မြန်မာနိုင်ငံအတွင်းယခင်က ထက်စာလျှင် တရုတ်နိုင်ငံအတွက် နေရာမှာ
နည်းသည်ထက်နည်း သွားခြင်း က တရုတ်နိုင်ငံအတွက် သတင်းဆိုးတစ်ခုမဟုတ်ကြောင်း
တရုတ်ပြည်သူ့ ကွန်မြူနစ် ပါတီ ပိုင် People’s Daily သတင်းစာက
တာဝန်ရှိသူတစ်ဦးဖြစ်သူညွှန်ကြား ရေးမှူးချုပ် Mr Cao Huan Rong မှ
ပြော ကြား သွားသည်။
“ကျွန်တော်တို့သတင်းစာဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအကြောင်းလို ရေးရင်အပြုသဘောဆောင်ပြီး အကော င်းမြ င် တဲ့ ဘက်ကပဲရေးပါ တယ်။ ဖွံ့ဖြိုးဆဲဆိုတာနဲ့ သူနိုင်ငံ ရဲ့ စစ်ပွဲတွေ၊ အခက်အခဲ၊ ဒုက္ခ တွေကို အမြန် ဆုံးပြေငြိမ်းဖို့ကို ရည်ရွယ်ပြီးတော့ကို ရေးသားပါ တယ်။ မြန်မာသမ္မတကြီး ဦးသိန်းစိန် ပြော ခဲ့တဲ့ နိုင်ငံတော်အနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်မယ်ဆို တာနဲ့ ခြစားမှုတွေကို တိုက်ဖျက် မယ် ဆို တာတွေကိုလည်း တရုတ် နိုင်ငံအနေနဲ့ ကြိုဆိုပါတယ်။ ဦးသိန်းစိန်ဦးဆောင်ပြီး သယံဇာတ ပေါကြွယ်ဝတဲ့ ဒီလိုနိုင်ငံကြီးမှာ ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက် မှုတွေလုပ်နေတဲ့အတွက် တရုတ် ဟာမြန်မာနိုင်ငံ ထဲမှာ နေရာနည်း သထက်နည်းသွားပါပြီ။ ဒါဟာ တရုတ်နိုင်ငံအတွက် သတင်းဆိုး တစ်ခုမဟုတ်ပါဘူး။ တရုတ်နိုင်ငံ အနေနဲ့လည်း မြန်မာနိုင်ငံအပေါ် အတ္တမရှိ၊ ဖောက်ပြန်မယ့်စိတ်လုံး ၀မရှိပါဘူး”ဟု Mr. Cao Huan Rong မှ ပြောကြားသွားသည်။
Hot News
No comments:
Post a Comment
Note: Only a member of this blog may post a comment.