တိုက်ပွဲတွင်နေပါက သေမှာဖြစ်ပြီး ဆုတ်ခွါ ထွက်ပြေးပါကလည်း သေဒဏ်ပေးခံရမှာ ဖြစ်သည်။ထို့ကြောင့် KIA လူသစ်များသည် KIA အဖွဲ့မှ ထွက်ပြေးနိုင်ပါက အသက် ရှင်နိုင်ခွင့်ရသေးသည်ဟု ခံယူချက်ဖြင့် အခွင့်သာသည်နှင့် ထွက်ပြေးကြပြီး အစိုးရတပ်များထံ အလင်းဝင် ရောက်လာခဲ့သည်။ ဇန်နဝါရီလ(၂၁) ရက်နံနက်ပိုင်းတွင် KIAအကြမ်းဖက်သောင်းကျန်း သူအဖွဲ့ ၊တပ်မဟာ(၁)မှ လက်ဖြောင့်စစ် သမီး(၇)ဦး သည် မြန်မာ့မျိုးချစ်တပ်မတော်၊လဂျားယန်ပွိုင့် ကုန်းစခန်းသို့  လက်နက်ချအလင်း ဝင်ရောက် ခဲ့ကြောင်း သိရှိရသည်။ အလင်းဝင်လာသူများမှာ မဘောက်ထော်၊အသက်(၂၀)နှစ်၊ မအယ်မွန်း၊ အသက်(၂၀)နှစ်၊ မကော့မိုင်၊အသက်(၂၄)နှစ်၊မအယ်ဘောက်၊အသက်(၂၄ )နှစ်၊ မအမ်ဆိုင်းဇူ၊ အသက်(၂၅)နှစ်၊ မဇက်အယ်ဆောက်၊အသက်(၂၆)နှစ်၊မအယ်ဂျီထူး၊အသက်(၂၈)နှစ်တို့ ဖြစ်သည်။
KIA အကြမ်းဖက်သောင်းကျန်းသူခေါင်းဆောင်များသည် လက်အောက်အဖွဲ့ များအား ရက်စက် စွာ ပြစ်ဒဏ်ပေးခြင်းစသော အကြောက်တရားဖြင့် အုပ်ချုပ်ခဲ့ပြီး အလင်းဝင် ရောက်လာသူ အများစုမှာ လူမျိုးရေး ခွဲခြားဆက်ဆံခံရမှုကြောင့် သော်လည်းကောင်း၊ အဖျက် လုပ်ငန်းများကြောင့် ကချင်လူမျိုး များ အတိ ဒုက္ခရောက်နေခြင်းစသော အချက်များကြောင့် အကြမ်းဖက်လုပ်ငန်းများအားစွန့်လွှတ်ပြီး အလင်း ၀င်ရောက် လာခြင်းဖြစ်ကြောင်း သိရပါသည်။
From:စင်္ကာပူဖီး
No comments:
Post a Comment
Note: Only a member of this blog may post a comment.