Pages

Wednesday, February 6, 2013

တပ်မတော်နှင့် အစိုးရကို အပုပ်ချသည့် ကချင်အမည်များ အသုံးပြုထားသည့် Facebook များကို Eleven Media မှ ရေးသားသည်ဟု အချက်အလက်များ ထွက်ပေါ်

ကေအိုင်အေနှင့် ဖြစ်ပွားသော စစ်ပွဲကာလအတွင်း ကချင်အမည်များကို အသုံးပြု၍ အစိုးရနှင့် တပ်မတော် ကို တိုက်ခိုက်ခြင်း၊ နိုင်ငံတော် အလံကို ချနင်းခြင်း၊ နိုင်ငံတော် အကြီးအကဲများ ကို စော် ကားခြင်း များ ပြုလုပ်ခဲ့သည့် facebook စာမျက်နှာများနှင့် Eleven Media တို့ ဆက်စပ်နေကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။

သတင်းဆောင်းပါး ဓာတ်ပုံလွဲမှားမှု Hot News တောင်းပန်ခဲ့ သို့သော် The Ladies မှ ယနေ့ထိ မတောင်းပန်သေး

သတင်းများ၊ သတင်းဆောင်းပါးများတွင် ဓာတ်ပုံများ မှားယွင်းဖော်ပြသဖြင့် ပြန်လည် တောင်းပန်မှုများ ၊ တရား စွဲ ဆိုမှုများ ယနေ့ မီဒီယာလောကတွင် မြင်တွေ့လာရသည်။ ယခုအပတ်ထုတ် Hot News ဂျာနယ် တွင် ၄င်း၏ သတင်းဆောင်းပါးတစ်ခုအတွင်း ထည့်သွင်းဖြော်ပခဲ့သည့် သတင်းဓာတ်ပုံ မှားယွင်းမှုသည် ရခိုင် အမျိုးသမီးထုအား နစ်နာစေသဖြင့် တောင်းပန်ကြောင်း ဖော်ပြခဲ့သည်။

တရားဥပဒေ စိုးမိုးရေး ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို အကာအကွယ်ပြုပြီး တပ်မတော်ကို အခြေအမြစ် မရှိ အပုပ် ချစော်ကားသည့် THE LADIES ဂျာနယ်မှ မေဇင်အေးအား အရေးယူသင့်

 
အင်တာနက်ပေါ်တွင် အမည်မသိ ဒေါက်တာဆိတ်ဖွားဆိုသူ၏ ရေးသားချက်အား လွှတ်တော်တွင်း ထည့် သွင်း ဆွေးနွေး ကာ စုံစမ်းရေးကော်မရှင် ဖွဲ့ခဲ့သည်။ ဒေါက်တာ ဆိတ်ဖွား၏ ရေးသားချက်များသည် ယနေ့ ဂျာ နယ် များတွင် ဝေဖန် ဖော်ပြနေသည့် ဆောင်းပါးများ၊ ကာတွန်းများနှင့် နှိုင်းယှဉ်ပါက ပင်လယ်ထဲမှ လှေ တစ်စင်း ပမာဏသာ ရှိသည်။
 

မြန်မာ တပ်မတော်နှင့် ဘင်္ဂလားဒေရှ် တပ်မတော်ကို နှိုင်းယှဉ်ခြင်း


ဘင်္ဂလားဒေရှ်တို့က စစ်ဖြစ်လျှင် မည်သူသာ မည်နည်းကို ထိုသို့ဆိုပါသည်။
 
(၁) မည်သည့်နေရာ၊မည်သည့်အချိန်၊မည်ကဲ့သို့အကြောင်းကြောင့်ပေါ်မူတည်ပါသည်
 
(၂) လက်နက်ခြင်းတူခဲ့ရင်တောင် MIG29,F7ခြင်း တူရင်တောင်မြန်မာနိုင်ငံ သည်စီပွားရေး ပိတ်ဆို့ခံရ မူကြောင့်ေ ခတ်မှီ နည်းပညာ မပိုင်ဆိုင်နိုင်။ ဘင်္ဂလားဒေရှ်သည် တရုပ်၊ အိနိယ၊ အမေရိကန် တို့နဲ့ပူးပေါင်း စစ် ဆင်ေ ရး များ လုပ်ဖူးသည်။
 
(၃)ဘင်္ဂလားဒေရှ်သည်operation dessert strom ကဲ့သို့ စစ်ဆင်ရေးများတွင် ပါဝင် ဆင်နွဲဖူးပြီး UNနဲ့ ပူးပေါင်းစစ် ဆင်ရေးများတွင်လည်းတက်ကြွစွာပါဝင်ခဲ့ဖူးသည်။
 
