Pages

Tuesday, September 17, 2013

တတ်ထား တဲ့ ပညာနဲ့ တိုင်းပြည် ကို တတ်နိုင် သလောက် အကျိုးပြု မယ့် ထွန်းအိန္ဒြာဗို



အဆို ဘက်မှာရော၊ သရုပ် ဆောင် ဘက်မှာပါ အောင်မြင်မှု ရရှိခဲ့တဲ့ အနုပညာရှင် ထွန်းအိန္ဒြာဗို က အခု လက်ရှိ မှာတော့ ပညာရေး ဘက် ကိုပဲ အချိန်ပေးပြီး လုပ်ဖြစ်နေ တဲ့ အတွက် ဇာတ်ကား ရိုက်ကူးမှုတွေ ကို မလုပ်ဖြစ် သလောက် ပါပဲလို့ ပြောပြခဲ့ပါတယ်။

ပညာရေး ဘက်ကို အချိန် ပေးပြီး လုပ်ဖြစ်နေတဲ့ ထွန်းအိန္ဒြာဗို က “ကားရိုက် တွေ တော့ မလုပ်ဖြစ် တော့ သလောက် ပါပဲ။ ကျွန်မ စိတ်ကြိုက် ဇာတ်လာ မှပဲ ရိုက်တော့မှာပါ။ မလာ ရင် မရိုက် တော့ ဘူး။ အခု British Council မှာ English Course တက် ဖြစ်နေတယ်။ ပညာတစ်ခု တတ်ချင် လို့ သင်တာပါ။ ကျွန်မ ဘာ Stress မှ မယူချင်တော့ဘူး။ ကျွန်မ အလုပ် တွေ လည်း အများကြီး လုပ်ခဲ့ပြီးပြီ။
 

ပြည်တွင်း ကား ဈေးကွက် ကျဈေး ဖြင့် ငြိမ်



ပြည်တွင်း မော်တော် ယာဉ် ဈေးကွက် အတွင်း ရောင်းလို သည့် ယာဉ်များ နေ၍ အရောင်း အဝယ် အေးပြီး ကျဈေး ဖြင့် ငြိမ်သက် လျက် ရှိကြောင်း ရန်ကုန် မော်တော်ယာဉ် ဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

“ဝယ်လိုအား နဲ့ ရောင်းလို အားက မမျှဘူး ဖြစ်နေ တာ။ နောက်ဆို ကားဈေး က ကျဖို့ပဲ များတယ်” ဟု ဟံသာဝတီ ယာဉ် ရောင်းဝယ်ရေး စခန်း မှ ဝယ်ရောင်း ဦးကျော်စိုး က ပြောဆို သည်။ ပြည်တွင်း မော်တော် ယာဉ် လိုအပ်ချက် လျော့ကျ လာခြင်းနှင့် လမ်းကျပ်ခြင်း မှာလည်း ကားဈေးကွက် အေး နေသည့် အကြောင်း အရင်း တစ်စိတ် တစ်ပိုင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “(ကျပ်) သိန်း တစ်ရာ အောက် ကားတွေ ဆို မဝယ်ရဲ ဘူး။ ပြန်ရောင်း မရ ဖြစ်ပြီး အရှုံး ပေါ်လို့။ အရာင်း အဝယ် ကတော့ ကားမျိုးစုံ ကို အေးနေ တာ” ဟု သီရိ မင်္ဂလာ ယာဉ် ရောင်းဝယ် ရေး စခန်းမှ ဝယ်ရောင်း ဦးဇော်ဇော် က ပြောကြားသည်။

အပစ် အခတ် ရပ်စဲရေး ပျက်ပြား ပြီး နောက် မွတ်ဆလင် သူပုန် တွေ ကို ဖိလစ်ပိုင် အစိုးရ က လေကြောင်း ကနေ ဒုံးကျည် တွေ နဲ့ စတင် တိုက်ခိုက်


