Pages

Tuesday, April 9, 2013

လင်းယုန် နဂါး မာဖီးယား ကစားတဲ့ကွင်း မြန်ပြည် ဖြစ်နေခြင်း

မြောက်ကိုးရီးယား ပဋိပက္ခသည် ဘယ်သူကစပြီး ဘယ်သူက ကြိုးကိုင်နေသလဲ ထဲထဲ ၀င်ဝင် ဘယ်သူတွေး သလဲ ပြောရရင် ကြောင်ကိုဘယ်သူခြူဆွဲပေးနေသလဲ ကိုပွကြီးရဲ့ အာရှပစ္စိဖိတ် ခြေဆန့် လက်ဆန့် မ ဟာ ဗျူဟာ အခင်းအကျင်းအတွက် ကင်စမောလ်လေး ကို တိုက်ချင်းပစ် ဒုံးစမ်းလာအောင် ကုလနဲ့တည်ပေးပြီး ပူတင်တို့ ရှီကျင့်ဖျင်တို့ကိုလည်း မငြင်းသာ ခွာပြဲ တောင်ဘက်က မမတို့ဆီက ပိုက်ဆံလည်းရ မဟာ ဗျူဟာ လည်းဂွင်အကျ စစ်ရေးလေ့ကျင့်မှုကို ရန်စသလိုဖြစ်အောင်လုပ်ပြ ဒါသေချာကြည့်ရင် calendar ကျ ရိုက် ကွက် ဆို တာ မြင်လာရသလိုပါပဲ။

ကိုကြီးပွရဲ့ ကမ္ဘာ့အဆင့် ၁ ကလျှောမကျရေးနောက်ဆုံးဆေးလည်းဖြစ် ပေါက်ဖော်နဂါးကြီးကို ၂၀၅၀ မှာကျော်တက်မလာအောင် ဒီမတိုင်မီ ဆွဲချထားနိုင်ဖို့ နဂါးခြေနဂါးလက်တွေကိုချုပ်ထားနိုင်ဖို့ ဆိုရင်အာရှပစ္စိဖိတ် နဂါးထိန်းချုပ်ရေးမဟာဗျူဟာအတွက် ကင်စမောလ်လေးဟာ အစပျိုးဖို့အကောင်းဆုံး hard. attack ဖန်တီးမှုတစ်ခုဆိုတာပေါ်လာသလို သေချာပြန်စဉ်းစားရင်သူများတွေကိုဘေးဘီ ပဲကြည့်နေေ တာ့ ကိုယ့်ကိုကိုယ်မမြင်သလိုဖြစ်နေတြယ်လို့ ထင်ပါတယ်။ ပြန်ကြည့်ရင် ကိုကြီးပွ စခဲ့တာ မြန် မာနိုင်ငံ လို့ဆိုရင် မလွဲနိုင်ဟုဆိုရမည့် Soft power ဖြင့် စတင်နေခြင်း ဟုဆိုပါမည်။

ဘာကြောင့်ပါလဲ။မြန်မာနိုင်ငံ အပြောင်းအလဲဟာ ဘပြောင်တကယ်လုပ်နေသလို ကိုကြီးပွ ဟာ ၂၀၀၈ ကစလို့ ၂၀၁၀ အရွေ့ ဒီနေ့ထိ အရင်အနေအထားနဲ့ပြောရရင် ကိုကြီးပွကျေနပ်လက်ခံမှာမဟုတ်ပါ။ဒါပေမဲ့ ကိုကြီးဟာ မထင်မှတ်လောက်အောင်ပဲ strategy ပြောင်းပြီး ခြင်္သေ့ခေါင်းထွက် အာဏာစက်ရလာတာကို အားပေးကူထောက် မာမီစုပါ လွှတ်တော်ထဲရောက်အောင်တွန်းပို့ခဲ့တာ ဒါ အိုဘားမားရဲ့ Smart. Power အခင်း အကျင်းလို့ မြင်မကြည့်သင့်ဘူးလား စဉ်းစားကြပါ။ ဒီနေရာမှာ မဟာဗျူဟာ ထဲမှာ  မြစ်ဆုံကစလို့.  ကေအိုင်အေနဲ့လုံးနေရတာ ကျောက်ဖြူပိုက်လိုင်း  လက်ပံတောင်း  ဒီအပြောင်း ဒီအတောင်းတွေ ဟာ ဖြုတ်သာသာ အကာလောက်ပဲရှိတဲ့ ရှစ်ပူး ဗကသ ဘက ဒီငပွတွေရဲ့ ဦးဏှောက်က ထွက်နေ တာ ထင်ရင်မှားမယ်လို့ထင်ပါတယ်။

ပြန်ကြည့်ပါ ကိုကြီးပွဟာ မဟာဗျူဟာ တစ်ချက်မှားသွားလို့ ကုလားနဲ့စပေးခဲ့တဲ့မီးကြောင့် ဒီနိုင်ငံဒီလောက် တည်ငြိမ်နေတာပါ။အကယ်လို့များ  ကုလားနဲ့မမဟုတ်ဘဲ တရုတ်နဲ့သာမီးမွှေးပေး လိုက်ရင် ကေအိုင်အေ နဲ့တောင်ဖြစ် ချိန်မရဘဲ နဂါးနဲ့ ၂ ပါးသွားနေရလောက်တာကြာပေါ့။

နောက်ထပ်စဉ်းစားစရာ၂ခုလောက်ပြောချင်ပါသေးတယ်။ဂျော့ခ်ျဆိုးရော့ မပါဘဲ ကမ္ဘာ့ဘဏ်ပြဿနာ မပြေနိုင်ပါ ထို နည်းတူစွာ ဂျော့ခ်ျဆိုးရော့ မကူဘဲ  ဆူတာလှူတာ ပွင်လင်းတာတွေ လိုက်မဟောနိုင်ပါ။ ဒါကြောင့် tiger ယောင်ဆောင်နေတဲ့ pond ကလေးတွေဖြစ်တဲ့ ဟော ပြော ဖွ ဆွ ပြ လုပ်နေကြတာဟာ ရိုးသားပါသလား ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းက ဘယ်လိုကြိုးကိုင်နေတာလဲ ဆိုတာ သာမြင်ကြည့်ကြမယ်ဆိုရင်-----

ကဲမေးပြီဗျာ ခင်ဗျားတို့. ((((  ပါတီများ အမတ်များ နိုင်ငံရေးသမားဆိုသူများ  လက်နက်ကိုင်အဖွဲ့များ  ဟိုအော် ဒီအော် များ ကိုထောင်ထွက်များ ဟိုအဖွဲ့ ဒီအဖွဲ့များ   ၀ါဝါမြင်တိုင်းရွှေမဟုတ်သူများ  ---ပြည် တွင်းပြည် ပပြည်ချစ်သူများ ----စသော )))) ဒါတွေစဉ်းစားပြီးပြီလား ဘာဆက်လုပ်ကြမှာလဲ? ???

နောက် ၁ ချက် ---ပါးရိုက်ခဲ့တဲ့ ဂျပန်၊  စောင့်ကန်ခဲ့တဲ့ဂျပန်၊   လက်သည်းခွံ ခွာခဲ့တဲ့ဂျပန်၊ ကိုကြီးပွကို မလှန် ရဲ တဲ့  ဂျပန်  တစ်ဖန်ပြန်ပြီးကူညီနေပြန်ပြီ။ ပြန်စဉ်းစား ဗိုလ်ချုပ်တို့ အင်္ဂလိပ်ကိုတော်လှန်ဖို့. စစ်ပညာ သင်ပေး ထောက်ပံ့ပေးခဲ့တဲ့ဂျပန် ခုတစ်ဖန်ပြန်ပြီး ထောက်ပံ့ပေးပြန်ပါပြီ ကျေးဇူးတင်စရာ ထင်ရပေ မဲ့ မြင်ရတာ ရဲ့နောက်ကွယ်က မမြင်ရ သောလက်များလို့ဆိုရမဲ့ ကိုကြီးပွရဲ့ လက်ပွားတွေ များမဖြစ်နိုင် ဘူး လား သူကလည်း နဂါးကိုတွယ်ချင်သူပဲလေ သေချာတွေးလေ. ဟုတ်သလိုဖြစ်လေပါပဲ။

ဘပြောင်ကို အကြွေးတွေဆပ်ပေးပြီး ကျေးဇူးတင်မျက်နှာနာအောင်လုပ်ပီး တစ်ဖက်မှာ UNFC. ကိုစင်တင်ပေး အကုန်ထောက်ပံ့ပေးနေတာ စစ်ရေးက ကိုကြီးပွ နဲ့တစ်မျိုး ကိုယ်တိုင်တစ်ဖုံ  ကေအိုင်အေ. နဲ့  UNFC. ကို ရဲဘော်သုံးကျိတ်စတိုင် မြန်မာပြည် ပြည်ထောင်စုကခွဲထွက် အသက်ဆက်ပေးနေတာ ဗိုလ်တို့အင်္ဂလိပ်ကိုတော်လှန်ဖို့ ကြိုးစားခဲ့တဲ့ပုံစံနဲ့ သဏ္ဍန်တူနေတာဟာ ခဲတစ်လုံး ငှက် ၂ကောင် ဗမာ ၁ကောင် နဂါး ၁ကောင် ပစ်တာများလား ။

စဉ်းစားကြည့်သင့်သလားလို့ပါ။

လင်းယုန်နဲ့ မာဖီးယား ပေါင်းထားတဲ့ဆေးခါး မှားမသောက်မိစေဖို့ ဘပြောင် ဘအောင် တို့အခင်းအကျင်း ဘမန်းတို့ ဆွဲသွင်းကာရှင်းပါမှ သာယာလှပခြင်းဆိုတာတွေ မြန်ပြေမှာ ရနိုင်သလို စစ်တပ်ကို ပဲဗျင်းနေကြတာဟာလည်း Smart. Power. အခင်းအကျင်းလို့ပဲထင်မိတာမို့။

ဒီတစ်ခါ  KIA.ရဲ့  C4U+S. အခင်းအကျင်းနဲ့ဆွေးနွေးမဲ့အရေး မတိုင်မီ လွှတ်တော် --- ဗျို့.လွှတ်တော်လို့ လွှတ်အော်ပြီးဇွတ်ခေါ်ကာ မြန်ပြည်အနာဂတ်အရေး လေးလေး နက်နက်တွေး အပြေးတက်ကလေးနဲ့

အရေးကြီးအဆို---
အရေးကြီးအဆို---

C4U + S တောင်ပါသေးတာ လွှတ်တော်ဟာဘာမို့ချန်ထား ပြည်သူ့ ကိုယ်စား လှယ် ပြည် သူ့ ဆန္ဒ ပြည်သူ့သဘောထား ပြည်သူ့ လိုအပ်ချက် C4U + S အထက်မှာ လွှတ်တော် မပါရင် မြန်ပြေ တစ်ပိုင်းတစ်စ စတောင်းကြခွဲကြမဲ့ အရေးထာဝရငြိမ်းချမ်းရေး လွှတ်တော်ပါဝင်ရေး အရေးပေါ်ခေါ်. တင် သွင်းတော် မူကြပါဗျို့.

