အစိုးရတပ်တွေနဲ့ KIA တပ်တွေရဲ့
တိုက်ပွဲတွေကြောင့် ချင်ပြည်နယ်အတွင်းမှ အိုးမဲ့ အိမ်မဲ့ဒုက္ခသည်
ပေါင်းများစွာဟာ ချင်ပြည်နယ်ရဲ့နေရာအနှံ့အပြားမှာ နေထိုင်ကြပါတယ်။
အစိုးရ အာဏာစက်နဲ့နီးနီးကပ်ကပ် ရှိတဲ့ဒုက္ခသည်မိသားစုတွေအတွက်
ထောက်ပံ့ပေးကမ်းမှုကြောင့် အဆင်ပြေ သလိုရှိပေမယ့် ဝေးလံခေါင်ဖျားပြီး KIA
အုပ်ချုပ်တဲ့နယ်မြေအတွင်းရှိ ဒုက္ခသည်တွေကတော့
ဒုက္ခပြီးရင်းဒုက္ခနဲ့ နပမ်းလုံးနေကြရပါတယ်။ အငတ် ငတ်အပြတ်ပြတ်ဖြစ်နေကြတဲ့
ဒုက္ခသည်ဆီကို KIA တပ် က လာရောက်ကြည့်ရှုခြင်းမရှိသလို ယူနန်ပြည်နယ်ထဲ
ရောက်နေတဲ့ ကချင်တွေက ထောက်ပံ့တဲ့ေ ငွကြေး နဲ့ စားစရာတွေကိုလဲ
KIAမပေးဘူးလို့သိရှိရပါတယ်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးတဲ့သူတွေနဲ့ ကချင်တပ်မတော်KIA တို့ဆွေးနွေးပွဲအောင်မြင် ပါစေလို့ ဒေသခံတွေမျှော်လင့်နေကြပါတယ်။ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အနေနဲ့ ဒီဒေသမှာ စစ်ပွဲတွေမရှိ အောင် KIA ခေါင်းဆောင်ပိုင်းတွေက မဖြစ်နိုင်တာတွေ မတောင်းဆိုပဲ မျှမျှတတတောင်း ဆိုကြဖို့ သူတို့ရဲ့သဘော ထားကိုလည်း ထုတ်ပြန်ကြေညာပြီးဖြစ်ပါတယ်။ အက်စ်ဂွမ်မော်ကတော့ ငြိမ်းချမ်းရေးဆွေးနွေး တယ်ဆိုတာ စားပွဲ ၀ိုင်းဖွဲ့ စားသောက်ပွဲကျင်းပတာဖြစ်တယ်။ တို့KIAရဲ့ မူရင်းတာဝန် က ဗမာမှန် သမျှ ကချင်ပြည်နယ်က မောင်းထုတ်သွားဖို့ပဲလို့.. သူရဲ့တပ်တွေကို ပြောကြားထားတယ်လို့ သတင်းရရှိပါတယ်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.