Pages

Saturday, February 2, 2013

သမ္မတကြီး ဦးသိန်းစိန်နှင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးဆန်းဆင့် တို့လူထု ထောက်ခံမှု ပိုမို ရရှိနေ

 

 
စစ်ယူနီဖောင်းချွတ်ပြီး တိုက်ပုံပြောင်းဝတ်ထားတဲ့ ထိပ်တန်းစစ်ဗိုလ်ချုပ်ဟောင်းတွေကို အများပြည်သူက ချစ်ခင်လေးစားမှု မပြ ခဲ့ ကြ ပါဘူး။ အခုတော့ တချို့ ဗိုလ်ချုပ်ဟောင်းတွေကို ပြည်သူအများအပြားက ချစ်နေကြပါပြီ။ မနှစ်က သမ္မတဦးသိန်းစိန် ထောက်ခံဆန္ဒပြပွဲတွေကို တွေ့ခဲ့ရပြီး ဒီနှစ်ထဲမှာတော့ ပြည်သူ့ထောက်ခံမှု ရနေသူကတော့ ဦးဆန်းဆင့် ဖြစ်ပါတယ်။ သူက ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌအဖြစ်ကနေ ဗဟိုအစိုးရအဖွဲ့ရဲ့ သာသနာရေးဝန်ကြီး ဖြစ်သွားသူပါ။

ငြိမ်းချမ်းရေး အတွက် မုံရွာမြို့ခံ တချို့ လိုင်ဇာမြို့ထိ လမ်းလျှောက်ရန် ထွက်ခွာ


The Voice

ချပ်သင်း ဘူတာ ဆီတွဲ တိမ်းမှောက်မှု ရထားလမ်းကွေ့ကြောင့် ဖြစ်



The Voice

မြန်မာနိုင်ငံတွင် အမြင့်ဆုံး ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော် တည်မည်



The Voice


လက်ပံတောင်း တောင် သံဃာများ မီးလောင်ဗုံးသင့်ခြင်းမဟုတ်ကြောင်း ဇာဂနာ သိသော်လည်း တရားဝင် ဖေါ်ပြခြင်း မပြုကြောင်း သိရ

လက်ပံတောင်းအရေးအခင်းနှင့် ပတ်သက်၍ ဆွေးနွေးပွဲလေး တစ်ခုကို လူအင်အား(၇)ဦးဖြင့် တည်းခိုနေထိုင်ရာ ရွာငံ့မြို့၊ ဈေးတန်းရပ်ကွက်ရှိ ပွဲစီစဉ်သူ တစ်ဦးနေအိမ်တွင် စကားဝိုင်းဆွေးနွေးပွဲ လုပ်ရာမှ ထိုစကား ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ခေတ်သစ် သားတရား စီရင်ခန်း ( သို့မဟုတ် ) KIO / KIA ဘီလူးမ လက်က ကချင် တိုင်းရင်းသားများ



မဟော်သဓာရဲ့ သားတရား စီရင်ခန်းကို အားလုံး ဖတ်ဖူးကြမှာပါ။ ဟိုတစ်ချိန်က ဒဿမ တန်းဖတ် စာပေါ့။
ဇာတ်တော်ရဲ့ ရှေ့ပိုင်း ဇာတ်ကြောင်း တွေဟာ အတော် များများက သိပြီးသား ဆိုတော့ အထွေ အထူး ပြောမနေ တော့ပါဘူး။ ကလေး တစ်ယောက်ကို ဘီလူးမက စားဖို့ရာ အတွက် ခိုးပြေးတယ်။ ဒါကို မိခင်ဖြစ်သူက သိသွားတဲ့ အခါ သူ့ကလေးကို ပြန်ပေးဖို့ တောင်းဆိုတယ်။ ဘီလူးမက ပြန်မပေးဘဲ မဟော်သဓာ ပညာရှိရဲ့ ဘုန်းသဘာ ၊ ပါရမီကိုလည်း ကြောက်ရှာတော့ သူသာလျှင် မိခင်အရင်း ပါဆိုပြီး လိမ်ညာ ပြောတယ်။ ဒီတော့ မဟော်သဓာက ကလေးကို အလယ်ခေါင် ကထား ၊ ပြီးတော့ ကလေးရဲ့ ခြေလက် တွေကို မိခင်အရင်းနဲ့ ဘီလူးမကို အသီးသီး ကိုင်စေပြီး “ကလေးကို ရအောင် ဆွဲနိုင်သူဟာ မိခင်အရင်းပဲ” ဆိုပြီး အားကုန် ဆွဲခိုင်းတယ်။
 

ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ များမှ ဒေသခံ ကချင် လူမျိုးများအား ဖမ်းဆီး ပြီး တပ်သားသစ် အဖြစ် သင်တန်းပေး



