Pages

Tuesday, February 5, 2013

တပ်မတော်မှ ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့  ပြည်သူ့စစ် ဆက်ကြေး ကောက်ခံသူ ၁ ဦးအား ဖမ်းဆီးရမိ


မိုးညှင်းမြို့၊ နမ့်မချီကျောက်မှော်တွင် လှုပ်ရှားလျက်ရှိသည့် ကေအိုင်အေ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ တပ်မဟာ ၂ လက်အောက်ခံ အင်အား ၉၀ ဦး ခန့်သည် ဆဲလ်ဗင်းစတားကုမ္ပဏီနေရာမှ အနောက်ဘက်သို့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဆုတ်ခွာသွားခဲ့ပြီး တပ်ရင်း ၅ မှ ဗိုလ်မှူးအဆင့်ရှိ လဆန် ဦးစီး အင်အား ၆၀ ဦးခန့်သည် အရပ်ဝတ်များဖြင့် အဖွဲ့ ၃ ဖွဲ့ခွဲပြီး ဒီပါမင်းကုမ္ပဏီနေရာမှ အနောက်ဘက်သို့ ဖေဖော်ဝါရီလ ၃ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် ဆုတ်ခွာ သွားခဲ့ကြောင်း ကိုနမ့်မချီကျေးရွာ သူကြီး ဦးလျှန်ပေါင် ကမြန်မာ့ မျိုးချစ်တပ်မ တော်အား သတင်းပေးပို့ ခဲ့သည်။
            

KIA ရင်း ၂၆ အဖွဲ့ သစ်စက်များမှ ဆေးဝါးနှင့် အခွန်များကောက်ခံ


KIA ရင်း ၂၆ မှအဖွဲ့သည် ယမန်နေ့က မိုးညှင်းမြို့နယ်အတွင်းရှိ၊ ညောင်ပင်ရွာနှင့်ပတ်ဝန်းကျင်မှာ ရှိသည့် သစ်စက်များသို့ရောက်ရှိလာပြီး သစ်စက်များမှ ဆေးဝါး ရိက္ခာများကို အကူအညီတောင်းခဲ့ကြောင်း သိရှိရသည်။ ၎င်းအနီးအနားပတ်ဝန်းကျင်တွင် သစ်စက် ၁၀လုံး ခန့ရှိကြောင်း၊ သစ်စက်ပိုင်ရှင်များထံမှ သစ်စက်တစ်လုံးလျှင် အရင်တုန်းက ၃သိန်းသာ ကောက်ခံခဲ့ပေမယ့် ယခုအချိန်မှာ လိုအပ်ချက်အရ ၁၀သိန်း နှင့် ဆေးဝါးရိက္ခာများကို ကောက်ခံခဲ့ကြောင်း သိရှိရပါသည်။ ငွေများနှင့် ဆေးဝါရိက္ခာများကို ၆ရက်နေ့မှ ၁၀ရက် နေ့ အတါင်း အပြီး ပေးဆောင်ရမည်ဖြစ်ကြောင်း သစ်စက်ပိုင်ရှင် တစ်ဦးမှ   ပြောပြခဲ့ ပါသည်။
 

ချစ်သူများနေ့ တွင် အပျိုဘဝ အား အမျှဝေမည့် ညီမငယ်များ ဖတ်ဖြစ်အောင် ဖတ်ပါ


နည်းနည်း၇ိုင်းသွား၇င်လည်းသည်းခံဖတ်ပေးစေချင်ပါတယ်။

ကျွန်တော်ပေ့ခ်ျလေးမှာကျွန်တော် ကိုယ်တိုင် ပို့စ်မေ၇းဖြစ်တာကြာပြီ။ဒီတစ်ခါတော့အခါခွင့်လည်းကြံ သ မို့ေ ၇းပြီးတင်လိုက်တာပါ ။အားလုံးကိုဆုံးတဲ့အထိဖတ်စေချင်ပါတယ်။အားလုံးစောင့်နေကျတဲ့ ခ်စ္သူမ်ားေ န့ ေ ဖဖော်ဝါ၇ီ ၁၄ လည်းနီးလာပြီဗျ။ချစ်တဲ့သူစုံတွဲတွေလည်း အစီစဉ်တွေဆွဲကုန်ကြပြီ ။တချို့က လက်ဆော င်ပေးဖို့ပြင်တဲ့သူ လည်းပြင်ပေါ့ဗျာ။ဒါပေမဲ့ သူတို့တွေထက်အကွက် ကျကျပြင်ဆင်နေတဲ့ သူေ တွ လည်း၇ှိသေးတာ မိန်းကလေးတွေကိုသိစေချင်တယ်။ တခြားသူတွေတော့မပာုတ်ပါဘူး လူ လည်ယောကျာ်း ဘသားတွေအတွက် မိန်းမပျိုတို့ ဘ၀ကို ဖျက်စီးဖို့အကြောင်းပြချက် အကောင်းဆုံးနေ့ ကချစ် သူများနေ့ဖြစ်နေလို့ပါပဲ။

