Pages

Friday, April 19, 2013

OIC ကိုယ်စားလှယ် လာရောက်ဆွေးနွေးမှာကို လက်မခံ


မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ OIC ခေါ် အစ္စ လာမ် ဘာသာဝင် နိုင်ငံများအဖွဲ့ချုပ်က လာရောက်ဆွေးနွေးလိုပါကြောင်း နိုင်ငံတော် သမ္မတရုံး ကို အကြောင်း ကြားထားတဲ့ကိစ္စကို မကွေးတိုင်းမြို့နယ် ၈ မြို့နယ်မှာရှိကြတဲ့ သံ ဃာတော်တွေက ကန့်ကွက်ေ ကြာ င်း သ မ္မတရုံးကို စာပေးပို့လိုက်ပါတယ်။

ပခုက္ကူ၊ ရေစကြို၊ ချောက်၊ ရေနံချောင်း စတဲ့ မြို့နယ် ၈ မြို့ နယ်က သံဃာထုတွေ စုပေါင်းပြီး အဲဒီလို တညီတညွှတ်ထဲ ကန့်ကွက်ခဲ့ကြတာနဲ့ ပတ်သက်ပြီး ပခုက္ကူမြို့နယ် ရှင်မတောင်ဆရာတော် ဦးကဝိန္ဒော ဘာသက မိန့်ကြားပါတယ်။

အခုလို ကန့်ကွက်ရတာဟာလည်း အစိုးရက ပြည်သူ့ဆန္ဒလေးစားပြီး တရားသဖြင့် စီမံကွပ် ကဲဆောင် ရွက် မယ်ဆိုရင် ဘယ်အဖွဲ့အစည်းမှ လာစရာမလိုပဲ ငြိမ်းချမ်းလာလိမ့်မယ်လို့ ယူဆ တာကြောင့် ဖြစ်တယ်လို့ ရှင်မတောင်ဆရာတော်က မိန့်ကြားပါတယ်။

တနင်္ဂနွေနေ့က ဆော်ဒီအာရေဗျနိုင်ငံ Jeddah မြို့မှာပြုလုပ်တဲ့ OIC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အပြီးမှာ မြန်မာနိုင်ငံ မိတ္ထီလာနဲ့ ပဲခူးတိုင်းအနောက်ခြမ်းမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီးဆွေးနွေးဖို့ ဝန်ကြီးအဆင့် ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ မြန်မာနိုင်ငံ ကို လာရောက် ခွင့်ပြုပါ လို့ မြန်မာအစိုးရကို ပန်ကြားခဲ့တာ ဖြစ်ပါတယ်။

www.mmdailystar.com

ဤရှင်းလင်း ပွဲ၏ ရလဒ် အား မြန်မာ တစ် နိုင်ငံလုံးမှ အတည်ပြု လက်ခံ ရန် အလွန်အရေးကြီးသည်

ဂျပန်နိုင်ငံ Kanda University ၏ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းနှင့် ရခိုင်ပြည်နယ်ကိုယ်စားပြု ရခိုင် လူမှုရေး အသင်းအဖွဲ့များသည် မတ်လ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ MICT Park (လှိုင်တက္ကသိုလ်ဝင်း) ၌ တွေ့ဆုံခဲ့ကြသည်
 
ဤရှင်းလင်း ပွဲ၏ ရလဒ် အား မြန်မာ တစ် နိုင်ငံလုံးမှ အတည်ပြု လက်ခံ ရန် အလွန်အရေးကြီးသည်။ လက်ခံသော သူမည် မျှ ရှိသည် ကို Like & Share ဖြင့် ဆုံးဖြတ် မည် ဆို လျှင် ရခိုင်လူမျိုးများ နှင့် မြန်မာ တနိုင်ငံလုံးရှိ တိုင်းရင်းသာများ မည်သို့ လုပ်ဆောင်ကြမည်နည်း။ ဤကဲ့သို့ Like & Share ကို သော်မှ လုပ်ရန်ဝန်လေး ကြလျှင် သင် သည် မည်သို့သော မျိုးချစ် ပုဂ္ဂနည်း ဆိုသည်ကို အဖြေ ထုတ်နိုင်ပေပြီ ..

ဂျပန်နိုင်ငံ Kanda University ၏ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းနှင့် ရခိုင်ပြည်နယ်ကိုယ်စားပြု ရခိုင်လူမှုရေး အသင်းအဖွဲ့များသည် မတ်လ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ MICT Park (လှိုင်တက္ကသိုလ်ဝင်း) ၌ တွေ့ဆုံခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက ရခိုင်သမိုင်းကြောင်းများ၊ ဘင်္ဂါလီ၊ ရိုဟင်ဂျာ အစရှိသည်တို့နှင့် စပ်လျဉ်းသော အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့သည်။

ရိုဟင်ဂျာလူမျိုးဆိုသည်မှာ သမိုင်းတွင် မရှိကြောင်း၊ သမိုင်းဆရာဆိုသည်မှာ မျိုးချစ်စိတ်အစွဲဖြင့် မှတ်ယူ၍ မရသလို မဟုတ်တာကိုလည်း ပြောလို့မရကြောင်း၊ အထောက်အထားမရှိဘဲ မည်သည့်အရာကို မှ ပြော လို့မရကြောင်း၊ ယခုသမိုင်းများကို ရေးသည့်အခါတွင် မျိုးချစ်စိတ်ကို ဖယ်ထားကာ အမှန်တရားကို တင်ပြနိုင် ရန် ကြိုးစားပါကြောင်း၊ လူမျိုးဖက်ကို လိုက်ပြီး ပြောခြင်းကို ဘယ်တော့မှ မလုပ်ကြောင်း စသည်ဖြင့်ေ ဒါက် တာအေးချမ်းက ပြောသည်။

ဒေါက်တာအေးချမ်းက "ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာနိုင်ငံသမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ဒီအတိုင်း ကျွန်တော်အမြဲကြေညာခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် လူ့အခွင့်အရေးကို မလေးစားတဲ့သူ မဟုတ်ပါဘူး။ လူ့အခွင့်အရေးကို မလေးစားတဲ့ စကားလည်း တစ်ခွန်းမှ မပြောပါဘူး။ ကျွန်တော့်မှာ အထောက်အထား ခိုင်လုံစွာ ရှိပါတယ်" ဟု ပြောသည်။

ယခု အဖြစ်အပျက်များသည် ဗြိတိသျှ ကိုလိုနီဘ၀တွင် အနှစ်တစ်ရာကျော် နေခဲ့ရသည့်စနစ်၏ ဆိုးမွေတစ် ခုဖြစ်ကြောင်း၊ ဗြိတိသျှလက်ထက်တွင် ချောင်ဒရီစနစ်ဟုခေါ်သည့် လယ်ယာမြေကို တောများကို ခုတ်ထွင် ရှင်း လင်းပြီး လယ်ယာမြေလုပ်ခွင့်ပေးကာ ၁၀ နှစ်တိတိ အခွန်မဆောင်ရသည့် စနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ ယင်း အတွက်ကြောင့် ကိုလိုနီလက်အောက်ခံ ဆန်စပါးကုမ္ပဏီများသည် စစ်တကောင်းသားများကို ရခိုင်ကို သွားခိုင်းကြောင်း၊ အကျိုးအမြတ်များစွာ ရရှိသည့်အတွက် စစ်တကောင်းသားများစွာ ရခိုင်ပြည်နယ် သို့ ရောက် ရှိလာကြောင်း စသည်ဖြင့်လည်း ၎င်းက ပြောသည်။

"ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ ရုတ်တရက်ထပြီး ပေါက်ကွဲခဲ့တာ မဟုတ်ပါဘူး။ တစ်ငွေ့ငွေ့လောင်နေတဲ့ မီးပါ။ ဒီလို တစ်ငွေ့ငွေ့လောင်တဲ့ မီးဟာ အနှစ် ၇၀ ကျော်လာပါပြီ။ ဒါကို ကျွန်တော်တို့က သတိမရဘဲ မေ့မေ့လျော့လျော့ နေခဲ့ကြတယ်။ တစ်ချိန်မှာ ဖြစ်လာမယ်ဆိုတာကို မတွေးမိခဲ့ကြဘူး။ အခု ထပေါက်ကွဲလာတော့မှ အလွန် စိတ်မချမ်းသာစရာ အဖြစ်မျိုးလို့ ဆိုရမယ်။ ဒီကာလမှာ ဒီလိုချိန်ကိုက်ဗုံးမျိုး ပေါက်ကွဲလာမယ်လို့ မျှော်လင့်မထားခဲ့ပါဘူး" ဟုလည်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဌာနေရခိုင်လူမျိုးများနှင့် ဘင်္ဂါလီများ အတူယှဉ်တွဲ နေထိုင်ရန် ပြောဆိုမှုများနှင့် ပတ်သက်၍ "ဘာသာရေးစစ်ပွဲ (ဂျီဟတ်စ်) ဆင်နွှဲဖို့ ပိုက်ဆံတွေ လှူကြပါ။ ဘာသာရေး စစ်ပွဲအတွက်ဆိုပြီး ဒီလက်ကမ်းစာစောင်တွေကို အစ္စလာမ်မစ်နိုင်ငံတွေမှာ ဝေပါတယ်။ ပိုက်ဆံထည့်ဖို့အတွက် ဘဏ်အကောင့်တွေ ပေးထားတယ်။ စစ်တကောင်းနဲ့ ဒါရ်ကာမှာရှိတဲ့ ဘဏ်တွေက ဘဏ်အကောင့်တွေပါ။ အဲဒီတော့ ဒီလိုအကြံအစည်မျိုးရှိတဲ့ လူတွေက ကျွန်တော်တို့ ရခိုင်လူမျိုးတွေနဲ့ ငြိမ်းချမ်းစွာ အတူနေထိုင်ချင်ပါတယ်၊ ညီအစ်ကိုလို နေချင်ပါတယ်လို့ဆိုရင် ဒီမှာ ယုံတဲ့သူ ပါသလား" ဟု တွေ့ဆုံပွဲသို့ တက်ရောက်လာသူများအား မေးခွန်းထုတ်ခဲ့သည်။

 

ရိုဟင်ဂျာ စကားလုံးနှင့် ပတ်သက်၍လည်း ဒေါက်တာအေးချမ်းက ရိုဟင်ဂျာဆိုသည့် စကားသည် ၁၉၅၁ ခုနှစ်တွင် ဘူး သီးေ တာင်မြို့နယ် လူမျိုးစု လွှတ်တော်ကိုယ်စားလှယ် မစ္စတာ အဘူဂဖားက ဂါးဒီးယန်းသ တင်း စာ၌ ဆောင်းပါးတစ်ပုဒ်ရေးရာတွင် ဘူးသီးတောင်၊ မောင်းတောတွင်ရှိသော မွတ်စလင်များသည် တစ်ဖက်နိုင် ငံမှ ခိုးဝင်လာသော သူများမဟုတ်ဘဲ ဟိုးရှေးပဝေသဏီ ရှေးရာစုကတည်းက အာရပ်လူမျိုးများ သင်္ဘော ပျက်ကာ ရခိုင်ကမ်းခြေတွင် တင်ကျန်ပြီး အခြေစိုက် ဆင်းသက်လာသည်ဟု ရေးခဲ့ကြောင်း၊ ပိုနာ သည့် နောက်တစ်ချက်မှာ ၎င်းတို့သည် ဒေသခံ ရခိုင်အမျိုးသမီးများနှင့် အိမ်ထောင်ကျပြီးမှ ရိုဟင်ဂျာဆိုပြီး ဆင်းသက်လာခြင်းဖြစ်ကြောင်း၊ ဖြစ်နိုင်ပါ့မလားဆိုသည်ကို စဉ်းစားကြစေချင်ကြောင်းလည်း ဒေါက်တာေ အး ချမ်း က ဆက်ပြောပါသည်။

