( ၁ ) ကိုယ်တိုင် မြန်မာစာ လှလှရေးတတ်အောင် အရင်လုပ်ပါ
( ၂ ) မြန်မာနိုင်ငံမြေပုံ ဆွဲတတ်အောင် အရင် သင်ပါ
( ၃ ) မြန်မာ့ရိုးရာ နဲ့ ယဉ်ကျေးမှုကို အရင်သိအောင်လုပ်ပါ
( ၄ ) အလက်စန္ဒားအဲရစ် နှင့် ကမ်င်အဲရစ်ကို မြန်မာစကား အရင်သင်ပေးပါ
( ၅ ) နှစ်ယောက်တည်းရှိတဲ့ မောင်နှမချင်း တည့်အောင် အရင်လုပ်ပါ
( ၆ )ရိုဟင်ဂျာဆိုတာ မြန်မာတိုင်းရင်းသားမဟုတ်ကြောင်း ပြတ်ပြတ်သားသား အရင်ပြောပါ
( ၇ ) စကားကို ရှေ့နောက်ညီအောင် အရင်ပြင်ပါ
( ၈ ) အပြောတမျိုး အလုပ်တမျိုးလုပ်နေတာကို အရင် ရပ်တန့်ပါ
( ၉ ) မိမိအစိုးရဖြစ်ဖို့ နိုင်ငံခြားရောက်တိုင်း အစိုးရမကောင်းကြောင်း၊ မယုံသင့်ကြောင်း ပြေနေခြင်းကို ဆင်ခြင်ပါ
( ၁၀ )မိမိသမ္မတဖြစ်ချင်တိုင်း အခြေခံဥပဒေကို အပြစ်တင် ပြင်ခိုင်းနေတဲ့ လုပ်ရပ်ကို ရပ်တန့်ပါ
( ၁၁ ) သိက္ခာမရှိ စောင်းမြောင်း ထေ့ငေါ့ ပြောဆိုတတ်တဲ့ အကျင့်ကို အရင်ဖျောက်ပါ
( ၁၂ ) အမူယာ၊ပလီပလာဖြင့် ခေါင်းတွေ ခါးတွေလှုပ်ကာ စကားပြောတဲ့အကျင့်ကို အရင်ပြင်ပါ
( ၁၃ ) NLD ပါတီတွင်း ဒီမိုကရေစီ ရအောင် နဲ့ တရားဥပဒေ စိုးမိုးအောင် အရင်လုပ်ပါ
( ၁၄ ) ဘာသာရေးအရင်လိုက်စားပြီး အာဏာမက်မောနေတဲ့ စိတ်ကို အရင်ဖြေပါ
( ၁၅ ) အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားပြီး ကိုယ်ပိုင်ယဉ်ကျေးမှု ထွန်းကားသည့် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံ၏ အမြင့်ဆုံးရာထူးဖြစ်သော သမ္မတ တာဝန် ခန့်အပ်ခံရမည့် ပုဂ္ဂိုလ်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ အရည်အချင်းကန့်သတ်ချက် (၇)ချက် လောက်ကိုတော့ ပြည့်စုံ ကိုက်ညီသင့်သည်

www.MyanmarExpress.net
ဒီအချက်တွေကတော့ “တစ်ဦးတစ်ယောက်တည်း“ အတွက် မဟုတ်ပဲ
ReplyDelete“ Craze for Power “ အားလုံးအတွက်လည်း လိုအပ်ပါတယ် ။
“အပြောနဲ. အလုပ်ညီ“ ဖို. အထူးလိုအပ်ပါတယ်။
၁၅ - ချက်လုံးတော့ မဟုတ်ဘူးပေါ့နော် ။ (၁၅ - ချက်လုံးပြည့်စုံ ဖို.
ဆိုတာကတော့ လွယ်တာမှမဟုတ်ပဲကိုး)
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