်း ပြောကြား ခြင်း ဖြစ်သည်။ လက်ရှိ တွင် အဆိုပါ စက်သုံးဆီ အရည်အသွေး ပြည်မီမှုရှိ မရှိ စစ်ဆေး သည့် ရွေ့လျား  ဓာတ်ခွဲ ခန်း တစ်ခု သာ ရှိပြီး အဆိုပါ စက်မှာ ရန်ကုန် မြို့တော် တွင် စစ်ဆေး ပေးနေ သဖြင့် ကျန် မြို့ကြီးများ တွင် စစ်ဆေး ပေးနိုင် ရန် ဝယ်ယူ သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြား သည်။

မြန်မာ သူငယ်ချင်းများ ရှာဖွေ သူ ကုမ္ပဏီ လီမိတက် မှ တစ်ဆင့် အိမ်ထောင် ဖက် ရှာဖွေနိုင်

အလုပ် အကိုင် မအားလပ် ၍ ချစ်သူ ရည်းစား၊ အိမ်ထောင် ဖက် ရှာဖွေ ရန် အချိန်မရ သည့် လူပျိုကြီး များ အတွက် ကုမ္ပဏီမှ တစ်ဆင့် အိမ်ထောင် ဖက် ရှာဖွေ နိုင်ပြီ ဟု မြန်မာ သူငယ်ချင်း များ ရှာဖွေ သူ ကုမ္ပဏီ လီ မိ တက် တာဝန်ရှိ သူ တစ်ဦးက ပြောကြား ခဲ့သည်။ ၄င်းက “ကိုယ့် ဘဝရဲ့ လက်တွဲ ဖော် ဟာ ကိုယ့် ဘ ဝေ လာက် အရေးကြီး ပါတယ်။ ကိုယ့် ဘဝရဲ့ လက်တွဲဖော် မှာ ရှိသင့် တဲ့ အချက် အလက်တွေ ကို ကုမ္ပ ဏီ က တိုက်ဆိုင် ပြီးတော့မှ စိတ်ကြိုက် ရွေးချယ် စေချင် တာပါ” ဟု ပြောကြား ခဲ့သည်။ နိုင်ငံတကာ ၌ ယင်း ကဲ့သို့ ဝန်ဆောင်မှု လုပ်ငန်း ခေတ်စား လာခဲ့သည် မှာ အချိန် ကြာမြင့် နေ ပြီ ဖြစ် သော် လည်း မြန် မာ နိုင်ငံ၌ ယခု လုပ်ငန်း သည် ပထမ ဦးဆုံး လုပ်ဆောင် ခြင်း ဖြစ် သည် ဟု ယူ ဆ ကြော င်း ပြော ကြား ခဲ့သည်။ မြန်မာ သူငယ်ချင်း များ ရှာဖွေသူ ကုမ္ပဏီ အား ၂၀၁၃ စက်တင် ဘာ မှ စတင် ၍ တည်ထောင် ခဲ့ပြီး ဒီဇင်ဘာ လ ထဲ၌ စုံတွဲ တစ်တွဲအား ဘဝ လက်တွဲဖော် အဖြစ် အောင်မြင် စွာ ဆောင် ရွက် နိုင်ခဲ့သည် ဟု ဆိုသည်။

ရန်ကုန်မြို့ ရှိ လူ စည်ကား သော နေရာ များ တွင် စီစီတီဗီ များ တပ်ဆင် ၍ Control Room မှ စောင့်ကြည့် မည်