ဟုဆိုထားပါတယ်။
 

ဘုန်ကြီးကျောင်း များ မဖျက်သိမ်းတော့ဟု နေပြည်တော်ကောင်စီ ဥက္ကဌ ဆို



မြန်မာပြည် လျှပ်စစ်ဓါတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရန် ကမ္ဘာ့ဘဏ်မှ ဒေါ်လာ ၁၆၅သန်း ချေး



မြန်မာ နိုင်ငံ အတွင်းရှိ ပြည်နယ်နှင့် တိုင်းအားလုံး လျှပ်စစ် ဓာတ်အား သုံးစွဲခွင့် ရရှိရေး အတွက် ကမ္ဘာ့ ဘဏ် မှ အတိုးနှုန်း မပါပဲ ဒေါ်လာ(၁၆၅) သန်းခန့်ကို ကူညီ ပံ့ပိုး ပေးမည်ဟု ကမ္ဘာ့ ဘဏ်မှ သိရှိရသည်။

က မ္ဘာ့ဘဏ် အနေဖြင့်  မြန်မာ နိုင်ငံ အတွင်း လျှပ်စစ် ဓာတ်အားပေး စနစ် ဖြန့်ဖြူးရေး အတွက် ကူညီ ပံ့ပိုးေ ပး ရခြင်း မှာမြန်မာ နိုင်ငံ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းများကို လုပ်ဆောင်စဉ် တစ်ဖက် တစ်လမ်းမှ ပူးပေါင်း ပါဝင် ခြင်း ဖြစ်သည်ဟု MIGA မှ ဒုတိယ ဥက္ကဌက ဆိုသည်။


ဆိုင်ကယ်စီးချင်လို့ ရိုးမဘဏ် ၀င်ဖောက်တဲ့ GTC ကျောင်းသား

ရှမ်းပြည်နယ် အောင်ပန်းမြို့ရှိ ရိုးမဘဏ်အတွင်း ဖောက်ထွင်းဝင်ရောက်ပြီး ရုပ်ရှင်ကြည့်ရင်း အိပ်ပျော်နေေ သာ ဘဏ်လုံခြုံရေးအား ဓားဖြင့်ထောက်၍ ဘဏ်သော့တောင်းခဲ့သည့် ၁၉ နှစ်အရွယ်ဆယ်ကျော်သက် တဦး အား ဖမ်းဆီးတရားဆွဲဆိုထားကြောင်း သိရသည်။ အောင်ပန်းမြို့ နယ်ရဲစခန်းမှူး ဦးအောင်မင်းဦး ၏ ပြော ကြားချက်အရ တရားခံသည် အေးသာယာ နည်း ပ ညာ တက္ကသိုလ်မှ ကိုဇာ နည် ဦး ဆို သည့် ကျောင်းသားတဦးဖြစ်ကြောင်း၊ ရိုးမဘဏ်ကနေ တရားလို ပြု လုပ်ပြီး ပုဒ်မ ၃၉၂ဖြင့် အမှု ဖွင့် ထားကြောင်း သိရသည်။ 
 

ကေအိုင်အေနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွေ့အကြုံများ

တကယ်တော့ ကေအိုင်အေနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု သမိုင်း တစ်လျှောက်တွင် ကေအိုင်အေက ထိုကဲ့သို့ အမြဲလုပ်ဆောင် ခဲ့သည်သာ ဖြစ်သည်။ ထိုအဖြစ်အပျက် များကို အများ သိနိုင်အောင် မိမိမှတ်သား ထားသော အချက်အလက်များ၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် ပါဝင်ခဲ့သော ကချင်ပြည်နယ် ကောင်စီ (လမ်းစဉ်ပါတီခေတ်) က မိတ်ဆွေများကို ပြန်မေးပြီး တင်ပြ လိုက်ရပါသည်။