ဖိလစ်ပိုင် နိုင်ငံ မှာ ၈ ရက် ကြာ ပြင်းထန်စွာ ပဋိပက္ခ ဖြစ်နေတဲ့ မွတ်ဆလင် လွတ်မြောက်ရေး သူပုန် တွေ ကို ဖိလစ်ပိုင် အစိုးရ က မနေ့က ရဟတ်ယာဉ် တွေ သုံးပြိး လေကြောင်း ကနေ ဒုံးကျည် တွေ နဲ့ တိုက်ခိုက် လိုက် ပြီ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၃ ရက်နေ့ က စတင် ဖြစ်ပွါး ခဲ့တဲ့ ဒီ တိုက်ပွဲမှာ ဇမ်ဘိုအန်ဂါ မြို့ ကို မွတ်ဆလင် သူပုန် တွေ က စီးနင်း ထားတာ ဖြစ်ပါတယ် ။တိုက်ပွဲ အတွင်း ပြည်သူ  ( ၆၀ ) ၊ ရဲ တပ်ဖွဲ့ဝင် ( ၄ ) ဦး နဲ့ ဖိလစ်ပိုင် အစိုးရ တပ်ဖွဲ့ ( ၆ ) ဦးတို့ သေဆုံး ခဲ့ပါတယ် ။ဒေသ ခံများ လည်း ထွက်ပြေး နေရ ပြီး ငါး သေတ္တာ လုပ်ငန်း အဓိက လုပ်ကိုင် တဲ့ ဇမ်ဘိုအန်ဂါ မြို့ မှာ တနေ့ ၀င်ငွေ ( ၁.၁ ဘီလျှံ ) ဆုံးရှုံး နေပါ တယ်။


သားနဲ့သမီးကို ဗုဒ္ဓဘာ သာပဲဖြစ်စေချင်တယ် ဆိုတဲ့ အကယ်ဒမီ မေဝင်းမောင်


အကယ်ဒမီ မေဝင်းမောင် က ခင်ပွန်းဖြစ်သူ ကိုသက်ဝင်း နဲ့ ၁၉၉၃ ခုနှစ်မှာ အိမ်ထောင်ပြု ဖြစ်ခဲ့ပြီး အခု ဆိုရင်တော့ သား တစ်ယောက်၊ သမီး တစ်ယောက် နဲ့ သာယာ ပျော် ရွှင် တဲ့ မိသားစု ဘဝလေး ကို ရရှိပိုင် ဆိုင် နိုင် ခဲ့ပါတယ်။ အမေရိက မှာ နေထိုင် နေချိန် အတွင်း အခု အချိန် ထိ ကလေး ထိန်း မခေါ်ဘဲ သားနဲ့ သမီး ကို အနီး ကပ် ကိုယ်တိုင် ပြု စုစောင့် ရှောက် နေကြောင်း သိရပါတယ်။
 

တန်ဖိုး နည်း ဆင်းကတ် များ ဟန်းဆက် အရောင်း ဆိုင် များမှ လျှော့ဈေး ဖြင့် ရောင်းချ လာ


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း သည် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများမှ တစ်ဆင့် ကန့်သတ်ေ ရာင်း ချသော ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ် များ ကို ပိုမို တိုးမြှင့် ချထား ပေး ခဲ့ပြီး နောက် ယ ခင် မှောင်ခို ဈေးကွက် အဖြစ် ဈေးကြီး ပေးဝယ် နေရသော တန်ဖိုး နည်း ဖုန်းဆင်း ကတ် များ ကို ဟန်းဆက် အရောင်း ဆိုင် တို့မှ လျှော့ဈေး များ ဖြင့် ရောင်းချ လာ ကြောင်း ဈေးကွက် အတွင်း မှ သိရသည်။
 