မောင်မြန်မာ

KIA နယ်မြေအတွင်း အမေရိကန်များ ၀င်ရောက်ခဲ့ခြင်း ကြောင့် တရုတ် အစိုးရ က KIA ကို ဖြေရှင်းချက်တောင်း

KIA ဌာနချုပ်ရှိရာ လိုင်ဇာသို့ တရုတ်မှတဆင့် အမေရိကန်နိုင်ငံ မှလူများ ၀င်ရောက်လာသောကြောင့် KIA ကို တရုတ်အစိုးရမှ ဖြေရှင်းချက်တောင်းထားကြောင်းသိရှိရပါသည်။ အမေရိကန်နိုင်ငံခြားရေးဌာန၊ အာ ရှဒေ သ တိုင်းရင်းသား လူမျိုးစုရေးရာဌာနမှ အထူးအကြံပေးအဖွဲ့ဝင်များသည် ပြီးခဲ့သောလအတွင်းက လိုင်ဇာသို့ ၀င်ရောက်ခဲ့သည်။ အဆိုပါအဖွဲ့အား တရုတ်နိုင်ငံ မန်ရှီမြို့မှ လိုင်ဇာသို့သွားလာနိုင်ရေးအတွက် ကူညီခဲ့သော တရုတ်နိုင်ငံသား၊ ကချင်လူမျိုး ၂ ဦးအား ယူနန်ပြည်နယ်အစိုးရမှ ဖမ်းဆီး ထားကြောင်း သတင်း များထွက်ပေါ်လာပြီးနောက် KIO အဖွဲ့ အား ယူနန်ပြည်နယ် အစိုးရက လာရောက်ဖြေ ရှင်းရန် တောင်းဆို ထားကြောင်းသိရှိရသည်။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့လိုင်ဇာ ကချင်ဌာနချုပ်သို့ တရုတ်အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ တရားမ၀င် ၀င်ရောက်ခဲ့မှုကြောင့် KIO အဖွဲ့အပေါ် တရုတ်ခေါင်းဆောင်ပိုင်းက အမြင်မကြည်မှုများ ပိုမိုတိုးပွား လာခဲ့သည်။ KIO အနေဖြင့်လည်း မြန်မာအစိုးရနှင့် တရုတ်အစိုးရတို့ နီးနီးကပ်ကပ် ဆက်ဆံနေမှု များကြောင့် အမေရိကန်ထံတဖက် လှည့်ချဉ်းကပ်ခြင်းဖြစ်သည်။ အမေရိကန် အထူးအကြံပေး အဖွဲ့ဝင်ရောက်ခဲ့သည့် လမ်းကြောင်းအား ယူနန်ပြည်နယ် အစိုးရက ပြန်လည် စစ်ဆေး မေးမြန်း မှုများ ပြုလုပ်လျက်ရှိပြီး KIO အဖွဲ့၏ ဖြေရှင်းချက်ကို စောင့်ကြည့်လျက် ရှိကြောင်း ဌာနချုပ် ရှိ တပ်ဖွဲ့ဝင် တစ်ဦး ပြောဆိုမှုအရ သိရှိရ ပါသည်။

ကေအိုင်အေ ဧ။် C4U +S. မဟာဗျူဟာအခင်းအကျင်း

ထူးခြားသောသတင်းလား ? ဦးအောင်မင်းရဲ့ ထာဝရငြိမ်းချမ်းရေးမဟာဗျူဟာကို ကေအိုင်အေမှ C4U ( China, UN,US,UK,UNFC) နိုင်ငံရေး မဟာဗျူဟာအခင်းအကျင်း အသစ်ဖြင့် နှစ်သစ်တွင် စီအိုင်အေ အဖွဲ့ နောက်ကွယ်မှ  Invisible  Hand အဖြစ် ဂျပန်အစိုးရကို အသုံးချပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း ထူးခြားစွာ မထင်မှတ်ဘဲကေအိုင်အေအတွင်းစည်းမှ အလွန်ရင်းနှီးသော ကျောင်းနေဖက် တစ်ဦး မှ ပြောသည်ဟု နမ့်ခမ်းသစ်ကုန်သည် တစ်ဦးထံမှကြားသိရသလို ပိုပြီးထူးဆန်းသည်မှာ ၄င်းတိုက်ကွက်တွင် အမေစု ကို အတွင်းစည်းမှပါဝင်ပေးဖို့ညှိနှိုင်းမှုပြုလုပ်နေသည်ဟု သိရပါသည်။ အမေစု က လည်းဂျပန် ခရီးစဉ်ရှိနေသလို ဆွေးနွေးဖို့ရက်နောက်ဆုတ်ထားတယ်ဟု ကိုလနန် ကပြောတာကြောင့် သို့လော သို့လောဖြစ် စရာဟုထင်ရသည်။ကေအိုင်အေမှ အရှေ့တီမော စတိုင် C4U+S (စု) ကိုတိုင် တည်တောင်း ဆိုပြီး လက် ရှိအစိုးရပြုတ်ကျသည်အထိ မဟာဗျူဟာရည်မှန်းချက်ဖြစ်တယ်လို့ ထူးထူးခြားခြား ကြားမိသည့် အတွက် စိတ်ဝင်စားစရာကောင်းလာသော ကစားပွဲဖြစ်လာမည်ဟု ထင်ရသည့် အတွက် မဖြစ်မနေစောင့် ကြည့်သင့်သော နှစ်သစ်ပွဲတစ်ပွဲဖြစ်လာနိုင်သလို ကေအိုင်အေ နဲ့ ဦးအောင်မင်း ဘယ်သူ သာမ လဲစောင့်ကြည့်ကြရအောင်။ ခရီးသွားဖို့ရှိ သဖြင့် အကျယ် မဆွေးနွေးနိုင်တော့ပါ။ သိတတ် ထင်မြင် ကြား သိသူများဆက်ဆွေးနွေးကြပါရန်။


တို့မီး ရှို့မီး

"အစ်ကိုကြီးရေ၊ အခုတလော တို့မီး ရှို့မီးတွေက သိပ်များနေပါလားဗျာ" ဆိုသံနဲ့အတူ ပေါ်မလာ တာ အတော် ကြာပြီဖြစ်တဲ့ တပည့် မောင်ဆိတ်သိုး ရောက်လို့လာပါတယ်။

"ဟေ့ကောင်၊ သူ့ဟာသူ ဗလီမှာ ၀ိုင်ယာရှော့ဖြစ် လောင်တဲ့မီးပါလို့ တာဝန်ရှိသူတွေအားလုံးက ပြောနေ ရက်နဲ့ ဘာကိစ္စ တို့မီးရှို့မီးလို့ မင်းကပြောရတာလဲ။ မင်းလည်း ဒီလိုပြောဖို့ နိုင်ငံခြား က အထောက် အပံ့ တစ်ခုခု ရထားတယ် ထင်တယ်"လို့ ခွပ်လိုက်တော့ သူက စိတ်တွေဆိုးပြီး

"အစ်ကိုကြီး က ဘာစကားပြောတာလဲ။ ကျွန်တော်ပြောချင်တာက ပြဿနာ တစ်ခုခုမဖြစ်လိုက်နဲ့၊အဲ ဒီပြဿ နာကို ကြီးသထက်ကြီးအောင်၊ ရှုပ်သထက်ရှုပ်အောင် လုပ်ချင်သူတွေများတယ်။ ဘာဖြ စ်ဖြစ် ကော လဟာ လတွေနဲ့ ပြဿနာ ကိုဖန်တီးဖို့ ကြိုးစားနေကြတယ်လို့ ပြောတာ" ဆိုပြီးရှည်ရှည်ဝေးေ ၀း ရှင်းပြမှ မာဂျေ လည်း

"မသိဘူးလေကွာ။ မင်းက အရင်းမရှိ အဖျားမရှိ၊ တို့မီးရှို့မီးတွေများတယ်ပြောလို့။ အင်တာနက်ထဲက မ ဟုတ် တာတွေဖတ်ပြီး ကောလာဟလဖြန့်တဲ့အထဲ မင်းပါ ရောပါနေပြီထင်တာ"

"သွားစမ်းပါ၊ကျွန်တော်က ဒေါ်လာမရသေးလို့(အဲလေယောင်လို့)တိုင်းပြည်ကို မီးရှို့နေတဲ့အထဲ မှာ ကျွန်ေ တာ် မ ပါ ဘူး။ ကျွန်တော်သိချင်တာက သက်ဆိုင်ရာက အဖြစ်မှန်ရှင်းပြနေရက်နဲ့၊ အဖြစ်မှန်ကို လည်း သိရက်နဲ့ ဘာလို့ မျက်စိမှိတ်ပြီး ဇွတ်မဟုတ်တာအော်နေကြသလဲ ဆိုတာပါ"

"မင်း သတိထားကြည့်ရင် တွေ့လိမ့်မယ်။ ပြည်တွင်းမှာ ခေါင်းဆောင်တွေ စည်းလုံးနေတာ၊တိုင်းပြည် မှာ ပြဿနာ ခက်ခက်ခဲခဲတွေကို ညီညီညွတ်ညွတ်နဲ့ ဖြေရှင်းနိုင်တာမျိုးဆိုရင် ကောင်းလိုက်တာ၊ ဒီလိုမှ တိုင်းပြည်တိုးတက်မှာပေါ့လို့ ပြောတဲ့အသံ အဲဒီလူတွေဆီက မင်းကြားဖူးသလား"

"အဲဒီလိုတော့ မကြားဖူးဘူးဗျ။ ဧကန္တ ဒီလူတွေက ကောင်းတာဆို မမြင်ရမကြားရတဲ့ ပြိတ္တာတွေများ ဖြစ်နေ သလား"

"ဟာ ဟာ ဟ ဒါတော့ ငါလည်း မလျှောက်တတ်ဘူး။ ဒါပေသိ ပြည်တွင်းမှာ နေရာပျောက်သွားတဲ့နိုင်ငံရေး သမားတချို့ရယ်၊ တကယ်အနစ်နာခံခဲ့ရတဲ့သူတွေ နာမည်ကြီးသလို ဖြတ်လမ်းက နာမည်ကြီးချင် သူ တချို့ရယ်၊ ငွေပေါပြီး ဘာမှသိပ်မစဉ်းစားဘဲ မျက်ရည်ထိုးခံလိုက်တာနဲ့ ဒေါ်လာလှူနေတဲ့သူတွေရယ်၊ ဒီ တိုင်းပြည်မှာ ရည်ရွယ်ချက်ရှိရှိ သူတို့ဖြစ်စေချင်တာ ဖြစ်အောင်လုပ်နေတဲ့သူတွေရယ်ပေါင်းမိပြီး ဒီ လိုဖြစ်လာတယ် ထင်တာပဲ။ အဓိကကတော့ကွာ ပလက်ဖောင်းပျောက်သွားတဲ့သူတွေမွှေးနေတဲ့ မီးတွေပေါ့"
 
"အစ်ကိုကြီး၊ တိုးတိုးဗျ၊ တော်ကြာ ခင်ဗျားကြီးကိုပါ တွယ်နေကြဦးမယ်"

"တွယ်ပါစေကွာ၊ သူတို့ကြည့်မရရင် ထောင်ခဏခဏကျတဲ့ ဘုန်းကြီးကိုတောင် စစ်ထောက်လှမ်ရေးကပါ လို့ ပြောနေ ကြတာပဲ"

"အဲဒီလို မဟုတ်တရုတ်ပြောတဲ့အထဲမှာ ပြည်တွင်းက တရားဝင်ထုတ်နေတဲ့ မီဒီယာတချို့လည်း ပါတယ် ဗျ။ တလောက ဆောင်းပါးတစ်ပုဒ်ဆိုရင် ရဲကို တစ်ချိန်လုံး ပုလိပ် ပုလိပ်နဲ့ ရေးထားတာတောင် ဖတ်မိေ သး တယ်"

"တချို့ကျတော့လည်း ပုဂ္ဂိုလ်ရေး အာဃာတတွေကို စာမျက်နှာပေါ်ကနေ အခုမှပြန်ပြီး လက်စားချေနေကြ တာပေါ့ကွာ။ စာစောင်တွေဖတ်လိုက်ရင် ဒီစာစောင်က ဘယ်သူ့အတွက်ရေးနေတာလဲ။ဘယ်သူ့ကို မသိမသာ တင်ပေးနေတာလဲ၊ ဘယ်သူ့ကို မသိမသာ ချောက်ချ နေတာလဲဆိုတာအသိသာကြီး"

"မြန်မာတိုင်းရင်းသား မည်သူမဆို သတင်းစာ လွတ်လွတ်လပ်လပ်ထုတ်လို့ ရတဲ့ခေတ်လည်းရောက် လာပြီ။ အဲဒီလို နောက်ကွယ်က ငွေကြေးအထောက် အပံ့တွေနဲ့ သတင်းစာတွေထုတ်ပြီးနိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေးတွေ တို့မီး ရှို့မီးလုပ်မှာကိုတွေးပြီး ရင်လေးလိုက်တာဗျာ။ အခုလည်း သတင်းစာ ထုတ်ခွင့်တင် ထား တဲ့ တချို့လူတွေဆို ကြားတောင် မကြားဖူးဘူး"

"အဲဒီ တို့မီးရှို့မီးထက် လျှပ်စစ်မီးပျက်လို့ ဖယောင်းတိုင်ထွန်းရာက လောင်မယ့် မီးကို အရင်သတိထားဦး လို့ ပြောလိုက်မှ၊ အောင်မယ်လေး အိမ်မှာ ထမင်းအိုးတည်ရင်း မီးပျက်လို့ ဒီအတိုင်းထားခဲ့မိတယ်" ဆိုပြီး ထပြန်ပြေးသွားပါလေရော။

အော် မီးဆိုရင် ဘယ်မီးမှမကောင်းပါလားနော်။

မာဂျေ (Myanmar Times)

နမ့်ခမ်း ပန်းဆေးပြည်သူ့စစ်တပ်စခန်း တိုက်ခိုက်ခံရ

ယနေ့နံနက်ပိုင်း၌ ပန်းဆေးပြည်သူ့စစ်တပ်စခန်းအား တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုဟု ယူဆရ သည့် အ ဖွဲ့က သွားရောက်တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု နမ့်ခမ်းရောက်ပန်းဆေးဒေ သခံများ က ပြောပြ ပါ သည်။

“ဒီမနက် ၄ နာရီကနေ မနက် ၈ နာရီလောက်အထိ သွားတိုက် တယ်။ နောက်မွန်း တည့်ချိန်မှာ နောက် တကြိမ် ထပ်တိုက်ပွဲဖြစ်တယ်။ ပန်းဆေးဘက်မှာဘဲ။ စခန်းကိုမီး ရှို့ပြီး ပြန်ထွက်သွားတော့ အဲဒီလာတို က်တဲ့အဖွဲ့က သျှမ်းတွေ၊ ပလောင်တွေ၊ ကချင်စကားတွေ ပြောတယ်လို့တော့ ပြောတာဘဲ ဒေသခံတွေက” - ဟု ဒေသခံ နမ့်ခမ်း သျှမ်းနိုင်ငံရေးပါတီဝင် စိုင်းခမ်းလုံ ကပြောပါသည်။