ဒေါက်တာဆိတ်ဖွား၏ နိုင်ငံပိုင် မီဒီယာများအပေါ် အမြင်


သမ္မတကြီးဦးသိန်းစိန်ဦးဆောင်သော မြန်မာအစိုးရသစ်လက်ထက်တွင် အပြောင်းအလဲ များစွာကို အကောင်းဘက်သို့ ဦးတည်သောအရွေ့ဖြစ်အောင် ကြိုးစားလုပ်ဆောင်နေသည်မှာ ထင်သာမြင်သာရှိပြီး အပြုသဘောဆောင်သည်မှာ အငြင်းပွားဖွယ်မရှိပါ ။အချို့သံသယဖြင့်စောင့်ကြည့်ဦး မည်ဟု ပြောဆိုမှု များရှိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ အပြောင်းအလဲများသည် တဖြည်းဖြည်းရုပ်လုံးပေါ် လာပြီဖြစ်၍ အဆိုပါသံသယများသည်လည်း လျော့ပါးတန်သလောက် လျော့ပါးလာ သည့်အခြေအနေမျိုးဖြစ်လေသည် ။ နှစ်ပေါင်းများစွာအယုံအကြည်ကင်းမဲ့နေရာမှ ဤမျှသောအချိန်တို အတွင်းတွင် ယခုလောက် ယုံကြည်မှုရရှိလာခြင်းဆိုသည်မှာ ပင်အပေါင်းလက္ခဏာ သဘောပင်ဖြစ်ပြီး သံသယရှိသူများကိုလည်း အပြစ်မတင်ထိုက်ပါပေ ။

ဒေါက်တာဆိတ်ဖွား၏ မြန်မာ့အတိုက်အခံများပေါ်အမြင်


တစ်နေ့သ၌ ကျွန်ုပ်ထံသို့ Voice Of Myanmar ဘလော့တွင် အက်ဒမင် တစ်ဦးအဖြစ် ကူညီဆောင်ရွက်ပေးနေသူ ညီတော်မောင်တစ်ဦးရောက်ရှိလာလေသည် ၊ သူသည် ပြည်ပနိုင်ငံတစ်ခု တွင်နေထိုင်သော်လည်း မြန်မာပြည်သို့ပြန်လည်ရောက်ရှိလာသည့်အခါတိုင်းတွင်မူ ကျွန်ုပ်ထံသို့ဦးစွာ လာရောက်လေ့ရှိလေသည် ။

ဖွလို့ကောင်းသွားခဲ့ပြန်တဲ့ ဆိုင်ကယ်ဓာတ်ပုံ

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့ထုတ် သတင်းစာတွေမှာ ဖော်ပြခဲ့တဲ့ “မြစ်ကြီးနား-ပူတာအို ကားလမ်းပေါ်၌ KIA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်၊ အပြစ်မဲ့အရပ်သား ၁ ဦး သေဆုံး” ဆိုတဲ့သတင်းမှာ ဖော်ပြထားတဲ့ သတင်းဓာတ်ပုံဟာ ဟဲဟိုလေဆိပ်အနီးမှာ ပျက်ကျခဲ့တဲ့ AirBagan လေယာဉ်ပျက်ကျမှုဖြစ်စဉ်မှာ သေဆုံးခဲ့ရတဲ့ ဦးပြားရဲ့ဆိုင်ကယ် ဖြစ်နေတဲ့အတွက် ပြောစရာပေါင်း သောင်းခြောက်ထောင် ဖြစ်သွားခဲ့ရပါတယ်။ 
 

မြန်မာနိုင်ငံက ပေးရမယ့်ကြွေးမြီတွေကို လျှော်ပေးတဲ့ကိစ္စ


လောကမှာ အကဲ့ရဲ့လွတ်သောသူမရှိလို့ မြတ်ဗုဒ္ဓမိန့်ခဲ့တဲ့စကားဟာ ဒီနေ့အထိမှန်နေဆဲ… နောင်လည်း မှန်နေဦးမည်သာ။ ကျွန်တော့်အစ်ကိုဝမ်းကွဲတစ်ယောက် အသံနေအသံထားနဲ့ ပြောတတ်တဲ့ စကားတစ်ခွန်းကိုလည်း သတိရမိပြီး ပြုံးမိပါရဲ့။ ဒီမယ်... မောင်ဉာဏ်ရ… လူဆိုတဲ့အမျိုးက သိကြားမင်း ဖန်ဆင်းပေးတဲ့ နွားကိုတောင်မှ ချိုလေးက နည်းနည်းကားသလိုပဲနော်၊ မျက်လုံးက နည်းနည်းများ စောင်းနေသလားလို့၊ အမြီးက နည်းနည်းသေးနေတယ် ထင်တယ်ဗျလို့ လုပ်တတ်တဲ့လူတွေကွ။ 
 

Tuesday, February 5, 2013

တပ်မတော်မှ ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့  ပြည်သူ့စစ် ဆက်ကြေး ကောက်ခံသူ ၁ ဦးအား ဖမ်းဆီးရမိ