အောင်လံမြို့ တွင် မြစ်ရေ တက်လာ သဖြင့် လူနေအိမ် ( ၁၀၀ ) ခန့် ရေ နစ်မြုပ်



မကွေးတိုင်း ဒေသကြီး အောင်လံ မြို့ ပေါ်တွင် ဧရာဝတီ မြစ်ရေ တက်လာ သဖြင့် မြို့ပေါ် ရပ်ကွက် အချို့ ရှိ ကမ်းနားတန်း နေအိမ် ( ၁၀၀ ) ခန့် ရေနစ်မြုပ် နေကြောင်း တွေ့ရ သည်။ “မြစ်ရေ က ဒီတစ်ရက် နှစ်ရက် မှာ အရမ်းတိုး လာတော့ အိမ်တွေ ကို မြုပ်ကုန် ရော၊ ကျွန်တော် တို့ ရပ်ကွက်မှာ ဆိုရင် အိမ် ( ၇၅ ) လုံးလောက် မြုပ်နေပြီ” ဟု သရက်တော ရပ်ကွက် ဗိုလ်ကုန်း ပိုင်း နေ ရေလုပ်သား တစ်ဦး က ပြောသည်။

မျက်ကြည်လွှာ တစ်ခု တည်း ဖြင့် လူနာ သုံးဦး ခန့် အစားထိုး ကုသ နိုင်ပြီ


မျက် ကြည်လွှာ တစ်ခုကို ယခင်က လူ တစ်ဦး ကိုသာ အစားထိုး ကုသ နိုင်ခဲ့ ရာမှ ယခုအခါတွင် ပြောင်း လဲ တိုးတက် လာသော နည်းပညာ များ ကြောင့် မျက်ကြည်လွှာ တစ် ခုကို လူ သုံးဦး ခန့်အား ကုသ လာ နိုင်ပြီ ဖြစ်ကြောင်း သိရ သည်။မျက်ကြည်လွှာ တွင် Epithetiun,Stroma,Endot heliun ဟူ၍ အပိုင်း သုံးပိုင်း ရှိသည့် အထဲ တွင် မကောင်း သည့် အပိုင်း ကိုသာ အစားထိုး ကုသ လာနိုင် ခြင်း ဖြစ်ကြောင်း မျက်စိ အထူး ကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက် တာ တင်ဝင်း က ပြောသည်။

''ဆရာ တို့က တစ်ချိန် တုန်း က ဆိုရင် မျက်စိ ဘယ်နေရာ ပဲထိ ထိ မျက်ကြည်လွှာ တစ်ခုလုံး ကို ထုတ် လိုက်တယ်။ နောက် ဟိုဘက် က မျက်ကြည်လွှာ တစ်ခုလုံး ကို ယူပြီး တော့ ထည့် လိုက်တယ်။ အဲဒါကို KRP လို့ခေါ်တယ်။ ဒီ နောက်ပိုင်း မှာ နည်းပညာတွေ တိုးတက် လာတယ်။ စက်ပစ္စည်း တွေ ရောက်ရှိ လာတော့မှ မကောင်း တဲ့ အပိုင်း လေး ကိုပဲ အစားထိုး တော့ မျက်ကြည်လွှာ တစ်ခု တည်း နဲ့ လူနာ နှစ်ဦး သုံးဦး ကို ကုလာ နိုင် တာပါ''ဟု ပါမောက္ခ ဒေါက်တာ တင်ဝင်း က ပြေကြား သည်။

ဟာကွက် မရှိသော ပင်လယ် ကမ်းရိုးတန်း ထောက်လှမ်း ရေး စနစ်


နိုင်ငံတစ်ခု ၌ ပိုင်နက် ပင်လယ် ရှိခြင်း သည် နိုင်ငံ၏ အင်အား တစ်ရပ် ဖြစ်သကဲ့ သို့ ပိုင်နက် ပင်လယ် လုံခြုံရေး၊ ပင်လယ် ကမ်းရိုးတန်း လုံခြုံရေး သည်လည်း ပိုင်နက် ပင်လယ် ရှိသော နိုင်ငံ တိုင်း ရင်ဆိုင် နေရသော စိန်ခေါ်ချက် တစ်ရပ် ဖြစ်သည်။ ပင်လယ်ကမ်းရိုးတန်း လုံခြုံရေး ဆိုရာ၌ စစ်ရေးဆိုင်ရာ လုံခြုံရေးကိစ္စများ အပြင် ပင်လယ်ပြင် နယ်နိမိတ် လုံခြုံရေး၊ ပင်လယ် ပြင် သီးသန့် စီးပွားရေးဇုန် နှင့် ကမ်းရိုးတန်း ဒေသ ရှိ ဇီဝ အရင်း အမြစ်များ လုံခြုံရေး ( Bioresources Se-curity ) ၊ မူးယစ် ဆေးဝါး၊ မှောင်ခို ပစ္စည်းများ၊ ဥပဒေမဲ့ ပစ္စည်း များ ဝင်၊ ထွက်မှု တားဆီး ခြင်းနှင့် ပင်လယ် ဓားပြ များ ရန်မှ ကာကွယ်ခြင်း စသည်တို့ပါ အကျုံးဝင်မည် ဖြစ်သည်။