ကေအိုင်အေ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တွင် တပ်မဟာ ၅ လက်အောက်ခံ ရင်း ၃ ၊ လုံထန်စခန်းမှ ဗိုလ်အဆင့်ရှိ မထုနော် ဦးစီးအင်အား ၇ ဦးသည် လက်နက်ငယ်ကိုယ်စီဖြင့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်နေ့ ည ၉ နာရီ အချိန်ခန့်တွင် ဆမားဟော့ကျေးရွာရှိ ဒေသခံရွာသား (၁၈နှစ်မှ ၄၀နှစ်အတွင်းရှိ) လီဆူးနှင့် ကချင်လူမျိုး ၆ ဦးအား ကေအိုင်အေ တပ်သားသစ် အဖြစ် ဖမ်းဆီးခဲ့ပြီး လုံထန်စခန်း၌ ထိန်း သိမ်း ထားကြောင်း သိရှိရသည်။

ကာမိုင်း ဒေသခံ ပြည်သူ တို့၏ KIA အပေါ် နာကျည်းချက်များ တစ်နေ့တစ်ခြား တိုးပွားလျက်ရှိ


 
ကချင်ပြည်နယ်၊ ကာမိုင်း ဒေသမှာ KIA နဲ့ အစိုးရ စစ်တပ်တွေ တိုက်ပွဲ မဖြစ်ခင် အချိန် က  ဒေသ ခံ ပြည် သူ တွေ ပျော်ရွှင် စွာ နေခဲ့ရ သလောက် အခု ခါမှာတော့ နေ့စဉ် စိတ်ဆင်းရဲ နေကြရ ပါတယ်။ ကာမိုင်း ဒေသကို KIA တပ်ဖွဲ့ ၀င်တွေ ၀င်ရောက်လာပြီး ရဲစခန်းကို မီးရှို့ တိုက်ခိုက်၊ ရဲ တပ်ဖွဲ့ဝင် တွေကို သတ်ဖြတ် ပြီး အမျိုး သမီးငယ် တွေကို အတင်း အဓမ္မ အနိုင် ကျင့်ခဲ့တဲ့ အပေါ် ကာမိုင်း ဒေသက လူ ထုတွေ အလွန် ပဲ ဒေါသထွက် နာကျည်း လျက် ရှိပါတယ်။ 

စစ်သားမပီသလို့ ပုခုံးပေါ်က ခြင်္သေ့ကို ချပြီး ခြေထောက်နာ ခွပ်ဒေါင်း ထိုင်ကန်တော့သူ

From : မောင်နိုင်၊မောင်ခိုင်


ယခုတစ်ဖန် တာဝန်ကျ ရဲအရာရှိနှင့် အချေအတင် ပြောဆို၍ ငါ့ကို လက်ထိပ်ခပ် ဟု ပြောဆိုပြီး လက်ထိပ်ခတ် ရာ ငါလက်ကျပ်နေပြီ၊ ငါနာနေပြီဟု အသံပြာပြာဖြင့် အော်ပြီး လူကိုလူလို လုပ်ပါ၊ တိရစ္ဆာန်လို မလုပ်နှင့်ဟု ပြောဆိုနေသည့် ဗီဒီယိုဖိုင်အားတွေ့သဖြင့် ၄င်း၏ အကြောင်းအား ပြန်လည် ဖော်ပြပေးလိုက်ပါသည်။

ကချင် ပြည်နယ် ငြိမ်းချမ်းရေး ဝင်ရောက် လုပ်ကိုင်ရန် ဆန္ဒရှိ ဟု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဆို


ပြည်ထောင်စု ငြိမ်းချမ်းရေး ဗဟို ကော်မတီဝင် တစ်ဦး ဖြစ်သော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း သည် ကချင် ပြည်နယ် အတွင်း တပ်မတော် နှင့် ကေအိုင်အေ တို့ အကြား ဖြစ်ပွား နေသည့် ပြဿနာရပ် များကို ဖြေရှင်းရန် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ် များတွင် ပါဝင်ရန် ဆန္ဒ ရှိကြောင်း သတင်း မီဒီယာ များနှင့် တွေ့ဆုံစဉ် ပြောကြား လိုက်သည်။

ကချင် တိုင်းရင်းသား ဒေသခံတို့၏ ရင်ဖွင့်သံ



ကချင်ပြည်နယ်မှာ အစိုးရတပ်နှင့် KIA လက်နက်ကိုင်တပ်ဖွဲ့တိုအကြား တိုက်ပွဲဖြစ်ပွားမှုတွေ အချိန်ကြာ လာ တာနှင့်အမျှ ကချင်ပြည်သူလူထုတွေဟာ KIA အပေါမှာ တဖြည်းဖြည်း စိတ်ကုန်လာခဲ့ပါ တယ်။ တနိုင်းမြို့ နယ်မှ ဒေသခံပြည်သူတွေကတော့ ကချင်ပြည်နယ်အ တွင်း ငြိမ်းချမ်းရေးဖော်ဆောင် မှုအခြေအနေ မှာ အစိုးရဘက်က မကြာခဏကမ်းလှမ်းနေသော်လည်း KIA ဘက်မှ ခေါင်းဆောင်များက လိုလား စွားဖြင့်လက်ခံဆွေးနွေးမှုမရှိတဲ့အတွက် အခြေအနေတိုးတက်မှုမရှိကြောင်း၊ နိုင်ငံတော်အစိုးရနှင့် အခြား လက်နက်ကိုင်အဖွဲ့တွေ ငြမ်းချမ်းရေးဆွေးနွေးနေချိန်မှာ KIA ဘက်မှ မည်သည့်အတွက်ကြောင့် အစိုးရရဲ့ လက်တွဲခေါ်မှုကို အဘယ်ကြောင့်လက်မခံသည်ကို နားမလည်နိုင်ကြောင်း ဒေသခံတွေကပြောဆိုပါတယ်။