"ဒါကို ကျွန်တော်နဲ့ ပြင်သစ်သမိုင်းပညာရှင် ဂျက်လိုင်ဒါတို့က ပြန်လည်ချေပဖူးပါတယ်။ အာရပ်သင်္ဘော ပျက်တယ်ဆိုတာဟာ ခိုင်မာတဲ့ အထောက်အထား မဟုတ်ပါဘူး။ ကျွန်တော်တို့ သမိုင်းပညာရှင်တွေဆိုတာ Primary Sources လို့ခေါ်တဲ့ မူရင်းအထောက်အထားကိုပဲ ကိုင်ပြီးပြောပါတယ်။ Secondary Sources ဆိုတာ အလွန်သံသယဖြစ်ဖို့ ကောင်းပါတယ်။ နောက်ထပ်က လုပ်ကြံတာလဲ ဖြစ်နိုင်ပါတယ်" ဟု ၎င်းက ဆက်ရှင်းပြခဲ့သည်။

ပွဲအပြီးတွင် ဒေါက်တာအေးချမ်းက မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ရာတွင် "ဒီလိုမျိုးပွဲ မျိုး များများလုပ်ပေးမှ သမိုင်းအမှန်ကို ကိုယ့်ရခိုင်လူမျိုးတွေလည်း သိမယ်။ ကျန်တဲ့ တိုင်းရင်း သားေ တွလည်း သိမယ်။ ကျွန်တော့်ကို မေးပါတယ်။ ဒီလိုပွဲမျိုး လုပ်တာဟာ ရခိုင်ပဋိပက္ခကို ပိုကြီးစေ ချင်လို့လားတဲ့။ မဟုတ်ပါဘူး။ ဒီလိုပွဲမျိုး လုပ်တဲ့အတွက် ပဋိပက္ခတွေက ပိုပြီးတော့တောင် ငြိမ်သွားပါဦးမယ်။ ကျွန်တော် မွတ်စလင် လူငယ်တစ်ယောက်နဲ့ တွေ့ပါတယ်။ ရခိုင်ပြည်ကပါပဲ။ သူက ရခိုင်ပြည်ဟာ သူ့မြေ၊ သူ့ဒေသလို့ ထင်နေတယ်။ သူတို့တွေဟာ ရခိုင်ပြည်ရဲ့ မြေရှင်တွေလို့ ထင်နေတယ်။ သူ့အသက်က ၂၀ ကျော်လောက်ပဲ ရှိမယ်။ တကယ်ကို ထင်နေတာ။ အဲဒီမှာ ကျွန်တော်က ကျွန်တော့်မှာရှိတဲ့ သမိုင်းအထောက်အထားတွေ ပြလိုက်တယ်။ မင်းတို့က ဧည့်သည်တွေ၊ ငါတို့က အိမ်ရှင်တွေ။ မင်းတို့က ဧည့်သည်လိုနေရင် ငါတို့က အိမ်ရှင်လို မနေနိုင်စရာ အကြောင်းမရှိဘူး။ မင်းတို့က မှားနေတာ။ အဲတော့ ဒီလိုနားလည်မှုကို သူတို့ကိုလည်း ပေးရမယ်။ အဲဒါမှ သူတို့က အမှန်တရားကိုသိပြီး ပိုပြီးတော့ ငြိမ်သွားမယ်လို့ ယူဆပါတယ်" ဟု ထည့်သွင်း ပြောကြားသွားသည်။


ပွဲအပြီး မေးမြန်းခဲ့သော မေးခွန်းနှင့် အဖြေအချို့

မေး - ကျောက်စာဟာ Primary Source လား။ Secondary Source လား။

ဖြေ - Primary Source ပါ။

မေး - အာနန္ဒာ့ဆန္ဒ ကျောက်စာပါ စကားများသည် ရခိုင်စကားလား၊ ဗမာစကားလား။

ဖြေ - ရခိုင်စကားလည်း မဟုတ်ပါဘူး။ ဗမာစကားလည်း မဟုတ်ပါဘူး။ သက္ကတ ဘာသာစကား ဖြစ်ပါတယ်။

မေး - အာနန္ဒာ့ဆန္ဒ ကျောက်စာပါ စကားများသည် ယနေ့ ရိုဟင်ဂျာများ ပြောဆိုနေသော စကားနှင့် အများဆုံး တူညီနေသည်ကို သိပါသလား။

ဖြေ - အာနန္ဒာ့ဆန္ဒ ကျောက်စာကို သက္ကတ ဘာသာစကားနဲ့ ရေးထိုးထားပါတယ်။ ဘင်္ဂါလီ စကားဟာလည်း ဘာသာစကား ပညာရှင်တွေ ဘာသာစကားတွေကို အုပ်စုခွဲလိုက်တဲ့အခါမှာ သက္ကတဘာသာစကား၊ ပါဠိဘာသာစကား၊ ဟိန္ဒူ၊ ဘင်္ဂါလီအားလုံးဟာ အင်ဒိုအာရိယ ဘာသာစကား အုပ်စုထဲမှာ ပါပါတယ်။ အဲတော့ သက္ကတဘာသာစကားနဲ့ ဘင်္ဂါလီစကား ဝေါဟာရတွေ တူတယ်ဆိုတာ ဘာမှ မထူးဆန်းပါဘူး။

မေး - မြန်မာဘုရင် ဘိုးတော်ဘုရားလက်ထက်တွင် ပြုစုထားသည့် စကားစု ပုရပိုဒ်သည် ဝေသာလီခေတ်သုံး စကားသည် ယနေ့ ရိုဟင်ဂျာများ ပြောသောစကားနှင့် အများဆုံး တူညီနေတာ သိပါသလား။

ဖြေ - ကျွန်တော်တို့ ပုရပိုဒ်နဲ့ ပေစာဆိုတာ ဟိုအရင်တုန်းက ပြောနေတဲ့ ပုရပိုဒ်ဆိုတာ အနှစ်ငါးဆယ်ထက် ပိုမခံဘူး။ ပေစာဆိုတာ အနှစ်တစ်ရာထက် ပိုမခံဘူး။ အဲဒါတောင် ရေနံသုတ်ထားမှ။ အဲဒါဟာ ဝေသာလီခေတ်ကဟာကို ပုရပိုဒ်ပေါ်မှာ တင်ထားတာကို ယုံကြည်လို့ရလား။ မရဘူးလား။ (မရဘူးတဲ့)။ ကျွန်တော့်ဆရာ ဒေါက်တာမျိုးမြင့်က ဖြေပါတယ်။

မေး - ၁၇၉၉ ခုနှစ်တွင် အင်းဝနေပြည်တော်ရောက် ဗြိတိသျှသံမှူး ဖရန်စစ်ဘူချနန်၏ စာတမ်းတွင် ရိုဟင်ဂျာလူမျိုးနွယ်စုရှိပြီး ၎င်းတို့မှာ အစ္စလာမ်ဘာသာဝင်များဖြစ်၍ အာရကန်ရခိုင်ဒေသ...။
ဖြေ - အဲဒီမေးခွန်းဟာ နိမိတ်ပြမေးခွန်းလို့ ခေါ်တယ်။ ဒါပေမဲ့ မေးပုံက မှားနေတယ်။ တင်ပြပုံက မှားတယ်။ ဒီမေးခွန်းကို ကျွန်တော် ဘယ်လိုဖြေမလဲ။ ဒါပေမဲ့ ကျွန်တော်ဖြေပါမယ်။ ဖရန်စစ်ဘူချနန်ရေးတဲ့ စာအုပ်က ကျွန်တော့်မှာ ကော်ပီဆွဲထားတာချည်း လေးအုပ်လောက်ရှိတယ်။ ခုနက ကျွန်တော်ပြောတဲ့ထဲမှာလည်း ပါတယ်။ ရခိုင်ပြည်က ပြေးလာတဲ့သူတွေကို ရခိုင်ဂျာ၊ ရခိုင်ဆိုတာကို ဘင်္ဂါလီတွေက ရိုရှန်၊ ရိုဟန်လို့ခေါ်တဲ့အတွက် အဲဒီက ပြေးလာတဲ့ရခိုင်တွေကို ရိုရှန်ဂျာ၊ ရိုဟန်ဂျာလို့ ခေါ်တယ်လို့ဆိုတာ ဘူချနန်ရေးထားတယ်။ ဒီလူတွေ မွတ်စလင်ဖြစ်တယ်ဆိုတာ ဘယ်စာမျက်နှာမှာ ပါလဲ။ ပြောနိုင်တဲ့သူ အခုထပြောပါ။ ပြနိုင်တဲ့သူရှိရင်လည်း လာခဲ့ပါ။

မေး - ဖရန်စစ်ဘူချနန်သည် ရိုဟင်ဂျာဘာသာစကား သီးခြားရှိပြီး ဘင်္ဂါလီ ဘာသာစကားနှင့် မတူကြောင်း စစ်တမ်းပြုစု မှတ်တမ်းတင်ထားသည်ကို သိပါသလား။

ဖြေ - ရိုဟင်ဂျာဆိုတဲ့ စကားဟာ ရခိုင်ဂျာ၊ ရဟန်ဂါ။ ရခိုင်စကားနဲ့ ဘင်္ဂါလီစကား ဘယ်လိုလုပ် တူမှာလဲ။ ဒါမှန်တယ်။ ဒီနေ့ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဆိုပြီး ခေါ်တဲ့သူတွေဟာ ဘင်္ဂါလီတွေ။ ဘင်္ဂါလီစကားမှာ ဒီနေ့ ဘင်္ဂလားဒေ့ရှ်မှာ နေဖူးတဲ့သူတွေ ပါကောင်းပါမယ်။ ကျွန်တော် နှစ်ကြိမ်တိုင်တိုင် ကွင်းဆင်း လေ့လာ ထားတယ်။ ကျွန်တော် ဘူးသီးတောင် မောင်းတောမှာ ပြောတဲ့စကားကို အခု ကျွန်တော်နဲ့ လာပြောပါ။ အဲဒီစကားကို ကျွန်တော် ပြောတတ်တယ်။ ဘင်္ဂလားဒေ့ရှ်ကို ရောက်တဲ့အခါမှာ အာလဗန်ဆိုတဲ့ ဒေသကို ကျွန်တော်ရောက်တယ်။ ရောက်တဲ့အခါမှာ ကျွန်တော် ဆိတ်သားစားချင်တော့ စစ်တကောင်းစကား နဲ့ ပြောတယ်။ သူတို့ နားမလည်ဘူး။ အဲတော့ ဒီလို ဒေသစကား မတူတာတော့ ရှိတာပေါ့။ ကျွန်တော် ရခိုင်လိုပြောရင် တချို့ဗမာတွေ နားလည်ချင်မှ နားလည်မှာပေါ့။ အဲလို ကွဲပြားတာတော့ ရှိတာပေါ့။ ဒါကို သီးခြား ရိုဟင်ဂျာ ဘာသာစကားရယ်လို့ ဘယ်အမှတ်အသားမှာမှ မရှိဘူး။ လာပြီး မလိမ်ကြပါနဲ့။ ကျွန်တော် လူရှေ့မှာ မလိမ်ဘူး။ အမှန်တရား အပေါ်မှာပဲ သစ္စာရှိတယ်။

မေး - ၁၉၂၆ ခုနှစ်တွင် အင်္ဂလိပ်လူမျိုး အာရကန်အုပ်ချုပ်ရေးမှူးက အာရကန်မွတ်စလင် သုံးသောင်း၊ ဗမာလူမျိုး တစ်သောင်းဟု ဖော်ပြထားသည်ကို သိပါသလား။

ဖြေ - သိတာပေါ့။ ဟုတ်ပါတယ်။ အဲဒါ မှန်တယ်။ ဒါပေမဲ့ အဲဒီဟာက ရိုဟင်ဂျာလို့ မရေးပါဘူး။ ဂျက်လိုင်ဒါက ဒါကို ယူတယ်။ ရခိုင်လူမျိုး တစ်သိန်းကျော် ဆိုတာကို ယူတယ်။ ဒါက ရိုဟင်ဂျာ ရှိတယ်၊ မရှိဘူး ဆိုတာနဲ့ မဆိုင်ပါဘူး။