တရုတ် နာမည် ကျော် အမျိုးသမီး နန်းရင်းဝန် ၏ သင်္ချိုင်း နေရာ ရှာဖွေတွေ့ရှိ

 
 
တရုတ်နိုင်ငံတွင် ရှေးခေတ်ဘုရင်များ အုပ်စိုးစဉ်က အမှုထမ်းခဲ့သည့် အမျိုးသမီးနန်းရင်းဝန်တစ်ဦး၏ သ င်္ချိုင်း ဂူ ကို တူးဖော်တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

တရုတ်၏ ပဒေသရာဇ်နိုင်ငံရေးနယ်ပယ်တွင် ဩဇာကြီးမားသော ရာထူးတစ်ခုအဖြစ် နန်းရင်းဝန်နေရာတွင် တာဝန်ယူရသူများသည် အများအားဖြင့် အမျိုးသားများသာဖြစ်ခဲ့သည်။ သို့သော်လည်း အေဒီ ၆၆၄ ခုနှစ်မှ အေဒီ ၇၁၀ ပြည့်နှစ်ထိ အသက်ရှင်နေထိုင်ခဲ့သူ ရှန်ဂွမ်ဝေနာသည် ရှားရှားပါးပါး အမျိုးသမီး နန်း ရင်း ဝန် တစ်ဦးအဖြစ် တရုတ်ရာဇဝင်တွင် သမိုင်းဝင်ခဲ့ဖူးသည်။ သူမ၏ သင်္ချိုင်းဂူကို ရှန်ဇီးဒေသ တွင် ပြန် လည် ရှာဖွေတွေ့ရှိခဲ့ခြင်းဟု သတင်းများကဖော်ပြသွားသည်။
 

ဆီးရီးယား စစ်ဘက်သုံး ရဟတ်ယာဉ် တစ်စီး အား တူရကီ လေတပ် ပစ်ချ


တူရကီ လေပိုင်နက် အတွင်း သို့ မှားယွင်း ဝင်ရောက် လာသည်ဟု ယူဆရသော ဆီးရီးယား စစ်ဘက်သုံး ရဟတ်ယာဉ် တစ်စင်းကို တူရကီ လေတပ်က ပစ်ချခဲ့ကြောင်း ဆီးရီးယား စစ်တပ်က စက်တင်ဘာ ၁၇ ရက် တွင် အတည်ပြု ပြောကြား ခဲ့သည်။

ဆီးရီးယား စစ်တပ်ပိုင် ရဟတ်ယာဉ် တစ်စင်းသည် ၄င်းတို့၏ ပိုင်နက်နယ်မြေ အတွင်းသို့ ထိုးဖောက် ၀င်ေ ရာက်ရန် ကြိုးပမ်းမှု များကို တူရကီနယ်စပ် တစ်လျှောက်တွင် ကင်းလှည့် စစ်ဆေးမှုများ လုပ်ဆော င် နေ စဉ် စက်တင်ဘာလ ၁၆ ရက် မွန်းလွဲပိုင်းက ပစ်ချ ခံရခြင်း ဖြစ်ကြောင်း ဆီးရီးယား နိုင်ငံပိုင် သတင်း ဌာန တစ်ခုက ထုတ်ပြန်သော အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။

အဆိုပါ ရဟတ်ယာဉ် သည် တူရကီ လေပိုင်နက် အတွင်းသို့ မှားယွင်းဝင် ရောက်မိသည့် အတွက် ၄င်းနိုင်ငံ ဘက်သို့ ပြန်အလှည့်တွင် ပစ်ချခံရခြင်း ဖြစ်ပြီး ဆီးရီးယား ပိုင်နက် အတွင်းသို့ ပျက်ကျ ခဲ့ခြင်း ဖြစ်ကြောင်း ၄င်း အစီရင်ခံစာ တွင် ဆက်လက် ဖော်ပြ ထားသည်။

