ကျွန်တော်ဟာ
တပ်မတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိကြီး တစ်ယောက်ပါ။ နောက်တစ်ခု ၀န်ခံရ
ရင် တော့ Eleven ရဲ့ ပရိတ်သတ်ဆိုလျှင် မမှားပါဘူး။ Eleven ကို
ဘောလုံးဂျာနယ် ထွက်ကတည်းက အားပေး လာတာပါ။ လမ်းမှာ တွေ့လို့ ၀ယ်ရင်လည်း
Eleven မှလွဲ၍ မည်သည့် ဂျာနယ်မှ မ၀ယ်ပါ။ ယခု အ ချိန် ထိ ရုံးမှာလည်း အားပေး
ဝယ်ဖတ်ဆုံးဖြစ်ပါတယ်။ ယနေ့ Eleven အရေးအသားနဲ့ တပ်မတော် အပေါ် အရေး အသားကို
အကြံပြု ပြောချင်လို့ပါ။
ယခု လက်ရှိအခြေအနေတွေကို ကြည့်တဲ့အခါ လူတွေအားလုံးက စစ်တပ်ကိုပဲ
လက်ညှိုးထိုးပြီး ပြောေ နကြ သည်လို့ ထင်ပါတယ်။ ထင်လည်း ထင်လောက်စရာပါ။ အခု
တပ်မတော်ထဲမှာ တာဝန် ထမ်းေ ဆာင် နေတဲ့ လူတော်တော်များများဟာ ဘာမှမလုပ်ခဲ့
ကြပါဘူး။ လုပ်ခဲ့တဲ့ သူတွေကလည်း ဘယ်နားမှာ ရှိ တယ်၊ ဘာတာဝန်တွေ
ထမ်းဆောင်ခဲ့တယ်၊ ဘာတာဝန်တွေ ထမ်းဆောင်နေတယ် ဆိုတာ သိကြမှာပဲ၊ ၂၀၁၅
ရောက်လို့ မည်သည့် အစိုးရ တက်တက် စစ်တပ်က သစ္စာရှိပြီး ပေးအပ်တဲ့ အမိန့်နဲ့
တာဝန်ကို ကျေပွန် စွာ ထမ်းဆောင်မှာပါ။ ဒို့တာဝန် အရေးသုံးပါးကို
ထိခိုက်စေမည့် အကြောင်းအရာများမှ လွဲ၍ ဖြစ် ပါတယ်။
လူဆိုတာ မိမိအဖွဲ့အစည်းကို မကောင်း ပြောဆိုပါက မကြိုက်ပါ။ ဓမ္မတာပါ။ အခုစစ်တပ်မှာ တာ ၀န် ထမ်းဆောင်နေတဲ့ အရာရှိငယ်တွေ ဆိုတာ ပညာတတ် လူငယ်တွေ ဖြစ်ပါတယ်။ နေ့တိုင်း မကောင်း ပြော ခံ ရပါက စိတ်ထဲမှာ ပေါက်ကွဲ ကြပါတယ်။ အင်တာနက်ဆိုတာ ယနေ့အချိန်မှာ ပေါပေါသီသီ သုံးနိုင် ပါတယ်။ မသုံးရလို့လဲ အမိန့်ထုတ်ခွင့် မရှိပါဘူး။ လုံခြုံမှု ရှိသော အချက်အလက်များ မပေါက် ကြားအောင် သာ ထိန်းသိမ်းဖို့ ပြောကြားလိုက်ပါတယ်။ စစ်တပ်ဆိုတာ တစ်ဦးတည်း ရှိနေတာ မဟုတ်ဘူး။ မိသားစု၊ အပေါင်း အသင်းတွေ ရှိကြပါတယ်။ အကုန်လုံး Online ပေါ်ရောက်ရှိ မကြေနပ်တာတွေ ရင်ဖွင့်တယ်။ ပေါက် ကွဲ ကုန်တယ်။ နိုင်ငံရေးအရ ထိုးကျွေးခံပြီး သေကြေဒဏ်ရာရပြီး အကောင်း ပြောမခံရတာ တွေကို မုန်း လာတယ်။ ဒါ အခြေခံတရားပဲ။
ဒါဆိုရင် ဘာလုပ်ကြသလဲ? စစ်တပ်ကို ဖျက်ပစ်မှာလား? ကာချုပ် အငြိမ်းစား ယူရင် နောက်တစ်ေ ယာက် လာဦးမှာပဲ။ စစ်တပ်က အမြဲတမ်း ရှိပြီး တိုင်းပြည် တာဝန်ကို ထမ်းဆောင် နေဦး မှာပဲ။ စစ်တပ်က လူတွေ အခုချိန် စိတ်ထဲမှာ ခံစားနေရတာ တစ်ခုကတော့ အနှိမ်ခံရတယ်။ စစ်တပ် ကို မကောင်းပြောပြီး လုပ်စားနေကြတယ်လို့ မြင်တယ်။ အဲဒီ အမြင်ကို ဒီထက် ၀ါမကြီးစေချင်ပါဘူး။ ဒါေ ကြာင့် အပြုသဘော ဆောင်တဲ့ အရေးအသားတွေကို ထားပြီး အကြံပေးရင်တော့ ကောင်းမယ် ထင် ပါ တယ်။