ယနေ့နံနက် (ဧပြီ ၈ ရက် ၂၀၁၃) ပိုင်း၌ အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့က နမ့်ခမ်းမြို့ အရှေ့ တောင်ဘက် ၁၅ မိုင် ခန့်ဝေးသည့် ပန်းဆေးကျေးရွာအုပ်စုရှိ ပန်းဆေးပြည်သူ့စစ်တပ်စခန်းအား တိုက်ခိုက်ခဲ့ ကြောင်း၊ ပန်းဆေးဒေသရှိ တာ့ပန်းကုန်း နှင့် ရှောက်ပန်းကုန်း ရှိ တပ်စခန်းသုံးခု အနက်နှစ်ခုအား မီးရှို့ဖျက်စီး လိုက်ကြောင်း၊ သေကြေဒဏ်ရာရှိမှုလည်း ရှိကြောင်း ဒေသခံ များပြောပြ ချက်အရ သိရပါသည်။

“စခန်းနှစ်ခုက ပြည်သူ့စစ်တွေနေတဲ့ စခန်းမဟုတ်ဘူး။ ဘိန်းချက်စခန်း၊ ယာဘ၊ ဘိန်းဖြူလုပ်တဲ့စခန်းတဲ့။ အဲဒါကြောင့်မီးရှို့ပစ်လိုက်တာတဲ့” - ဟု တပ်ပေါင်းစုနှင့် နီးစပ်သူ ဒေသခံတဦးကပြောပါသည်။

“နမ့်ခမ်းဆေးရုံမှာ အခုချိန်အထိ (၁၅ နာရီခွဲ) လူနာတွေရောက်လာတာတော့မတွေ့ရဘူး။ မြို့မပြည်သူ့စစ် တပ်ဖွဲ့ကတော့ လက်နက်အပြည့်နဲ့ အသင့်ပြင်ထားတယ်။ အစိုးရစစ်ကြောင်းကိုစောင့်နေတာတဲ့။ စောင့်နေ တုန်း ပဲ ။” - နမ့်ခမ်းသား စိုင်းရီလုံး က ပြောပါသည်။

ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့သည် ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ ပြည်နယ်လွှတ်တော်အမတ် ပန်းဆေး ဦးကျော်မြင့် က ဦးဆောင်သည်။ လက်နက်ကိုင်တပ်ဖွဲ့ အင်အား ရာဂဏန်းရှိသည်။ အစိုးရခိုင်း သမျှလုပ်ပြီး စီးပွားရေးအခွင့်ထူးများ လက်ဝါးကြီးအုပ်သည့်သူဟု နိုင်ငံရေး စစ်ရေးအသိုင်း အဝိုင်းကစွပ်စွဲ ထားပြီး သျှမ်း ပြည်မူးယစ်ဆေးဝါး စောင့်ကြည့် ရေးအဖွဲ့ကလည်း ၎င်းအား ခေတ်သစ်မူးယစ်ရာဇာအဖြစ် စာရင်းသွင်း ထားသူဖြစ်သည်။
 
သျှမ်းသံတော်ဆင့်

ဖွံ့ ဖြိုးရေးအတွက် ဘွဲ့

စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အတွက် လူအများစုရဲ့ ပညာရေးအရေးကြီးတယ် ဆိုတဲ့အေ ကြာင်း ကို အပြော များကြ၊ အမြင်များကြ ပြီးသား ပါ။ စီးပွားရေးပညာရှင်တွေကတော့ ပညာရေးက စီးပွားရေးကို နည်းလမ်း သုံးသွယ် နဲ့ အထောက်အကူပြုတယ် လို့ ပြောကြပါတယ်။

ပညာရေးကြောင့် လုပ်သားတွေရဲ့ ထုတ်လုပ်မှုစွမ်းအားကို မြင့်မားစေပြီးကုန်ထွက်တိုးစေတယ်။ ပ ညာရေးကြောင့် တီထွင်ဆန်းသစ်မှုတွေကို ဖြစ်စေတယ်။ သွင်းအားစုတွေ ပိုကောင်းလာအောင်၊ ထုတ်လုပ် ပုံထုတ်လုပ်နည်းတွေ ပိုကောင်းလာအောင်၊ ထွက်ကုန်တွေ ပိုကောင်းလာအောင် လုပ်ပေးကြတယ်။

အသိပညာတွေ ပြန့်ပွားအောင် နည်းပညာအသစ်အဆန်းတွေ အသုံးချရာကစီးပွားရေးတိုးတက်မှုရအောင် လုပ်ပေးတယ်။ ဒီဆက်သွယ်မှုတွေကိုဘယ်သူကမှ ပြန်ပြီးမငြင်းကြ၊ မေးခွန်းမထုတ်ကြတော့ပါဘူး။

ဒါပေမဲ့လည်းပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ ဆက်နွယ်မှုကိုအပြတ်မပြောနိုင်သေးပါဘူး။ ပညာရေးနဲ့ ပတ်သက် လို့ သေသေချာချာမတိုင်းတာနိုင်သေးဘူး။ ပညာရေး လို့ပြော ရင် ကျောင်းတက်တဲ့နှစ် ကို ပဲပြော ကြတာ များတယ်။ ကျောင်းတက်တဲ့နှစ်ဆိုတာအရေအတွက်ပဲရှိတာလေ။ အရည်အချင်းမ ဟုတ်သေး ဘူး။

ပညာရေးဆိုတာတကယ်ကသိရှိနားလည်နိုင်စွမ်းရည်လိုပြောမှပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ ဆက်စပ်မှု ကပိုပြီးအဓိပ္ပာယ်ရှိတယ်။ နိုင်ငံအားလုံးမှာ စီးပွားရေးတိုးတက်မှုရဖို့ အရေးအတွက် နိုင်ငံတော်က အဓိက ကျတဲ့နေရာမှာရှိတယ်။ အစိုးရရဲ့ ရိုးရိုးသားသားထက်ထက် မြက်မြက် အုပ်ချုပ်နိုင်စွမ်းဟာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးကြီးတယ်။

အစိုးရရဲ့ စွမ်းရည်ကိုပြောရာမှာလူအများရဲ့ ပညာအရည်အချင်းကိုအရေအတွက်နဲ့ပဲပြောပြော၊ အရည် အ ချင်းနဲ့ပဲပြောပြော၊ ပြောလို့မရဘူး။ လူအများစုရဲ့ ပညာရေးနဲ့ ပြည်သူ့ဝန်ထမ်းရဲ့ ပညာရေးမတူဘူးလေ။ သုတေသီတွေကခေါင်းဆောင်မှုနဲ့ပတ်သက်လို့ လေ့လာဆန်းစစ်မှုပြုလုပ်ရာမှာထိပ်ပိုင်းရဲ့ ပညာအရည်အ ချင်း ဟာ စီးပွားရေးတိုးတက်မှုအတွက် အရေးပါတဲ့ အကြောင်းတွေ့ရတယ်။ ဒါပေမယ့် ခေါင်းဆောင်ေ တွ ဟာအစိုးရရဲ့ ရပ်တည်ချက်နဲ့ လမ်းကြောင်းကိုချပေးတာမှန်ပေမယ့် တကယ်အစိုးရ ယန္တရားကို လည် ပတ် တာကခေါင်းဆောင်တွေမဟုတ်ဘူး။

ဒီအခါ ပြည်သူ့ဝန်ထမ်းတွေရဲ့ ပညာရေးအဆင့်အတန်း၊ နေ့စဉ်မူဝါဒချမှတ်အကောင်အထည်ဖော် သူတွေရဲ့ ပညာရေးအဆင့်အတန်း၊ ပညာရေးအရည်အချင်းဟာစိတ်ဝင်စားစရာဖြစ်လာတယ်။ ပြည်သူ့ဝန် ထမ်းေ တွ ရဲ့ ပညာရေးအဆင့်အတန်း မြင့်မားရင် သူတို့ရဲ့ အုပ်ချုပ်နိုင်စွမ်း မြင့်မားလာမယ်။ ဆုံးဖြတ်ချက်တွေ ပိုကောင်းလာမယ်။ ဒါဆိုရင် စီးပွားရေးပိုမိုတိုးတက်ဖွံ့ဖြိုးလာမယ်။

နိုင်ငံတစ်ခုနဲ့တစ်ခုဝန်ထမ်းတွေရဲ့ ပညာအရည်အချင်းခြားနားမှုတွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ နိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးပုံ၊ ဖွံ့ဖြိုးနည်းလမ်းကြောင်းတွေကိုပိုမိုသိရှိနားလည် သဘောပေါက်လာတယ်။ တချို့နိုင်ငံတွေမှာဝန်ထမ်းတွေရဲ့ ပညာအရည် အချင်းဘာကြောင့်မြင့်မားနေသလဲ၊ လုပ်ရည်ကိုင်ရည်နဲ့ ပညာအဆင့်အတန်းပေါ်မူတည်ပြီးလစာပေးတဲ့စနစ်ဟာပညာတတ်တွေ ဝင်ရောက် လာအောင် ဘယ်လိုဆွဲဆောင်နေကြသလဲဆိုတာ သဘောပေါက်လာကြတယ်။

ပြည်သူ့ဝန်ထမ်းတွေရဲ့ ပညာရေးအဆင့်အတန်းဟာအများပြည်သူရဲ့ ပညာရေးအဆင့်အတန်းနဲ့ သိသိသာ သာ ကွဲပြားခြားနားမှုရှိနေတာကိုလည်းတွေ့ရတယ်။ လက်တင်အမေရိကတို့၊ အာဖရိကဆာဟာရဒေသ ခွဲ တို့မှာအများပြည်သူရဲ့ ပညာရေးအဆင့်အတန်းနိမ့်ကျပေမယ့် အဲဒီဒေသတွေက ပြည်သူ့ဝန်ထမ်းအများစု ဟာ ဘွဲ့ရတွေဖြစ်နေတာတွေ့ရတယ်။

လေ့လာချက်အရ ပြည်သူ့ဝန်ထမ်းတွေ ပညာတတ်လေ၊ စီးပွားရေးတိုးတက်မှုမြန်ဆန်လေဖြစ် တာကိုေ တွ့ ရတယ်။ နိုင်ငံ ၄၈ နိုင်ငံကို နှိုင်းယှဉ်လေ့လာကြည့်လိုက်တဲ့အခါ အမေရိကန်ကပထမ၊ ယူကေကဒုတိယ၊ ကနေဒါကတတိယ၊ အင်ဒိုနီးရှားကနံပါတ် ၄၈ ချိတ်တာတွေ့ရတယ်။

ပြည်သူ့ဝန်ထမ်းတွေ ဘယ်ကဘွဲ့ရလာကြတယ်ဆိုတာလိုက်ကြည့်ပြန်တော့ အရှေ့အာရှ၊ ဗဟိုဥရောပနဲ့ အရှေ့ ဥရောပက အရာရှိအတော်များများဟာ ပညာရည်မြင့်မားတဲ့ နိုင်ငံခြား တက္ကသိုလ်တွေမှာ ပညာ ဆည်းပူး ခဲ့ကြ တာတွေ့ရတယ်။အစိုးရကအကျင့်ပျက်မှုတွေကိုမထိန်းနိုင်၊ ဥပဒေတွေအတိုင်း ဖြစ်အောင် အကောင် အထည်မဖော်နိုင်၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူပြုတဲ့ ပတ်ဝန်းကျင် မဖန်တီးနိုင် တဲ့အခါမျိုးမှာ စီးပွားရေးဖွံ့ဖြိုးမှုအလားအလာနည်းတာတွေ့ ရတယ်။ ပြည်သူ့ဝန်ထမ်းတွေ ပညာပိုတတ်ရင် အကျင့်ပျက်တာနည်းမယ်။ အခွန်တွေပိုရမယ်၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု ပိုကောင်းမယ်၊ ပြီးတော့ ပုဂ္ဂလိကဈေးကွက်တွေ တိုးတက်ဖွံ့ဖြိုးအောင် ပိုပြီးလုပ်နိုင်မယ်။

တစ်နည်းပြောရရင်တော့ ပြည်သူ့ရန်ပုံငွေကိုတလွဲသုံးတာနည်းမယ်။တကယ်တော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ မှာအ ခွန် အကောက် မှန်မှန်ကန်ကန် ရရှိရေးဆိုတာဧရာမစိန်ခေါ်မှုကြီးတစ်ခုဖြစ်ပါတယ်။ အခွန်အကော က် မြ င့်မြ င့် မားမားရအောင် ဆောင်ရွက်နိုင်တယ်ဆိုတာ နိုင်ငံတော်ရဲ့ စွမ်းရည်မြင့်မားမှုကို ပြသနေေ သာ ဖြစ် ပါတယ်။

