Pages

Sunday, January 19, 2014

အဋ္ဌမ အကြိမ်မြောက် ထွန်း ဖောင်ဒေးရှင်း ၂၀၁၃ စာပေ ဆု ချီးမြှင့်ပွဲ ကျင်းပ

ဇန်န၀ါရီလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီ တွင် ရန်ကုန် မြို့ ရန်ကင်း မြို့နယ် စည်ပင် လမ်းသစ် ရှိ မြန် မာ နိုင် ငံ ဘဏ်များ အသင်း အဆောက် အအုံ ဇမ္ဗူရစ် ရွှေစင် ခန်းမ ၌ အဋ္ဌမ အကြိမ် ထွန်း ဖောင်ေ ဒး ရှင်း (၂၀၁၃) စာပေ ဆု ချီးမြှင့် ပွဲ ကျင်းပ သည်။

ထွန်းဖောင် ဒေးရှင်း သည် မြန်မာ စာပေ လောက ဖွံ့ဖြိုး တိုးတက်ရေး နှင့် စာဖတ် ပရိသတ် တိုးပွားရေး၊ စာေ ကာင်း ပေမွန် များ ပေါ်ထွန်း ရေး တို့ကို တစ်ဖက် တစ်လမ်းမှ ပါဝင် ထောက်ကူ သော အားဖြင့် "ထွန်းဖောင် ဒေးရှင်း စာပေ ဆု" ကို ၂၀၀၅ ခုနှစ် မှ စတင် အကောင် အထည် ဖော် ခဲ့ပြီး စာအုပ် စာမူ ဆု များ ကို ချီးမြှင့် ခဲ့သည်။

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း (၇) ကြိမ်မြောက် အာဆီယံမ သန်စွမ်း အားကစား ပြိုင်ပွဲ မြားပစ်၊ စစ်တုရင်၊ စားပွဲတင် တင်းနစ် အားကစား နည်းများ ယှဉ်ပြိုင် နေမှုများ ကြည့်ရှု အားပေး

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည် ဇန်န၀ါရီ ၁၈ ရက်နေ့ နံနက် (၁၁) နာရီခွဲ တွင် ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း၊ ဒုတိယ ဝန်ကြီး ဦးသောင်းထိုက်၊ ဗိုလ်မှူး ချုပ် ကျော်ဇံမြင့် တို့နှင့် အတူ နေပြည်တော် ၌ ကျင်းပလျက် ရှိသည့် (၇) ကြိမ် မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ ၏ မြားပစ်၊ စစ်တုရင်၊ စားပွဲတင် တင်းနစ် အားကစား နည်းများ ယှဉ်ပြိုင် ကစား နေမှု ကို ကြည့်ရှု အားပေး သည်။

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း (၇) ကြိမ်မြောက် အာဆီယံမ သန်စွမ်း အားကစား ပြိုင်ပွဲ မြားပစ်၊ စစ်တုရင်၊ စားပွဲတင် တင်းနစ် အားကစား နည်းများ ယှဉ်ပြိုင် နေမှုများ ကြည့်ရှု အားပေး

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည် ဇန်န၀ါရီ ၁၈ ရက်နေ့ နံနက် (၁၁) နာရီခွဲ တွင် ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း၊ ဒုတိယ ဝန်ကြီး ဦးသောင်းထိုက်၊ ဗိုလ်မှူး ချုပ် ကျော်ဇံမြင့် တို့နှင့် အတူ နေပြည်တော် ၌ ကျင်းပလျက် ရှိသည့် (၇) ကြိမ် မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ ၏ မြားပစ်၊ စစ်တုရင်၊ စားပွဲတင် တင်းနစ် အားကစား နည်းများ ယှဉ်ပြိုင် ကစား နေမှု ကို ကြည့်ရှု အားပေး သည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မကွေး တိုင်း ဒေသ ကြီး အတွင်းရှိ အကြီးစား စက်ရုံ များ၊ စက်မှု သင်တန်း ကျောင်း နှင့် ဧရာဝတီ တံတား (မလွန်) တို့ကို သွားရောက် ကြည့်ရှု စစ်ဆေး

