Pages

Friday, March 8, 2013

နေပြည်တော်၌ ကျင်းပမည့် အာရှကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အဓိက ဆွေးနွေးမည်

ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) ၏ စည်းရုံးဆော်သြသူများက ယင်းအစည်းအဝေးသည် အားလုံးအကျုံးဝင်သည့် လူ့အဖွဲ့အစည်း တစ်ရပ်နှင့် မြန်မာနိုင်ငံ ဒေသတွင်း ပေါင်းစည်းရန် တိုင်းပြည်၏ စီစဉ်ထားသော အပြောင်းအလဲကိစ္စအပေါ် အဓိက ဆွေးနွေး မည်ဟု ပြောကြားသည်။ ဇွန် ၅ ရက်မှ ၇ ရက်အထိ ကျင်းပမည့် (၂၂)ကြိမ်မြောက် ဖိုရမ်၏ အဓိက ဆောင်ပုဒ်မှာ “အားလုံး အကျုံးဝင် ပေါင်းစည်းရေးအတွက် သတ္တိရှိရှိ ပြုပြင်ပြောင်းလဲရေး ဖြစ်သည်။ 


ဖိုရမ်၏ ဆောင်ပုဒ်ငယ်များမှာ ကမ္ဘာလုံးဆိုင်ရာ ဒူပေဒါပေ ခံနိုင်ရေးအတွက် အားလုံးအကျုံးဝင်သော ပြုပြင်ပြောင်းလဲမှု၊ ဒေသဆိုင်ရာ ပေါင်းစည်း မှုနှင့် ဒေသဆိုင်ရာ ဖြေရှင်းချက်တို့ ဖြစ်ကြောင်း WEF က မတ် ၁ ရက်တွင် ထုတ်ပြန်သော သတင်းလွှာတစ်ခု၌ ဖော်ပြသည်။ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို စီးပွားရေးမြို့တော် ရန်ကုန်တွင် မကျင်းပဘဲ မြို့တော် နေပြည်တော်တွင် ကျင်းပမည်ဖြစ်သည်။ ၂၀၁၁ ခုနှစ်မှစပြီး အစိုးရ၏ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ ရဲရင့်သော ပြုပြင်ပြောင်းလဲမှုများကြောင့် ၄င်း၏ ယခုနှစ် နှစ်ပတ်လည် အစည်းအဝေးကို မြန်မာနိုင်ငံ၌ ကျင်းပရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း WEF က ပြောကြားသည်။ 

WEF အာရှဆိုင်ရာ အကြီးအကဲ ဆူရှန့်ပါလာကုရာသီက “ယခုအချိန်ဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုအတွက် အရေးကြီးတဲ့အချိန် ဖြစ်ပါတယ်။ ယခု အစည်းအဝေးမှာ စီးပွားရေးနှင့် အစိုးရပိုင်းမှ ခေါင်းဆောင်များသာမက အရပ်ဘက် အဖွဲ့အစည်းမှ ခေါင်းဆောင်များပါ ပါဝင်ကြမှာ ဖြစ်တယ်” ဟု ပြောသည်။ အစည်းအဝေးသို့ လူ ၁၀၀၀ ကျော် ပါဝင်တက်ရောက်မည်ဟု မျှော်လင့်ရသည်။ ယခုကျင်းပမည့် WEF အစည်းအဝေးသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေး အခွင့်အလမ်းများနှင့် ပတ်သက်ပြီး နိုင်ငံတကာ၏ စိတ်ဝင်စားမှု မြင့်တက်လာခြင်းနှင့် တိုက်ဆိုင်နေသည်ဟု ၂၀၁၃ ခုနှစ် မတ်လ ၁၂ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်