နိုင်ငံတည်ဆောက်ရေးစွမ်းရည်မြင့်မားတာကိုလည်း ပြသရာရောက်ပါတယ်။ပညာ တတ်ပြည်သူ့ ဝန်ထမ်းေ တွ ဟာအခွန်စီမံခန့်ခွဲမှုကောင်းမယ်။ အခွန်ကိုပေးချင်အောင်ဆောင်ရွက်နိုင်စွမ်း မြင့်မားတယ်။ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကိုနားလည်သဘောပေါက်ပြီးအကူအညီပေးတယ်။ အစိုးရရဲ့စွမ်းရည် ဘယ်ေ လာက် ထိရောက်တယ်၊ ထက်မြက်တယ်ဆိုတာ ကြည့်ရာမှာပုဂ္ဂလိကဈေးကွက်တွေ ဖွံ့ဖြိုးတိုးတက်ရေး၊ စည်းကမ်းထိန်းချုပ်ရေးဆိုင်ရာစွမ်းရည်တွေလည်းပါတယ်။အထူးသဖြင့် ပြည်တွင်းဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုး တိုး တက် အောင် လုပ်ပေးဖို့လိုပါတယ်။

ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွားရေးတိုးတက်မှု ကိုလည်း အေ ထာက် အကူပေးနိုင်ပါတယ်။ပညာရေးလား၊စည်းမျဉ်းစည်းကမ်းလားဒီနေရာမှာ ပြည်သူ့ဝန်ထမ်းတွေ ရဲ့ပ ညာေ ရး အဆင့်အတန်းကြောင့် အုပ်ချုပ်မှုတွေ ကောင်းမွန်တာလား၊ ဒါမှမဟုတ် အပြန်အလှန် ထိန်းေ ကျာင်း မှုတွေ၊ လွတ်လပ်တဲ့ တရားရေး မဏ္ဍိုင်တို့လိုစည်းမျဉ်းစည်းကမ်းနဲ့ အဖွဲ့အစည်းတွေ ကောင်းမွန်လို့ ပ ညာရည်အဆင့် အတန်းမြင့်မားရတာလားဆိုတာစဉ်းစားစရာဖြစ်ရပါတယ်။

စည်းမျဉ်းစည်းကမ်းတွေကပညာရည်မြင့်မားမှုကိုအထောက် အကူပြုတယ်ဆိုရင် အဲဒီစည်းမျဉ်း စည်းကမ်းေ တွ ခိုင်မာဖို့၊ အားကောင်းဖို့၊ မူဝါဒတွေ ချမှတ်ပေးရပါမယ်။ အစွမ်းအစရှိတဲ့သူတွေ၊ ပြည်သူ့ ဝန်ထမ်း အလုပ်ကိုရွေးချယ်ချင်လာဖို့ ပညာရေးစနစ်ကဝန်ထမ်းတွေရဲ့ အရည်အချင်းမြင့်မားလာအောင် လုပ်ပေးဖို့ေ တွ ကိုပါ အာရုံစိုက်ရပါ မယ်။ တကယ်လည်းကောင်းမွန်တဲ့ စီးပွားရေးရလဒ်တွေ ထွက်ပေါ်လာဖို့ ဆိုတာ ကစည်းမျဉ်းစည်းကမ်းတွေ အပေါ်မှာအများကြီးမူတည်ပါ တယ်။

ပညာတတ်ပြည်သူ့ဝန်ထမ်းတွေရဲ့အရည်အချင်းဟာ ပြည်သူ့ ရေးရာ ဝန်ဆောင်မှုလုပ်ငန်းတွေ ကိုအေ ထာက် အကူပြုပြီး စီးပွားရေးတိုးတက်မှု ကိုဖြစ်စေနိုင် ပါတယ်။ ထူးခြား တာက ပြည် သူကို ဝန် ဆောင်မှု ပြုလိုစိတ်ရှိတဲ့သူတွေ (တကယ်လို့သာစည်းမျဉ်းစည်းကမ်းတွေ ခိုင်ခိုင်မာမာ ပီပီပြင်ပြင် ရှိနေမယ်ဆိုရင်) ပုဂ္ဂလိကကဏ္ဍမှာထက်ပြည်သူပိုင်ကဏ္ဍမှာ တာဝန်ထမ်းဆောင်လိုစိတ်ကြီးမားတာတွေ့ရ ပါတယ်။ဆိုလိုတာ ကစည်းမျဉ်းစည်းကမ်းတွေကောင်းေ န ရင်အကျင့်ပျက်ခွင့် နည်းတယ်၊ အကျင့်ပျက်လို့ ဆိုပြီးဖယ်ရှားရ တဲ့ ပြည်သူ့ဝန်ထမ်းနည်းပါးမယ်။

ပညာတတ်တွေဟာ ပြည်သူ့ဝန်ထမ်း စိတ်ပါဝင် ပိုမိုကြီးမးပြီးသူတို့ရဲ့ကျွမ်းကျင်မှုနဲ့ဝန်ဆောင်မှု ပိုကောင်းေ အာင်ေ ဆာင်ရွက်ေ ပးနိုင်တယ်။ဘ ယ်နေရာ ဘယ်အချိန်မှာဆိုပုဂ္ဂလိက ကိုလွှတ်ပေးထားရမလဲ ဆိုတာ နားလည်တယ်။ ဒီ့အပြင်ပညာ တတ်တွေရမယ့်လစာကလည်းလူ့အဖွဲ့အစည်းရဲ့အကျိုးအတွက်အရေး ပါပါ တယ်။

ထိရောက်တဲ့တရားရေးစနစ်ဟာဥပဒေတွေ ကိုပီပြင်အောင်အကောင်အထည်ဖော်ေ ဆာင်ရွက်နိုင်ပြီး ပြည် သူ့ဝန်ထမ်းေ တွကဥပဒေကိုလိုတစ်မျိုး မလိုတစ်မျိုး လုပ်တဲ့နည်းနဲ့ ကိုယ်ကျိုးရှာမှုတွေ မဖြစ်အောင် တားဆီးနိုင်ပါတယ်။

ကိုယ်ကျိုးရှာတယ်ဆိုတာဟာအများပြည်သူရဲ့အကျိုးကို ဒါကြောင့်လည်းပညာ အဆင့်အတန်း အလိုက်ခန့် ထားပြီး ထိုက်တန်တဲ့လစာရရှိဖို့အရေးကြီးတဲ့အကြောင်းပြောနေတာပါ။နိုင်ငံ ဖွံ့ဖြိုး တိုးတက်ဖို့ ဆို တာ ပြည် သူ့ဝန်ထမ်း နယ်ပယ်ကို ပညာတတ်တွေဝင်ရောက်လာအောင် ဆွဲဆောင်နိုင်ရပါမယ်။ အထူး သဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဆွဲဆောင်ဖို့ပိုပြီးလိုအပ်ပါတယ်။အသိသာဆုံးသာဓကကတော့ စင်ကာပူနိုင်ငံ ပါတဲ့။ စွမ်း ရည်အလိုက်လစာပေး၊လစာကလည်းကောင်းလေတော့အရည်အချင်းရှိသူတွေကိုဆွဲဆောင်နိုင်တယ်။

အစိုးရရဲ့ဆောင်ရွက်လုပ်ကိုင်မှုတွေ ဟာထိရောက်မှု ရှိတယ်။ ကျွဲကူးရေပါ ဆိုသလိုနောက်ဆုံး မတော့နိုင်ငံ ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတာကိုတွေ့ရတယ်။

မောင်ရန်အေး


RavahArezki + Mark Quintyn “Degree of Development” in Finance and Development, march 2013, Vol.50, No.1

ခေတ်လူငယ်

ဦးသန့်နေအိမ်ကို ပြတိုက်အဖြစ် အများပြည်သူ လေ့လာနိုင်ရန် ဧပြီ ၁၁ ရက်နေ့အထိ ဖွင့်လှစ်ထားမည်







ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်နေအိမ်ကို အများပြည်သူတို့ လေ့လာနိုင်ရန် ဧပြီလ ၆ ရက် ညနေ ၄ နာရီတွင် ပြတိုက်အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ ယင်းပြတိုက် ဖွင့်ပွဲကို ရန်ကုန်မြို့ရှိ ဦးသန့် ကုလသမဂ္ဂတာဝန် မထမ်းဆောင်ခင် နောက်ဆုံးနေထိုင်ခဲ့သော ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၊ ပန်းဝါလမ်း၊ ခြံအမှတ် (၃၁) တွင် ပြုလုပ်ခဲ့သည်။ 

ဦးသန့်ပြတိုက်ကို ဧပြီလ ၇ ရက်နေ့မှ ဧပြီလ ၁၁ ရက်နေ့ထိ အများပြည်သူ လေ့လာနိုင်ရန် အခမဲ့ ဖွင့်လှစ်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် အပြီးသတ် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် အောက်တိုဘာမှသာ အပြီးသတ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဒေါ်သက်သက်ဇင်၏ ပြောကြားချက်အရ သိရသည်။ 

"ဦးသန့်ပြတိုက်ကို နောက်လာမယ့် မျိုးဆက်သစ်တွေကို မြန်မာနိုင်ငံကနေ ဒီလိုကမ္ဘာသိ ပုဂ္ဂိုလ် မျိုး ပေါ်ထွက်လာခဲ့ပါလား။ ငါတို့လည်း ကြိုးစားရင် ဒီလိုဖြစ်နိုင်ပါလား ဆိုတာမျိုး ဖြစ်အောင် ပြတိုက်ကို ဖွင့်ဖြစ်ခဲ့တယ်" ဟု ပြောရေးဆိုခွင့်ရှိသူ ဒေါ်သက်သက်ဇင်က ဆက်လက်ပြောသည်။ ဦးသန့်၏ သမီးဖြစ်သူ ဒေါ်အေးအေးသန့်နှင့် မြေးဖြစ်သူ ဦးသန့်မြင့်ဦးတို့က ယင်းပြတိုက် ဖွင့်လှစ်နိုင်ရန် ၂၀၁၂ ခုနှစ် ဇွန်လတွင် နိုင်ငံတော်သမ္မတထံမှ ခွင့်ပြုချက်ရရှိခဲ့ကြောင်း ဦးသန့်ပြတိုက် ပြောရေးဆိုခွင့်ရှိ သူ ဒေါ် သက်သက်ဇင် က ပြောသည်။

 မြန်မာပြည်တွင် နေခဲ့သောအချိန်မှ ကုလသမဂ္ဂတွင် တာဝန်ထမ်းဆောင်ခဲ့သော နှစ်ပေါင်းများစွာမှ စာရွက်စာတမ်း၊ ဓာတ်ပုံများနှင့် အသုံးအဆောင် ပစ္စည်းများကို ပြသသွားမည် ဖြစ်သည်။ လက်ရှိ ဦးသန့် ပြ တိုက်သည် သက်တမ်းအားဖြင့် နှစ်ပေါင်း ကိုးဆယ်ခန့် ရှိပြီးဖြစ်၍ ရှေးမှုမပျက် ဖြစ်စေရန်နှင့် ဦးသန့် ရှိစဉ်အတိုင်း ပြုပြင်နိုင်ရန်အတွက် ပြတိုက်ကျွမ်းကျင်သူများကို ဖိတ်ခေါ်ထားကြောင်း သိရသည်။ 

အာရှနိုင်ငံများမှ ပထမဆုံး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တာဝန်ကို မြန်မာနိုင်ငံသား ဦးသန့်က ၁၉၆၁ ခုနှစ်တွင် စတင်ထမ်းဆောင်ခဲ့ပြီး လေးနှစ်သက်တမ်း နှစ်ကြိမ်နှင့် ယာယီသက်တမ်း အပါအ၀င် အတွင်းေ ရး မှူးချုပ်အဖြစ် စုစုပေါင်း ၁၀ နှစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၎င်း၏ ပထမသက်တမ်း အတွင်း ကျူးဘားဒုံးပျံ ပြဿနာကို ဖြေရှင်းရာတွင် ပါဝင်စေ့စပ်ပေးမှုနှင့် ကွန်ဂိုနိုင်ငံ ပြည်တွင်းစစ်ကို ပြီးဆုံးစေခြင်းတို့ကြောင့် ကမ္ဘာ့နိုင်ငံများ၏ ယုံကြည်လေးစား အသိအမှတ်ပြုခြင်းကို ရရှိခဲ့သည်။ 

ဦးသန့်သည် ၁၉၇၄ ခုနှစ်တွင် အမေရိကန်နိုင်ငံရှိ နယူးယောက်မြို့တွင် ကွယ်လွန်ခဲ့သည်။ ယင်းနောက် ၄င်း၏ ရုပ်ကလာပ်ကို မြန်မာပြည်သို့ ပြန်လည်သယ်ဆောင် ဂူသွင်းသဂြိုလ်မှုနှင့် ပတ်သက်၍ ကျောင်း သား၊ ပြည်သူများနှင့် အစိုးရတို့အကြား သမိုင်းတွင်ခဲ့သော အဓိကရုဏ်း ဖြစ်ပွားခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အရေးပေါ် ဖုန်းနံပါတ်များနှင့် ပြည်သူတို့၏ နစ်နာချက်များ တိုင်ကြားနိုင်သော ဖုန်းနံပါတ်များ ထုတ်ပြန်ကြေညာ

ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြည်သူတို့၏ လုံခြုံရေးအား ကူညီဆောင်ရွက် ရန်နှင့် ပြည် သူလူထုမှ ပူးပေါင်းကူညီရန်အတွက် ထူးခြားဖြစ်စဉ် သတင်းများ၊ ပြည်သူလူထု၏ နစ်နာချက်များ၊ ရဲတပ်ဖွဲ့များ၏ ဥပဒေနှင့် ညီညွတ်မှုမရှိသော ဆောင်ရွက်ချက်များ၊ လုပ်ပိုင်ခွင့် အလွဲသုံးစား ပြုလုပ်မှုများ၊ အဂတိလိုက်စားမှုများနှင့် ပတ်သက်၍ တိုင်ကြားနိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်နှင့် တိုင်းဒေ သ ကြီး/ ပြည်နယ် ရဲတပ်ဖွဲ့များတွင် အရေးပေါ် Hot Line ဖုန်းနံပါတ် ၁၉၉ တယ်လီဖုန်း များ၊ အော် တို တယ်လီ ဖုန်း များ တပ်ဆင်ပေးထားကြောင်း သိရှိရသည်။ 

အဆိုပါ ဖုန်းနံပါတ်မျာအားး အများပြည်သူတို့ သိရှိဆက်သွယ်နိုင် ကြောင်းနှင့် ၄င်းဖုန်းများသို့ ဆူပူမှု ၊ နှောင့်ယှက်မှုများ မပြုလုပ်ကြပါရန်လည်း မေတ္တာရပ်ခံထားကြောင်း။ အရေးပေါ် Hot Line တယ်လီဖုန်း အမှတ် ၁၉၉ တပ်ဆင်ထားသော ရဲတပ်ဖွဲ့များမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ နေပြည်တော်ရဲတပ်ဖွဲ့၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့များ၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့များ ဖြစ်ကြပြီး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့တွင် အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ရုံးများတွင် လည်းကောင်း၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့တွင် အမှတ်(၁) ရဲတပ်ဖွဲ့စခန်း၊ တောင်ကြီးမြို့၊ ဒုတိယ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ လားရှိုးမြို့နှင့် ကျိုင်းတုံရဲတပ်ဖွဲ့စခန်းတွင် ကျိုင်းတုံမြို့တို့၌ လည်းကောင်း တပ်ဆင်ထားကြောင်း သိရသည်။

 ပြည်သူလူထုမှ နစ်နာချက်များ တိုင်ကြားနိုင်သော ဖုန်းနံပါတ်များမှာ -

( ၁ ) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ၀၆၇-၄၁၂၂၂၂ နှင့် ၀၆၇-၄၁၂၄၄၄၊

( ၂ ) နေပြည်တော် ရဲတပ်ဖွဲ့ ၀၆၇-၅၅၀၃၃၃၊ 

( ၃ ) ကချင်ပြည်နယ် ရဲတပ်ဖွဲ့ ၀၇၄-၂၁၄၄၄၊ 

( ၄ ) ကရင်ပြည်နယ် ရဲတပ်ဖွဲ့ ၀၅၈-၂၃၃၅၅၊ 

( ၅ )  စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၀၇၁-၂၄၉၉၆၊ 

( ၆ ) တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၀၅၉-၂၃၉၉၈၊ 

( ၇ ) ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၀၅၂-၂၃၉၉၉၊ 

( ၈ ) မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၀၆၃-၂၈၀၉၉၊ 

( ၉ ) မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၀၂-၆၁၄၄၄၊ 

( ၁၀ )မွန်ပြည်နယ် ရဲတပ်ဖွဲ့ ဝ၅၇-၂၄၉၈၇၊ 

( ၁၁ )ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ဝ၄၃-၂၂၈၃၃၊ 

( ၁၂ ) ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဝ၁-၂၃ဝ၂၁၉၉၊ 

( ၁၃ ) ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ဝ၈၁ -၂၁၂၅၄၅၅

( ၁၄ ) ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဝ၄၂-၂၃၈၄၄ 

တို့ဖြစ်ကြသည်ဟု ၂၀၁၃ ခုနှစ် ဧပြီလ ၈ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်နိုင်လျှင် တရုတ် ရင်းနှီးမြှုပ်နှံမှု များကို ကြိုဆိုကြောင်း သမ္မတ ဦးသိန်းစိန် ပြောကြား

မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ပေါ်မည်ဆိုလျှင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုကြောင်း သမ္မတဦးသိန်းစိန်က  ပြောကြားခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ် သွားရောက်သည့် ခရီးစဉ်အတွင်း China Daily သတင်းစာနှင့် ဧပြီလ ၆ ရက်နေ့ က ပြု လုပ်ခဲ့သည့် သီးခြားအင်တာဗျူး တစ်ခုတွင် သမ္မတ ဦးသိန်းစိန်က ယခုကဲ့သို့ ပြော ကြား ခဲ့ခြင်း ဖြစ်ကြောင်း သိ  ရ သည်။ 
 
တရုတ်စီးပွားရေး လုပ်ငန်းများကို မြန်မာနိုင်ငံက များစွာကြိုဆိုမှု မရှိကြောင်း သတင်းများ ထွက်ပေါ်နေ မှုကိုလည်း ငြင်းဆိုခဲ့သည်။ "တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုများဟာ တရုတ်ရင်းနှီးမြှုပ်နှံသူများကို အကျိုးဖြစ် ထွန်းစေ ရုံ သာမက မြန်မာနိုင်ငံသားများ အတွက်လည်း အကူအညီများစွာ ဖြစ်စေပါတယ်" ဟု သမ္မတ ဦးသိန်းစိန် က ပြောကြားခဲ့သည်။ 
 
အနောက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ လျင်မြန်စွာ စီးဝင်နေသော်လည်း မြန်မာနိုင်ငံတွင်း တရုတ်၏ ရင်းနှီးမြှုပ်နှံမှုသည် အများဆုံး ဖြစ်နေဆဲ ဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူများ၏ အကျိုးစီးပွားကို ဥပဒေကြောင်း  အ ရ ကာကွယ်ရန်အတွက် မြန်မာနိုင်ငံတွင် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်ပြီးဖြစ်ကြောင်း အဆိုပါ တွေ့ဆုံမှုတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့ပါသည်။
 
မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အားလုံးတွင် တရုတ်နိုင်ငံက ၃၃ ဒသမ ၈ ရာခိုင်နှုန်း ပါဝင်နေပြီး မြန်မာ၏ စီးပွားရေးကဏ္ဍ ၁၂ ခုအနက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးတွင် ၄၅ ရာခိုင်နှုန်း၊ စွမ်းအင်ကဏ္ဍတွင် ၃၃ ရာခိုင်နှုန်း၊ သတ္တုတွင်း ကဏ္ဍတွင် ၆၀ ရာခိုင်နှုန်း အသီးသီး ပါဝင်လုပ်ကိုင်လျက် ရှိသည်။ မြန်မာ၏ အဓိကဦးစားပေး လုပ်ငန်းများတွင် သီးနှံအထွက်တိုးရေး၊ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရေးတို့ ဖြစ်သောကြောင့် အဆိုပါ လုပ်ငန်းများအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများအပြား လိုအပ်ကြောင်း သမ္မတ ဦးသိန်းစိန် က ပြောကြားခဲ့သည်။
 
 မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲ ဖြစ်ပွားရခြင်း အကြောင်းရင်းများတွင် အနောက်နိုင်ငံများ၏ ယခင်ပိတ်ဆို့ အရေးယူမှုများသည်လည်း ပါဝင်ခဲ့ကြောင်း သမ္မတ ဦးသိန်းစိန်က ထောက်ပြပြော ဆိုခဲ့သည်။ မြန်မာနှင့် တရုတ်တို့သည် ရှေးယခင်ကပင် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ရှိခဲ့ကြောင်း၊ အနောက်နိုင်ငံများ၏ နှစ်ပေါင်း ၂၀ ခန့် ပိတ်ဆို့မှု ခံခဲ့ရသည့် ကာလအတွင်း မြန်မာသည် တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုများ ရရှိခဲ့ကြောင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာများတွင် တရုတ်နိုင်ငံ အနေဖြင့် မြန် မာကို ကူညီခဲ့သည့်အတွက် အစိုးရနှင့် ပြည်သူများက ကျေးဇူးတင်ကြောင်း သမ္မတ ဦးသိန်းစိန် က ပြောကြားခဲ့သည်။
 
 မြန်မာနိုင်ငံတွင် တရုတ်လူမျိုးများစွာ နေထိုင်သော်လည်း မိမိတို့အချင်းချင်း ပြဿနာမဖြစ်ဘဲ မိသားစုတစ် စုအဖြစ် နေထိုင်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

ကွန်ပျူတာတွင် မိမိလက်ရေးဖြင့် ကြိုက်နှစ်သက်ရာပုံစံ ရေးနိုင်မည့် ပေဖူးလွှာ မြန်မာစာ လက်ရေးစနစ် အသုံးပြုနိုင်တော့မည်

ကွန်ပျူတာတွင် စာမရိုက်လိုသူများအတွက် ကွန်ပျူတာ၌ မိမိလက်ရေးဖြင့် ကြိုက်နှစ်သက်သည့် ပုံစံ ရေးသားနိုင်သည့် ပေဖူးလွှာ မြန်မာစာ လက်ရေးစနစ် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ မြန်မာစာ လက်ရေးစနစ် အသုံးပြု၍ အင်္ဂလိပ်၊ မြန်မာ နှစ်မျိုးစလုံး ရေးသားနိုင်မည်ဖြစ်ပြီး စာမရိုက်လိုသူများ အတွက် ရည်ရွယ်၍ ယင်းစနစ်အား တီထွင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ “ပေဖူးလွှာစနစ်က ကွန်ပျူတာ သုံးချင်ပြီး ကီးဘုတ်မှာ စာရိုက်ဖို့ အဆင်မပြေတဲ့ လူတွေအတွက် အလွယ်တကူ စာရေးသားနိုင်ဖို့ပါ။ ကိုယ်ရေးလိုက်တဲ့ စာကို ကွန်ပျူတာက ဖတ်ပြီး ကွန်ပျူတာမှာ မိမိလက်ရေးပုံ မဟုတ်ဘဲ ဖောင့်စာလုံးအဖြစ် ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီစနစ် အသုံးပြုနိုင်ဖို့ မကြာခင် ဈေးကွက်ထဲ ဖြန့်ချိပေးသွားမှာပါ” ဟု ပေဖူးလွှာမှ တာဝန်ရှိသူ ဦးကျော်ကျော်ဇင်က ပြောသည်။ 

ယင်းမြန်မာစာစနစ်ကို လတ်တလောတွင် PC များ၌သာ အသုံးပြုနိုင်မည် ဖြစ်ပြီး နောက်ပိုင်းတွင် Tablet, လက်တော့ပ် အစရှိသည့် Device များတွင်ပါ ရေးသားနိုင်ရန် ဆက်လက် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

“ဒီစနစ်ရဲ့ အဓိက အားသာချက်ကတော့ စီးပွားရေး လုပ်တဲ့သူတွေ၊ လူကြီးတွေအတွက်က မြန်မြန်ဆန်ဆန် စာရေးနိုင်မယ်။ နောက်ပိုင်း နုတ်ခ်ဘွတ်တွေနဲ့ တွဲဖက် သုံးနိုင်အောင် လုပ်သွားမယ်” ဟု ယင်းက ဆက်လက်ပြောသည်။

 ပေဖူးလွှာ မြန်မာစာ လက်ရေးစနစ်ကို မကြာမီ ဈေးကွက်အတွင်း ရောင်းချသွားမည်ဖြစ်ပြီး ဈေးနှုန်းကိုမူ အတိအကျ မသတ်မှတ်ရသေးကြောင်း ယင်းစနစ်ကို တစ်နှစ်ခန့် အချိန်ယူ၍ ပြင် ဆင်ဆောင် ရွက်ထားခြင်း ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၉ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

အသစ်ထွက်လာမည့် ဖုန်းလိုင်းများတွင် အင်တာနက်အသုံးပြုရန် ကျပ်ငွေတစ်သောင်းဖြင့် လျှောက်ထားနိုင်

ဧပြီလ ၂၄ ရက်နေ့မှ စတင်ကာ ရောင်းချတော့မည့် တန်ဖိုးနည်းဖုန်းများတွင် အင်တာနက် အသုံးပြုလိုပါက ယခင်ဖုန်းများအတိုင်း လျှောက်ထားရမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ က ပြော သည်။ 