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် ဇန်န၀ါရီလ ၁၆ ရက်နေ့ မွန်းလွဲပိုင်း တွင် မကွေး တိုင်း ဒေသ ကြီး အတွင်း ရှိ အကြီးစား စက်ရုံ များ၊ စက်မှု သင်တန်း ကျောင်း နှင့် ဧရာဝတီ တံတား (မလွန်) တို့ကို သွားရောက် ကြည့်ရှု စစ်ဆေး သည်။ ရှေးဦး စွာ နိုင်ငံတော် သမ္မတ သည် မကွေး စက်မှု နယ်မြေ ရှိ အမှတ် (၁၃) အကြီးစား စက်ရုံ (မကွေး) သို့ ရောက်ရှိ ရာ စက်ရုံ အစည်း အဝေး ခန်းမ ၌ စက်မှု ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့် က စက်ရုံ တည်ဆောက် ခဲ့မှု၊ စက်ရုံ ၏ ထုတ်ကုန် ပစ္စည်း များနှင့် ထုတ်လုပ် နိုင်မှု အရေ အတွက်၊ ဈေးကွက် တင်ပို့ ရောင်းချ မှု အခြေ အနေ နှင့် ထုတ်ကုန် တန်ဖိုး လျှော့ချ နိုင်ရေး ဆိုင်ရာ များ ကို ရှင်းလင်း တင်ပြပြီး ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ် ကြီး ဝေလွင် နှင့် ဦးစိုးသိန်း တို့က ဖြည့်စွက် ရှင်းလင်း တင်ပြ ကြသည်။

Saturday, January 18, 2014

အေပီ နှင့် ဧရာဝတီ သတင်း ဌာန တို့က ရခိုင် ပြည်နယ် ၌ အကြမ်းဖက် မှုများ ဖြစ်ပွား ခဲ့ကြောင်း သတင်းမှား များ ထုတ်လွှင့် ဖော်ပြ

ဇန်နဝါရီ ၁၃ ရက်တွင် ရခိုင် ပြည်နယ် မောင်တော မြို့နယ် ၌ ရဲ တပ်ကြပ်ကြီး တစ်ဦး ပျောက်ဆုံးမှု သတင်း နှင့် ပတ်သက် ၍ သတင်း ဆက် အဖြစ် အေပီ သတင်း ဌာန က " မောင်တော ဒေသ တွင် ရိုဟင်ဂျာ မိန်းမ နှင့် ကလေးများ မှာ ဒါးဖြင့် အခုတ်ခံ ရကြောင်း၊ သို့သော် အရေ အတွက် များစွာ ကွဲလွဲ လျက် ရှိကြောင်း၊ အချို့ သတင်း ရပ်ကွက် များက သေဆုံး သူ ၅ ယောက် မှ ၁၀ ယောက် အတွင်း သာ သတ်မှတ် ကြ သော်လည်း မောင်တော မြို့နယ် ဒေသခံ တစ်ဦး ၏ အဆို အရ သေဆုံး သူ ၄၀ ခန့် ရှိကြောင်း၊ သေဆုံး သူ အချို့ ၏ ဒဏ်ရာ များမှာ ဓါးဒဏ်ရာ များ သာ ဖြစ်ကြောင်း၊ သေနတ် ဖြင့် ပစ်သတ် ခံရခြင်း၊ ရိုက်သတ် ခံရခြင်း မတွေ့ ရ ကြောင်း၊ သို့ဖြစ် ရာ ရခိုင် ဗုဒ္ဓ ဘာသာ တို့၏ လက်ချက် သာ ဖြစ်နိုင် ပြီး တပ် သို့မဟုတ် ရဲ တို့၏ လက်ချက် မဖြစ် နိုင် ကြောင်း" စသည် ဖြင့် သတင်း ရရှိ ကြောင်း ဖော်ပြ ထားသည်။

ကမ်းလွန် လုပ်ကွက် AD 6 တွင် ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ စတင် တူးဖော် မည့် ရှာဖွေရေး တွင်း အမှတ် အောင်ဇမ္ဗူ (၁) ၊ COSL - Gift (Jack up)တွင်း တူးစင် စတင် တူးဖော်ခြင်း အခမ်းအနား ကျင်းပ

