လစာ ၂၀၀၀၀ တိုးတဲ့ကိစ္စ မှာ ကွန်မန့် တစ်ခုကြောင့် ဒါလေး ကို ရေး ဖြစ်တယ်ဗျာ ။ လူငယ် တွေကြားထဲမှာ မကောင်းမြင် စိတ်တွေ ကြီး စိုးနေကြတဲ့ အတွက် စိတ် မကောင်းလဲ ဖြစ်မိတယ်။ လူတယောက် အတွက် တော့ ၂၀၀၀၀ ဘာလုပ်လို့ရမှာလဲ တဲ့ ။ ဟုတ်ကဲ့ပါ ။ကျွန်တော်တို့ နိုင်ငံမှာ စစ်ဘက် နယ်ဘက် ၀န်ထမ်းဦးရေ ၁.၃ သန်းခန့် ရှိပါတယ်။ တယောက် ၂၀၀၀၀ နှန်းနဲ့ မြောက်ကြည့်ပေါ့ဗျာ ။ လက် ရှိ သမ္မတကြီး ဦးသိန်းစိန် အစိုးရ လက်ထက် မှာ လစာ တိုးတာ ၃ ကြိမ် ရှိပါပီ။ ပထမ တကြိမ် လစာ အနေနဲ့ ၂၀၀၀၀ တိုးပေးပါတယ်။ ဒုတိယ အကြိမ် ရှားပါးစရီတ် အနေနဲ့ ၃၀၀၀၀ ထပ်တိုး ပေးပါတယ်။ ယခု တတိယ အကြိမ် ၂၀၀၀၀ ထပ်တိုးပေးပါတယ်။ ပြောရရင်တော့ သမ္မတ သက်တမ်း တစ်ခု အတွင်းမှာ အစိုးရ သက်တမ်း တစ်ခု အတွင်းမှာ ဒီလောက်ထိ ၀န်ထမ်းတစ်ဦးကို အသားတင် တိုးပေးငွေ ( ၇၀၀၀၀ ) တိုးပေးထားတာ ဖြစ်ပါတယ်။ ခုနပြောတဲ့ စစ်ဘက်နယ် ဘက် ၀န်ထမ်းအင်အား ၁.၃ သန်း နဲ့ ၇၀၀၀၀ မြောက်ကြည့် လိုက်ပေါ့ဗျာ ။ အသားတင် တိုးပေးတာနဲ့ တင် တလကို လစာ ဘယ်လောက်တောင်မှ အစိုးရက တိုးပေးခဲ့ တဲ့ ငွေ အမောင့် လဲ ဆိုတာ။ လက်ရှိ အစိုးရနဲ့ သမ္မတကြီးရဲ့ စေတနာနဲ့ ပြုပြင်ပြောင်းလဲ ရေး လုပ်ဆောင်နေမှုတွေ ထဲ က တခု နေနဲ့ အနည်းဆုံးတော့ အကောင်းမြင်လေးနဲ့ ကြည့်စေချင်ပါတယ်။
နောက်တစ်ခု ။ အာဆီယံ စံနှုန်းနဲ့ လျော်ညီ တဲ့ အစိုးရဖြစ်သင့် တယ်။ အာဆီယံ အဆင့်နဲ့ လျော်ညီတဲ့ နိုင်ငံ တိုးတက်မှု ဖြစ်သင့် တယ်။ လက်ခံပါတယ် ခင်ဗျာ ။ ကျွန်တော်ပြောခဲ့ ဘူးပါတယ်။ ခုရေတွင်းတူး ခုရေကြည်သောက်ချင် နေလို့ ရနိုင်ပါ့ မလား ခင်ဗျာ ။ ကျွန်တော် တစ်ခုလောက်တော့ ပြောချင်ပါတယ်။ ဝေဖန်ပါ။ ပြောပါ။ အာဆီယံ နဲ့ အစိုးရကို တိုင်းတာပါ ။ ဖွံ့ဖြိုးတဲ နိုင်ငံ တွေ ( ဥပမာ - စင်္ကာပူလို ) နဲ့ အစိုးရကို တိုင်းတာပါ ။ သို့သော် -- မိမိကိုယ်ကို လေးလဲ အရင်ပြင် လိုက်ပါဦး ခင်ဗျာ ။ ယခု စာဖတ်နေသော ကျွန်တော့် ညီ အကိုမောင်နှမ တွေထဲမှာ ဆေးလိပ်ပြာခွက် ရှိရက်နဲ့ ဆေးလိပ်ပြာခွက်ထဲံ ပြာမချွေတဲ့ သူတွေ ရှိပါတယ်။ အမှိုက်ပုံး အမှိုက်တောင်း ရှိရက်နဲ့ အမှိုက်ပုံး အမှိုက်တောင်း ထဲ ကို အမှိုက်မပစ်တဲ့ သူတွေ ရှိမှာပါ။ အမိုက်မပုံရ ၊ ငါးမမျှားရ ၊ ရေမကူးရ ဆိုတဲ့ နေရာတွေမှာ လဲ လုပ်တယ်ကွာ ကူးတယ်ကွာ ၊ မျှားတယ်ကွာ ဆိုတဲ့ သူတွေလဲ ပါမှာပါ ။ ကွမ်းသတွေးခွက် ရှိရက်နဲ့ ခွက်ထဲ မထွေးတဲ့ သူတွေ လဲ ပါမှာပါ။ တကယ် တိုးတက် စေချင်ရင် နိုင်ငံ အနေနဲ့ သာ တိုးတက်လို့မရပါ ခင်ဗျာ ။ လူတွေ ကပါ တိုးတက်ချင်စိတ် / လူတစ်ဦးချင်း စိတ်ပိုင်းဆိုင်ရာတိုးတက်မှု လဲ ရှိနေဖို့လိုပါတယ်။ ကိုယ်ကို တိုင်ကကမှ ဘာမှ အရင် တုန်းက အချိုးတွေ မပြင်သေးဘဲ နဲ့ အမှန်တကယ် တိုးတက် သောနိုင်ငံ ဖြစ်ဖို့ ဝေးနေဦးမှာပါပဲ ခင်ဗျာ ။
လွန်တာရှိရင် ၀န္တာမိပါ။
လင်း လက် လူ
No comments:
Post a Comment
Note: Only a member of this blog may post a comment.