ရန်ကုန်မြို့ အတွင်းရှိ လူစည်ကား သော နေရာများ တွင် စီစီတီဗီ များ တပ်ဆင် ၍ ထိန်းချုပ် ခန်း (Control Room) မှ စောင့်ကြည့် နိုင်ရန် ဆောင်ရွက် လျက် ရှိကြောင်း ရန်ကုန် တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ တာဝန် ရှိသူ တစ်ဦးက ပြောကြား သည်။ “ပြစ်မှု ကျူးလွန် တဲ့သူတွေ ကို အချိန်တို အတွင်း ခြေရာ ကောက် မိနိုင် အောင် ဒီလို စီစီတီဗီ တွေ တပ်ဆင် မယ်။ ပြီးရင် အဲဒီ စီစီတီဗီ ကနေ တစ်ဆင့် Control Room ကနေ အ မြဲ စောင့်ကြည့် နေမယ်။ ရန်ကုန် မြို့ရဲ့ လုံခြုံရေး အတွက် အများကြီး အထောက် အကူပြု မှာပါ” ဟု ၎င်းက ဆိုသည်။

နိုင်ငံရေး ပဋိပက္ခ ကြောင့် ထိုင်း နှင့် မြန်မာ ဗီဇာ ကင်းလွတ်ခွင့် ရွှေ့ဆိုင်း

ထိုင်း နိုင်ငံတွင် ဖြစ်ပွား နေသည့် နိုင်ငံရေး မတည်ငြိမ် မှုကြောင့် ထိုင်းနှင့် မြန်မာ နှစ် နိုင်ငံ ဗီဇာ ကင်းလွတ်ခွင့် အစီအစဉ် ကို ရွှေ့ဆိုင်း ထားကြောင်း မြန်မာ နိုင်ငံခြား ရေး ဝန်ကြီး ဦးဝဏ္ဏ မောင်လွင် က ပြောကြား သည်။ ပုဂံ တွင် ကျင်းပ သည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး များ အစည်း အဝေး အကြို မီဒီယာ များ နှင့် တွေ့ဆုံ စဉ် ၎င်းက ထိုသို့ ပြောဆိုခြင်း ဖြစ်ပြီး မည်သည့် အချိန်ထိ ရွှေ့ဆိုင်း ထားသည် ကိုမူ ပြောဆိုခြင်း မရှိပေ။ ဗီဇာ ကင်းလွတ် ခွင့် အစီအစဉ် ကို စတင် ရန် အဆင်သင့် ဖြစ်ပြီး ဟု ထိုင်း နိုင်ငံ အစိုးရ ကို အသိပေး ထားသော်လည်း နိုင်ငံ ရေး မတည်ငြိမ် မှုများ ကြောင့် ထိုင်းနိုင်ငံ အစိုးရ က တစ်စုံ တစ်ရာ ပြန်လည် အကြောင်း ပြန်ခြင်း မရှိသေး ကြောင်း ဦးဝဏ္ဏ မောင်လွင် က ဆိုသည်။ “လက်ရှိ ဖြစ်ပေါ် နေတဲ့ အခြေ အနေ ကြောင့် အစိုးရ ပိုင်းမှာ ဆက်လက် ညှိနှိုင်း နေတယ်။ အပြု သဘော ဆောင်တဲ့ ရလဒ် ရဖို့ မျှော်လင့် တယ်” ဟု ၎င်းက ဆိုသည်။