တူရကီ တိုက်လေယာဉ် နှစ်စင်းသည် ၄င်းဒေသ များတွင် ကင်းလှည့် စစ်ဆေး နေစဉ် ဆီးရီးယား ရဟတ် ယာဉ် သည် ၄င်းတို့ ပိုင်နက် အတွင်းသို့ ကျူးကျော် ၀င်ရောက် လာခြင်း ဖြစ်ကြောင်း တူရကီ စစ်ဘက်မှ ထုတ်ပြန်သော အစီရင် ခံစာအရ သိရှိရသည်။

MWD

Saturday, April 20, 2013

မြန်မာ စစ်သား တစ်ယောက်ဖြစ်ဖို့ သင်ကိုယ်တိုင် အဆင်သင့် ဖြစ်ပါရဲ့လား


ဒီမေးခွန်းကို လွန်ခဲ့သည့် ၂ နှစ်ကျော်ကာလက မေးခဲ့လျှင်တော့ အခြေအနေက တစ်မျိုးဖြစ်ပေလိမ့်မည်။ သို့ သော် ယနေ့တပ်မတော်ကို လူဟောင်းများက ဦးဆောင်နေခြင်း မဟုတ်တော့။ ခိုင်မာသည့် စည်းကမ်း စည်းမျဉ်းများဖြင့် အသစ်အသစ်သော ခေါင်းဆောင်များက ပြောင်းလဲ အုပ်ချုပ်နေကြပြီ ဖြစ်သည်။ နိုင်ငံ သား တိုင်း သည် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိပေသည်။ နိုင်ငံတကာမှ အ သက် အရွယ် ပြည့်ပြီး သူတိုင်း စစ်မှုထမ်းဖူးကြသည်။ သို့ပါဆိုလျှင် မြန်မာနိုင်ငံတွင် နေထိုင်ပြီး အသက်သာ တဖြည်းဖြည်းကြီးလာ ကာ စစ်မှုမထမ်းဖူးသည့် သင့်အတွက် မြန်မာစစ်သား တစ်ယောက်ဖြစ်ဖို့ အဆင် သင့်ဖြစ် ရဲ့လား ဆိုသည့် အမေးကို ဖြေကြည့်ဖို့ လိုအပ်ပေသည်။

စစ်သား တစ်ယောက်ဖြစ်ဖို့ သင်သည် အသက် ၁၈ နှစ်ပြည့်ပြီး ပြည်ထောင်စု နိုင်ငံသား ဖြစ်ရမည် ဖြစ် သည်။ ကလေး စစ်သား ပြဿနာသည် အတိတ်မှာ ကျန်ခဲ့ပြီ ဖြစ်သည်။ တပ်သားစုဆောင်းရေး ကို စနစ် တကျ လေ့ ကျင့်ထားခြင်း မရှိသူများ၏ လုပ်ဆောင်ချက်ကြောင့် ကလေးစစ်သားများ ရှိခဲ့ရသည်။ ယနေ့ အချိန် တွင်တော့ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆောင်ရွက်နေ သည် မို့ အသက် ၁၈ နှစ် မပြည့် သည့် စစ်သား မလိုအပ်တော့။ အဖေက ဒုက္ခသည်၊ အမေက ဒုက္ခသည် ကျွန်တော်လည်း ဒုက္ခသည် ဆိုပါက ဒီစာကို ဆက်မ ဖက်တာက အကောင်းဆုံး ဖြစ်ပေလိမ့်မည် ဖြစ်သည်။

