Pages

Thursday, January 16, 2014

စီဒီအမ်အေ ၈၀၀ ဖုန်း များ အင်တာနက် လိုင်း မကြာမီ လျှောက်ထား နိုင်မည်

၀၉ - ၇၃ ဖြင့် စသည့် စီဒီအမ်အေ မိုဘိုင်းဖုန်း များ အင်တာနက် လိုင်း မကြာမီ ပြန်လည် လျှောက်ထား နိုင်တော့ မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ သိရသည်။ ယခင် က အဆိုပါ မိုဘိုင်းဖုန်း လိုင်း အင်အား လုံလောက် မှု မရှိ ဖြစ်နေသဖြင့် အင်တာနက် လိုင်း ဖွင့်ပေးမှု ကို ကာလ အတန်ကြာ ရပ်ဆိုင်း ထားပြီး ယခု လိုင်းများ ပြန်လည် တိုးချဲ့ ပြီးစီးပြီ ဖြစ်သော ကြောင့် ပြန်လည် လျှောက်ထား ခွင့် ပြုသွား မည် ဖြစ်ကြောင်း သိရ သည်။ “အရင် ကတော့ စီဒီ အမ်အေ ဖုန်းတွေ က အသုံး ပြုတာ များတဲ့ အတွက် လိုင်းပြည့်တာ တွေ ရှိတယ်။ အခု လိုင်းတွေ ချဲ့သင့် သလောက် ချဲ့ပြီး အင်တာနက် လိုင်း ပြန်လျှောက် ခွင့်ပြု မှာ ဖြစ်ပါ တယ်။ အရင် ပုံစံအတိုင်း ပဲ ပြန်လျှောက် လို့ ရမယ်” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ တာဝန် ရှိသူ တစ်ဦး က ပြောသည်။

လက်ရှိတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ ကမ်းရိုး တန်း ဖုန်းများ ဖြစ်သည့် စီဒီအမ်အေ နှင့် WCDMA ဖုန်းများ ချထားပေး လျက် ရှိပြီး ဂျီအက်စ်အမ် လိုင်း နှင့် WCDMA ဖုန်းများ လည်း အင်တာနက် လိုင်း လျှောက်ထား နိုင်ကြောင်း သိရ သည်။ “လိုင်း တိုးချဲ့ ပြီးမှ အင်တာနက် လိုင်း ပြန်ချ ပေးရတာ အဆင်ပြေ တယ်။ လိုင်းကျပ် နေရင်လဲ အဆင်မပြေ တာတွေ ဖြစ်နိုင် တယ်” ဟု ယင်းက ထပ်မံ ပြော သည်။ စီဒီအမ်အေ ၈၀၀ Mhz ဖုန်းများ အတွက် အင်တာနက် လိုင်း ကို ဖုန်းဖြင့် မတ်ဆေ့ခ်ျ ပေးပို့၍ လျှောက်ထား နိုင်သည့် စနစ် ဖြင့် လည်း ပြန်လည် လျှောက်ထား နိုင်ကြောင်း သိရ သည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ အင်တာနက် အသုံး ပြုခ ကို ဂျီအက်စ်အမ် အမျိုး အစား အတွက် တစ် မိနစ် လျှင် နှစ်ကျပ်၊ WCDMA နှင့် CDMA ၈၀၀ အမျိုး အစား အတွက် တစ်မိနစ် လျှင် လေးကျပ် အသီးသီး ကောက်ခံ လျက် ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်း (မ်) ဂျာနယ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်