Eleven အတွက် တပ်မတော်အရာရှိကြီးတစ်ဦးမှ ပေးသောစာ


ကျွန်တော်ဟာ တပ်မတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိကြီး တစ်ယောက်ပါ။ နောက်တစ်ခု ၀န်ခံရ ရင် တော့ Eleven ရဲ့ ပရိတ်သတ်ဆိုလျှင် မမှားပါဘူး။ Eleven ကို ဘောလုံးဂျာနယ် ထွက်ကတည်းက အားပေး လာတာပါ။ လမ်းမှာ တွေ့လို့ ၀ယ်ရင်လည်း Eleven မှလွဲ၍ မည်သည့် ဂျာနယ်မှ မ၀ယ်ပါ။ ယခု အ ချိန် ထိ ရုံးမှာလည်း အားပေး ၀ယ်ဖတ်ဆုံးဖြစ်ပါတယ်။ ယနေ့ Eleven အရေးအသားနဲ့ တပ်မတော် အပေါ် အရေး အသားကို အကြံပြု ပြောချင်လို့ပါ။

ချင်း ပြည်နယ် အစိုးရက ပြည်သူထံ ရှေ့လုပ်ငန်းစဉ်များ ချပြ


ဇန္န၀ါရီလ ၂၉ ရက်နေ့က ချင်းပြည်နယ်ဝန်ကြီးချုပ် ပူးဟုန်းငိုင်းနှင့် ၀န်ကြီးများသည် ဒေသခံ ပြည်သူလူထု ထံ ရှေ့လုပ် ငန်းစဉ်များကို ရှင်းလင်းချပြကြသည်ဟု သိရသည်။ဟားခါးမြိ့တော်ခန်းမ တွင် ပြုလုပ်သော အဆိုပါ တွေ့ဆုံရှင်းလင်းပွဲသို့ ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြို့မိမြို့ဖများ၊ မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက် အဆင့် အုပ်ချုပ်ရေးမှူး များ စုံလင်စွာ တက်ရောက်ကြကြောင်း သိရသည်။


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ချက် ၆/၂၀၁၃ ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၈ နာရီတွင် နိုင်ငံပိုင် ရုပ်မြင်သံကြား သတင်းဌာနများမှ ထုတ်ပြ န်ေ ကြ ညာခဲ့ပါသည်။ 
 

ဟဲဟိုး လေဆိပ် အနီး အဲပုဂံ လေယာဉ်တစ်စင်း မတော်တဆ ဖြစ်ပွား သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ


စုံစမ်းစစ် ဆေးရေး အဖွဲ့ ဥက္ကဋ္ဌ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးဝင်းဆွေထွန်းက ယနေ့ နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့ရှိ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန လေကြောင်း ပညာ သိပ္ပံခန်းမ၌ ကျင်းပသည့် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က ဟဲဟိုးလေဆိပ် အနီး အဲပုဂံ လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း မတော်တဆမှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတွင် ပျံသန်းမှုဆိုင်ရာ မှတ်တမ်းများအား ကျွမ်းကျင် ပညာရှင်များဖြင့် အချက် အလက်များ ထုတ်ယူ သုံးသပ်ခဲ့ပြီး ပဏာမ စုံစမ်းစစ်ဆေးမှု အစီရင်ခံ စာကို ပြုစုခဲ့ကြောင်း၊ တွေ့ရှိချက် များအရ လေယာဉ်နှင့် စက်ကိရိယာ ချွတ်ယွင်းခြင်း၊ ဆီမ လုံ လောက်ခြင်း၊ ဖောက်ခွဲ ဖျက်ဆီးခံရခြင်း စသည် တို့ကြောင့် မဟုတ်ဘဲ ဆင်းသက်ရန် ချဉ်းကပ် လမ်းကြောင်းအတွင်း မြူ တိမ်ထု အား ဖြတ် သန်း စဉ် လေယာဉ် မှူး၏ အဆုံးအဖြတ် မှားယွင်း အားနည်းမှု ကြောင့်သာ လေယာဉ် မတော် တဆမှု ဖြစ် ပွားခဲ့ခြင်း ဖြစ်နိုင် ကြောင်း ပြောကြားခဲ့သည်
မြ၀တီ

ဆက်သွားချင်သေးတယ် ဆိုရင်