ကမ်းလွန် လုပ်ကွက် AD 6 တွင် ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ စတင် တူးဖော် မည့် ရှာဖွေရေး တွင်း အမှတ် အောင်ဇမ္ဗူ (၁) ၊ COSL - Gift (Jack up)တွင်း တူးစင် စတင် တူးဖော်ခြင်း အခမ်းအနား ကို ဇန်နဝါရီ လ (၁၆) ရက်နေ့ နံနက် ပိုင်းတွင် COSL - Gift (Jack up) တွင်း တူးစင် ၌ ကျင်းပ ပြု လုပ်ရာ စွမ်းအင် ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဇေယျာအောင် နှင့် ဒုတိယ ဝန်ကြီး ဦးအောင်ထူး၊ ရခိုင် ပြည်နယ် ဝန်ကြီး ချုပ် ဦးလှမောင်တင်၊ မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း မှ ဦးဆောင် ညွှန်ကြား ရေးမှူးနှင့် တာဝန် ရှိသူများ၊ CAL ကုမ္ပဏီ မှ ဥက္ကဌ၊ တာဝန် ရှိသူများ တက်ရောက် ခဲ့ကြ သည်။
 

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကိုရီးယား သမ္မတ နိုင်ငံ အမျိုးသား လွှတ်တော် ၏ နိုင်ငံခြားရေး နှင့် ပေါင်းစည်းရေး ကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ အား လက်ခံ တွေ့ဆုံ

 
 
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် ကိုရီးယား သမ္မတ နိုင်ငံ အမျိုးသား လွှတ်တော် ၏ နိုင်ငံခြား ရေး နှင့် ပေါင်း စည်း ရေး ကော်မတီ ဥက္ကဋ္ဌ H.E. Mr. AHN, Hong- Joon  ဦးဆောင် သော ကိုယ်စားလှယ် အဖွဲ့အား ဇန်နဝါရီ (၁၇) ရက်နေ့ နံနက် (၉) နာရီခွဲ တွင် နိုင်ငံတော် သမ္မတ အိမ်တော် ရှိ သံတမန် ဆောင် ဧည့်ခန်းမ ၌ လက်ခံ တွေ့ဆုံ သည်။

တွေ့ဆုံစဉ် ကိုရီးယား နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ အတွေ့ အကြုံ များ မျှဝေ သွားရေး၊ ကိုရီးယား ကုမ္ပဏီ များ ပိုမို လာရောက် ရင်းနှီး မြှုပ်နှံမှု ပြုရေး၊ ပညာ ရေး၊ နည်းပညာ ဆိုင်ရာ အကူ အညီများ ပေးရေး၊ ကိုရီးယား နိုင်ငံမှ အသေးစား နှင့် အလတ်စား စက်မှု လုပ်ငန်း များ လာရောက် လုပ်ကိုင် ခွင့် ရရှိရေး နှင့် အလုပ် အကိုင် အခွင့်အလမ်း ဆိုင်ရာ ကိစ္စရပ် များနှင့် စပ်လျဉ်း ၍ ဆွေးနွေး ခဲ့ကြ သည်။

ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ကိုရီးယား သမ္မတ နိုင်ငံ အမျိုးသား လွှတ်တော် ၏ နိုင်ငံခြား ရေး နှင့် ပေါင်းစည်း ရေး ကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့အား လက်ခံ တွေ့ဆုံ

 
 
ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း သည် ဇန်နဝါရီ (၁၇) ရက်နေ့ မွန်းလွဲ (၁) နာရီ (၁၅) မိနစ် တွင် ကိုရီးယား သမ္မတ နိုင်ငံ အမျိုးသား လွှတ်တော် ၏ နိုင်ငံခြား ရေး နှင့် ပေါင်းစည်းရေး ကော်မတီ ဥက္ကဋ္ဌ H.E. Mr. AHN,  Hong-Joon ဦးဆောင် သော ကိုယ်စား လှယ် အဖွဲ့ အား နေပြည်တော် ရှိ လွှတ်တော် အဆောက် အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံသည်။

ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း (၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ ယှဉ်ပြိုင် နေမှုများ ကြည့်ရှု အားပေး

 
 
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း သည် ဇန်နဝါရီ (၁၇) ရက်နေ့ နံနက် (၁ဝ) နာရီခွဲ တွင် နေပြည်တော် ၌ ကျင်းပ လျက် ရှိသည့် (၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ များကို ပြည်ထောင်စု ဝန်ကြီး ဦးသိန်းညွန့်၊ ဦးတင့်ဆန်း၊ မြန်မာ နိုင်ငံ မသန်စွမ်း သူများ အားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ် နေလင်း၊ တာဝန်ရှိ ပုဂ္ဂိုလ် များနှင့် အတူ လိုက်လံ ကြည့်ရှု အားပေး သည်။