ကျန်းမာသန်စွမ်းရမည်။ နေရာဒေသ မရွေးတာဝန် ထမ်းဆောင်နိုင်ရမည် ဖြစ်သည်။ ကိုယ်လက်အင်္ဂါ အစုံ အလင် ရှိရမည်။ ရာသီမရွေး ကြမ်းတမ်းသော တာဝန်ထမ်းဆောင်ရမည်မို့ ကျန်းမာ သန်စွမ်းဖို့လည်း လို အပ် သည်။ တောင်ပေါ် မြေပြန့် မခွဲခြားဘဲ တာဝန်ပေးရာ နေရာတွင် တာဝန်ထမ်းဆောင်ရမည်မို့ အမေ့ ရင် ခွင်မှ မခွဲ နိုင်သူ ဖြစ်ပါက အဆင်ပြေမည် မဟုတ်ပါ။

အထက်မှ ပေးအပ်သော အမိန့်နှင့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။ ငါ့နိုင်ငံတော်၊ငါ့နိုင်ငံသား၊ ငါ့ တပ်မတော် အတွက် ငါ၏ အသက်ကို စွန့်လွှတ်ရန် အဓိဌာန်ပြုပါ၏ တို့ပါဝင်သည့် သစ္စာလေးချက်ကို ဦး ထိပ် ရွက်ရမည် ဖြစ်သည်။ မတရားသော အမိန့်ကို လက်မခံနိုင်ပါဟု သင်စောဒက တက်နိုင်သည်။ သင့် အား ၁၉၅၉ တပ်မတော် အက်ဥပဒေကို သင်ကြားလေ့ကျင့်ပေး မည် ဖြစ်သည်။ ထို ဥပဒေအား ဖတ်ပြီး သည့် အခါ တပ်မ တော်တွင် မတရားသော အမိန့်ဆိုသည်မှာ ဘယ်အရာကို ဆိုလိုသည်နှင့် မည်သို့ ဖြေရှင်း ရမည် ဆိုသည်ကို နားလည်ပါလိမ့်မည်။

ပုဂ္ဂိုလ်ရေး စစ်ဆေးချက်များနှင့် ကျန်းမာရေး စစ်ဆေးချက်များ အောင်မြင်သည့် အခါတွင်တော့ သင်သည် သင် တန်းကျောင်း တစ်ခုခုသို့ တက်ရောက်လေ့ကျင့်ရမည် ဖြစ်သည်။ မနက် ၅ နာရီ အိပ်ရာထကာ ၃ မိုင် အပြေး လေ့ကျင့်ရမည်။ အခြေခံ စစ်ရေးပြနှင့် လက်နက်ငယ်၊ လက်နက်ကြီး ပညာရပ်များကို သင်ကြား ရမည်။ ညနေ တွင် လုပ်အားပေး(သို့မဟုတ်) ကြံ့ခိုင်ရေး ထပ်လုပ်ရမည် ဖြစ်သည်။ စားရေးသောက်ရေး ကေ တာ့ မပူပါနှင့်။ တစ်နေ့ကို ၃၅၈ ကျပ်နှုန်း စားသုံးခွင့် ရလာသည့် သင့်အတွက် ၃၅၈ ကျပ်ဖိုး စားရိပ် သာက ချက်ကျွေးပါလိမ့် မည်။

ရဲဘော်တော့ မလုပ်နိုင်ဘူး။ စစ်ဗိုလ်တော့ လုပ်နိုင်တယ်ဟု ပြောချင်ပြောနိုင်ပါသည်။ ဒါပေမယ့် ရဲဘော် သစ်(၆) လ သင်တန်းတက်ရလျှင် စစ်ဗိုလ်ဖြစ်ဖို့ကတော့ ရဲဘော်သစ်သင်တန်းထက် ပို၍ ထူးခြားမှု မ ရှိသော သင်တန်း ကာလ(၄)နှစ်ကို တက်ရမည် ဖြစ်သည်။ တက်ခွင့်ရဖို့အတွက်ကလည်း ခေါ်သည့်နှစ်တွင် ဆယ် တန်းအောင်မှ၊ ဆယ်တန်းအောင်ပြီးရင်လည်း ၀င်ခွင့်အဆင့်ဆင့်အောင်မှ၊ ၀င်ခွင့်အဆင့်ဆင့် အောင်ပြီး ရင်လည်း (၄)နှစ် ဆို သည့်ကာလကို စွန့်လွှတ်နိုင်မှသာ ဖြစ်မည်ဖြစ် သည်။ အပင်ပန်းခံပြီး တစ်ချိန် တွင် ဗိုလ်ချုပ်ကြီး ဖြစ်ပါက အိုကေ ပြီဟု တွက်ပါကလည်း တွက်နိုင် သည်။ သို့သော် ဒဏ်ရာရ၊ သေ ဆုံး၊ အမှုဖြစ်ပြီးနောက် တပ်မတော်မှ နှုတ် ထွက်ရသည့် အရာရှိများ နှစ်စဉ်ရှိသည့်အထဲ သင်မပါ ဖို့ေ တာ့ လိုပါသည်။