အာဆီယံ စီးပွားရေး အသိုက် အဝန်း အရေး နိုင်ငံခြားရေး ဝန်ကြီးများ ဦးတည် ဆွေးနွေးမည်

မြန်မာ နိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တွင် အာဆီယံ စီးပွားရေး အသိုက် အဝန်း အရေး နှင့် ဘရူနိုင်း နိုင်ငံက အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူ စဉ် မပြီးပြတ် ခဲ့သည့် လုပ်ငန်းများ ကို ဦးတည် ဆွေးနွေးမည် ဖြစ်ကြောင်း နိုင်ငံခြား ရေး ဝန်ကြီး ဦးဝဏ္ဏ မောင် လွင် က ပြောကြားသည်။ ဘရူနိုင်း နိုင်ငံ ဘန်တာ ဆီရီ ဘီဂါဝန် ကြေညာချက် နှင့် အညီ ၂၀၁၅ ခုနှစ် အာဆီယံ အသိုက် အမြုံ ကို အကောင် အထည် ဖော်မည့် အပြင် အာဆီယံ ဒေသတွင်း အရေးများ၊ အာဆီ ယံ နှင့် နိုင်ငံ တကာ ဆက်ဆံ ရေး များကို လည်း ဆက်လက် ဆွေးနွေး သွားမည် ဖြစ်ကြောင်း အစည်း အဝေး အကြို သတင်းစာ ရှင်းလင်း ပွဲတွင် ၎င်းက ပြောဆို သည်။ “အာဆီယံ နိုင်ငံခြား ရေး ဝန်ကြီးများ အ စည်း အဝေး တွင် ဒေသ တွင်း သာမက ကမ္ဘာ့ နိုင်ငံရေး လုံခြုံရေး ကိစ္စတွေ ကိုပါ ဆုံးဖြတ် ကြတာ။ ဒီမှာ သဘော မတူရင် နောက်ထပ် လာမယ့် အစည်း အဝေးမှာ ဆက် ဆုံးဖြတ် မယ်” ဟု ဦးဝဏ္ဏ မောင်လွင် က ပြောဆို သည်။

(၇) ကြိမ်မြောက် မသန်စွမ်း အားကစား ပြိုင်ပွဲ ဇန်န၀ါရီ ၁၆ ရက်နေ့ ထိ နိုင်ငံ အလိုက် ဆုတံဆိပ် ရရှိမှု အခြေ အနေ


ကြေးမှုံ သတင်းစာ

တောင်ဆူဒန် အစိုးရ တပ်ဖွဲ့များ နှင့် လက်တွဲ ၍ သူပုန်များ အား တိုက်နေ ဟု ယူဂန္ဓာ သမ္မတ ပြောကြား

 
 
တောင်ဆူဒန် အစိုးရ တပ်ဖွဲ့များ နှင့် လက်တွဲ ကာ တောင် ဆူဒန် သူပုန် တပ်ဖွဲ့များ အား ဆန့်ကျင် တိုက်ခိုက် မှုများ ပြုနေ ကြောင်း ယူဂန္ဓာ နိုင်ငံ သမ္မတ ယူရီ ဟူ ဆေဗီနီ က အတည်ပြု ပြောကြား ကြောင်း ဇန်နဝါရီ ၁၆ ရက် ဘီဘီစီ သတင်း တွင် ဖော်ပြ သည်။ တောင်ဆူဒန် နိုင်ငံ မြို့တော် ဂျူဘား မြောက် ပိုင်း ၌ အောင်မြင်မှု ရရှိ ခဲ့သည့် တိုက်ပွဲကြီး ၌ ယူဂန္ဓာ တပ်ဖွဲ့ များ ပူးပေါင်း တိုက်ခိုက် ခဲ့သည် ဟု ၄င်းက ပြောကြား သည်။ ယူဂန္ဓာ တပ်ဖွဲ့ များ အနေဖြင့် အကျ အဆုံး အနည်းငယ် ရှိသော်လည်း အသေး စိတ် အချက် အလက်များ ကိုမူ ယူဂန္ဓာ သမ္မတ က ထုတ်ဖော် ပြောကြား ခြင်း မရှိပေ။ လွန်ခဲ့ သည့် လများ အတွင်းက တောင် ဆူဒန် နိုင်ငံ အစိုးရ နှင့် သူပုန်များ အကြား ဖြစ်ပွား ခဲ့သော ပဋိပက္ခ များ အတွင်း ထောင်နှင့် ချီသော ပြည်သူ များ သေဆုံး ခဲ့ရသည် ဟု ယုံကြည် မှုများ ဖြစ်ပေါ် ခဲ့သော်လည်း ယူဂန္ဓာ နိုင်ငံမှ လက်နက် ကိုင် တပ်ဖွဲ့ဝင် အင်အား မည်မျှ တောင် ဆူဒန် တွင် ရှိ နေမည် ကိုမူ ရှင်းလင်း စွာ မသိရ သေးပေ။

ဘီဘီစီ

ကုလသမဂ္ဂ တပ်ဖွဲ့ ၏ မောင်းသူမဲ့ လေယာဉ် ပျက်ကျ

 
 