Friday, January 17, 2014

ပြည်တွင်း ပြဿနာ ကြောင့် အာစီယံ ဥက္ကဋ္ဌ တာဝန် မထိခိုက်နိုင်

 
 
အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အဆင့် အစည်း အဝေး အပေါ် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏ မောင်လွင် (ယာ) အား ဗွီအိုအေ မြန်မာပိုင်း မှ ကိုသားညွန့်ဦး က တွေ့ဆုံမေးမြန်းစဉ်။ (ဇန်နဝါရီ ၁၆၊ ၂၀၁၄)

မြန်မာနိုင်ငံ အနေနဲ့ အာဆီယံ ကို ဦးဆောင်နေတဲ့အချိန်မှာ နိုင်ငံတွင်း ပြဿနာရပ်အချို့ရှိနေပေမယ့်လို့ တိုင်းရင်းသားပြည်သူလူထုရဲ့ စုစည်းမှုအားနဲ့ ပြဿနာရပ်တွေကို ကျော်လွှားသွားနိုင်မယ်လို့ ယုံကြည်တဲ့ အကြောင်း မြန် မာနို င်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။ တချိန်တည်း မှာလည်းပဲ တရုတ် - အမေရိကန် နိုင်ငံကြီးတွေနဲ့ အရေးကြီးတဲ့ မိတ်ဖက်နိုင်ငံတွေ အဖြစ် မျှမျှတတ ရင်းနှီးစွာဆက်ဆံ သွားမယ်လို့ လည်း ပြောသွားပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် နဲ့ တွေ့ဆုံမေးမြန်း ထား တာတွေ ကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

ရိုဟင်ဂျာ ဆိုသည့် လူမျိုး မရှိ ကြောင်း ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် က ပြောကြား အခြား အာဆီယံ နိုင်ငံများ က ရိုဟင်ဂျာ အရေး ဖိအား ပေး လာပါက လက်ခံ မည် မဟုတ်

 
 
ရိုဟင်ဂျာ ကိစ္စ အား ၂၀၁၄ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ၏ သီးသန့် အစည်း အဝေး ၌ ဆွေးနွေး သွားရန် မရှိကြောင်း၊ ရိုဟင်ဂျာ ဟူသော အသုံး အနူန်း ကို လက် မခံ ကြောင်းနှင့် အခြား အာဆီယံ နိုင်ငံ များ က ဖိအားပေး လာပါက လက်ခံ မည် မဟုတ်ကြောင်း ကို ပုဂံမြို့ ရွှေနန်း ဟိုတယ် နန်းမြင့် ဆောင် တွင် ပြုလုပ် သော မီဒီယာ များနှင့် တွေ့ဆုံပွဲ ၌ သမ္မတ ရုံး ပြောရေး ဆိုခွင့် ရှိသူ၊ ပြန် ကြားေ ရး ဒုဝန်ကြီး ဦးရဲထွဋ် က အောက်ပါ အတိုင်း ဖြေကြား ခဲ့သည်။

နိုင်ငံတော် သမ္မတကြီး မကွေး မြို့သို့ ရောက်ရှိစဉ် အငြိမ်း စား ကျောင်းဆရာမ တစ်ဦး က ၎င်း၏ နေအိမ် ဖျက်သိမ်း ခံရမှု နှင့် ပတ်သက် ၍ အသနား ခံစာ ပေးရန် ကြိုးပမ်းမှု ဖြစ်ပေါ်

မကွေး မြို့ မြို့တော် ခန်းမ တွင် ဇန်န၀ါရီ ၁၆ ရက် နံနက် က ကျင်းပ ခဲ့သည့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး နှင့် လူမှု စီးပွား ဘ၀ မြှင့်တင်ရေး အခမ်း အနား မှ နိုင်ငံတော် သမ္မတ ကြီး ဦးသိန်းစိန် ပြန်လည် ထွက်ခွာ လာစဉ် အငြိမ်းစား ကျောင်း ဆရာမ တစ်ဦး က ၎င်း ၏ နေအိမ် ဖျက် သိမ်း ခံရမှု နှင့် ပတ်သက် ၍ အသနား ခံစာ ပေးရန် ကြိုးပမ်းမှု ဖြစ်ပေါ် ခဲ့ကြောင်း ကိုယ်တိုင် မြင်တွေ့ ခဲ့ရသူ များ ထံမှ သိရ သည်။