တန်ဖိုးနည်း အိမ်ရာ အခြေခံ လူတန်းစားအတွက် ဈေးအလွန်ကြီးဟု ဆို


အစိုးရက အကောင်အထည်ဖော်မည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ အခန်းတခန်းလျှင် ငွေကျပ် ၁၈၅ သိန်းမှ သိန်း ၂၀၀ကြား ဈေးနှုန်းဖြင့်  ရောင်းချမည်ဟု သတင်းထုတ်ပြန်မှု အပေါ် ပြည် သူလူ ထု အမှန် တကယ် လက်လှမ်းမီမည့် ဈေးနှုန်းမဟုတ်ဟု စီးပွားရေးပညာရှင်၊ လွှတ်တော်ကိုယ် စားလှယ်အချို့နှ င့်ပြည် သူ များက ဝေဖန်ပြောဆိုလိုက်ကြသည်။အစိုးရ တန်ဖိုးနည်း အိမ်ရာများတွင် အခန်းတစ်ခန်းလျှင် ၁၈၅ သိန်းမှ သိန်း ၂၀၀ ဝန်းကျင်ဖြင့် ရောင်းချသွားမည် ဖြစ်ပြီး မန္တလေး၊ မကွေးနှင့်ေ မ်ာလမြိုင်မြို့ များ တွင်လည်း အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဖေဖော်ဝါရီ ၃ ရက်နေ့ နေပြည်တော်တွင်  သတင်း မီဒီယာ များနှင့် တွေ့ ဆုံစဉ် ပြောဆိုခဲ့သည်။
 

ကချင်ပြည်နယ် အတွင်း သေနတ်သံများ တိတ်ဆိတ် နေသော်လည်း


ဖားကန့်မြို့နယ်အတွင်း KIA တပ်များနှင့် အစိုးရတပ်များအကြား တိုက်ပွဲများဖြစ်ပွားခြင်း မရှိသော် လည်း သေနတ်သံများ ထက်ဆိုးသော သေမင်းတမန် မူးယစ်ဆေးဝါးများပျံ့နှံ့ လျက်ရှိနေကြောင်း သိရှိရ သည်။ ဖားကန့်မြို့နယ်၊ ဒွန်ဘန် ကျေးရွာအုပ်စုအတွင်းမှာ ရှိကြသည့်   ကျေးရွာတွေ မှာ   ကျောင်း သားအ ရွယ် လူငယ် အများစုဟာ မူးယစ်ဆေးဝါးကို စွဲစွဲ လမ်းလမ်းသုံးစွဲနေကြတဲ့အတွက် မိဘတွေအနေနဲ့ စိတ်မ ချမ်းမ သာ ဖြစ်နေကြကြောင်း၊ မိဘတွေ အနေနဲ့သူတို့ရဲ့ သားသမီးတွေ ကိုအချိန်ပြ ည့် စောင့် ကြပ် ကြည် ရှုနို င်ခြင်း မရှိတာ ကြောင့် ကျောင်းတွေမှာ မူးယစ်ဆေးဝါး အသိပညာ   ပေးေ ဟာပြော ပွဲေ တွ ပြု လုပ် သင့်သည်ဟု ပြောဆိုနေကြပါသည်။

အမှန်တရား ဖွင့်ချမှု အတွက် Myanmar Express ကို တိုင်ချင်သော်လည်း အပြစ်မရှိ သဖြင့် Hacker များအား တိုင်ကြားချိန် မဆီမဆိုင် စွဲထည့် သည့် ELEVEN