မေး - နိုင်ငံတကာမှာ Over Stay ရှိပါတယ်။ သူတို့ကရော Over Stay တွေလား။

ဖြေ - သူတို့က တရားမဝင် ဝင်ရောက်လာခြင်း ဖြစ်တယ်။ Over Stay မဟုတ်ဘူး။

မေး - နိုင်ငံတကာတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်မရသူဆိုတာ ရှိပါသလား။ ရှိလျှင် ယင်းနိုင်ငံသား အမျိုးမျိုး၏ အခွင့်အရေးကို ဘယ်လို ပိုင်းခြားထားပါသလဲ။

ဖြေ - ဧည့်နိုင်ငံသား ဆိုတာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကလွဲပြီး တခြားနိုင်ငံတွေမှာ ရှိတယ်လို့ ကျွန်တော်မကြားဖူးဘူး။ အမေရိကမှာ ကျွန်တော် အလုပ်လုပ်တယ်။ ကျွန်တော် တက္ကသိုလ် ဆရာအဖြစ်နဲ့ လေးနှစ် နေထိုင်ပြီးတဲ့အခါမှာ အမြဲတမ်းနေထိုင်ခွင့် Green Card ရတယ်။ ကျွန်တော့်ဇနီးကော၊ ကျွန်တော့် သမီးကောရတယ်။ ဒါက ဘယ်လိုလဲဆိုရင် အမြဲတမ်းနေထိုင်ခွင့် Permanent Residence သာဖြစ်တယ်။ ဒါပေမဲ့ သမ္မတရွေးကောက်ပွဲမှာ ကျွန်တော့်မှာ မဲပေးပိုင်ခွင့်မရှိဘူး။ ကျွန်တော် နိုင်ငံသားမှ မဟုတ်တဲ့ဟာ။ ဒါပေမဲ့ သူတို့ တရားဝင်ခွင့်ပြုထားတဲ့ အမြဲနေထိုင်ခွင့် ရရှိထားတဲ့ အေးချမ်းသည် မဲပေးပိုင်ခွင့် မရဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်မောင်ဦးလား၊ ဘာလားမသိဘူး။ သူထုတ်ပေးထားတဲ့ အဖြူရောက်ကဒ် ကိုင်ထားတဲ့သူတွေက မဲပေးပိုင်ခွင့်ရတယ်။ အဲဒီ အဖြူရောင်ကဒ် ဆိုတာကဘာလဲ။ အမြဲနေထိုင်ခွင့်လား။ ရေးထားတာက ယာယီ မှတ်ပုံတင်ကတ်ပြား။ အမြဲ နေထိုင်ခွင့်ရတဲ့ သူတောင် မဟုတ်ဘူး။ ဘာလို့ မဲပေးခွင့်ရလဲ။ တစ်ချိန်က ဂျပန်တွေက ကိုရီးယားကို ကိုလိုနီလုပ်ပြီး ကိုရီးယားလူမျိုးတွေကို ကျွန်ပြုဖို့ ခေါ်ထားတယ်။ ဂျပန်လူမျိုးတွေ မလုပ်ချင်တဲ့ အလုပ်တွေကို ခိုင်းတယ်။ အဲဒီလူတွေက အခု တတိယမျိုးဆက်ကို ရောက်လာပြီ။ အမြဲတမ်း နေထိုင်ခွင့်ပဲ ရှိတယ်။ မဲပေးလို့မရဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အဲဒီ အဖြူရောင်ကဒ် ကိုင်ထားတဲ့သူတွေ အကုန်လုံး မဲပေးခွင့်ရတယ်။ ကျွန်တော်တို့ တိုင်းပြည်လောက် လူ့အခွင့်အရေးကို လေးစားတဲ့ နိုင်ငံ ရှိဦးမလား။

မေး - အခုလို ရန်ကုန်ကို လာဟောပြောတာဟာ ဘာသာရေးစစ်ပွဲ မဖြစ်ဖြစ်အောင် လှုံ့ဆော်နေတာလား။

ဖြေ - ကျွန်တော် ကြောက်တတ်ပါတယ်။ ဖြစ်နိုင်ရင် ကျွန်တော် စစ်ကိုရှောင်ချင်တယ်။ ဒီမေးခွန်း မေးတဲ့သူကို ကျွန်တော် မေးချင်တယ်။ ခင်ဗျားအိမ်မှာ ကျွန်တော် တစ်ရက်နေမယ်။ နောက်တစ်ခါ နောက်တစ်ရက် နေပါရစေဆိုပြီး ပြောမယ်။ နောက်ထပ် တစ်ပတ်လောက် တိုးနေပါရစေဆိုပြီး ပြောမယ်။ နောက်ထပ် တစ်နှစ်၊ နှစ်နှစ်လောက် တိုးနေပါရစေဆိုပြီး ပြောမယ်။ နောက် ကျွန်တော်က ခင်ဗျားကို ကန်ထုတ်ပစ်မယ်ဆိုရင် ခင်ဗျားလက်ခံနိုင်ပါ့မလား။ အဲဒါကိုပဲ ဖြေကြည့်လိုက်ပါ။


မွတ်ဆလင်များအတွက် အလွန် အင်မတန် ဝမ်းနည်းကြောင်း ဒေါ်စု ပြောကြားသော်လည် ၊ မူဆလင်တို့၏ ရက်ရက်စက်စက် သက်ဖြက်ခြင်း ခံရသော ဗုဒ္ဓဘာသာ သံဃာတော် အရှင်သူမြတ် အသတ်ခံရမှု အတွက် ဝမ်းနည်းကြောင်း မပြောခဲ့

မကြာသေးခင်ကပဲ မွတ်စ်လင်မ်ခေါင်းဆောင်တစ်ချို့နဲ့ ကျွန်မ တွေ့ဆုံလာခဲ့ပါတယ်။ သူတို့ဟာ မြန်မာ ကလွဲပြီး တခြားနိုင်ငံကို မရောက်ဖူးကြပါဘူး။ မြန်မာကလွဲပြီး တခြားဘယ်နေရာကိုမှ အမိမြေအဖြစ် မခံယူကြ ပါဘူး။ သူတို့ကို ကျွန်မတို့ရဲ့နိုင်ငံသားမဟုတ်သလို အထင်ရောက် သွားအောင် ဖန်တီးနေတာက တကယ် စိတ်မ ကောင်း စရာပါ။ ဒီအနေအထားမျိုးက တကယ်ဝမ်းနည်း စရာကောင်းတဲ့ ဖြစ်စဉ်ပါ။ ကျွန်မ တို့အနေနဲ့ ဒီအရေး အရာတွေကို အခြားရှုထောင့်အမြင်ကနေ အံဝင်ခွင်ကျဖြစ်လာစေဖို့ ချဉ်းကပ်လေ့ လာရ ပါလိမ့်မယ် ”။

http://www.rfa.org/english/news/burma/muslim-04172013204636.html


Suu Kyi 'Very Sad' Over Muslim Plight in Burma
 

Opposition leader Aung San Suu Kyi expressed sadness Wednesday that some of Burma's Muslim leaders whom she met recently felt as if they did not belong to the country.

In rare comments on sectarian violence at a news conference during her Japan visit, she said Buddhist-majority Burma must learn to accommodate divergent views and that the minority Muslim community must be made to feel secure.

"I've met some Muslim leaders very recently," she said of her talks last week with representatives from the country’s leading Islamic groups following deadly March violence between Muslims and Buddhists in central Burma.

"It is very sad, because none of them has been to any other country apart from Burma. They did not feel that they belonged anywhere and it was sad for them that they were made to feel that they didn't belong in our country either," Aung San Suu Kyi said.

"This is a very sad state of affairs. We must learn to accommodate those with different views from ours."

Speaking separately Wednesday to students at Tokyo University, Aung San Suu Kyi said she was "not a magician" to make deep-rooted ethnic disputes disappear instantly, in an apparent reference to criticism from rights and other groups against her for being largely silent over the communal clashes and minority rights.

At least 43 people were reported dead and thousands, mostly Muslims, driven from their homes and businesses in the latest violence in central Burma.

"They wanted me to talk about how to make these communal differences disappear ... I'm not a magician. If I were, I'd say 'disappear' and they would all disappear. Differences take a long time to sort out," she said, according to Reuters news agency.

Citizenship

She also said that the government of President Thein Sein should review Burma's citizenship laws, although she again failed to directly answer a question on whether she considered the Muslim Rohingyas, who had lived for generations in the country, to be citizens.

Burma, she said, is entitled to abide by its own laws, such as its citizenship law, but it also has to assess those laws to ensure they comply with international standards.

"This is what the Burmese government should do, to face the issue of citizenship fairly," she was quoted saying by the Associated Press.

"I have said that any violation of human rights and any acts of violence are inimical to a united and peaceful society and I stand by that," said Suu Kyi, a Nobel laureate who was locked up for 15 years by Burma's former military junta.

Last year, clashes between Muslim Rohingyas and Buddhist Rakhines occurred twice in Burma's Rakhine state, leaving at least 180 dead and tens of thousands homeless. Rights groups said Rohingyas bore the brunt of the violence.

Around 800,000 Muslim Rohingyas live in Rakhine state but most of them, according to rights groups, have been denied citizenship as they are considered by most Burmese and the government to be illegal immigrants from neighboring Bangladesh.

The stateless Rohingyas have been described by the U.N. as one of the world's most persecuted minorities.

Aung San Suu Kyi defended her conciliatory political style, saying her focus was on building a more unified society rather than making headlines, Agence France-Presse reported.

She said she has been addressing the plight of minority groups albeit in ways that people may consider "boring."

"In fact, I have been speaking all the time about ethnic nationalities. But the point was that my statements were not colorful enough to please everybody," she told the press conference.

The recent violence in central Burma has been linked to radical monks and triggered international concerns. Rights groups accused the security forces of standing by while the attacks, which appeared to be well organized, took place.


တမူးတွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွား


သဘာဝ ဘေး အန္တရာယ်ကြောင့် မကွေးတွင် ပျက်စီးမှုများဖြစ်

၁၆-၄-၂၀၁၃ ရက်နေ့ ၁၆၄၅ အချိန်မှ ၁၇၁၅ အချိန်ထိ လေပြင်းတိုက်ခတ်မှုကြောင့် မကွေး တိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ သူဌေးကုန်းရပ်ကွက်ရှိ တောင်ခမောက်အပေါ် ဘုန်းကြီးကျောင်း ရှိ ၁၂ ပေသွပ်(၇၆)ချပ်ခန့် လေလွင့်ပျက်စီးခဲ့ပြီး သုံးဆယ်ခြောက်ကျေးရွာရှိ အမှတ်(၃၅) အခြေခံပညာ မူလတန်းကျောင်းဝင်းအတွင်းရှိ အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေရှိ ၄ ခန်းတွဲကျောင်းေ ဆာင် သစ်မှ ၁၂ ပေ သွပ်(၁၂၀)ချပ်၊ ၈ ပေသွပ်(၅)ချပ်၊ ပေါင်း(၁၂၅)ချပ်နှင့် အလျား ၇၀ ပေ၊ အနံ ၃၀ ပေ ၃ ခန်း တွဲကျောင်းေ ဆာင်ေ ဟာင်းမှ ၁၂ ပေသွပ်(၇၅)ချပ်တို့ လည်း လေလွင့် ပျက်စီး ခဲ့သောကြောင့် တန် ဖိုးငွေ ကျပ်(၂၄) သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တွင်းကုန်းရပ်နေ ဦးဇော်ခင်၏ (၃x၄)ပင် ထရံကာ၊ ကြမ်းခင်း၊ သွပ်မိုး ၁ ထပ်နေအိမ်မှ ၈ ပေ သွပ်(၂၀)ချပ်လေလွင့်ခဲ့သဖြင့် တန်ဘိုးငွေကျပ်(၂၀၀၀၀၀ိ/-)၊ ဦးမြ၀င်း၏ လူမနေသည့် (၃x၄)ပင် သက်္ကယ်မိုး၊ ထရံကာ နေအိမ်မှာလဲပြိုပျက်စီးခဲ့သဖြင့် တန်ဖိုးငွေကျပ်(၅၀၀၀၀၀ိ/-)ခန့်၊ ၁၅၃၀ အချိန်ကလည်း ချော က်မြို့ နယ်၊ နရွဲတောရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မူလတန်းဆောင် အလျား ၁၀၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေ၊ ၈ ပေသွပ် (၉၆)ချပ်၊ (၃x၁)လက်မ သစ်သားချောင်း ၁၈ ပေ(၁၁)ချောင်း၊ (၄x၁) လက်မ ၁၈ ပေ ၁ ချောင်း၊ တန်ဘိုးငွေကျပ်(၂၅၀၀၀၀ိ/-)ခန့်ဆုံးရှုံးခဲ့ကြောင်းနှင့် အခင်းဖြစ်နေရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ပညာရေးဌာနတို့မှ ပူးပေါင်းဆောင်ရွက် ကူညီပေးလျက် ရှိကြောင်း သိရှိရသည်။

