အီရတ်မြို့တော် ဘဂ္ဂဒက်တစ်ဝန်းတွင် ကားဗုံးပေါက်ကွဲမှုများ ဖြစ်ပွားရာ လူ ၂၁ ဦးထိ သေဆုံးပြီး များစွာ ဒဏ်ရာရရှိကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီ ၁၇ ရက်တွင် ဘီဘီစီသတင်း၌ ဖော်ပြသည်။ အဆိုပါ တိုက်ခိုက်မှုများ ဖြစ်ပွားသည်မှာ မြို့တော်၏ ရှီးယားလူမျိုးစုများ နေထိုင်ရာအရပ်၌ ဖြစ်သည်။ ယင်းကားဗုံးခွဲ တိုက်ခိုက်မှုများအတွက် အယ်လ်ခိုင်ဒါဆက်နွှယ် ဆွန်နီသောင်းကျန်းသူများတွင် တာဝန်ရှိကြောင်း အပြစ်ဆို ထောက်ပြထားသည်ဟု သတင်းတွင် ဖော်ပြသည်။
ခေတ်လူငယ်