အငြိမ်းစား ကျောင်း ဆရာမ ဒေါ်သန်းမြင့် က ၎င်း နေထိုင် ခဲ့ရာ မကွေး မြို့ လမ်းမတော် အလယ် ရပ် ၃ လမ်း အမှတ် ၂၃ ရှိ အလျား ၁၀၇ ပေ၊ အနံ ၆၅ ပေ အကျယ် ရှိ အိမ်ဝိုင်း အတွင်းမှ ပျဉ်ထောင် အိမ် အား ၂၀၁၂ ခုနှစ် သြဂုတ် လအတွင်း က တရားရုံး ၏ အမိန့် ဖြင့် ဖျက်ပေး ခဲ့ရခြင်း နှင့် ပတ်သက် ၍ သမ္မတ ကြီး ထံ အသနား ခံစာ ပေးရန် ကြိုးပမ်း ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာ အဆင့်မီ မန်း မြန်မာ ၂၅ ထပ် ကွန်ဒိုမီနီယံ ဖွင့်

မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီ နှင့် မြန်မာ - မန္တလေး ကုမ္ပဏီ လီမိတက် တို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက် ခဲ့သည့် မန်း မြန်မာ ၂၅ ထပ် ကွန်ဒိုမီနီယံ ဖွင့်ပွဲ အခမ်း အနား ကို ဇန်နဝါရီ လ ၁၆ ရက် နေ့ နံနက် ၉ နာရီ က ချမ်းအေး သာစံ မြို့နယ် ၈၄ လမ်း နှင့် ၂၈ လမ်း ထောင့် အဆင့် မြင့် ဈေးချိုတော် ဧရိယာ ရှိ မန်း မြန်မာ ၂၅ ထပ် ကွန်ဒို မီနီယံ အဆောက် အအုံ တည်ရှိရာ မန်းမြန်မာ ပလာဇာ အပေါ်ထပ် ငါးလွှာ ၌ ကျင်းပ ခဲ့သည်။

မြန်မာ နိုင်ငံသားများ အတွက် သုံးနှစ် သက်တမ်း ရှိ အကြိမ်ကြိမ် ဝင်ထွက် သွားလာ နိုင်သော ဗီဇာ ဂျပန် အစိုးရ စတင် ထုတ်ပေး

ဂျပန် အစိုးရက မြန်မာ နိုင်ငံသားများ အတွက် သုံးနှစ် သက်တမ်း ရှိ ဂျပန် နိုင်ငံ သို့ အကြိမ်ကြိမ် ဝင်ထွက် သွားလာ နိုင်သော ပြည်ဝင် ခွင့် ဗီဇာ (multiple - entry visa) ကို စတင် ထုတ်ပေး သွားမည် ဖြစ်ကြောင်း ဂျပန် နိုင်ငံ နိုင်ငံခြား ရေး ဝန်ကြီး ဌာန က ဇန်နဝါရီ လ ၁၅ ရက်နေ့ တွင် သတင်း ထုတ်ပြန် လိုက် သည်။ အဆိုပါ သုံးနှစ် သက်တမ်း ရှိ ပြည်ဝင် ခွင့် ဗီဇာ ကို ဂျပန် - မြန်မာ သံတမန် ဆက်ဆံရေး နှစ် (၆၀) ပြည့် အထိမ်း အမှတ် အ ဖြစ် နှစ် နိုင်ငံ ကုန်သွယ်မှု များ နှင့် ဖလှယ်မှု များ ပိုမို ပြုလုပ် လာနိုင် စေရန်နှင့် ဂျပန် - မြန်မာ ခရီးသွား လုပ်ငန်း ပိုမို အားကောင်း လာ စေရန် အတွက် ရည်ရွယ် ကြောင်း ယင်း ထုတ်ပြန် ချက် တွင် ဖော်ပြ ထားသည်။