ထို့အတူ ယင်းနေ့ ၁၅၂၀ အချိန်မှ ၁၅၃၀ အချိန်ထိ လေပြင်းတိုက်ခတ်မှုကြောင့် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့အရှေ့တောင်ဘက်၊ ဖောင်းလင်းအရှေ့ရွာတွင် (၄x၃)ပင် သက်္ကယ်မိုး၊ ထရံကာ ကြမ်းခင်းလူနေတဲ ၂ လုံး၊ (၃x၃)ပင်သက်္ကယ်မိုး၊ ထရံကာ မြေစိုက်တဲ လူနေအိမ် ၂ လုံး၊ ပေါက်လေးပင်ကျေးရွာတွင် (၄x၃)ပင် သက်္ကယ်မိုး၊ ထရံကာ ကြမ်းခင်း လူနေတဲ ၂ လုံး၊ ခြောက်ပင် ကျွန်း ကျေးရွာ တွင် (၃x၃)သက်္ကယ်မိုး၊ ထရံကာကြမ်းခင်း လူနေတဲ ၁ လုံး၊ ကျောက်ရဲကျွန်းကျေးရွာတွင် (၃x၃)ပင် သက်္ကယ်မိုး၊ ထရံကာမြေစိုက်တဲ ၂ လုံး၊ စုစုပေါင်းလူနေအိမ် ၉လုံးပြိုလဲခဲ့ပြီး လူ/တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်းနှင့် လမ်းပန်းဆက် သွယ်ေ ရးပြတ်ေ တာက်မှု မရှိ ကြောင်း၊ လေဘေးသင့်ပြည်သူ အိမ်ထောင်စု ၉ စု၊ လူဦးရေ ကျား ၂၁ ဦး၊ မ ၁၇ ဦး၊ စုစုပေါင်း ၃၈ ဦး တို့အား ၎င်းင်းတို့၏ နီးစပ်ရာဆွေမျိုးများနေအိမ်တွင် နေရာချထားပေးခဲ့ကြောင်း သတင်းရရှိသည်။

ရဲဇာနည်

Wednesday, April 10, 2013

လျော်ကြေး များအား ကျေနပ်စွာ ရယူပြီးသော်လည်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး ဒေသခံ ၁၀၉ - ၁၁၀ တို့က ထပ်မံ ဆန္ဒဖော်ထုတ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေးဆန္ဒပြပွဲကို  ဧပြီ ၉ မွန်းလွဲ ၂ နာရီမှ ညနေ၄ နာရီ ထိ မုံရွာ ဒေသခံ ၁၀၉ - ၁၁၀ များက ကျင်းပခဲ့ကြောင်းသိရသည်။ ဒေသခံ ၁၀၉ - ၁၁၀ များသည် တုံရွာရှေ့မှ ညောင်ပင်ကြီးဆိပ်ကမ်းထိ ချီတက်ခဲ့ကြကာ ကြေးနီ စီမံကိန်း လုံးဝ ဖျက်သိမ်းေ ရး ကြွေး ကြော်သံများ ကြွေးကြော်ခဲ့ကြောင်း ၊ ၁၀၉ - ၁၁၀ တို့သည် တိုင်းပြည်ကို လက်ညိုး ထိုး ရောင်း စားနေသော ဦးပိုင် ကုမ္ပဏီ အလိုမရှိ၊ ကျွန် ဇာတ်သွင်းနေသော မြန်မာ ဝမ်ဘောင် ကုမ္ပဏီ ချက်ချင်း ထွက်စသည့် ပိုစတာများ ကိုကိုင်ဆောင်ခဲ့ကြကြောင်း သိရ သည်။


လှည်းတန်းခုံးကျော်တံတား ယနေ့ စတင်အသုံးပြု

၂၀၁၂ ခုနှစ် မတ်လ ၁၁ ရက်နေ့က ပန္တွတ်ရိုက် စတင် တည်ဆောက်ခဲ့သော ၂၅၀၇ ပေရှည်လျားသည့် လှည်းတန်းခုံးကျော်တံတားကို ယနေ့ ဧပြီ ၁၀ ရက် နံနက် ၆ နာရီတိတိက ယာဉ်ဖြတ်သန်းသွားလာ ခွင့် ပြုခဲ့ပြီဖြစ်သည်။ အဆိုပါတံတား၏ ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန်မှာ ၆၀ တန်ဖြစ်သည်။





နိုင်ငံတော် သမ္မတဦးသိန်းစိန် စက်စက်ယို ဆည်ရေသောက်စနစ်၊ စက်မှုလယ်ယာမြေစနစ် ဧက(၉၀၀) ဖော်ထုတ်ရေးလုပ်ငန်းခွင်နှင့် ရေလွှဲဆည် တည်ဆောက်မှုအား စစ်ဆေးကြည့်ရှု အားပေး



ဧပြီ ၉ နံနက် (၇)နာရီက နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်  ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ စက်စက်ယိုချောင်း၏ ဆည်ရေသောက်စနစ် စက်မှုလယ်ယာမြေစနစ် ဧက(၉၀၀) ဖော်ထုတ်ရေးနှ င့် ရေ လွှဲဆည် တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိ စစ်ဆေးအားပေးကာ လာမည့် မိုးစပါးရာသီ အချိန်မီ အပြည့်အဝ ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရန်အတွက် အကောင်အထည်ဖော် သွားရန်နှင့် ဖောက် လုပ်ထားသည့် ကုန်ထုတ်လမ်းများ၊ ရေမြောင်း စနစ်များကို ရေရှည်ခိုင်ခံ့ကောင်းမွန်ရေး အတွက် ပိုမို တိုး တက် ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ထိုမှတဆင့် စက်စက်ယိုရေလွှဲဆည် တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိကြပြီး စက်ယန္တရားကြီးများဖြင့် လုပ်ငန်းခွင် တည်ဆောက် အကောင် အထည်ဖော် မှုကို စစ်ဆေးကြည့်ရှု အားပေးရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ကို ရုပ်ပုံကားချပ်များဖြင့် ရှင်းလင်းတင်ပြသည်။

ဤရေလွှဲဆည် တည်ဆောက်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေးကို ကြီးမားစွာ အထောက်အကူရမည့်အပြင် ယခင်က မိုးစပါးတစ်သီးပင် အောင်မြင်စွာ စိုက်ပျိုးနိုင်ခြင်း မရှိဘဲ မိုးတွင်းကာလ နှစ်စဉ်ရေကြီးနစ်မြုပ်သော လယ်ယာမြေဧက (၉၀၀)ကျော်အတွက် ရေနုတ်မြောင်း စနစ် များ ကောင်းမွန်လာမည် ဖြစ်ကြောင်း၊ မိုးသီးနှံစပါး များအား အောင်မြင်စွာ စိုက်ပျိုးနိုင်မည် ဖြစ်သည့်အပြင် ဤရေလွှဲဆည်၏ ရေကူစနစ်ဖြင့် ကြားသီးနှံ၊ သီးထပ်သီးညှပ်များကိုလည်း အောင်မြင်စွာ စိုက်ပျိုးနိုင်ေ တာ့မည် ဖြစ်၍ တောင်သူ လယ်သမားများအတွက် များစွာအကျိုးပြုမည် ဖြစ်ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်သမ္မတက လုပ်ငန်းတာဝန် ထမ်းဆောင်နေသော ဆည်မြောင်းဦးစီးဌာန၊ စက်မှုလယ် ယာ ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ နိုင်ငံ့ဝန်ထမ်းများအား အချိုရည်နှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုေ ပးအပ်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတက လုပ်ငန်းခွင်သို့ ပါဝင်တက်ရောက် လေ့လာကြသည့် Japan International Cooperation Agency (JICA) မှ တာဝန်ရှိသူများအား မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍတွင် ပူးပေါင်း ဆောင် ရွက်နိုင်ရေးအတွက် ဆွေးနွေးမှာကြားရာ၌ မြန်မာနိုင်ငံ၏ မြေသယံ ဇာတ၊ ရေသ ယံဇာတ ပေါကြွယ်ဝမှုနှင့် အလွန်ဝီရိယကောင်းစွာဖြင့် အလုပ်ကြိုးစား လုပ်ကိုင်ကြေ သာ တောင် သူလယ်သမားများ၏ စိုက်ပျိုးရေး ထုတ်ကုန်သီးနှံများကို ဂျပန်နိုင်ငံကဲ့သို့ ခိုင်မာသော ဈေးကွက်နေရာ ရရှိရေး Japan International Cooperation Agency(JICA) အနေဖြင့် ကူညီပေးစေလိုကြောင်း။

ယခုစိုက်ပျိုးရာသီ ထွက်ရှိလာသည့် စိန်တလုံးသရက်သီးနှင့် နဂါးမောက်သီးနှံများကို နိုင်ငံတကာစံချိန်၊ စံညွှန်းပြည့်မီစွာဖြင့် ဂျပန်နိုင်ငံဈေးကွက်သို့ နမူနာအဖြစ် မိတ်ဆက်တင်ပို့နိုင်ရေး အတွက် ဂျပန်အစိုးရ အဖွဲ့ဝင်များထံသို့ လက်ဆောင်အဖြစ် ပေးအပ်မည်ကို JICA မှ စနစ်တကျ ပို့ဆောင်ပေးစေလိုကြောင်း။

အထူးသဖြင့် မြန်မာနိုင်ငံ၏ အရည်အသွေးကောင်းသော လယ်ယာကဏ္ဍ ထွက်ကုန်များကို ဂျပန်နိုင် ငံ ဈေးကွက်သို့  မိတ်ဆက်ပေးစေလိုကြောင်း၊ မြန်မာနိုင်ငံ၏ စက်မှုလယ်ယာ ကူးပြောင်းနိုင်ရေး အတွက် ဆောင် ရွက်နေမှုအပေါ်တွင် လည်းကောင်း၊ မြန်မာနိုင်ငံ၏ တောင်သူလယ်သမားများ အတွက် လတ်တလော လိုအပ်ချက်ဖြစ်နေသော အသေးစားငွေချေး လုပ်ငန်းများကိုလည်းကောင်း ထိထိရောက်ေ ရာက် ပါဝင်ကူညီ ဆောင်ရွက်ပေးစေ လိုကြောင်း။

မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍတွင် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရေးကို အစိုးရအချင်းချင်းရင်းနှီးမှု အဆင့်မှ ပြည်သူလူထုအချင်းချင်း ရေရှည် ချစ်ကြည်ရင်းနှီးမှု အဆင့်အထိ ခိုင်မာအောင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် JICA အကြား နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတ အနေဖြင့် ထောက်ခံအကူအညီ ပေးသွားမည် ဖြစ်ကြောင်းဖြင့် ဆွေးနွေးမှာကြားခဲ့သည်။

ယင်းနောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် စက်စက်ယို ဆည်ရေသောက်စနစ်၊ စက်မှု လယ်ယာမြေစနစ် စိုက်ကွင်းများ ဖော်ထုတ်နေမှုနှင့် ငလိုက်ဆည် ရေသောက်စနစ် စိုက်ကွင်းများအ တွင်းရှိ အောင်မြင် ဖြစ်ထွန်းနေသော ဟင်းသီးဟင်းရွက် သစ်သီးဝလံစိုက်ခင်းများ၊ စိမ်းစိုဖြစ်ထွန်းနေသော လယ်ယာမြေများကို မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုခဲ့ကြသည်။