 
 အကြောင်းအရာက မီဒီယာများအား နည်းပညာသုံးတိုက်ခိုက်မှု ကို တိုင်ကြားခြင်း...
တိုင်ကြားတာက Myanmar Express ကို ဌာနဆိုင်ရာနှင့် စစ်တပ် က လုပ်တာတဲ့...
(အသရေဖျက်မှုနဲ့ ပြန်စွဲလိုက်မှ သေအုံးမယ်) 
 

လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အောက်ခြေ၀န်ထမ်းငယ်များ၏ အသနားခံတင်ပြစာ




သို့

နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နေပြည်တော်

ဥက္ကဋ္ဌ
ပြည်သူ့လွှတ်တော်
နေပြည်တော်

ဥက္ကဋ္ဌ
အမျိုးသားလွှတ်တော်
နေပြည်တော်

ပြည်ထောင်စုဝန်ကြီး
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
နေပြည်တော်


မိဘသဖွယ်အရေးထားလေးစားရပါသော နိုင်ငံတော်သမ္မတကြီးခင်ဗျား………….. ဦးစွာပထမ ၀န်ခံရလျှင် ဤ စာ သည် တိုင်ကြားစာမဟုတ်ပါ။ ပစ်စာမဟုတ်ပါ။ အောက်ခြေ၀န် ထမ်းငယ်များ၏ အသနားခံစာ သာဖြစ် ပါေ ကြာင်း တင်ပြအပ်ပါသည်။

မြောက်ကိုရီးယားက နျူဗုံးစမ်းသပ်မည့် တူးမြောင်းနေရာကို ဂြိုလ်တုမှ မထောက်လှမ်းနိုင်အောင် အကာအရံများ ဖုံးကွယ်ထား


မြောက်ကိုရီးယားအစိုးရသည် ၎င်း၏နျူကလီယားဗုံး စမ်းသပ်ဖေါက်ခွဲမည့် နေရာတူးမြောင်း သို့ အဝင်တွင် အခြားနို င်ငံများ က ဂြိုလ်တုမှ ထောက်လှမ်း၍ ဓါတ်ပုံရိုက်ခြင်း မပြုနိုင်အောင် အကာအရံများ ဖုံးကွယ် ထားလိုက်ပြီဖြစ်ကြောင်း တောင်ကိုရီးယားသတင်းအေဂျင်စီ ယုံဟပ်က ဖေါ်ပြလိုက်သည်။ တူးမြောင်း ဝင်ပေါက် သုံးခုနှင့် အခြားထောက်ပံ့ရေး အဆေက်အဦးများပါ ပါဝင်နေသော ယင်းပန်ဂျီးရီ ဆိုက်နေရာကို အမေ ရိ ကန် ၊ တောင်ကို ရီးယားနှင့် ဂျပန်ထောက်လှမ်းရေးများ သည် ပြီးခဲ့သောအပတ် က မြောက် ကိုရီး ယား ဘက်မှနျူစမ်းသပ်မှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးေ နာက် စောင့် ကြည့်နေခဲ့ကြသည်။


ကေအိုင်အေသောင်းကျန်းသူ အချို့ စခန်းနေရာပြောင်းရွှေ့


ကေအိုင်အေအကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ကျောက်ကြီးစခန်း၌ တိုက်နယ်မှူးအဆင့်ရှိ တန်ဂွန်း အဖွဲ့နေရာသို့ ဖေဖော်ဝါရီလ ၂  ရက်နေ့တွင် ဒုတိယ ဗိုလ်အဆင့်ရှိ လဘွန်းလှ ဦးစီး ၃၀ ဦးရောက်ရှိ ပူးပေါင်းပြီး ၄င်းစခန်းအား ဖျက်သိမ်းပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မိုးေ ကာင်းေ ချာ င်းေ ဘး တာပေါ ကွင်းနေရာအနီးနှင့် မိုးကောင်းချောင်း၏ အရှေ့ဘက် ၃ မိုင်ခန့် အ ကွာေ န ရာ သို့ ပြောင်းရွှေ့ကာ ယာယီစခန်း တည်ဆောက်ပြီး နေထိုင်လျက် ရှိကြောင်း တာပေါရွာ မှဒေ သခံတစ်ဦးကပြောသည်။ကေအိုင်အေအကြမ်းဖက်သောင်းကျန်းသူအဖွဲ့တို့ နေထိုင်သည့် နေရာတစ်ဝိုက်သို့ မိုးကောင်းမြို့၊ နမ္မတီးကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာသူ/သားများအား သား/ငါးရှာဖွေ လာရောက်ဖ မ်းခြင်း မပြုရန် တားမြစ်ပိတ်ပင်ထားကြောင်းနှင့်လာရောက်သူများအား တွေ့ရှိပါက ပစ်ခတ်ဖမ်းဆီး မည်ဖြ စ်ေ ကြာင်း ၄င်းမှပြောသည်။