“နီးစပ်ရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သတ်မှတ်ဌာနတွေ မှာ လျှောက်ထားနို င်မှာ ဖြစ်ပါ တယ် ။ ဈေးနှုန်း ကတော့ အရင်အတိုင်းပဲ” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီး ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ သတ်မှတ်အင်တာနက် လျှောက် ထားရန် နေရာ များတွင် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း၊ ဈေနှုန်းမှာ ယခင်အတိုင်းပင် တစ်သောင်းကျပ်ဖြစ်ကြောင်း သိရသည်။ GSM ဖုန်းများအတွက် အင်တာနက် အသုံးပြုခအနေဖြင့် တစ်မိနစ်၂ ကျပ်ဖြစ်ပြီး CDMA 800 MHz အင်တာနက် အသုံးပြုခမှာ တစ်မိနစ်လျှင် ၄ ကျပ် ဖြစ်သည်။ 

“လက်ရှိကတော့ ဖုန်းပိုင်ဆိုင်ကြောင်း စာချုပ်မိတ္တူပဲ လိုပါတယ်။ အရင်တုန်းက ပေးရတဲ့ မှတ်ပုံတင်မိတ္တူတို့၊ သန်းခေါင်စာရင်း မိတ္တူတို့ မလိုတော့ပါဘူး” ဟု ရွှေဂုံတိုင် မိုဘိုင်းအိတ်ချိန်ရုံးတွင် GSM အင်တာနက်စနစ် သွားရောက် လျှောက်ထားခဲ့သူတစ်ဦးက ပြောသည်။ လျှောက်ထားရာတွင် ၁၅ မိနစ် ဝန်းကျင်ခန့်သာ ကြာမြင့်ကြောင်း သိရသည်။ 

၂၀၁၂ ခုနှစ်၊ သြဂုတ်လအတွင်း မြန်မာ့ဆက်သွယ်ရေး၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ၌ အင်တာနက် အသုံးပြုသူ လူဦးရေသည် ၆ သိန်း ဝန်းကျင်အထိ ရှိလာခဲ့ပြီး အဆိုပါ အင်တာနက် အသုံးပြုသူ အားလုံး၏ ၉၀ ရာခိုင်နှုန်းကျော်မှာ မိုဘိုင်းဖုန်း အင်တာနက်စနစ်ကို အသုံးပြုသူများဖြစ်ကြောင်း၊ အင်တာနက်အသုံးပြုသူ အားလုံး၏ ၆၁ ရာခိုင်နှုန်းကို GSM အင်တာနက် အသုံးပြုသူများက ပိုင်ဆိုင်ထားပြီး အင်တာနက် အသုံးပြုသူများ၏ ၂၄ ရာခိုင်နှုန်းကို CDMA အင်တာနက် အသုံးပြုသူများက ပိုင်ဆိုင်ထားကြကြောင်း၊ WCDMA ဖုန်းလိုင်း အသုံးပြုသူမှာ အင်တာနက် အသုံးပြုသူ အားလုံး၏ ၁၁ ရာခိုင်နှုန်းရှိကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၁၁ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဘက်စုံပညာထူးချွန် လူငယ်များနှင့် မွန်ပြည်နယ် လူငယ်လေ့လာရေးအဖွဲ့အား တွေ့ဆုံပြောကြား

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း 
 
"နိုင်ငံသားများ၏ မူလအခွင့်အရေး ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးများကို လျစ်လျူပြုပြီး
ခွဲခြားဆက်ဆံခြင်း၊ အနိုင်အထက်ပြုမူခြင်း၊ တရားဥပဒေမဲ့ပြုခြင်းများကြောင့်
မကြာသေးခင်က ဖြစ်ပေါ်ခဲ့သော ဖြစ်စဉ်ဖြစ်ရပ်များ၊ လုပ်ရပ်များကို လွှတ်တော်များက
လက်မခံပါကြောင်းနှင့် ရှုတ်ချပါကြောင်း"
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဘက်စုံပညာထူးချွန်လူငယ်များနှင့် မွန်ပြည်နယ် လူငယ်လေ့လာရေးအဖွဲ့အား တွေ့ဆုံပြောကြား


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဧပြီ ၆ နံနက် (၉)နာရီတွင် လွှတ်တော်သို့ လာရောက်ေ လ့ လာသည့် ဘက်စုံပညာထူးချွန်လူငယ်များနှင့် မွန်ပြည်နယ် လူငယ်လေ့လာရေး အဖွဲ့အား နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ သဘင်ဆောင်၌တွေ့ဆုံ၍ နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် လွှတ်တော်ကို လာရောက်ေ လ့ လာ ကြတဲ့ ထူးချွန်ကျောင်းသားကျောင်းသူများနှင့် လေ့လာကြသူ မောင်မယ် အပေါင်းတို့ကို လွှတ်တော်က ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်းနှင့် လွှတ်တော်ကို အလေးထား လေ့လာကြသည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ ယနေ့အချိန်အခါတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈)နှင့်အညီ မိမိတို့နိုင်ငံကို ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေး စနစ်ကို တည်ဆောက်လျှက်ရှိကြောင်း။

ရွေးကောက်ပွဲမှာ အနိုင်ရရှိလာတဲ့ ပြည်သူ့ကိုယ်စားလှယ်များ(အမတ်များ)ဖြင့် လွှတ်တော်(ပါလီမန်) များကို ဖွဲ့စည်းပြီး ပြည်သူ့အကျိုး နိုင်ငံအကျိုးအတွက် စေတနာထား ကြိုးစားဆောင်ရွက်လျှက် ရှိပါေ ကြာင်း ၊ စေတနာ သဒ္ဓါ ထက်သန်စွာ ဆောင်ရွက်နေကြ သော်လည်း ဆောင်ရွက်ဖွယ်ရာတွေ များစွာရှိနေသေး ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်များအနေဖြင့် ယခုထက်ပိုသော ဇွဲ လုံ့လ ဝီရိယများ၊ အရည်အချင်းကောင်းများဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်နေပါသေးကြောင်းလည်း ဝန်ခံပြော ဆိုလို ပါကြောင်း၊ ထို့အတူ စေတနာ သဒ္ဓါကောင်းများဖြင့် ပြည်ထောင်စုနိုင်ငံေ တ်ာနှ င့် နိုင် ငံသား အကျိုးစီးပွားအတွက် အဓိကထား ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လွှတ်တော်များနှင့် လွှတ်ေ တာ် ကိုယ် စားလှယ်များ ကိုယ်စား ကတိပေးပြောကြားလိုပါကြောင်း။

ချစ်ခင်အားထားရပါသော မောင်တို့ မယ်တို့

မိမိတို့ကမ္ဘာတွင် တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံများသည် သူ့နည်း သူ့ဟန် သူ့နိုင် ငံနှင့် လိုက်လျောညီထွေရှိသော ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေကြ တာ တွေ့ရလိမ့်မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်သည် ကမ္ဘာတွင်အကောင်းဆုံးစနစ်ဟု မပြောဆိုနိုင်ကြေ သးသော်လည်း ကမ္ဘာတွင် အများဆုံး လက်ခံကျင့်သုံးနေသည့် စနစ်ဖြစ်သည်ကို တွေ့ရကြောင်း၊ မိမိတို့နိုင်ငံ အား တည်ငြိမ် အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ဆိုပါက ဒီမိုကရေစီနိုင်ငံရေးနှ င့် ဈေး ကွက်စီးပွားရေး စနစ်ကို စနစ်တကျ ကျင့်သုံးသွားကြရမှာဖြစ်ကြောင်း။

ဒီလိုဆိုရင် ယနေ့ ယခုနှင့် နောင်အနာဂတ်အတွက် အားကိုးအားထားပြုကြရမည့် သူများကတော့ မောင်တို့ မယ်တို့လို ကျောင်းသားကျောင်းသူများနှင့် လူငယ်များသာ ဖြစ်ပါကြောင်း၊ ဒါကြောင့် ဒီမိုကရေစီစနစ်ဆိုတာ ဘာ၊ ဒီမိုကရေစီအလေ့အကျင့်ဆိုတာ ဘာဆိုတာကို ခွဲခွဲခြားခြားသိရှိနားလည်ပြီး အမှန်တကယ် လက်တွေ့နယ်ပယ်မှာ ကျင့်သုံး နိုင်ရေးကို အလေးပေး အလေးထားဆောင်ရွက်နေကြဖို့ လိုအပ်ပါကြောင်း။
ဒီမိုကရေစီခေတ်မှာ ဒီမိုကရေစီစကားတွေ ဒီမိုကရေစီအရေးတွေ တွင်တွင်ပြောနေ ကြပြီး တစ်ချိန်တည်းမှာပဲ ဒီမိုကရေစီအနိုင်ကျင့်မှု၊ အကျပ်ကိုင်မှု၊ အလွဲသုံးမှုများကြောင့် မိမိတို့နိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် အနှောက်အယှက် အဟန့်အတား အခက်အခဲများစွာ ကြုံတွေ့နေ ရတာများကိုလည်း ဝမ်းနည်းစွာ တွေ့မြင်နေကြရကြောင်း။

နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးကို လစ်လျူပြုပြီး ခွဲခြားဆက်ဆံခြင်း၊ အနိုင်အထက်ပြုမူခြင်း တရားဥပဒေမဲ့ပြုခြင်းများကြောင့် မကြာသေးခင်က ဖြစ်ပေါ်ခဲ့ေ သာ ဖြစ်စ ဉ်ဖြစ် ရပ်များ၊ လုပ်ရပ်များကို လွှတ်တော်များက လက်မခံပါကြောင်းနှင့် ရှုတ်ချပါကြောင်း အသိပေးပြောကြားလိုပါကြောင်း။ မည်သည့် အကြမ်းဖက်အနိုင်ကျင့်မှုမျိုးကို မဆို ပြည်သူများကလက် မခံသလို လွှတ်တော်များကလည်း လက်ခံမှာမဟုတ်ကြောင်း အသိပေးလိုပါကြောင်း၊ ထို့ကြောင့် လွှတ်တော်အတွင်းမှာ ဖွဲ့စည်း ထားသော တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ (၃)ရပ်တို့သည် အချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီး သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တရားရေးရာ အဖွဲ့အစည်းများနှင့် အပြန်အလှန်ထိန်းကျောင်း ပူးပေါင်းဆောင်ရွက်သွားကြရေး ဆောင်ရွက် လျှက်ရှိပါကြောင်း၊ သို့မှသာ နောင်တွင် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး အတွက်လည်းကောင်း၊ နိုင်ငံတော်၏ဂုဏ်သိက္ခာနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်း စောင့်ရှောက်ရန် အတွက်လည်းကောင်း၊ နိုင်ငံတော်အတွင်းရှိ နိုင်ငံသားများ ငြိမ်းချမ်းစွာနှင့် ဘဝလုံခြုံမှုပြည့်ဝစွာေ န ထိုင်နိုင်ကြရန်အတွက်လည်းကောင်း ပြည်သူများ၏ကိုယ်စားလှယ်များက ပြည်သူ့အတွက် နိုင်ငံ့အတွက် အကျိုးပြုဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း။

စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ဆိုသော ဆောင်ပုဒ်သည် အခြေခံပညာကျောင်းများတွင် ထင်သာမြင် သာရှိအောင်ရေးထားသည့် ဆောင်ပုဒ်များဖြစ်ပြီး စိတ်ဓာတ်ကောင်းအောင် စည်းကမ်းရှိအောင် ပညာတတ်အောင်သင်ကြားသင်ယူရန် ဖော်ညွှန်းထားတာဖြစ်ကြောင်း၊ ပြည့်စုံအောင်ရယူကြစေလိုကြောင်း၊ အထူးသဖြင့် ယခုလိုကာလမျိုးတွင် စည်းကမ်း လိုက်နာကြဖို့ အရေးကြီးကြောင်း၊ စည်းကမ်းသည် ဥပဒေနှင့်တစ်ဆက်တည်းဖြစ်ကြောင်း၊ တရားမျှတသော စည်းကမ်းနှင့် ဥပဒေများကို လေးစား လိုက်နာခြင်း သည် ကြီးမားသော တန်ဖိုးနှင့် ဂုဏ်သိက္ခာရှိကြကြောင်း၊ လူတိုင်းအတွက်လည်း အန္တရာယ်ကင်းနိုင် ပါကြောင်း၊ လုံခြုံမှုလည်းရှိပါကြောင်း၊ ဒါ့အပြင် သဘောထား အမြင်မတူသည့်သူများအပေါ်တွင် နားလည်မှုရှိရန် ငယ်စဉ်ကတည်းက လေ့ကျင့်ပျိုးထောင် ပြုစုထားပါမှ မိမိတို့လို လူမျိုးပေါင်းစုံနေ ထိုင်သောနိုင်ငံအတွက် အနာဂတ်သည်  လှပမှာဖြစ်ကြောင်း။