နိုင်ငံတော် သမ္မတဦးသိန်းစိန် စက်စက်ယို ဆည်ရေသောက်စနစ်၊ စက်မှုလယ်ယာမြေစနစ် ဧက(၉၀၀) ဖော်ထုတ်ရေးလုပ်ငန်းခွင်နှင့် ရေလွှဲဆည် တည်ဆောက်မှုအား စစ်ဆေးကြည့်ရှု အားပေး



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဧပြီ  ၉ နံနက် (၉) နာရီခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ ကျင်းပသည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးမှုအကောင်အထည် ဖော်ဆောင်ရေးကော်မတီ အစည်းအဝေးသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးမှု အကောင်အထည်ဖော်ဆောင်ရေး ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ နှင့် ကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက် ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာ၌ ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ဒုက္ခရောက်နေသူများအား မိုးမကျမီ နေရာချထားနိုင်ရေးအတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အစိုးရ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အခြားစေတနာရှင် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ လုပ်ငန်းပမာဏများပြားသဖြင့် ဆောင်ရွက်ရန် ကျန်ရှိသော လုပ်ငန်းများကို အမြန်လုပ်ဆောင်ရန် လိုအပ်မှု၊ ဒုက္ခသည်တစ်သိန်းကျော်၏ စားသောက်ရေးအတွက် စားရေရိက္ခာများ မပြတ်လပ်အောင် ဆောင်ရွက်ရန် လိုအပ်မှု၊ မိုးမကျမီ အဆောက်အအုံများ အချိန်မီဆောက်လုပ်ပြီးစီးရန် လိုအပ်မှု၊ အဆောက်အအုံ ဆောက်လုပ်မည့် နေရာများအား ဒေသခံများ၊ နှစ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ နှင့် ညှိနှိုင်း ရွေးချယ် နေရာချထားရန် လိုအပ်မှု၊ နှစ်ပေါင်းကြာရှည်စွာ အတူတကွ နေထိုင် လာခဲ့ကြသူများ ဖြစ်သည့်အတွက် ဆက်လက်၍ သူ့အကျိုး၊ ကိုယ့်အကျိုး ကြည့်ရှုပြီး အေးချမ်းတည်ငြိမ် စွာ နေထိုင် သွားကြရန် လိုအပ်မှုတို့ကို ရှင်းလင်းပြောကြားပြီး ဒုက္ခသည် များ၏ စားရေး၊ နေရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရုံမျှမက ၎င်းတို့၏ မူလ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် စီးပွားရေးလုပ် ငန်းများ ပြန်လည် လုပ်ကိုင် နိုင်အောင် ဆက်လက်ပံ့ပိုး ကူညီဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် တွင် နေထိုင်ကြသူများသည် လယ်ယာ လုပ်ငန်းနှင့် ငါးဖမ်း လုပ်ငန်းတို့ကိုသာ အဓိက လုပ်ကိုင်ကြရာ မိုးရာသီတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ အချိန်မီ ပြန်လည် လုပ်ကိုင်ရန်အတွက် လယ်ယာသုံး စက်ကိရိယာများ၊ စက်သုံးဆီများ၊ မျိုးစပါးများနှင့် ဓာတ်မြေသြဇာစသည်တို့ကို အချိန်နှင့် တစ်ပြေးညီ ပံ့ပိုးဖြည့်ဆည်းပေးရမည် ဖြစ်ကြောင်း၊ ထို့အတူ ငါးဖမ်းလုပ်ငန်း ပြန်လည်လုပ်ကိုင်နိုင်ရန်အတွက် လိုအပ်သည့်လှေ၊ ငါးဖမ်းပိုက် စသည်တို့ကိုလည်း ပံ့ပိုးပေးရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည် နာလန်ထူလာနိုင်ရေးအတွက် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စု အစိုးရအဖွဲ့တို့ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း။

ရခိုင်ပြည်နယ်ပြဿနာကို ဖြေရှင်းဆောင်ရွက်ရာတွင် အခက်အခဲမျိုးစုံကို ရင်ဆိုင်ကြုံတွေ့ ခဲ့ရကြောင်း၊ သို့သော် မဖြေရှင်းမဆောင်ရွက်နိုင်လျှင် ပြဿနာပိုမို ကြီးထွားလာနိုင်သည့် အတွက် မဖြစ်မေ န ဖြေရှင်းဆောင်ရွက်ရမည်သာ ဖြစ်ကြောင်း၊ လတ်တလော ဖြေရှင်းဆောင်ရွက်နိုင်သည်များကို ချက်ချင်းေ ဆာင် ရွက်ပြီး ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း စနစ်တကျစီမံ ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ မိမိတို့၏ ပြည်တွင်းရေးကို မိမိတို့ဘာသာ အေးအေးချမ်းချမ်း ဖြေရှင်းနိုင်ရန် လိုအပ်ကြောင်း ၊ ဒေသတည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးကို အပြည့်အဝ ဆောင်ရွက်ပေးရန်ဖြစ်ပြီး တည်ငြိမ်အေး ချမ်းမှု ရရှိလာသည်နှင့်အမျှ နောင်တွင် လုံခြုံရေးတပ်ဖွဲ့ အင်အားကို လျှော့ချသွားရမည် ဖြစ်ကြောင်း။

ရခိုင်ပြည်နယ် ပဋိပက္ခ စတင်ဖြစ်ပွားကတည်းက ကိုယ်တိုင်ကွင်းဆင်း ဆောင်ရွက်၍ အကူအညီ များ ပေးအပ်ခဲ့သည့် ကုသမဂ္ဂအဖွဲ့အစည်းများ၊ စေတနာရှင်နိုင်ငံများမှ သံအမတ်ကြီးများအား ပြည်ထောင် စုအစိုးရအဖွဲ့နှင့် ပြည်သူများကိုယ်စား လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း၊

ဒုက္ခသည်များအား ကူညီစောင့်ရှောက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းဆောင်ရွက်လျက် ရှိရာတွင် လုပ်ငန်းများ ပိုမို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာနက ဦးဆောင်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်း၍ စစ်တွေမြို့တွင် အခြေပြုကာ လုပ်ငန်းများ ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ ယင်းအဖွဲ့အနေဖြင့် ဒုက္ခသည်များ အတွက် လူနေအိမ်များကို (၃) လအတွင်း အပြီး ဆောက်လုပ်နိုင်ရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ထူထောင်ပေးနိုင်ရေးတို့အတွက် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ဆက်လက် ဆောင်ရွက် သွားမည့် အစီအစဉ်များကို ရှင်း လင်း တင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က ဒုက္ခသည်များအား နေရာချထားပေးမှု၊ အဆောက်အအုံများ ဆောက်လုပ်နေရာ ချထားပေးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်းက လုပ်ငန်း ကော်မတီအလိုက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက် လာကြသော ပြည်ထောင်စုဝန်ကြီးဌာနများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက လိုအပ်သည်များကို ဖြည့်ဆည်း မှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများမှာ မလွဲမသွေ လုပ်ဆောင်ရမည့် ကိစ္စရပ်များဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ကော်မတီအလိုက် လုပ်ဆောင်ဖွယ်ရာ ရှိသည်များကို အချိန်မဆိုင်းဘဲ မြန်မြန်ဆန်ဆန် စုစုစည်းစည်း ညီညီညွတ် ညွတ်ဖြင့် ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ စားရေးနှင့် နေရေးကဏ္ဍများ ဆောင်ရွက်ပေး သည့်နည်း တူ ပညာရေး၊ ကျန်းမာရေး စသည့် လူမှုရေးလုပ်ငန်းများကိုလည်း ဆက်လက်လုပ်ကိုင် ဆောင် ရွက်ပေး သွားကြရန် ဖြစ်ကြောင်းဖြင့် မှာကြားပြီး အစည်းအဝေးကို မွန်းလွဲ (၁) နာရီ (၁၅) မိနစ်တွင် ရပ်နား လိုက်သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(ရေ) ၏ စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနား တက်ရောက်

 
  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ
ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး သူရသက်ဆွေ က 
တပ်တော်ဝင် အခမ်းအနား အထိမ်းအမှတ် ဂုဏ်ပြု လက်ဆောင် အဖြစ်
စစ်ရေယာဉ် ပုံစံငယ် ကို ဂါရ၀ပြု ပေးအပ်စဉ်
တပ်မတော်(ရေ) ၏ စစ်ရေယာဉ် များ တပ်တော်ဝင်ခြင်း အခမ်းအနား ကို ယနေ့ မွန်းလွဲပိုင်းတွင် သံလျင် တပ်နယ် ၊ အမှတ်(၃) ရေတပ် ဆိပ်ခံ တံတား၌ ကျင်းပ ပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အားပေး ချီးမြှင့်သည်။
အဆိုပါ အခမ်းအနား သို့ ညှိနှိုင်း ကွပ်ကဲရေးမှူး ( ကြည်း ၊ ရေ ၊ လေ ) ဗိုလ်ချုက်ကြီး လှဌေးဝင်း ၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး သူရ သက်ဆွေ ၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ် ခင်အောင်မြင့် ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီး များ ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦး ၊ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး ၊ သံလျင် တပ်နယ်မှူး နှင့် သံလျင် တပ်နယ်မှ အရာရှိ ၊ စစ်သည် မိသားစု များ တက်ရောက် ကြသည်။
 
တပ်မတော်(ရေ)၏ စစ်ရေယာဉ်များ
တပ်တော်ဝင်ခြင်း အခမ်းအနားတွင် တပ်တော်ဝင် စစ်ရေယာဉ်မျာအား
တွေ့ရစဉ်
 
ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သည် အခမ်းအနား ကျင်းပ ပြုလုပ်သည့် အမှတ်(၃) ရေတပ် ဆိပ်ခံ တံတား နေရာသို့ ရောက်ရှိ လာပြီးနောက် စစ်ဦးစီး အရာရှိချုပ် (ရေ) ဗိုလ်မှူးချုပ် တင်အောင်စန်း က ယနေ့သည် တပ်မတော်(ရေ) ၏ မျိုးဆက်သစ် အင်အားများ ဖြစ်သော အမြန်သွား တိုက်ခိုက်ရေး စစ်ရေယာဉ် ၄ စီး ၊ ယာဉ်တင် ကမ်းထိုး ရေယာဉ် ၂ စီး ၊ ရေပေါ် လွန်းကျင်း (ဆရာရှမ်း) ၁ စီး ၊ စုစုပေါင်း စစ်ရေယာဉ် ၇ စီး တို့ကို တပ်တော်ဝင် ပြုလုပ်ပြီး တပ်မတော်(ရေ) ၏ အဓိက တိုက်စွမ်းအား ဖြစ်သော စစ်ရေယာဉ်စု များတွင် အင်အား ဖြည့်တင်းသော အခမ်းအနား ဖြစ်ကြောင်း ၊ ယခု တပ်တော်ဝင် သည့် အမြန်သွား တိုက်ခိုက်ရေး ရေယာဉ် ၄ စီး နှင့် ယာဉ်တင် ကမ်းထိုး ရေယာဉ် တို့အား တပ်မတော် (ရေ)မှ တာဝန်ယူ တည်ဆောက် ခဲ့ခြင်း ဖြစ်ကြောင်း ၊ ယခု တပ်တော်ဝင် သည့် ရေပေါ် လွန်းကျင်းသည် မြန်မာ နိုင်ငံတွင် ပထမဦးဆုံး ရေပေါ် လွန်းကျင်း တစ်စီး ဖြစ်ကြောင်း ၊ ရေပေါ် လွန်းကျင်းအား ကုန်းဘောင်ခေတ် မင်းတုန်းမင်း လက်ထက်က ရေနွေးငွေ့ စက်တပ် ထားသော ပထမဦးဆုံး တိုက်သင်္ဘော အား တည်ဆောက် ပေးနိုင်ခဲ့သည့် မြန်မာ လက်သမား ဆရာ ဆရာရှမ်း ကို ဂုဏ်ပြုသော အားဖြင့် ရေပေါ်လွန်းကျင်း (ဆရာရှမ်း) ဟု အမည်ပေး ထားကြောင်း ၊ စစ်ရေယာဉ် များကို တပ်တော်ဝင် ပြုလုပ် နိုင်ခဲ့သည့် အတွက် ပင်လယ်ပြင် ကာကွယ်ရေး တာဝန် ထမ်းဆောင် နိုင်မှု စွမ်းရည် ပိုမို မြင့်မား လာစေ သကဲ့သို့ စစ်ရေယာဉ် များကိုလည်း ပင်လယ်ပြင် တွင် လွန်းတင် ပြင်ဆင်မှု များ ပြုလုပ် နိုင်မည် ဖြစ်ကြောင်း ဖြင့် စစ်ရေယာဉ်များ တပ်တော်ဝင် အခမ်းအနား နှင့် စပ်လျဉ်း၍ အကျဉ်းချုပ် ရှင်းလင်း တင်ပြသည်။
တပ်မတော်(ရေ)၏ စစ်ရေယာဉ်များ
တပ်တော်ဝင်ခြင်း အခမ်းအနားတွင် တပ်တော်ဝင် စစ်ရေယာဉ်မျာအား 
တွေ့ရစဉ်
 