Singapore Feel

ပြည်ထောင်စု ၀န်ကြီး၊ ဒုတိယ၀န်ကြီးများနှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဝင် တစ်ဦးအား ခန့်အပ်


 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး မှ အောက်ပါ ပုဂ္ဂိုလ်များအား ပြည်ထောင်စု ၀န်ကြီး၊ ဒုတိယ၀န်ကြီးများနှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဝင် အဖြစ် ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ခန့်အပ်ခဲ့သည်။

ဘဏ်ဖောက်ခံရသည့် သတင်း ရိုးမဘဏ်ငြင်း


အွန်လိုင်း စာမျက်နှာများတွင် ပျံ့နှံ့နေသည့် ရှမ်းပြည်နယ် အောင်ပန်းမြို့ရှိ ရိုးမဘဏ် ဖောက်ထွင်းခံရသည် ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ရန်ကုန် ပင်မ ရိုးမဘဏ် ရုံးချုပ်သို့ ဆက်သွယ်မေးမြန်းရာ "အခု အချိန်အထိ ဘာမှ မကြားသေး ပါဘူး ဒီသတင်းကို ကျွန်မတို့အတည်မပြုနိုင်ပါဘူး " ဟု ပြောကြား သည်။ရိုးမဘဏ်အနေဖြင့် ယခင်က ငွေလွှဲလုပ်ငန်းများကိုသာဆောင်ရွက်ခဲ့ပြီး လက်ရှိ တွင် ဘဏ်လုပ် ငန်းဆိုင် ရာလုပ်ငန်းများကို အပြည့်အ၀ပြန် လည်ဆောင် ရွက်နေသည့် ပုဂလိက ဘဏ်တစ်ခုဖြစ်သည်။ ရှမ်းပြည် နယ်ရှိ မူဆယ် ၊လားရှိုး၊အောင်ပန်း၊ကျောက်မဲ စသည့် မြို့များတွင် ဘဏ်ခွဲများ ဖွင့်လှစ် ထားကြောင်း သိရသည်။

Yangon Media Group

ဖုန်း Sim Card များအလကား ပေးမည့် Red Link က ရွှေပြည်တံခွန် ထက် တစ်လှမ်းသာ


ဟိုးတုန်းက ကြားဖူးခဲ့တာက ဦးနာအောက်တို့ အမျိုးသားရေး စိတ်ဓာတ်နဲ့ အပြိုင်အဆိုင် ဈေးေ လျာ့ ကြ တာ။ နောက် မကြာခင် အာလူးကြော်တစ်ထုပ်ဝယ်ရင် ဖုန်းကတ် လက်ဆောင်ပေးတဲ့ သူများနိုင်ငံ အကြောင်း၊ နောက်တော့ ၅ ထောင်တန် ဖုန်းကတ် ထုတ်မည့် ရွှေပြည်တံခွန်၊ ယခုတစ်ဖန်တော့ Red Link က အိမ်တိုင်ရာရောက် အလကားပင် လိုက်ဝေပေးအုံးမတဲ့။ စောစောက ဘာလို့ မလုပ်ကြပါလိမ့် ......