မိုးညှင်းမြို့၊ နမ့်မချီကျောက်မှော်တွင် လှုပ်ရှားလျက်ရှိသည့် ကေအိုင်အေ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ တပ်မဟာ ၂ လက်အောက်ခံ အင်အား ၉၀ ဦး ခန့်သည် ဆဲလ်ဗင်းစတားကုမ္ပဏီနေရာမှ အနောက်ဘက်သို့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဆုတ်ခွာသွားခဲ့ပြီး တပ်ရင်း ၅ မှ ဗိုလ်မှူးအဆင့်ရှိ လဆန် ဦးစီး အင်အား ၆၀ ဦးခန့်သည် အရပ်ဝတ်များဖြင့် အဖွဲ့ ၃ ဖွဲ့ခွဲပြီး ဒီပါမင်းကုမ္ပဏီနေရာမှ အနောက်ဘက်သို့ ဖေဖော်ဝါရီလ ၃ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် ဆုတ်ခွာ သွားခဲ့ကြောင်း ကိုနမ့်မချီကျေးရွာ သူကြီး ဦးလျှန်ပေါင် ကမြန်မာ့ မျိုးချစ်တပ်မ တော်အား သတင်းပေးပို့ ခဲ့သည်။
            

KIA ရင်း ၂၆ အဖွဲ့ သစ်စက်များမှ ဆေးဝါးနှင့် အခွန်များကောက်ခံ


KIA ရင်း ၂၆ မှအဖွဲ့သည် ယမန်နေ့က မိုးညှင်းမြို့နယ်အတွင်းရှိ၊ ညောင်ပင်ရွာနှင့်ပတ်ဝန်းကျင်မှာ ရှိသည့် သစ်စက်များသို့ရောက်ရှိလာပြီး သစ်စက်များမှ ဆေးဝါး ရိက္ခာများကို အကူအညီတောင်းခဲ့ကြောင်း သိရှိရသည်။ ၎င်းအနီးအနားပတ်ဝန်းကျင်တွင် သစ်စက် ၁၀လုံး ခန့ရှိကြောင်း၊ သစ်စက်ပိုင်ရှင်များထံမှ သစ်စက်တစ်လုံးလျှင် အရင်တုန်းက ၃သိန်းသာ ကောက်ခံခဲ့ပေမယ့် ယခုအချိန်မှာ လိုအပ်ချက်အရ ၁၀သိန်း နှင့် ဆေးဝါးရိက္ခာများကို ကောက်ခံခဲ့ကြောင်း သိရှိရပါသည်။ ငွေများနှင့် ဆေးဝါရိက္ခာများကို ၆ရက်နေ့မှ ၁၀ရက် နေ့ အတါင်း အပြီး ပေးဆောင်ရမည်ဖြစ်ကြောင်း သစ်စက်ပိုင်ရှင် တစ်ဦးမှ   ပြောပြခဲ့ ပါသည်။
 

ချစ်သူများနေ့ တွင် အပျိုဘဝ အား အမျှဝေမည့် ညီမငယ်များ ဖတ်ဖြစ်အောင် ဖတ်ပါ


နည်းနည်း၇ိုင်းသွား၇င်လည်းသည်းခံဖတ်ပေးစေချင်ပါတယ်။

ကျွန်တော်ပေ့ခ်ျလေးမှာကျွန်တော် ကိုယ်တိုင် ပို့စ်မေ၇းဖြစ်တာကြာပြီ။ဒီတစ်ခါတော့အခါခွင့်လည်းကြံ သ မို့ေ ၇းပြီးတင်လိုက်တာပါ ။အားလုံးကိုဆုံးတဲ့အထိဖတ်စေချင်ပါတယ်။အားလုံးစောင့်နေကျတဲ့ ခ်စ္သူမ်ားေ န့ ေ ဖဖော်ဝါ၇ီ ၁၄ လည်းနီးလာပြီဗျ။ချစ်တဲ့သူစုံတွဲတွေလည်း အစီစဉ်တွေဆွဲကုန်ကြပြီ ။တချို့က လက်ဆော င်ပေးဖို့ပြင်တဲ့သူ လည်းပြင်ပေါ့ဗျာ။ဒါပေမဲ့ သူတို့တွေထက်အကွက် ကျကျပြင်ဆင်နေတဲ့ သူေ တွ လည်း၇ှိသေးတာ မိန်းကလေးတွေကိုသိစေချင်တယ်။ တခြားသူတွေတော့မပာုတ်ပါဘူး လူ လည်ယောကျာ်း ဘသားတွေအတွက် မိန်းမပျိုတို့ ဘ၀ကို ဖျက်စီးဖို့အကြောင်းပြချက် အကောင်းဆုံးနေ့ ကချစ် သူများနေ့ဖြစ်နေလို့ပါပဲ။

ဆက်သွားချင်သေးတယ် ဆိုရင်