 တပ်မတော် (ရေ)၏ စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း
အခမ်းအနား ကျင်းပစဉ်

ထို့နောက် ရေတပ် သင်္ဘောကျင်း ဌာနချုပ် ၊ ခေတ္တ ဌာနချုပ်မှူး က တပ်တော်ဝင် စစ်ရေယာဉ် များနှင့် ပတ်သက်သော စာရွက်စာတမ်း များအား တာဝန်ရှိသူ တစ်ဦးထံ သို့ လွှဲပြောင်း ပေးအပ် ခဲ့သည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး သူရ သက်ဆွေ က တပ်တော်ဝင် အခမ်းအနား အထိမ်းအမှတ် ဂုဏ်ပြု လက်ဆောင် အဖြစ် စစ်ရေယာဉ် ပုံစံငယ် များကို ဂါရ၀ ပြု ပေးအပ်သည်။
ထို့နောက် စစ်ဦးစီး အရာရှိချုပ် (ရေ) ဗိုလ်မှူးချုပ် တင်အောင်စန်း က စစ်ရေယာဉ် များအား တပ်တော်ဝင် စစ်ရေယာဉ် များအဖြစ် ကြေညာ လိုက်သည် နှင့် စစ်တီးဝိုင်း တပ်ဖွဲ့မှ နိုင်ငံတော် သီချင်းအား တီးမှုတ်ပြီး တပ်တော်ဝင် အလံလွှင့် တင်ခြင်း ၊ ခေါင်းလောင်း ရှစ်ချက်တီး ခြင်း ၊ နိုင်ငံတော် အလံလွှင့်တင် ခြင်း ၊ တပ်မတော် (ရေ) အလံလွှင့် တင်ခြင်း ၊ နိုင်ငံတော် အလံ အလေးပြုခြင်း နှင့် တာဝန်ကျ တပ်ဖွဲ့များ ဖွဲ့စည်းခြင်း စသည့် တပ်တော်ဝင် လုပ်ငန်းစဉ် များကို အစီအစဉ် များအတိုင်း ဆောင်ရွက် ကြသည်။
၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင် များသည် တပ်တော်ဝင် စစ်ရေယာဉ် များအား လှည့်လည် ကြည့်ရှုကြရာ တာဝန်ကျ တပ်ဖွဲ့များက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အား လိုက်လံ ရှင်းလင်း ပြသ ကြသည်။
ထို့နောက် တပ်တော်ဝင် စစ်ရေယာဉ် များက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အား သရုပ်ပြ စမ်းသပ် မောင်းနှင် ပြသကြပြီး တပ်တော်ဝင် အခမ်းအနား ကို အောင်မြင်စွာ ရုပ်သိမ်း ခဲ့ကြောင်း သိရှိရသည်။
 
Pyi Chit Thar

နှစ်သစ်၊ ပြည်သူ့အစိုးရသစ် ( ဧပြီလ ၁၀ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ ပါ Editorial )

 
နိုင်ငံတော်တစ်ရပ် တည်ရှိနေခြင်းမှာ ထိုနိုင်ငံတွင် မှီတင်းနေထိုင်သော နိုင်ငံသူနိုင်ငံသား ပြည်သူလူထု တည်ရှိနေသောကြောင့် ဖြစ်သည်။ ပြည်သူလူထုမရှိပါက နိုင်ငံတော် တစ်ရပ် ပေါ်လာစရာအကြောင်း မရှိပေ။ ထို့အတူ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာသုံးရပ်သည် လည်း ပြည်သူလူထုမရှိဘဲ ၊ လက်မခံဘဲ အသက်ဝင်စရာ မရှိနိုင်ပေ။ ဤအချက်သည် ဒီမိုကရေစီ လူ့အဖွဲ့အစည်းတို့တွင် မဖြစ်မနေ ရှိနေသည့် ရေခံမြေခံ သဘောတရားဖြစ်သည်။

ဒီမိုကရေစီ အသွင်ပြောင်းလုပ်ငန်းများ အကောင်အထည် ဖော်နေသော မြန်မာနိုင်ငံ တွင်လည်း အာဏာသုံးရပ်ရှိသည့် အနက် ဥပဒေပြုအာဏာနှင့် အုပ်ချုပ်မှုအာဏာ နှစ်ရပ်သည် ပြည်သူလူထု၏ အရေးပါ အရာရောက်မှုကို ကောင်းစွာနားလည် သဘောပေါက်နေပြီ ဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်သူလူထု အခြေပြု အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် တသီးတသန့်တွေ့ဆုံကာ လူထုအကြား ကူညီဆောင်ရွက်နေမှုများ၊ လူထု၏ လိုအပ်ချက်၊ လိုလားချက်များ၊ အခက်အခဲများကို လက်တွေ့ နားထောင် မှတ်သားကာ အစိုးရအနေနှင့် ကူညီဆောင်ရွက် ပေးနိုင်သည် များကို ပြန်လည်ဆွေးနွေးသွားခဲ့သည်။ ထို့နောက် ယခုထက် ကျယ်ပြန့်သော နယ်ပယ်အသီးသီးမှ လူထုကိုယ်စားပြု အဖွဲ့အစည်းများနှင့် ထပ်မံ တွေ့ဆုံဦးမည်ဟု ဆိုခဲ့သည်။

လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်ပြီး မကြာခင် ပြည်ထောင်စုလွှတ်တော် နာယကတာဝန်ကို ထမ်းေ ဆာင်ေ တာ့မည့် သူရဦးရွှေမန်း သည်လည်း ရန်ကုန်လူထုနှင့် ယနေ့တွင် တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ ဆုံရာတွင် မည်သူမဆို၊ မည်သည့် အကြောင်းအရာကိုမဆို တင်ပြဆွေးနွေးနိုင်ကြောင်း တံခါးဖွင့် ပေးခဲ့သည်။ သူရဦးရွှေမန်း၏ ပြည်တွင်းခရီးစဉ် များတွင်လည်း ဒေသခံ အုပ်ချုပ်ရေး၊ အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် ပြည်သူ့ အခြေပြုအဖွဲ့အစည်းများနှင့် အခါအားလျော်စွာ တွေ့ဆုံလေ့ ရှိသည်။

အဆိုပါတွေ့ဆုံမှုတို့သည် နှစ်ပေါင်းများစွာ လျစ်လျူရှု ခံထားခဲ့ရသည့် မြန်မာပြည်သူလူထု အတွက် များစွာ အားတက်ဖွယ်ရာ အခြေအနေကောင်းများဖြစ်သည်။ ယခင်ကမူ လာဘ်စားခြင်း၊ ပြည်သူ့ရေးရာ ဝန်ဆောင် မှုများ နားမလည်ခြင်း၊ အာဏာရှင်စရိုက် ကဲလွန်းခြင်း၊ လစာရိက္ခာ နည်းပါးခြင်း၊ ပြည်သူလူထုနှင့် နိုင်ငံတော် အညမညသဘောကို မသိခြင်း၊ စီမံခန့်ခွဲမှု လွဲမှားခြင်းတို့ကြောင့် အာဏာသုံးရပ်ကို တစ်စု တစ်စည်းတည်း ကိုင်စွဲသူတို့ ပြည်သူလူထုကို အလေးထားရ ကောင်းမှန်း မသိခဲ့ပေ။

မည်သို့ပင်ဖြစ်စေ နှစ်ပေါင်းများစွာ အမေ့လျော့ခံ၊ အဖိနှိပ်ခံ၊ အောက်ခြေအ ဆင့် ပြည်သူလူထုနှင့် နိုင် ငံတော်အဆင့် တာဝန်ရှိသူများ ယခုကဲ့သို့ တွေ့ဆုံစကားပြောခြင်း၊ ခံစားချက် များ၊ လိုလားချက်များ နားထောင်ပေးခြင်းမှာ မကြာမီ ကူးပြောင်းတော့မည့် မြန်မာနှစ်သစ်အတွက် မင်္ဂလာရှိသော သတင်း များဖြစ်ပါ သည်။ ဤအခြေအနေအတိုင်း ပြည်သူလူထု ကို အလေးထား၊ လေးစား၊ တန်ဖိုးထားလာပါ က ပြည်သူလူထုက လည်း ထိုအရာများနှင့် ညီမျှသည့် တုံ့ပြန်လေးစားမှု ပြန် လည် ပေးအပ်မည် မှာ သေချာလှပေသည်။ ထို့ထက်အလေးအနက် ပြောရပါ က ပြည်သူလူထု က ရွေးချယ်တင်မြှောက်ေ သာ ပြည် သူ့ ကိုယ်စားလှယ်များက ပြည်သူလူထုနှင့် နိုင်ငံတော်ကို စီမံခန့်ခွဲ အုပ်ချုပ်သည့် ပြည် သူ့ အစိုးရအဖြစ် မင်္ဂလာရှိသောနှစ်သစ်ကို ကြိုဆိုခြင်း ဖြစ်ပါကြောင်း။

အယ်ဒီတာ ( ၉-၄-၂၀၁၃ )

ရွေးကောက်ပွဲ မဲအချိုးကျစနစ် ပါတီများ သဘောထားကွဲ

 
 
၂၀၁၀ ရွေးကောက်ပွဲကာလ ရန်ကုန်မြို့ရှိ မဲရုံတရုံ၌ မဲရေတွက်နေစဉ် (ဓာတ်ပုံ – Reuters)

၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွှေးကောက်ပွဲ တွင်  ပြည်သူလူထု၏ ထောက်ခံမဲ ရရှိမှုပေါ် မူတည်ပြီး လွှတ်တော်ကိုယ်စားလှယ် အချိုးကျ ရရှိသည့်စနစ်(Propotional Representative) ကျင့်သုံးရေး ကြိုးပမ်းမှုအပေါ် နိုင်ငံရေးပါတီများအကြား သဘောထားကွဲလွဲနေကြောင်း သိရှိရသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့က လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် လက်ရှိကျင့်သုံးနေသည့် မဲအများဆုံးရရှိသူက အနိုင်ရသည့်စနစ်အ စား ပြည်သူလူထု၏ ထောက်ခံသော မဲအရေအတွက် အပေါ်မူတည်ပြီး လွှတ်တော်ကိုယ်စားလှယ် အချိုးကျရရှိသည့်စနစ် (Proportional Representative) ပြောင်းလဲ ကျင့်သုံးရန် ပြည်ထောင် စုရွေးကောက် ပွဲကော်မရှင် ထံ တင်ပြချက်အပေါ် နိုင်ငံရေး ပါတီအချို့ကန့်ကွက်လျက်ရှိပြီး အချို့နိုင်ငံရေးပါတီ များ ထောက် ခံ ကြခြင်းဖြင့် သဘောထားကွဲလွဲမှုများ သိသိသာသာ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