အနည်း ဆုံး လုပ်ခ ကြေးငွေ ၂၀၁၄ မကုန်မီ ထုတ်ပြန် မည်ဟု ဝန်ကြီး ဆို

မြန်မာ နိုင်ငံတွင် ပထမ ဆုံး အကြိမ် အဖြစ် လုပ်ငန်း မျိုးစုံတွင် သတ်မှတ် မည့် အနည်းဆုံး လုပ်ခ အခ ကြေးငွေ သတ်မှတ် ချက် ကို ၂၀၁၄ ခုနှစ် မကုန် မီ ထုတ်ပြန် ပေးသွား မည် ဖြစ်ကြောင်း အလုပ် သမား၊ အလုပ် အကိုင် နှင့် လူမှု ဖူလုံရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့် က ပြောကြား သည်။ အနည်း ဆုံး အခ ကြေးငွေ သတ်မှတ် ရန် ဖွဲ့စည်း ထားသည့် အမျိုးသား ကော်မတီ က ဇန်နဝါရီ လ ၁၆ ရက်နေ့ တွင် နေပြည်တော် ရှိ အလုပ် သမား၊ အလုပ် အကိုင် နှင့် လူမှု ဖူလုံရေး ဝန်ကြီး ဌာန ၌ ပြုလုပ် သည့် အစည်း အဝေး တွင် အမျိုးသား ကော်မတီ ၏ ဥက္ကဋ္ဌ လည်း ဖြစ်သူ ၎င်း က ယင်းသို့ ပြော ဆိုခြင်း ဖြစ် သည်။ အနည်း ဆုံး အခ ကြေးငွေ သတ်မှတ် ရေးနှင့် ပတ်သက် ၍ အလုပ်ရှင်၊ လုပ်သား တွေ့ဆုံပွဲ များကို ရန်ကုန်၊ မန္တလေး တိုင်း ဒေသကြီး နှင့် စစ်ကိုင်း တိုင်း ဒေသ ကြီးများ တွင် ၂၀၁၃ ခုနှစ် အောက်တိုဘာ လနှင့် ဒီဇင်ဘာ လ တို့တွင် ပြုလုပ် ခဲ့ပြီး အခြား တိုင်း ဒေသကြီး နှင့် ပြည်နယ် အသီး သီး တွင် လည်း ဇန်နဝါရီ လမှ ဇွန်လ အတွင်း အလုပ်ရှင် နှင့် လုပ်သား တွေ့ဆုံ ပွဲများ ပြုလုပ် သွားမည် ဖြစ်ကြောင်း ဦးအေးမြင့် က ဆိုသည်။ “တွေ့ဆုံပွဲ တွေက နေပြီး ရရှိတဲ့ လာတဲ့ သဘော ထား ရလဒ် များကို ထည့်သွင်း စဉ်းစား သွားပါ မယ်” ဟု ၎င်းက ပြောဆို သည်။

တစ်နိုင်ငံလုံး ရှိ စက် သုံးဆီ အရည် အသွေး စစ်ဆေး ရန် ရွေ့လျား ဓာတ်ခွဲခန်း ငါးခု ဝယ်မည်

မြန်မာတစ် နိုင်ငံလုံးရှိ ပုဂ္ဂလိ က စက်သုံးဆီ အရောင်းဆိုင များတွင် ရောင်းချ နေသည့် စက်သုံးဆီများ ၏ အရည် အသွေး ပြည့်မီမှု ရှိ မရှိ စစ်ဆေး နိုင် သည့် ရွေ့လျား ဓာတ်ခွဲခန်း ငါးခု ကို လက်ရှိ နှစ် အတွင်း ဝယ်ယူ သွားမည် ဖြစ်ကြောင်း မြန်မာ့ ရေနံ ထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း ညွှန်ကြား ရေး မှူး ဦးမြင့်ဇော် က ပြောကြား သည်။ မန္တလေး မြို့တော် ၆၆ လမ်းနှင့် ၂၆ လမ်းထောင့်ရှိ အဆိုပါ လုပ်ငန်း အစည်း အဝေး ခန်းမ တွင် ဇန်နဝါရီ လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ က ကျင်းပ သည့် ရေနံ ထွက် ပစ္စည်းများ တင်သွင်း သိုလှောင် သယ်ယူ ဖြန့်ဖြူး ရောင်းချခြင်း ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တွင် ၎င်းက အထက် ပါ အတိုင်း ထည့်သွင်း ပြောကြား ခြင်း ဖြစ်သည်။ လက်ရှိ တွင် အဆိုပါ စက်သုံးဆီ အရည်အသွေး ပြည်မီမှုရှိ မရှိ စစ်ဆေး သည့် ရွေ့လျား  ဓာတ်ခွဲ ခန်း တစ်ခု သာ ရှိပြီး အဆိုပါ စက်မှာ ရန်ကုန် မြို့တော် တွင် စစ်ဆေး ပေးနေ သဖြင့် ကျန် မြို့ကြီးများ တွင် စစ်ဆေး ပေးနိုင် ရန် ဝယ်ယူ သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြား သည်။