၂၀၁၅-၁၆ ခုနှစ်တွင် မိုဘိုင်းတယ်လီဖုန်း အသုံးပြုသူပေါင်း ၁၅ ဒသမ ၅ သန်း ရှိလာမည်

၂၀၁၅-၁၆ ခုနှစ်တွင် မိုဘိုင်းတယ်လီဖုန်း အသုံးပြုသူပေါင်း ၁၅ ဒသမ ၅ သန်း ရှိလာမည်ဖြစ်ေ ကြာင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်သော သတင်းအချက်အလက်များအရ သိရသည်။ လက် ရှိ ၂၀၁၂-၁၃ ခုနှစ်တွင် မိုဘိုင်းတယ်လီဖုန်း အသုံးပြုသူပေါင်း ၆ သန်းရှိပြီး ၂၀၁၃-၁၄ တွင် ၁၀ သန်း၊ ၂၀၁၄ - ၁၅ တွင် ၁၄ သန်း ၂၀၁၅-၁၆တွင် ၁၅ ဒသမ ၅ သန်းရှိလာမည် ဖြစ်ကြောင်း၊ ၎င်းမှာ မိုဘိုင်းဖုန်း သိပ် သည်း ဆ ၈၀ ရာခိုင်နှုန်း ဝန်းကျင်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်သည့် (GSMA) ၏ အစီရင်ခံစာ အရ မိုဘိုင်းတယ်လီဖုန်း သိပ်သည်းဆ ၁၀ ရာခိုင်နှုန်း တိုးတက်သည့် အခါတိုင်း ကုန်ထုတ်စွမ်း အား ၄ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်သည်ကို တွေ့ရကြောင်း၊ ဆက်သွယ်ရေး ကဏ္ဍ ၌ေ ကျး လက်နေ ပြည်သူများအတွက် မိုဘိုင်းတယ်လီဖုန်းများ တိုးချဲ့တပ်ဆင် ပေးနိုင် သည်နှင့် အ မျှ နိုင် ငံေ တာ် ကဏ္ဍ အသီးသီး၏ တိုးတက်ဖွံ့ဖြိုးရေး လည်း အထောက်အကူ ဖြစ် လာ မည်ဖြစ်ေ ကြာင်း မြန် မာ့ ဆက် သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ထားသည်။ 
 

အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေး ဥပဒေကြမ်း ရေးဆွဲ သွားရန်ရှိ


မြန်မာနိုင်ငံရဲ့ အမျိုးသမီး များကို အကြမ်းဖက်မှုမှ ကာကွယ် စောင့်ရှောက်ဖို့ အတွက် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးဥပဒေကြမ်းကို ရေးဆွဲသွားဖို့ ရှိတယ်လို့ လူမှု ၀န်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီး ဌာနမှ ထုတ်ပြန်တဲ့ သတင်းများ အရ သိရပါတယ်။ အဆိုပါ ဥပဒေကြမ်း ကိုတော့ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးဆောင်ပြီး ကျား၊မ ရေးရာ တန်းတူ ညီမျှ ဖြစ်ရေး ကွန်ရက် အဖွဲ့နဲ့ ပူးပေါင်းပြီး ရေးဆွဲ လျက်ရှိနေ တယ်လို့ သိရပါတယ်။

ဧရာဝတီမြစ် ကော်မရှင်ဖွဲ့စည်းမည်

ဧရာဝတီမြစ် ကော်မရှင်ဖွဲ့စည်းသွားရန် ယနေ့ကျင်းပသော အမျိုးသားလွှတ်တော်တွင် အတည်ပြုဆုံးဖြတ် ခဲ့သည်။မြန်မာနိုင်ငံ၏ အမျိုးသားမြစ်ကြီး ဧရာဝတီထာဝရရှင်သန်စေရေးအတွက် 'ဧရာဝတီမြစ်ကော်မရှင်' ဖွဲ့စည်းဆောင် ရွက်သွားရန်အဆိုကို အမျိုးသားလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်က ယနေ့ အဆို တင်သွင်းသည်။ အဆိုကို လွှတ်တော်ကိုယ်စားလှယ်ခြောက်ဦးက ထောက်ခံဆွေးနွေးပြီး ပို့ဆောင်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးဟန်စိန် က ပြန်လည်ဆွေးနွေး ရာတွင် လည်း ကော်မရှင် ဖွဲ့ရန်ေ ထာ က် ခံခဲ့ကာ ၀န်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ပါဝင်ကူညီဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ဆွေးနွေး သွားခဲ့သည်။အဆိုကို မဲခွဲဆုံးဖြတ်ရာတွင် လွှတ်တော်ကိုယ်စားလှယ် ၁၉၆ ဦးရှိရာ တွင် ၁၇၀ ဦး ကေ ထာက် ခံပြီး၊ ကန့်ကွက်မဲ ၁၃ မဲ၊ ကြားနေမဲ ၇ မဲ၊ မဲမပေးသူ ၆ ဦး ရှိသောကြောင့် အဆို ကို အ တည်ပြုနိုင် ခဲ့ခြင်းဖြစ်သည်။
7DaysNewsJournal

ဆက်သွားချင်သေးတယ် ဆိုရင်