ဒီမိုကရက် တစ် ကွန်ဂို သမ္မတ နိုင်ငံ၌ ကုသ လမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် များက စစ် ထောက်လှမ်းရေး လုပ်ငန်း အတွက် အသုံးပြု နေသော မောင်းသူမဲ့ လေယာဉ် တစ်စင်း ပျက်ကျ မှု ဇန်နဝါရီ ၁၅ ရက် က ဖြစ်ပွား ကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာန တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။ ဒီမို ကရက် တစ် ကွန်ဂို သမ္မတ နိုင်ငံ အရှေ့ ပိုင်း ဂိုမာ မြို့အနီးတွင် မောင်းသူမဲ့ လေယာဉ် တစ်စင်း ပျက်ကျမှု ဖြစ်ပွားကြောင်း၊ မောင်းသူမဲ့ လေယာဉ် ကို လွှတ် တင် အပြီး မကြာမီ တွင် ပျက်ကျ ခဲ့ခြင်း ဖြစ်ပြီး တစ်ဦး တစ်ယောက်မျှ ထိခိုက် ဒဏ်ရာ ရရှိမှု မရှိ ကြောင်း အမည် မဖော်သူ တာဝန် ရှိသူ က ပြောကြား သည်။ ကုလ သမဂ္ဂ ငြိမ်းချမ်း ရေး ထိန်းသိမ်း မှု တပ်ဖွဲ့က အသုံးပြု နေသော မောင်း သူမဲ့ လေယာဉ် များမှာ ဖယ်လ်ကို အမျိုးအစား ဖြစ်ပြီး အီတလီ ကာ ကွယ် ရေး နည်းပညာ အုပ်စု ဖြစ်ေ သာ ပင်မက် ကာနီကာ အုပ်စု အောက်ရှိ ဆဲလက်စ် အီးအက်စ် ကုမ္ပဏီ က ထုတ်လုပ် ကြောင်း သတင်း တွင် ဖော်ပြ သည်။

ပီတီအိုင်

အက်ဖ် - ၃၅ စာရွက် စာတမ်းများ အီရန် သို့ ခိုးထုတ် ရန် ကြိုးပမ်းသူ ကို အမေရိကန် အာဏာပိုင် များ ဖမ်းဆီး

 
 
နည်းပညာ အဆင့်မြင့် စစ် လေယာဉ်နှင့် ဆိုင်သော စာရွက် စာတမ်းများ ကို ခိုးယူ ၍ အီရန် နိုင်ငံသို့ တင်ပို့ရန် ကြိုးစား သည်ဟု စွပ်စွဲ လျက် အီရန် ယီယန် - အမေရိကန် အင်ဂျင်နီယာ တစ်ဦး ကို အမေရိကန် အာဏာပိုင် များက ဖမ်းဆီး လိုက်ကြောင်း ကြာသပတေး နေ့ သတင်း တွင် ဖော်ပြသည်။ ဗဟို အစိုးရ ရှေ့နေများ က မိုဇာဖာ ခါဇာအီး (၅၉) နှစ် အား အက်ဖ် - ၃၅ တိုက်လေယာဉ် ၏ စာ မျက်မှာ ထောင်နှင့် ချီသော စာရွက် စာတမ်းများ ကို တရား မဝင် တင်ပို့ ရန် ကြိုးစား ခဲ့သည် ဟု စွပ်စွဲ ခဲ့သည်။ ခါဇာအီး သည် ၄င်းအား အင်ဂျင်နီယာ အဖြစ် ခန့်အပ် ခဲ့သော စစ်ဘက် ဆိုင်ရာ ကန်ထရိုက်တာ များ ထံမှ ၄င်း စာရွက် စာတမ်းများ ကို ခိုးယူ ခဲ့ခြင်း ဖြစ်သည်ဟု ရှေ့နေများ က ပြောကြား သည်။

ဆက်သွားချင်သေးတယ် ဆိုရင်