မြန်မာ သူငယ်ချင်းများ ရှာဖွေ သူ ကုမ္ပဏီ လီမိတက် မှ တစ်ဆင့် အိမ်ထောင် ဖက် ရှာဖွေနိုင်

အလုပ် အကိုင် မအားလပ် ၍ ချစ်သူ ရည်းစား၊ အိမ်ထောင် ဖက် ရှာဖွေ ရန် အချိန်မရ သည့် လူပျိုကြီး များ အတွက် ကုမ္ပဏီမှ တစ်ဆင့် အိမ်ထောင် ဖက် ရှာဖွေ နိုင်ပြီ ဟု မြန်မာ သူငယ်ချင်း များ ရှာဖွေ သူ ကုမ္ပဏီ လီ မိ တက် တာဝန်ရှိ သူ တစ်ဦးက ပြောကြား ခဲ့သည်။ ၄င်းက “ကိုယ့် ဘဝရဲ့ လက်တွဲ ဖော် ဟာ ကိုယ့် ဘ ဝေ လာက် အရေးကြီး ပါတယ်။ ကိုယ့် ဘဝရဲ့ လက်တွဲဖော် မှာ ရှိသင့် တဲ့ အချက် အလက်တွေ ကို ကုမ္ပ ဏီ က တိုက်ဆိုင် ပြီးတော့မှ စိတ်ကြိုက် ရွေးချယ် စေချင် တာပါ” ဟု ပြောကြား ခဲ့သည်။ နိုင်ငံတကာ ၌ ယင်း ကဲ့သို့ ဝန်ဆောင်မှု လုပ်ငန်း ခေတ်စား လာခဲ့သည် မှာ အချိန် ကြာမြင့် နေ ပြီ ဖြစ် သော် လည်း မြန် မာ နိုင်ငံ၌ ယခု လုပ်ငန်း သည် ပထမ ဦးဆုံး လုပ်ဆောင် ခြင်း ဖြစ် သည် ဟု ယူ ဆ ကြော င်း ပြော ကြား ခဲ့သည်။ မြန်မာ သူငယ်ချင်း များ ရှာဖွေသူ ကုမ္ပဏီ အား ၂၀၁၃ စက်တင် ဘာ မှ စတင် ၍ တည်ထောင် ခဲ့ပြီး ဒီဇင်ဘာ လ ထဲ၌ စုံတွဲ တစ်တွဲအား ဘဝ လက်တွဲဖော် အဖြစ် အောင်မြင် စွာ ဆောင် ရွက် နိုင်ခဲ့သည် ဟု ဆိုသည်။

ရန်ကုန်မြို့ ရှိ လူ စည်ကား သော နေရာ များ တွင် စီစီတီဗီ များ တပ်ဆင် ၍ Control Room မှ စောင့်ကြည့် မည်

ရန်ကုန်မြို့ အတွင်းရှိ လူစည်ကား သော နေရာများ တွင် စီစီတီဗီ များ တပ်ဆင် ၍ ထိန်းချုပ် ခန်း (Control Room) မှ စောင့်ကြည့် နိုင်ရန် ဆောင်ရွက် လျက် ရှိကြောင်း ရန်ကုန် တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ တာဝန် ရှိသူ တစ်ဦးက ပြောကြား သည်။ “ပြစ်မှု ကျူးလွန် တဲ့သူတွေ ကို အချိန်တို အတွင်း ခြေရာ ကောက် မိနိုင် အောင် ဒီလို စီစီတီဗီ တွေ တပ်ဆင် မယ်။ ပြီးရင် အဲဒီ စီစီတီဗီ ကနေ တစ်ဆင့် Control Room ကနေ အ မြဲ စောင့်ကြည့် နေမယ်။ ရန်ကုန် မြို့ရဲ့ လုံခြုံရေး အတွက် အများကြီး အထောက် အကူပြု မှာပါ” ဟု ၎င်းက ဆိုသည်။