တကယ့်နိုင်ငံသားကောင်းများသည် နိုင်ငံတော်အပေါ် သစ္စာရှိပြီး မိမိ ယုံကြည် ကိုးကွယ်သည့်ဘာသာနှင့် မိမိတိုင်းပြည်အတွက် အကောင်းဆုံး အလုပ်လုပ်ကြရသူများ ဖြစ်ကြောင်း၊ လူအချင်းချင်း ချစ်ခင်ရင်းနှီး စွာပေါင်းသင်းပြီး ပူးပေါင်း ဆောင်ရွက်တတ်ရန် လိုအပ်ပါကြောင်း၊ ဒါ့အပြင် တာဝန်သိမှုနှင့် လွတ်လပ်မှုကို ဟန်ချက်ညီညီ ကျင့်သုံးပြီး လူသားပီသသော လူသားအဖြစ် မိမိကိုယ်ကို လေ့ကျင့်တည်ေ ဆာက်နေ ကြရမည်ဖြစ်ကြောင်း။

ချစ်ခင်အားထားရပါသော မောင်တို့မယ်တို့ လူငယ်အပေါင်းတို့

မိမိတို့မြန်မာနိုင်ငံသည် စနစ်ပြောင်းသွားပြီဖြစ်ကြောင်း၊ ခေတ်လည်းပြောင်းလဲနေပြီ ဖြစ်ကြောင်း၊ ခေတ် စနစ်ပြောင်းလဲ တိုးတက်မှုနှင့်အညီ ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲမှု များကို အလေးထား ဦးစားပေးဆောင်ရွက်လျှက်ရှိကြောင်း၊ ဥပဒေများလည်း ရေးဆွဲ လျှက်ရှိကြောင်း၊ ယနေ့အချိန်အခါတွင် မျိုးဆက်သစ်လူငယ်များရဲ့ စိတ်ဓာတ်နှင့် အကျင့် စာရိတ္တမြင့်မားရေးအတွက် ပြည်သူ့နီတိ လောကနီတိ သင်ခန်းစာများ၊ ဒီမိုကရေစီစိတ်ထား ဒီမိုကရေစီကျင့်စဉ်နှင့်ဆက်နွယ်နေသော လူ့အခွင့်အရေး၊ လူ့အခွင့်အလမ်းများကို ပညာရေးသင်ခန်းစာများတွင် သင်ကြားပေးပြီး ကျောင်းသားများ၏ ကိုယ်ရည်ကိုယ်သွေးနှင့် ပညာရေးတို့ အချိုးညီ ပြည့်ဝလာစေရန်လိုအပ်ကြောင်း၊ လူမှုစီးပွားရေးနယ် ပယ်တွင် ခိုင်မာစွာရပ်တည်ရှင်သန်နိုင်မည့် တွေးခေါ်ကျင့်ကြံ ပြုမူနေထိုင်တတ်သည့် အရည်အချင်း များ ပြည့်ဝလာစေရန်လည်း လိုအပ်ကြောင်း၊ နိုင်ငံသားကောင်းတစ်ယောက်၏ အရည်အသွေးနှင့် အရည်အချင်းများ ပြည့်ဝစွာရရှိရေးအတွက်လည်းကောင်း၊ ဒီမိုကရေစီနိုင်ငံသားတစ်ဦး၏ ဂုဏ်အင်္ဂါနှင့်ပြည့် စုံရေး အတွက် တာဝန်သိခြင်း၊ တာဝန်ယူခြင်း၊ တာဝန်ခံဆောင်ရွက်ခြင်း၊ အများစု၏ဆန္ဒအား အားလုံးက လိုက်နာဆောင်ရွက်ခြင်း၊ အနည်းစု၏ဆန္ဒကို အလေးထား ခြင်းများကိုလည်း နားလည်လက်ခံ ကျင့်သုံးဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ယခုလို ငယ်ရွယ်စဉ်အခါက စတင်ပျိုးထောင်ဆောင်ရွက်နေခြင်း သည် မိမိအတွက် အများအတွက် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းပြီး နိမ့်ကျနောက်ကျနေသော မိမိတို့နိုင်ငံအား ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်ငံအဖြစ်ရောက်ရှိရေးအတွက်ဖြစ်ကြောင်း၊ မောင်တို့မယ်တို့၏ စိတ်စေတနာနှင့် အရည်အချင်းများဖြင့် ပါဝင်ဆောင်ရွက်ပေးနိုင်ကြပါစေကြောင်း ဆန္ဒပြုတိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့် အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးဌေးဦး က အမှာစကားပြောကြားပြီး ဘက်စုံပညာ ထူးချွန် လူငယ် များကိုယ်စား ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကိုယ်စားပြု ကျောင်းသူ မအိအိသဉ္ဇာကျော်နှင့် မွန်ပြည်နယ် လူငယ်လေ့လာရေးအဖွဲ့ကိုယ်စား အဖွဲ့ခေါင်းဆောင် ဦးဝင်းနိုင်ဦးတို့က ကျေးဇူးတင်စ ကားများ ပြန် လည်ပြောကြားကာ အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ထို့နောက် လွှတ်တော်ရုံး တာဝန်ရှိသူများမှ လွှတ်တော်ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန် များအား ရှင်းလင်းပြော ကြားကာ လွှတ်တော်အတွင်း လိုက်လံရှင်းလင်းပြသပေးခဲ့သည်။

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ပုသိမ်မြို့ ဘောလုံးအကယ်ဒမီ သင်တန်းကျောင်းနှင့် စက်မှုဇုန်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေး


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် အဖွဲ့ဝင်များသည် ဧပြီ ၇ ရက် နံနက်ပိုင်းတွင် ပုသိမ်မြို့ ဘောလုံး အကယ်ဒမီ သင်တန်းကျောင်း သို့ ရောက်ရှိကြရာ မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများက သင်တန်းကျောင်း နှင့် အားကစားရုံအတွင်း လိုက်လံရှင်းလင်းပြသကြပြီး ဧည့်ခန်းမဆောင်တွင် မျိုးဆက်သစ် အားကစားသမားများ လေ့ကျင့်ပျိုးထောင်ပေးနေမှုနှင့် လိုအပ်ချက်များ တင်ပြမှု အပေါ် ဒုတိယသမ္မတက ပေါင်းစပ်ညှိနှိုင်းပေး ခဲ့သည်။

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့ စက်မှုဇုန် ရှင်းလင်းဆောင် ခန်းမသို့ေ ရာက် ရှိရာ မြို့မိမြို့ဖများနှင့် စက်မှုလုပ်ငန်းရှင် များက စက်မှုဖွံ့ဖြိုးတိုး တက် ရေးနှ င့် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စု ဝန်ကြီးများနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ဖြည့်စွက် ရှင်းလင်းတင်ပြကြသည်။

ဒုတိယသမ္မတက တင်ပြချက်အပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးပြီး  အမှာစကား ပြောကြားရာ၌ နိုင်ငံတော်တွင် စက်မှုဇုန်များရှိ စက်မှုလုပ်ငန်း များ အပါအဝင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စွမ်းအင်၊ ရေနှင့် လမ်းပန်းဆက်သွယ်မှု စသည့် အခြေခံအဆောက်အအုံများ ပြည့်စုံကောင်းမွန် ရေး၊ ဘဏ္ဍာငွေကြေး အရင်းအမြစ်များ စီးဝင်ရေး၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေး၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ပေါ်ထွန်းလာရေး၊ သတင်းအချက် အလက်နှင့် သုတေသနလုပ်ငန်းများ လျင်မြန်စွာ ဖွံ့ဖြိုးစေရေးနှင့် ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်နိုင်ရေးတို့အပေါ် မူတည်ပါကြောင်း၊ စီးပွားရေး လုပ်ငန်းများ အောင်မြင်ရန် အရင်းအနှီးနှင့် နည်းပညာများ ရရှိမှုသည် အရေးကြီးသည့်အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရမည်ဖြစ်ကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု များကြောင့် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအား ထိခိုက် နစ်နာမှု မရှိစေရန်နှင့် ၂ဝ၁၅ ခုနှစ် အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု သဘော တူညီချက်အရ စီးဝင်လာမည့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဈေးကွက်ယှဉ်ပြိုင် နိုင်စွမ်းရှိရန် ထုတ်လုပ်မှု အရည်အသွေးများ မြင့်မားတိုးတက်လာရေးအတွက် မူဝါဒများ ချမှတ်ကာ ပံ့ပိုးဆောင်ရွက်ပေးလျက် ရှိကြောင်းဖြင့် စက်မှုဇုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျယ်တဝင့် ဆွေးနွေးမှာကြားသည်။

ထိုမှတစ်ဆင့် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့မှ နေပြည်တော်သို့ ပြန်လည်ထွက်ခွာကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက ပုသိမ် လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြပြီး မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြသည်။

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ရွက်လှေပြိုင်ပွဲများ ကျင်းပနေသည့် ပင်လယ်ပြင်အတွင်း သွားရောက်ကြည့်ရှု




ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးအေးမြင့်၊ ဦးတင့်ဆန်းနှင့် ဦးကျော်လွင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးအုန်းသန်း၊ ဦးဟံစိန်၊ ဦးအောင်သန်းဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များလိုက်ပါလျက် ဧရာဝတီတိုင်းဒေသ ကြီး ငွေဆောင်ကမ်းခြေ၌ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ရွက်လှေပြိုင်ပွဲကျင်းပမည့် မြန်မာနိုင်ငံရွက်လှေ အဖွဲ့ချုပ်နေရာနှင့် ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များကို ကြည့်ရှုစစ်ဆေးရန်အတွက် ဧပြီ ၆ ရက် နံနက်ပိုင်းတွင် မြန်မာ့လေကြောင်း ခရီးစဉ်ဖြင့် နေပြည်တော်မှ ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့သို့ ရောက်ရှိသည်။

ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် အဖွဲ့ဝင်များအား ပုသိမ်လေဆိပ်၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ပုသိမ်မြို့မှ ငွေဆောင်ကမ်းခြေသို့ တပ်မတော်ရဟက်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာကြသည်။

ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် SEA Games အကြို အမျိုးသားတံခွန်စိုက် ရွက်လှေပြိုင်ပွဲ ကျင်းပနေသည့် ကမ်းခြေသို့ ရောက်ရှိကြပြီး ပြိုင်ပွဲဝင် မြန်မာအားကစား မောင်မယ် များအား တွေ့ ဆုံအားပေးစကားပြောကြားသည်။

ယင်နောက် ဒုတိယသမ္မတသည် ရွက်လှေပြိုင်ပွဲများ ကျင်းပနေသည့် ပင်လယ်ပြင် အတွင်း သွားရောက်ကြည့်ရှုအားပေးပြီး ငွေဆောင်ကမ်းခြေရှိ Yacht Club ရှင်းလင်း ဆောင်၌ မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်ဥက္ကဋ္ဌက ရွက်လှေအားကစားရှင်သန် တိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပံ့ပိုးဆောင်ရွက်ပေး သွားမည့် အစီအစဉ်များကို ဖြည့်စွက် ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ဒုတိယသမ္မတက အရှေ့တာင်အာရှ အားကစားပြိုင်ပွဲ၌ ရွက်လှေပြိုင်ပွဲ  အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ ပြီး မြောင်းမြမြို့သို့ ဆက်လက် ထွက်ခွာသည်။

ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် မြောင်းမြဂုန်နီစက်ရုံ ရှင်းလင်းဆောင်သို့ ရောက်ရှိကြရာ မြို့မိမြို့ ဖများနှင့် စက်မှုလုပ်ငန်းရှင်များက မြောင်းမြစက်မှုဇုန် နှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ လိုအပ်ချက်များ ကို ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ပံ့ပိုးဖြည့် ဆည်းပေးသွားမည့် အခြေအနေများကို ပြန်လည် ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဒုတိယသမ္မတက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး စက်မှုဇုန် ဖွံ့ဖြိုးတိုး တက်ရေးအတွက် အကျယ်တဝင့် ရှင်းလင်းမှာကြားသည်။

ထို့နောက် ဒုတိယသမ္မတသည် မြောင်းမြမြို့ စက်မှုဇုန်အတွင်း မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့် ရှုစစ်ဆေးပြီး မြောင်းမြမြို့မှ တပ်မတော်ရဟတ်ယာဉ်ဖြင့် ပြန်လည် ထွက်ခွာခဲ့ရာ ညနေပိုင်းတွင် ပုသိမ်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ် ဘိုအောမြို့၌ ကျင်းပသည့် ဘိုအောဖိုရမ် အစည်းအဝေး (Boao Forum For Asia Annual Conference 2013) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အဖွင့်မိန့်ခွန်းပြောကြား