From:[_ Opposite Eye_]
(မောင်ကျောက်ခဲ အဖွဲ့)
တပ်မတော်သား တစ်ယောက်မဟုတ်ပါဘူး။ သူငယ်ချင်းစစ်ဗိုလ်တစ်ယောက်နှစ်ယောက်ဘဲရှိပါတယ်။ သို့သော် common sense ရှိတဲ့ သာမာန် ပြည်သူလေးတစ်ယောက်အနေနဲ့ ကြည့်နေတာ၊ ကြာလာတော့ သိလာခဲ့ပါပြီ။ စစ်သားတွေက ဘုရင့်နောင် လက်ထက်ကတည်းက ယနေ့အထိ မြန်မာနိုင်ငံတော်ကြီးအတွက် ရခဲတဲ့ ကိုယ်လက်အင်္ဂါ၊ အသက်တွေကို မိသားစုအရေးကိုထည့်မတွက်ဘဲ..တကယ်ပေးဆပ်ခဲ့ကြတာပါ။ သူ့ကျွန်ဘ၀ကလွတ်မြောက်ရေး၊လွတ်လပ်ရေးရဖို့၊ ကွန်မြူနစ်တွေအောက်မှာ ကမ်ပူချားလို စိစိညက်မကြေသွားဖို့၊ ကမ္ဘာ့စံချိန်တင်သူပုန်ပေါင်းများစွာကို ရင်ဆိုင် တိုက်ခိုက်ပြီး ( အဆိုပါ Voice နဲ့ 11 ဂျာနယ်က မိသားစုတွေ အေးအေးချမ်းချမ်းအိပ်စား လို့ရအောင်၊ပြေးလွှားနေရတဲ့ဘ၀မကျရောက်အောင် ) လုပ်ပေးခဲ့ကြတာပါ။ ဒါတွေကို သိသိကြီးနဲ့.. သူပုန်အကောင်း၊ နိုင်ငံခြားကလူတွေအကောင်း၊ တပ်မတော် အသုံးမကျ၊စစ်သားတွေ သေကြပါစေကွာ ဆိုတဲ့ မစ္ဆရိယ စိတ်တွေနဲ့ ၊တပ်မတော်မရှိအောင်..တိုင်းပြည်ဂျောက်ထဲကျအောင် ဘာလို့ကြံဆောင်နေတာလဲဆိုတာစဉ်းစားလို့ကိုမရပါဘူး။ ဒီလူတွေပညာတတ်တွေပါ။ တပ်မတော်မဲ့..တိုင်းပြည်ပျက် ရင် သူတို့ရော အေးအေးချမ်းချမ်းလုပ်ကိုင်စားလို့၇ပါ့မလားဗျာ။ ဂျပန်ခေတ်ကလို ကင်ပေတိုင် စကားပြန်လုပ်စားပြီး၊ သူပုန်ကိုကပ်၊ ကျူးကျော်သူတွေကို ကပ်ယပ်ဖားပြီး..ကိုယ့်မြန်မာပြည်သူလူထုတိုင်းရင်းသားတွေအပေါ်ထပ် ဂုတ်သွေးစုတ်၊ရက်စက် ၊အနိုင်ကျင့်ဖို့များ အစီအစဉ်တွေကျကျနနဆွဲထားသလားဗျာ။ သေချာတာကတော့..စစ်သားလေးတွေ ညှပ်ဖိနပ်နဲ့ သဲဝဲစား မိုးထဲလေထဲ အသက်စွန့် ပေးဆပ်ကာကွယ်နေတဲ့အချိန်မှာ အဲဒီ့ Voice တို့ 11 တို့ဟာ သူတို့အိတ်ထဲက ၅ ပြား အကုန်ခံပြီး တိုင်းပြည်အတွက်မပေးဆပ်ခဲ့ကြဘူးဆိုတာပါဘဲ။ ပြည်သူတွေကို မှိုင်းတိုက်၊ လူတကာကို ဂျာနယ်ကတစ်ဆင့်အပုတ်ချ၊ ထမင်းအိုးတွေရိုက်ခွဲ ပြီး အကုသိုလ်ပေါင်းများစွာကို နေ့စဉ်ယူပြီး။ ရလာတဲ့ ချီးလောက်မှတန်ဖိုးမရှိတဲ့ ဂျာနယ်ရောင်းလို့ရတဲ့ ပိုက်ဆံတွေနဲ့ ချမ်းသာ။ဇိမ်ရစ်ပြီး တိုင်းပြည်ကို သစ္စာဖောက်နေကြတဲ့သူတွေဘဲလို့ ဆိုချင်ပါတယ် ခင်ဗျာ။
ReplyDeletethe above-stated text is not my own writing but just copied from the blog of (http://www.mgkyautkhae.com/ )
ReplyDelete