ရခိုင်ပြည်နယ်အတွင်း တိုင်းတစ်ပါးသား လူဦးရေ ထိန်းချုပ်ရေး ဆောင်ရွက်ရေးအတွက် ဒေသန္တရအမိန့် ထုတ်ပြန် ဆောင်ရွက်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြည်ထောင်စု အစိုးရအဖွဲ့သို့ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၄ ရက်ကပင် တင်ပြထားရှိပြီး ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၂ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှုး ချုပ် ကျော်ဇံမြင့်က ပြောကြားခဲ့သည်။
စစ်တွေမြို့နယ်နှင့် ပေါက်တောမြို့နယ်များမှာ ပင်လယ်ကမ်းခြေ ဒေသများဖြစ်ပြီး တိုင်းတစ်ပါးသားတို့ အထိန်းအချုပ်မဲ့ ဝင်ရောက်ရန် လွယ်ကူသည့် နေရာများဖြစ်ကာ ကုလားတန်မြစ်ဝ၊ ဆင်တက်မော်မြစ်ဝနှင့် ဖဒူမြစ်ဝ စသည်များမှာ ဘင်္ဂလားပင်လယ်အော်နှင့် ထိစပ်ကာ ဝင်ထွက်သွားလာရန် လွယ်ကူသည့် နေရာများဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၅ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.