မဲအချိုးကျ ကိုယ်စားပြု (Proportional Representative) စနစ်မှာ မဲဆန္ဒနယ် တခုတွင် မဲအများဆုံးရရှိသူက အနိုင်ရရှိသည့်ပုံစံမဟုတ်ဘဲ ထောက်ခံမဲ မဲအချိုးကျပေါ်မူတည်ပြီး လွှတ်တော်ကိုယ်စားလှယ် ရရှိသည့် ပုံစံဖြစ် သည်။

နေပြည်တော်တွင် မတ်လ ၈ ရက်နေ့က ပြည်ထောင်စု ရွှေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကျင်းပရေး ကိစ္စ တွေ့ဆုံခဲ့ကြရာ  နိုင်ငံရေးပါတီ ၅၃ ခု တက်ရောက်ခဲ့ပြီး  မဲအချိုးကျ ကိုယ်စားပြုစနစ် (Propotional Representative) ကျင့်သုံးရန် တင်ပြထောက်ခံသောနိုင်ငံရေးပါတီ ၇ ခု၊  ကန့်ကွက်သောနိုင်ငံရေးပါတီ ၅ ခုရှိခဲ့ပြီးအချိန်ယူ၍ ဆောင်ရွက်သင့်သည်ဟု စဉ်စားပါတီ ၄ ခုရှိခဲ့ကြောင်း၊ နိုင်ငံရေးပါတီအများစုမှာ ၀င်ရောက်ဆွေးနွေးခြင်း မရှိခဲ့ကြောင်းသိရှိရသည်။

PR စနစ်ကျင့်သုံးရန်တင်ပြထောက်ခံသည် နိုင်ငံရေးပါတီ ၇ ခုတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ၊ ဒီမိုကရက် တစ်ပါတီ (မြန်မာ) ၊အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ တို့ ပါဝင်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားပါတီအချို့အပါအ၀င် နိုင်ငံရေးပါတီ ၅ ခုကမူ PR စနစ်ကြောင့် ဆိုးကျိုးများရှိလိမ့်မည်ဟု ဆိုကာ ကန့်ကွက်ဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။

PR စနစ်ကို ထောက်ခံသော အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အတွင်းရေးမှူး ၁ ဦးကြည်သန်းက “အခု လုပ်နေတဲ့ နိုင်သူ အကုန်ယူ စနစ်အရ ဆိုရင် မဲဆန္ဒရှင် အားလုံးရဲ့ဆန္ဒကို လွှတ်တော်မှာ ကိုယ်စားပြုပြီး ပြောမယ့် ဆိုမယ့် သူ မရဘူးပေါ့ဗျာ။ ပြည်သူ့ဆန္ဒမဲရာခိုင်နှုန်းမှာ နိုင်ငံရေးပါတီတခုက ၅၁ ရာခိုင်နှုန်းရပြီး အခြားနိုင်ငံရေးပါတီတခုက ၄၉ ရာခိုင်နှုန်းရလို့ ၅၁ ရာခိုင်နှုန်း ရတဲ့သူက နိုင်သွားလို့ ရှိရင် ၄၉ ရာခိုင်နှုန်းမဲတွေရထားသူက  ဘာမှလုပ်လို့ မရတော့ဘူးလေ။ အဲဒါကြောင့် ပြောရေးဆိုခွင့် ရအောင် ရတဲ့ မဲအချိုးပေါ်မှာ မူတည်ပြီးတော့ ရတဲ့ မဲနဲ့ လွှတ်တော်ထဲရောက်သွားရင်ပြောရေး ဆိုခွင့်ရှိ အောင် တင်ပြတာပါ”ဟု ရှင်းပြသည်။

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆန္ဒနယ်အားလုံးနီးပါး အနိုင်ရခဲ့သော် လည်း စစ်အာဏာရှင်စနစ်၏ အသိအမှတ်မပြုခဲ့သောကြောင့် အနိုင်ရရှိမှု အလကားဖြစ်ခဲ့ရကြောင်း၊ PR စနစ် ကျင့်သုံးမည်ဆိုပါက ပါတီတခုတည်းက ရွေးကောက်ပွဲတွင် အနိုင်ရရှိမှုမျိုးရှိတော့မည်မဟုတ်ဟု ဦးကြည်သန်းက ဆက်လက်ပြောသည်။

”၁၉၉၀ ရွှေးကောက်ပွဲမှာ ဆိုရင် ပါတီတစ်ခုကအကုန်နိုင်တယ်ဗျာ။ အဲဒီရွေးကောက်ပွဲ ရလဒ် အဟောသိ ကံ ဖြစ်သွားရတယ်။ အဲဒါမျိုး နောင်မဖြစ်ရအောင် ရည်ရွယ်တာပါ”ဟု ဦးကြည်သန်းက ဆိုသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကလည်း PR စနစ်ကို ကျင့်သုံးရန် ကြိုးပမ်းရခြင်းမှာ ပြည်သူများ ၏ ထောက်ခံဆန္ဒမဲအားလုံး အကျိုးရှိ စေရန် ရည်ရွယ်တင်ပြထားခြင်း ဖြစ်ကြောင်း တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၏ ရန်ကုန်တိုင်း ဒေသကြီးအနောက်ပိုင်းခရိုင် ဥက္ကဋ္ဌ ဦးခင်စိုးက ဧရာဝတီသို့ ပြောသည်။

PR စနစ်ကို ကန့်ကွက်သော  အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုသိမ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ”ဒီ PR စနစ်ကို ကျင့်သုံးမယ် ဆိုရင် လူမျိုးစွဲ၊ ၀ါဒစွဲ၊ အစွန်းရောက် ပါတီတွေက အချိုးကျစနစ်နဲ့ မဲရလာနိုင်တယ်။ အဲဒီလိုဖြစ် လာရင် တိုင်းပြည်ရဲ့ကံကြမ္မာ စိုးရိမ်ရတဲ့ အခြေအနေ ရောက်သွားလိမ့်မယ်။ ဂျာမနီနိုင်ငံမှာ PR စနစ်ကျင့်သုံးခဲ့လို့ နာဇီတွေ နေရာရလာပြီး အာဏာရှင် ဟစ်တလာ တက်လာတာကို ကျနော် ဥပမာပေး ထောက်ပြခဲ့တယ်။ ဂျာမန် ဒီမိုကရေစီ ပျက်စီးရခြင်းဟာ PR စနစ်ကြောင့်လို့ ပြောစမှတ် တွင်သွားတယ်။အခုဒီက ဒီမိုကရေစီစနစ်က အပင်ပေါက်လေး ပဲရှိသေးတယ်။ သင်းသတ်တဲ့ ပုံစံမျိုး တော့ အဖြစ်မခံနိုင်ဘူး”ဟု ပြောသည်။

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒုတိယဥက္ကဋ္ဌလည်းဖြစ်  ဟင်္သတမြို့နယ်ပြည်သူ့ လွှတ်တော် ကိုယ် စားလှယ် လည်းဖြစ်သူ ဦးဌေးဦးကမူ ရွေးကောက်ပွဲတွင် မည်သို့သော မဲပေးစနစ် အသုံးပြုစေ ကာမူ  ပြည်သူလူထု နားလည်လွယ်သော စနစ်ဖြစ်ရေးသည်သာ အဓိကဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက် ပွဲတွင် PR စနစ် အသုံးပြုရေး မဖြစ်နိုင်သေးကြောင်း ဧရာဝတီသို့ ပြောဆိုသည်။

”အဓိက က မဲထည့်မယ့် ပြည်သူတွေ အဆင်ပြေဖို့လိုတယ်။ မဲပေးသူတွေ ရှင်းရှင်းလင်းလင်း သဘောမပေါက်ဘူးဆိုရင် သူတို့ပေးချင်တဲ့သူကို ပေးနိုင်မှာ မဟုတ်ဘူး။ အခု အမှား အမှန်ခြစ်တဲ့ ကိစ္စမှာတောင် လူတွေ ဒီလောက် ဇဝေဇ၀ါ ဖြစ်နေတာ။ PR စနစ် ဆိုရင် လည်း ပြည်သူတွေ လိုက်ပါလာနိုင်ဖို့ လိုတာပေါ့။ ပြည်သူတွေ နားလည်မှ ဒီစနစ် အောင်မြင် လိမ့်မယ်”ဟု ဦးဌေးဦးက သုံးသပ်သည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများကမူ ရွေးကောက်ပွဲတွင် PR စနစ် အသုံးပြုရေး စောလွန်းနေသေးပြီး အခက်အခဲများစွာ ရှိလိမ့်မည်ဟု ဆိုကြသည်။

”တိုင်းရင်းသား ဒေသမှာဆိုရင် စာတတ်မှုနှုန်းက တော်တော်နည်းတယ်။ Voter Education တွေအများကြီး လုပ်ရဦးမယ်။ PR စနစ် ကောင်းတာ မကောင်းတာထက် လူထုရဲ့ ပညာရေး ရေချိန်ပေါ်မှာ မူတည်ပြီးတော့ အချိန်ယူ တည်ဆောက်ရမယ်လို့မြင်တယ်”ဟု ချင်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးဆလိုင်းဒေး ဗစ်ထွန်းက ပြောသည်။

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက PR စနစ်ထက် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို အလေးပေးပြောလိုကြောင်း ပြောဆိုသည်။

”အခြေခံ ဥပဒေပြင်ပေးပါ။ တိုင်းရင်းသားပြသနာ အရင်ရှင်းပါ။ ပြီးမှရွေးကောက်ပွဲကို တရားမျှတအောင် လုပ်ပါ။ ကျနော်ကတော့ နိုင်ငံရေးနည်းကိုပဲ ပြောချင်တယ်”ဟု ဦးခွန်ထွန်းဦးက သုံးသပ်သည်။

PR စနစ်ကြောင့် အစွန်းရောက်လူနည်းစုများ ပါတီထောင်ပြီး နိုင်ငံရေးတွင် ပါဝင်ခြေရှုပ်လာမည်ကို စိုးရိမ်သည့် အတွက် ကန့်ကွက်ကြောင်း ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီဥက္ကဋ္ဌလည်းဖြစ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဒေါက်တာအေးမောင်က ပြောသည်။

”ကျနော်တို့က PR စနစ်ကို လက်မခံဘူး။ ဒုတိယအင်အားကြီး ပါတီဝင်မှာကြောက်လို့။ ပြီးတော့ အစွန်းရောက်တွေလည်း ပါတီထောင်လာနိုင်တယ်။ ရွေးကောက်ပွဲမှာ ရှုံးပေမယ့် လည်း အချောင်ရတဲ့ ပါတီခေါင်းဆောင်တွေ ပါလာနိုင်တယ်။သူတို့ ၂၀၁၀ ရွေးကောက်ပွဲမှာ ရှုံး ခဲ့ပြီး၂၀၁၅ မှာ ရှုံး နိုင်တဲ့ အတွေးလေး ၀င်တာနဲ့ အခုလို ပုံစံပြောင်းချင်တာ”ဟု ဒေါက်တာ အေးမောင်က ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကမူ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် PR စနစ် အသုံးပြုရေး လာမည့်  ဇွန်လတွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တင်ပြကာ အဆုံး အဖြတ် ရယူမည်ဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲကို သန့်ရှင်းမျှတသော ရွေးကောက်ပွဲဖြစ်ေ စရေး ဆော င် ရွက်ပေး သွားမည်ဖြစ်ကြောင်း ကတိပြုပြောဆိုခဲ့သည်။

ဧရာဝတီ



မြန်မာ အိမ်အကူ အမျိုးသမီးများကို နှိပ်စက်သည့် ထိုင်းမိသားစု ဖမ်းဆီးခံရ

 
 
မြန်မာ အိမ်အကူများကို နှိပ်စက်သည့် စစ်ဗိုလ် အယောင်ဆောင် အိမ်ရှင် (ခေါင်းတုံးနှင့်လူ) ကို ဖမ်းဆီးလာစဉ် ( ဓာတ်ပုံ – ဘစောတင် / ဧရာဝတီ )

