တစ်နေ့ထက် တစ်နေ့ ဘန်ကောက်မြို့ကြီး ရေအောက် ရောက်ဖို့ ရှိလာသည်။
အဆိုးမြင်ပညာရှင် အများ စုက ၂၀၃၀ ခုနှစ်တွင် ထိုင်းနိုင်ငံရဲ့ မြို့တော်
အစိတ်အပိုင်းအချို့
ပင်လယ်ရေအောက် နစ်မြှုပ်သွားဖွယ် ရှိသည်ဟု အပြတ်ဟောကိန်းထုတ်နေကြသည်။
ကျွမ်းကျင်သူ များက ဖြစ် လာ မယ့် ဘေးအန္တရာယ်ဆိုးကို ကာကွယ်ဖို့
မည်သည့်ပေါ်လစီမှ ပြင်ဆင်မှု မရှိသေးသည့် အ တွက် အ စိုး ရ ကို
အပြစ်တင်နေကြသည်။
ကျရောက်မည့် သဘာဝဘေးအန္တရာယ်ကပ်ဆိုးကြီးက၊ ပြည်ပြေး သက်ဆင်ရဲ့ နှမလေး၊
ဇူလိုင် ၃ ရက်နေ့ မှာ ရွေးကောက်ပွဲအနိုင်ရရှိခဲ့တဲ့ ခွန်ယင်လပ်
အစိုးရသစ်အတွက် စိန်ခေါ်မှုတွေ ဖြစ်လာမည်။ ကလေး တစ်ေ ယာက် လက်ပ်တော့
ကွန်ပျူတာတစ်လုံး ပေးမယ့် ခွန်ယင်လပ် အတွက်၊ ဘန်ကောက် ရေအောက် မရောက်ေ အာင်
ကြိုတင်လုပ်ဖို့က အဓိက အရေးပေါ်တာဝန် ဖြစ်လာမည်။
ရာသီဥတု ပြောင်းလဲမှု၊ ပင်လယ်ရေ မြင့်တက်မှု၊ ပင်လယ်ကမ်းရိုးတမ်းများ
တိုက်စားပြိုကျမှု စတဲ့ ပေါင်းစု ပျက်စီး မှုများကြောင့် ကျောက်ဖရား
မြစ်ဝကျွန်းပေါ်ရှိ ဘန်ကောက်မြို့ကြီးရဲ့ နိဂုံးကံကြမ္မာမှာ မတွေးဝံ့စရာ
ဖြစ်သည်။
အယုဒ္ဓယမြို့တော် မြန်မာများရဲ့ ဖျက်ဆီးခံရပြီးနောက်၊ ၁၇၈၂ ခုနှစ် ဧပြီ ၂၁
ရက်နေ့တွင် ချာကရီ မင်း ဆက် က ဘန်ကောက်မြို့တော်ကို
စတင်တည်ထောင်အုပ်စိုးခဲ့သည်မှာ ယနေ့ထိတိုင် ဖြစ်သည်။
မိုးမျှော်တိုက်ကြီးများ ထိုးထိုးထောင်ထာင် ၀ိုင်းပတ်ထားသည့်
ဘန်ကောက်မြို့တွင် လက်ရှိ လူ ၁၀ သန်းေ ကျာ် နေထိုင်လျက်ရှိသည်။
တစ်နှစ်ထက်တစ်နှစ် အပေါ်ယံမြေဆီလွှာ ၁.၅ မှ ၅.၃ စင်တီမီတာ လျော့ပါး ကျဆင်း
လျက် ရှိပြီး၊ လူအများအပြားနေထိုင်သည့် နေရာများကို ပင်လယ်ရေ လွှမ်းသွားဖို့
ရှိနေသည်။
တက်လာမည့် ပင်လယ်ရေက အဆောက်အဦ အိမ်ခြေ ၁ သန်းကျော်ကို အနှေးနှင့် အမြန်
အန္တရာယ်ေ ပး မည့် အနေအထား ရှိသည်။ ဘန်ကောက်မှ ၁၅ ကီလိုမီတာဝေးသော ဆာမောင့်
ဖရာခန် ဆိပ်ကမ်း ရပ်ကွက်ကြီး ရှိ လူနေအိမ်များမှာ နှစ်စဉ်
မြစ်ရေလွှမ်းမှုခံနေရသည်။
ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် တို့မှ ထုတ်တဲ့ ရီပို့များတွင် ရာသီဥတု
အပြောင်းအလဲကြောင့် ဘေး အန္တရာယ် ကျရောက်မည့် ကမ္ဘာ့မြို့ကြီးများစာရင်းမှာ
ဘန်ကောက်က ထိပ်ဆုံးက ပြေးနေသည်။ ဘန်ေ ကာက်မှ ကမ္ဘာ့ဘဏ်အရာရှိ Jan Bojo က
‘ဘန်ကောက် ရေနစ်တော့မည့် အဓိကအကြောင်း တစ်ခုမှာ မြေအောက်ရေများကို အလွဲသုံး
စုတ်ထုတ်ခြင်းကြောင့် ဖြစ်သည်’ ဟု ဆိုသည်။
လာမယ့် နှစ်အနည်းငယ်အတွင်း အခြေအနေဆိုးဆိုက်ဖွယ် ရှိမရှိဆိုသည်ကို
ပညာရှင်များကြား အငြင်း အခုန် ဖြစ်နေကြသည်။ သို့သော် သေချာတာက ‘၂၁၀၀
ခုနှစ်တွင် ဘန်ကောက်သည် အတ္တလန်တစ် အ သစ် ဖြစ်သွားတော့မည်’ ဟု
ပညာရှင်အားလုံးက သဘောတူသလောက် ရှိသည်။
အကယ်၍ မည်သည့် တင်ကြိုပြင်ဆင် ဆောင်ရွက်မှုမှ မလုပ်ခဲ့ရင်တော့၊ ၂၀၃၀
ခုနှစ်မှာတင် ဘန်ကောက် ကိစ္စ တုံးသွားနိုင်သည်ဟု ထိုင်းနိုင်ငံ သဘာဝ
ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဌာန အကြီးအကဲ Smith Dharmasaroja
ခန့်မှန်းထားသည်။
တစ်ခုထဲသော ဖြေရှင်းနည်းမှာ ကြီးမားသော ပင်လယ်ရေကာ တံတိုင်းကြီးများ
ကမ်းခြေတလျှောက် တည်ေ ဆာက်ဖို့ ဖြစ်သည်။ ၄င်း ပရော့ဂျက်အတွက် ယူရို ၂
ဘီလီယံခန့် ကုန်ကျမည်ဟု ဆိုသည်။
သို့သော် အရှေ့တောင်အာရှ ပင်လယ်ရေကြောင်းပညာရှင် Anond Snidyongs က
‘ပင်လယ်ရေကာ တံ တိုင်းကြီးများ တည်ဆောက်မှုကလည်း အသုံးမ၀င်နိုင်ကြောင်း၊
တစ်နှစ်ထက်တစ်နှစ် ပင်လယ် ကမ်းရိုးတမ်း တိုက် စားခံရမှု များလာတာကြောင့်
ကာကွယ်ဖို့ ကြိုစားလည်း မရတော့ကြောင်း၊ စကတည်းက ဘန်ေ ကာက် ကို
ရွှံ့မြေပေါ်တည်ထားတာဖြစ်ပြီး၊ မြို့က ပင်လယ်ရေ အထက် ၁.၅ မီတာ
အမြင့်သာရှိကြောင်း’ မျှော်လင့်ချက် မဲ့ စကားကို ပြောဆိုသည်။
ဘန်ကောက်၏ အနာဂတ်မှာ အနှေးနှင့် အမြန် အတ္တလန်တစ်ပင်လယ်သစ် ဖြစ်ဖို့သာရှိကြောင်း ပညာရှင် များ ရင်ထိတ်နေကြသည်။
မောက္ခ
No comments:
Post a Comment
Note: Only a member of this blog may post a comment.