နိုင်ငံရေး ပဋိပက္ခ ကြောင့် ထိုင်း နှင့် မြန်မာ ဗီဇာ ကင်းလွတ်ခွင့် ရွှေ့ဆိုင်း

ထိုင်း နိုင်ငံတွင် ဖြစ်ပွား နေသည့် နိုင်ငံရေး မတည်ငြိမ် မှုကြောင့် ထိုင်းနှင့် မြန်မာ နှစ် နိုင်ငံ ဗီဇာ ကင်းလွတ်ခွင့် အစီအစဉ် ကို ရွှေ့ဆိုင်း ထားကြောင်း မြန်မာ နိုင်ငံခြား ရေး ဝန်ကြီး ဦးဝဏ္ဏ မောင်လွင် က ပြောကြား သည်။ ပုဂံ တွင် ကျင်းပ သည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး များ အစည်း အဝေး အကြို မီဒီယာ များ နှင့် တွေ့ဆုံ စဉ် ၎င်းက ထိုသို့ ပြောဆိုခြင်း ဖြစ်ပြီး မည်သည့် အချိန်ထိ ရွှေ့ဆိုင်း ထားသည် ကိုမူ ပြောဆိုခြင်း မရှိပေ။ ဗီဇာ ကင်းလွတ် ခွင့် အစီအစဉ် ကို စတင် ရန် အဆင်သင့် ဖြစ်ပြီး ဟု ထိုင်း နိုင်ငံ အစိုးရ ကို အသိပေး ထားသော်လည်း နိုင်ငံ ရေး မတည်ငြိမ် မှုများ ကြောင့် ထိုင်းနိုင်ငံ အစိုးရ က တစ်စုံ တစ်ရာ ပြန်လည် အကြောင်း ပြန်ခြင်း မရှိသေး ကြောင်း ဦးဝဏ္ဏ မောင်လွင် က ဆိုသည်။ “လက်ရှိ ဖြစ်ပေါ် နေတဲ့ အခြေ အနေ ကြောင့် အစိုးရ ပိုင်းမှာ ဆက်လက် ညှိနှိုင်း နေတယ်။ အပြု သဘော ဆောင်တဲ့ ရလဒ် ရဖို့ မျှော်လင့် တယ်” ဟု ၎င်းက ဆိုသည်။

အာဆီယံ စီးပွားရေး အသိုက် အဝန်း အရေး နိုင်ငံခြားရေး ဝန်ကြီးများ ဦးတည် ဆွေးနွေးမည်

မြန်မာ နိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တွင် အာဆီယံ စီးပွားရေး အသိုက် အဝန်း အရေး နှင့် ဘရူနိုင်း နိုင်ငံက အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူ စဉ် မပြီးပြတ် ခဲ့သည့် လုပ်ငန်းများ ကို ဦးတည် ဆွေးနွေးမည် ဖြစ်ကြောင်း နိုင်ငံခြား ရေး ဝန်ကြီး ဦးဝဏ္ဏ မောင် လွင် က ပြောကြားသည်။ ဘရူနိုင်း နိုင်ငံ ဘန်တာ ဆီရီ ဘီဂါဝန် ကြေညာချက် နှင့် အညီ ၂၀၁၅ ခုနှစ် အာဆီယံ အသိုက် အမြုံ ကို အကောင် အထည် ဖော်မည့် အပြင် အာဆီယံ ဒေသတွင်း အရေးများ၊ အာဆီ ယံ နှင့် နိုင်ငံ တကာ ဆက်ဆံ ရေး များကို လည်း ဆက်လက် ဆွေးနွေး သွားမည် ဖြစ်ကြောင်း အစည်း အဝေး အကြို သတင်းစာ ရှင်းလင်း ပွဲတွင် ၎င်းက ပြောဆို သည်။ “အာဆီယံ နိုင်ငံခြား ရေး ဝန်ကြီးများ အ စည်း အဝေး တွင် ဒေသ တွင်း သာမက ကမ္ဘာ့ နိုင်ငံရေး လုံခြုံရေး ကိစ္စတွေ ကိုပါ ဆုံးဖြတ် ကြတာ။ ဒီမှာ သဘော မတူရင် နောက်ထပ် လာမယ့် အစည်း အဝေးမှာ ဆက် ဆုံးဖြတ် မယ်” ဟု ဦးဝဏ္ဏ မောင်လွင် က ပြောဆို သည်။

ဆက်သွားချင်သေးတယ် ဆိုရင်