မြန်မာ အိမ်အကူ အမျိုးသမီးငယ် ၃ ဦးကို ညှဉ်းပန်းနှိပ်စက်ပြီး လခမပေးဘဲ ခိုင်းစေသည့် ထိုင်းမိသားစုအား လူမှောင်ခိုမှု တိုက်ဖျက်ရေးဌာနမှ ထိုင်းရဲများက ဧပြီလ ၅ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိ သည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဘန့်ဘွန်ရပ်၊ ဧကချိုင် လမ်းကြီး၊ လမ်းသွယ် ၆၉/၂ တွင် နေထိုင်သော အသက် ၅၀ ခန့်ရှိ နိုင်ဒေပါနုနှင့် ၎င်း၏ မိသားစုအား စစ်အရာရှိ အယောင်ဆောင်မှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ မုဒိမ်းမှု၊ အဓမ္မအလုပ်ခိုင်းစေမှု စသည့် အမှုများဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း မြန်မာ မိန်းကလေးများ လွတ်မြောက်ရေးအတွက် အကူအညီပေးပြီး စကားပြန်လည်း လုပ်ပေးသူ ဒေါ်မာလီက ဧရာဝတီသို့ ပြောသည်။

“ဒီလူက လမ်းထဲမှာ သူ့ကိုယ်သူ စစ်အရာရှိကြီးဆိုပြီး ခပ်တည်တည် နေနေတယ်။ တကယ်တော့ သူက ဘာအရာရှိမှ မဟုတ်ဘူးလေ။ ဗိုလ်တုပဲ။ စာရွက်စာတမ်း အတုတွေရယ်၊ တပ်မတော်က အထူးအရာရှိဝတ်စုံနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကိုလည်း ခပ်တည်တည် သူ့အိမ်မှာ ထားထားတယ်” ဟု ဒေါ်မာလီက ပြောသည်။

၎င်းက ဆက်လက်၍ “ဒီလူက ကျမတို့ မြန်မာ မိန်းကလေးတွေကို လုပ်ခမပေးဘဲ အလုပ်ခိုင်းတဲ့ အပြင် မုဒိမ်းလည်းကျင့်တယ်။ မုဒိမ်းကျင့်ရာမှာ ကိုယ်တင် ကျင့်တာမဟုတ်ဘူး။ သူ့သားကိုလည်း ကျင့်ခိုင်းတယ်။ ပြီးတော့ သူ့အိမ်မှာ အလုပ်လာတဲ့ လာအိုလူမျိုးကို ထပ်ကျင့်ခိုင်းတယ်။ သူ့ဆီက လက်နက်လည်း ဖမ်းမိတယ်။ ကလေးမလေးတွေကို သော့ခတ်ပြီးချည်တဲ့ သံကြိုးတွေရော၊ လက်ထိပ်တွေ ဘာတွေရော သူ့အိမ်ထဲမှာ မိတယ်။ ဒီအမှုတွေနဲ့ ပတ်သက်သို့ စစ်ဗိုလ်တု နိုင်ဒေပါနုနဲ့ ဇနီးရယ်၊ သားနဲ့ သမီးရယ်၊ မုဒိန်းကျင့်တဲ့ လာအိုနိုင်ငံသား အလုပ်သမားတယောက် စုစုပေါင်း ၅ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်” ဟု ပြောသည်။

နိုင်ဒေပါနု၏ အိမ်တွင် အလုပ်လုပ်ကြသည့် မြန်မာ အမျိုးသမီးငယ်များမှာ တနင်္သာရီတိုင်း သရက်ချောင်း မြို့နယ်မှ ဖြစ်ကြပြီး တဦးက အသက် ၁၈ နှစ်နှင့် ကျန် နှစ်ဦးမှာ အသက် ၁၅ နှစ်စီ ရှိကြကြောင်း၊ အလုပ်လုပ်နေကြသည်မှာ ၃ လခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

ထို ၃ လအတွက် လုပ်ခလစာလည်းမရ၊ ညှဉ်းပန်းနှိပ်စက်မှုလည်း ခံနေရသောကြောင့် ဧပြီလ ၂ ရက်နေ့ က နိုင်ဒေပါနု၏ အိမ်မှ ထွက်ပြေးကြရာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်ကို အိမ်ရှင်က ပြန် ဖမ်းမိ သွားပြီး ကျန် နှစ်ယောက် လွတ်မြောက်ခဲ့ကြောင်း ဒေါ်မာလီက ပြောသည်။

“ထွက်ပြေးလာတဲ့အထဲက ကောင်မလေးက ကျမဆီကို အကြောင်းကြားလာတယ်။ အဒေါ်ရယ် ကျန်ခဲ့တဲ့ ကောင်မလေးတော့ သေလား ရှင်လား မသိဘူး၊ ကယ်ပါဦးဆိုပြီး အကြောင်းကြားလာတယ်။ ဒါကြောင့် ကျမလည်း သတင်းဌာနတွေရယ်နဲ့ အခြား အကြောင်းကြားသင့်တဲ့ နေရာတွေကို အကြောင်းကြားပြီး အထောက်အထား ခိုင်လုံတာနဲ့ ဒီ ပေါ်ခေါ်မော် (လူမှောင်ခိုမှု တိုက်ဖျက်ရေးဌာနမှ ထိုင်းရဲ) အဖွဲ့ရဲ့ အကူအညီနဲ့ အခုလို လိုက်ပါကူညီ ကယ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု ဒေါ်မာလီက ဆိုသည်။

ဧပြီလ ၂ ရက်နေ့တွင် အယောင်ဆောင် စစ်ဗိုလ် နိုင်ဒေပါနုက မိန်းကလေးတဦးအား ပြန်လည် ဖမ်း ဆီး ခေါ်ေ ဆာင်သွားပုံနှင့် ပတ်သက်၍ အဆိုပါလမ်းထဲတွင် နေထိုင်သူ ဒေါ်အေးအေးငယ်က ယခုကဲ့ သို့ ပြောပြသည်။

“အဲဒီနေ့က ဒီလူဟာ ကလေးမလေးကို လည်ပင်းညှစ်ပြီး ဒရွတ်တိုက် ဆွဲခေါ်လာတာ။ ကလေးရဲ့ အဖြစ်ကို မြင်ရတာ သိပ်သနားစရာ ကောင်းတယ်။ ဒီလူက တော်တော် အာဏာရှိ တယ် လို့ ပြော ကြတယ်။ တော်ရုံပုလိပ်က မဖမ်းနိုင်ဘူးတဲ့။ ဒီလူ လုပ်ပုံက တော်တော် လူမဆန်တာပဲ။ ကလေးမလေး တယောက်ကို ကျွဲနွားဆက်ဆံသလို အနိုင်ကျင့်တာကို မြင်ရတော့ မခံနိုင်ဘူး။ စိတ်ထဲမှာ တော်ေ တ်ာလေး လည်း ခံပြင်းတယ်။ အနားက ထိုင်းတွေလည်း တော်တော် ဒေါ သ ထွက်ကြတယ်” ဟု ဒေါ်အေးအေး ငယ်က ပြောသည်။

ယင်းစစ်ဗိုလ်အတုသည် ယခင်ကလည်း မြန်မာ အိမ်အကူ မိန်းကလေးများအား ညှဉ်းပန်း နှိပ်စက် ခဲ့ဖူးကြောင်း အဆိုပါလမ်းထဲရှိ အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမား ကိုမိုးက ဆိုသည်။

“အရင်ကလည်း ဒီလူဟာ အိမ်မှာ အလုပ်လာလုပ်တဲ့ ကရင်မလေးတွေကို ခုလိုပဲ မတရား ညှဉ်းပန်းတယ်။ မုဒိမ်းကျင့်တယ်။ လစာလည်း မမေးဘူး။ ကလေးမလေးတွေကို သေနတ်နဲ့ ခြိမ်းခြောက်တယ်။ ဒါကြောင့် သူ့အိမ်က မိန်းကလေးတွေ ထွက်ပြေးဖို့ ကျနော် ကူညီ ခိုးထုတ်ပေးဖူးတယ်” ဟု ကိုမိုးက ပြောသည်။

ယခုအခါ မြန်မာ အလုပ်သများအတွက် ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးနေပြီး တရားဝင် အလုပ်လုပ်ခွင့် ရနေပြီ ဖြစ်သဖြင့် ပွဲစားများနှင့် ဆက်သွယ်ကာ တရားမဝင် အလုပ်လုပ်ခြင်းကို ဆင်ခြင် သင့်ကြောင်း ထိုင်း-မြန်မာ မဟာမိတ် ဖောင်ဒေးရှင်းမှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက ဆိုသည်။

“ဒီလိုမျိုး အိမ်ရှင်တယောက်က အနိုင်ကျင့်ခွင့်ရအောင် အလုပ်သွင်းပေးတဲ့ တရားမ၀င် မြန်မာပြည်သား ပွဲစားတွေပေါ့ဗျာ။ အလုပ်သွင်းပေးနေကြတဲ့ သူတွေပေါ့ဗျာ။ လူလိုလို့ အလုပ်သမား ရှာခိုင်းတယ်ဆိုရင် အဲဒီလူတွေက ဘယ်လိုလူမျိုးတွေလဲ ဆိုတာကို နောက်ကြောင်း ဘာရှိတယ်ဆိုတာကိုလဲ ထည့်စဉ်းစား သင့်တာပေါ့ဗျာ။ အားလုံးက ပတ်စ်ပို့နဲ့ ၀ါ့ခ်ပါမစ်နဲ့ တရားဝင်ဖြစ်နေတဲ့ အခုလို ကာလမှာတောင်မှ ဘာလို့ ဒီအဖြစ်မျိုး ကြုံတွေ့နေကြရသလဲ ဆိုတာကို ထောက်ပြချင်တယ်” ဟု ၎င်းက ပြောသည်။

ထိုင်းတွင် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး အလုပ်လုပ်နေသူ မြန်မာ အလုပ်သမား ၁ သန်းခန့် ရှိပြီး တရားမဝင် အလုပ်လုပ်ကိုင်နေသူများမှာ နောက်ထပ် ၁ သန်းခန့် ရှိနိုင်ကြောင်း ထိုင်းနှင့် မြန်မာ အာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာ-ရုရှား သံတမန် ဆက်ဆံရေး (၆၅) နှစ်မြောက် အထိမ်းအမှတ် စာပို့တံဆိပ်ခေါင်းသစ် ရောင်းချမည်

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မြန်မာ-ရုရှား သံတမန် ဆက်ဆံရေး (၆၅) နှစ်မြောက် အထိမ်းအမှတ် (၅၀၀) ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်း သစ်ကို ဧပြီ ၁၀ ရက် နံနက် ၉ နာရီခွဲမှ စတင်၍ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဆက်သွယ်ရေးစခန်း (စာတိုက်)များ၌ ရောင်းချမည်ဖြစ်ကြောင်း သိရှိရသည်။ အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ဧပြီ ၁၀ ရက်တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်၌ နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေး မည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၉ ရက်နေ့ထုတ် မြန်မာအလင်း သတင်းစာတွင် ဖော်ပြ ထားပါသည်။

နေတိုးလေကြောင်းမှတိုက် အာဖဂန်ကလေးငယ်များသေဆုံး


အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (နေတိုး)၏ လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် ကလေး ၁ဝ ဦးနှင့် အမျိုးသမီးနှစ်ဦး အပါအဝင် အရပ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း တနင်္ဂနွေနေ့ ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ ကူနာပြည်နယ် ရှိဂေါခရိုင်တွင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နောက်ထပ် အမျိုးသမီးခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ယုံကြည်ရသည်။ အဆိုပါ သေဆုံးသူများသည် ၄င်းတို့၏ နေအိမ်အတွင်းမှာပင် ပစ်ခတ်မှုခံရပြီး သေဆုံးကြရခြင်း ဖြစ်သည်ဟု ရွာသားများနှင့် တာဝန်ရှိသူများက ဘီဘီစီသို့ ပြောခဲ့သည်။ ရှိဂေါခရိုင်၌ တိုက်ပွဲများ ဖြစ်ပွားစဉ်လေကြောင်းမှ ကူညီပစ်ခတ်ပေးမှု ရှိခဲ့ကြောင်း နေတိုးက အတည်ပြု ပြောကြားသည်။

ဘီဘီစီ

ဆက်သွားချင်သေးတယ် ဆိုရင်