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက် ၁ဝ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ် ဘိုအောမြို့၌ ကျင်းပသည့် ဘိုအောဖိုရမ် အစည်းအဝေး (Boao Forum For Asia Annual Conference 2013) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ၍ အဖွင့်မိန့်ခွန်းပြောကြားသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် ခေတ္တတည်းခိုသည့် စန်းယမြို့မှ ဘိုအောမြို့ရှိ Boao International Conference Center သို့ မော်တော်ယာဉ် ဖြင့် ရောက်ရှိပြီး ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများ နှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်သည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် Convention Hall ၌ ကျင်းပသည့် ဘိုအောဖိုရမ် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဖွင့်ပွဲအခမ်းအနားသို့ ကမ္ဘာ့နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ၊ အာရှ ဘိုအောဖိုရမ် အမှုဆောင်ဘုတ်အဖွဲ့ ဥက္ကဋ္ဌနှင့် ဘုတ်အဖွဲ့ဝင်များ၊ ဟိုင်နန်ပြည်နယ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်း၊ ဦးသန်းဌေး၊ ဒေါက်တာမြင့်အောင်၊ ဒေါက်တာကံဇော်နှင့် တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဦးတို့လည်းတက်ရောက်ကြသည်။

အခမ်းအနားတွင် အာရှဘိုအောဖိုရမ် အမှုဆောင်ဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း မစ္စတာ ယာဆူအိုဖူကူဒါက ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားသည်။

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၊ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင် ဆူလ်တန်ဟာဂျီဟာဆာနာဘိုလ်ကီးယား  မူအစ်ဇာဒင်ဝါဒိုလာနှင့် ကာဇက်စတန် သမ္မတနိုင်ငံ သမ္မတ Mr. Nursultan Nazarbayev တို့က အဖွင့်မိန့်ခွန်း ပြောကြားကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်မိန့်ခွန်းပြောကြားရာတွင်  ယခုကဲ့သို့ တရုတ်ပြည် သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ် ဘိုအော မြို့တွင် ကျင်းပသည့် ဘိုအောဖိုရမ် နှစ်ပတ်လည်အစည်း အဝေးတွင် အမှာစကားပြောကြားခွင့်ရသည့်အတွက် မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြော က် ပါေ ကြာင်း ကို ဦးစွာပထမ ပြောကြားလိုပါကြောင်း။

ထို့အပြင် မိမိအနေဖြင့် အိမ်ရှင်နိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် ဘိုအောဖိုရမ် ကျင်းပရေးဆိုင်ရာ အဖွဲ့အစည်းကိုလည်း အထူးကျေးဇူးတင်ရှိကြောင်းကို ပြောကြားလိုပါကြောင်း။

ဘိုအောဖိုရမ် နှစ်ပတ်လည်အစည်းအဝေး၏ အဓိကခေါင်းစဉ်အဖြစ် ဖွံ့ဖြိုးတိုးတက်မှုကို ရှာဖွေနေသော အာရှတိုက် (Asia Seeking Development for All) ကို သတ်မှတ် ထားရှိခြင်းသည် သင့်မြတ်မှုရှိပြီး အချိန်နှင့် တစ်ပြေးညီလည်း ဖြစ်ပါကြောင်း။

ယနေ့ ကမ္ဘာ့စီးပွားရေး အခြေအနေကို လေ့လာကြည့်ပါက အာရှထွန်းသစ်စ စီးပွားရေး နိုင်ငံများမှာ စီးပွားရေးတိုးတက်မှုကို အားရဖွယ် တွေ့ရ ရှိသော်လည်း  ဥရောပမှာ ရင်ဆိုင်နေရသည့် ငွေကြေးဆိုင်ရာ အခက်အခဲများနှင့် ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှုများ ကြောင့် ပြင်ပဝယ်လိုအား ကျဆင်းခဲ့ပြီး အာရှနှင့် ပစိဖိတ်ဒေသများ၌ စီးပွားရေး တိုးတက်မှုနှုန်းအပေါ် အကျိုးသက်ရောက်မှုများ ရှိခဲ့သည်ကို လေ့ လာတွေ့ရှိနိုင် ပါကြောင်း၊ ၂ဝ၁၂ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းသည် ၃ ဒသမ ၅ ရာခိုင်နှုန်းသာရှိပြီး ကုန်သွယ်မှု တိုးတက်မှုနှုန်းသည်လည်း ၃ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိခဲ့သည်ကို တွေ့ ရှိရပါကြောင်း။

အာရှဒေသတွင်း စီးပွားရေးတိုးတက်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် ဒေသတွင်း ဝယ်လိုအားကို မြှင့်တင်ပေးခြင်း၊ ဒေသတွင်းမှသာမက အခြားပြင်ပမှ ရင်းနှီးမြှုပ်နှံမှုများအား ဖိတ်ခေါ်၍ အလုပ်အကိုင် ဖန်တီးမှုများနှင့် ဒေသတွင်း ထုတ်လုပ်မှုတို့ကို ဖြစ်ထွန်းစေခြင်း၊ အာဆီယံဒေသတွင်းမှာလည်း အခြေခံအဆောက်အအုံများ၌ ရင်းနှီးမြှုပ်နှံမှုများကို သင့်တင့်သည့် မူဘောင်များ ချမှတ်ကာ မြှင့်တင်ပေးခြင်း၊ အာဆီယံစီးပွားရေးအသိုက် အဝန်း(အေအီးစီ)ထူထောင်ရေးမှတစ်ဆင့် ဘက်စုံစီးပွားရေး ပူးပေါင်း ဆောင် ရွက်မှု ကိုလည်း ကြိုးပမ်းအကောင်အထည်ဖော်လျက် ရှိပါကြောင်း။

ယနေ့အချိန်အခါတွင် ကမ္ဘာ့နိုင်ငံအများစုမှာ သမားရိုးကျကိစ္စများစွာကို ကိုင်တွယ်ဖြေရှင်း နေရသည့် အပြင် စိန်ခေါ် မှုအသစ်များကိုလည်း ရင်ဆိုင်နေကြရပါကြောင်း၊ ယင်းကဲ့သို့ မသေချာမရေရာသော အရေး ကိစ္စ များ ကြုံတွေ့နေရသော်လည်း ဆင်းရဲ၊ ချမ်းသာမဟူ ကမ္ဘာ့နိုင်ငံ အားလုံးအနေဖြင့် သတိမပြတ်ဘဲ အကောင်းဘက်မှ ရှုမြင်ရန်လိုအပ်ပါကြောင်း။

ကမ္ဘာတစ်ဝန်း စိန်ခေါ်မှုများ၊ မရေရာမသေချာမှုများနှင့် စွန့်စားရမှု အန္တရာယ်များ ပိုမို များပြားလာသည့်အလျောက် မိမိတို့ဒေသတွင်း နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး တည်ငြိမ်မှု တို့အား ဆက်လက်ထိန်းသိမ်းနိုင်ရေး၊ စားနပ်ရိက္ခာနှင့် စွမ်းအင်လုံခြုံရေး၊ သဘာဝ ပတ်ဝန်းကျင် လုံခြုံမှုတို့အား ချိန်ညှိခြင်း၊ စီးပွားရေးတိုးတက်မှုတို့အား ဆက်လက် ထိန်းသိမ်းစေခြင်းတို့ကို ဆက်စပ်ကာ ပူးပေါင်း ဖြေရှင်းနိုင်ခြင်းအားဖြင့် မိမိတို့ဒေသ တွင်း အောင်မြင်မှုများကို ထိန်းသိမ်းထားနိုင်မည်ဟု ယုံကြည်မိပါကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ် အားလုံးတို့တွင် ပူးပေါင်းပါဝင်မှု၊ ပွင့်လင်း မြင်သာမှု၊ တာဝန်ခံနိုင်မှုနှင့် အားလုံးအကျုံးဝင်မှုတို့ကို အလေးပေး ဆောင်ရွက်လျက် ရှိပါကြောင်း။

မြန်မာနိုင်ငံသည် အာရှ၏ အရှေ့/အနောက်ဆက်သွယ်မှုဆိုင်ရာ အချက်အချာနေရာတွင် တည်ရှိနေသည့် အတွက် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အာရှဒေသတွင်း ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ဖြစ်စေနိုင်မှာ ဖြစ်ပါကြောင်း။

ယခုကျင်းပသည့် အာရှဒေသဆိုင်ရာ ဘိုအောဖိုရမ်နှစ်ပတ်လည် အစည်းအဝေး၏  အဓိက ခေါင်း စဉ်ဖြစ် သည့် Asia Seeking Development for All: Restructuring Responsibility & Cooperation အရ အားလုံး ဖွံ့ဖြိုးတိုးတက်မှုအတွက် မိမိတို့အာရှဒေသအနေဖြင့် ကြုံတွေ့နေရ သည့် ငွေကြေးအကျပ်အတည်း၊ သဘာ ဝဘေးအန္တရာယ်၊ စားနပ်ရိက္ခာဖူလုံ  စိတ်ချရမှု လျော့ကျလာခြင်းနှင့် စွမ်းအင်လိုအပ်မှုများကို ရင်ဆိုင်ဖြေ ရှင်း နိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်၍ လိုအပ်သလို တာဝန် ယူကာ ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။


အမျိုးမျိုးသော စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် နိုင်ငံအဆင့်၊ ဒေသအဆင့်နှင့် ကမ္ဘာတစ်ဝန်းမှာ ရှင်သန်တိုးတက်မှု၊ ခုခံနိုင်စွမ်းရည် မြှင့်တင်ရေးသည် အဓိက ကျပါကြောင်း၊ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုအသစ်များကို ကမ္ဘာတစ်ဝန်း ကြုံတွေ့နေရခြင်းဖြစ်၍ ဘက်ပေါင်းစုံမှ ချဉ်းကပ်အဖြေရှာသွားရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ဤသို့ဖြေရှင်းရန်မှာ မလွယ်ကူသော်လည်း ကမ္ဘာတစ်ဝန်းဒေသများ ၌ ဒေသ တွင်း ပေါင်းစည်းရေး ဆောင်ရွက်မှုများသည် ကမ္ဘာ့ကိစ္စရပ်များအတွက် အဖြေရှာနိုင်ရေးကို များစွာ အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း။

ဒေသတွင်း ပေါင်းစည်းမှု အစီအစဉ်အသီးသီးတွင် ပါဝင်သည့် နိုင်ငံအသီးသီး၏ ကြိုးပမ်းမှုများကို စုစည်းနိုင်မှသာ ဒေသအဖွဲ့အစည်း အောင်မြင်မှု ကို ဖော်ဆောင်နိုင် မည် ဖြစ်ပါကြောင်း။

ယခုကျင်းပသည့် အာရှဒေသဆိုင်ရာ ဘိုအောဖိုရမ် နှစ်ပတ်လည် အစည်းအဝေး ၂ဝ၁၃ အနေဖြင့် နိုင်ငံအားလုံးနှင့် နိုင်ငံသားအားလုံးတို့၏ အခြေခံကျသည့် ဖွံ့ဖြိုး တိုးတက်မှုများ အတွက်အမြင်၊ မဟာဗျူဟာများနှင့် အောင်မြင်နိုင်မည့် နည်းလမ်းများကို ရှာဖွေ အကောင်အထည် ဖော် နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ယနေ့ကျင်းပသည့် အာရှဒေသဆိုင်ရာ ဘိုအောဖိုရမ် နှစ်ပတ်လည် အစည်းအဝေး၏ ရလဒ်များသည် အာရှဒေသ၏ စီးပွားရေး ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်များ ထိထိရောက်ေ ရာက် ဆောင် ရွက်နိုင်မည့် အခွင့်အလမ်းကောင်း များစွာကို ရှာဖွေဖော်ဆောင်ပေးနိုင်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ ဖင်လန်၊ မက္ကဆီကို၊ ပီရူး၊ ဇမ္ဘီယာ၊ ၿသစေၾတးလ်၊ ကေမၻာဒီးယား၊ နယူးဇီလန်၊ အယ်လ်ဂျီးရီးယားနှင့် မွန်ဂိုလီးယားနိုင်ငံတို့မှ နိုင်ငံအကြီးအကဲများနှင့် အစိုးရအဖွဲ့အကြီးအကဲများ၊ (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံဥက္ကဋ္ဌနှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF)  ဦးဆောင်ညွှန်ကြားရေးမှူးတို့က မိန့်ခွန်းများ အသီးသီး ပြောကြားကြပြီး ဖွင့်ပွဲအခမ်းအနားကို မွန်းတည့် ၁၂ နာရီတွင် ရုပ်သိမ်းလိုက်သည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ဘိုအောဖိုရမ် အစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် လာကြသူများအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လည်စာ စားပွဲသို့ နိုင်ငံ အကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် တက်ရောက်လာကြသူများနှင့်အတူ တက်ရောက်သည်။

နိုင်ငံတော်သမ္မတသည် ညနေပိုင်းတွင် ဟိုင်နန်ပြည်နယ် စန်းယမြို့ အပြည်ပြည်ဆိုင် ရာ လေဆိပ် မှ လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ရာ ညနေ ၅ နာရီ ၄၅ မိနစ် တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိသည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား ဒုတိယသမ္မတများ ဖြစ်ကြသည့် ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံရုံးယာယီ တာဝန်ခံ Mr.Lu Zhi တို့က နေပြည်တော်လေဆိပ်တွင် ကြိုဆိုနှုတ် ဆက်ကြသည်။

ဆက်သွားချင်သေးတယ် ဆိုရင်