ယခင်က
အသီးအရွက်များ စားလျှင် အဆိပ်ပြေသည် ကျန်း မာသည်ဟု အများသိခဲ့သော် လည်း
ယခုခေတ်တွင် အသီး အရွက်များစားသည့်အတွက် အဆိပ်အတောက်များဖြစ်နေ ကြောင်း
သိရသည်။ယ င်း ကဲ့သို့ အသီးအရွက် များစားသုံးရာမှ အဆိပ်အတောက် ဖြစ်ရခြင်းအကြောင်းအား
စားသုံး သူကာ ကွယ်ရေးအသင်းမှ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားရာတွင်
““သုဝဏ်္ဏဘက်မှာ လင်မယားနှစ် ယောက်က သူတို့အိမ်မှာ ကိုက်လံ ကိုကြော်စားတယ်။
စားပြီးတော့ ၀မ်းသွားတယ်။ အော့အန် တယ်။ အဲဒီလိုဖြစ်လို့ ဆေးခန်း
တစ်ခုကိုသွားပြတော့ မသက်သာ ဘူး။ နောက်ဆေးခန်းတစ်ခုကို သွားပြလိုက်တော့မှ
အသည်း လည်းရောင်သွားတယ်။ သည်း ခြေအိတ်လည်း ရောင်သွားတယ်။ ဆရာဝန်က
ပိုးသတ်ဆေး အဆိပ် သင့်တာလို့ပြောတယ်။ နောက် တစ်ခုက
သုဝဏ္ဏဈေးကလူပဲမြို့ထဲကို လာရင်းနဲ့ ထမင်းဆိုင်တစ်ဆိုင်က
ကိုက်လံနဲ့ကြက်ဥကြော်ထားတာကို ၀ယ်လာမိတယ်၊ ပြီးတော့ သူ အိမ်ပြန်ဖို့
ကားပေါ်လည်းတက် ရော ဇောချွေးတွေပြန်လာတယ်။အဲလိုဖြစ်တာကို ရန်ကုန်ဆေးရုံ
ကြီးကို သွားပြတယ်။ ဆေးတစ် လုံးထိုးပေးလိုက်တယ်။ မသက် သာဘူး။ မသက်သာလို့
အသည်း ဆရာဝန်တစ်ယောက်ဆီကို သွား ပြလိုက်တော့မှ ဆရာဝန်က ပိုး
သတ်ဆေးအဆိပ်သင့်တာလို့ ပြောတယ်။ အဲလိုကိုက်လံတွေ၊ ဂေါ်ဖီပန်းပွင့်တွေ၊
ကန်စွန်းရွက် တွေစားပြီး အဆိပ်သင့်တာတွေ နောက် ထပ်တော်တော်များများ
ရှိသေးတယ်။ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ဟုမ္မလင်းမှာဖြစ်တာ ကျ တော့
ဂေါ် ဖီစားရင်းနဲ့ဖြစ်တာ။ လူနှစ်ယောက်သေတယ်။ ၃၀ လောက်က ဆေးရုံတင်ထားရ တယ်”” ဟု
ပြောကြားခဲ့သည်။
စာအုပ်အညွန်း- မိုးမင်းသိမ်း မြန်မာပြန် မိတဆိုး
7 years ago