အထက်အောက် အုပ်ချုပ်ပုံများကို လက်မခံနိုင်ဟု သင်ပြောကောင်းပြောနိုင်ပါသည်။ နိုင်ငံတကာ စစ်တပ် များ တွင်လည်း ထိုသို့အုပ်ချုပ်သည်သာ ဖြစ်သည်ကို လေ့လာကြည့်ပါက သင်တွေ့ပါ လိမ့်မည်။ သင်သည် ပညာ အရည်အချင်းရှိသူ၊ အဆင့်ဆင့် စစ်ဆေးချက်များကို အောင်မြင်သူ၊ ၄ နှစ်ကာလကို အပင်ပန်းခံကာ ဖြတ် သန်းနိုင်သူ  ဖြစ်ပါက တစ်လလုံးအတွက် လစာ ၁ သိန်းကျော် ရမည်ဖြစ်ပါသည်။ ၄ နှစ်လျှင် တစ် ကြိမ် ၀တ်စုံ စရိတ် ၁ သိန်းရပါသည်။ ယူနီဖောင်း အညံ့စား တစ်စုံလျှင် ၂ သောင်းကျော် ကျသည်မို့ သင့်အ ဆင့်နှင့် တန် အောင် ၀တ်မည်ဆိုပါက စွန်းထင်း၊ပေါက်ပြဲ၊ညစ်ပေ မှုများ မရှိစေရန် လစာထဲက ၀ယ်ရမည် ဖြစ် သည်။ အား ငယ်စရာတော့ မရှိပါ။ သင့်ကို ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်စရိတ်အတွက် လစဉ် ၅၀၀၀ ကျပ်ထောက်ပံ့ကာ တောတောင်ထဲတွင် တာဝန်ထမ်းဆောင်စေရခြင်းကြောင့် အ၀တ်အစား သိပ် လို မည် မဟုတ်ပါ။

တစ်ချိန်တည်းတွင်တော့ သင်တည်ဆောက်မည့် မိသားစု ဘ၀၊ ပျော်ပွဲရွှင်ပွဲများတွင် ပျော်ရွှင်ခွင့်၊ မိဘ ရင်ခွင် သို့ ပြန်လည် အနားယူခွင့်၊ ဘာသာရေး လုပ်ငန်းများ ဆောင်ရွက်ခွင့်တို့တွင်လည်း အပြင်အရပ်သား တစ် ဦးနှင့် မတူညီသည်များကို တွေ့ရပါအုံးမည်။

မြို့ပေါ်မှ အရာရှိများကို ကြည့်၍ သူတို့လို မနေရဘူးလားဟု မေးနိုင်ပါသည်။ အဆိုပါ အရာရှိ စစ်သည် များကို ကပ်ပြီး မေးကြည့်ပါ။ သူတို့သည် သူတို့တိုင်း၊တပ်မတို့၏ ၁ ရာခိုင်နှုန်း၊ တပ်မတော် ၁ ရပ်လုံး၏ ၁ ရာခိုင်နှုန်း သာ ရှိသည်မို့ သင်လည်း တစ်ချိန်ချိန်တွင် ရောက်နိုင်ပါသည်။ သို့သော် ကံ၊ဥာဏ်နဲ့ ၀ီရိယ တို့ေ တာ့ လိုအပ် ပါ သည်။

တပ်မတော်နေ့တွင် ပြခဲ့သော လက်နက်များကို ကြည့်ပါ။ မြန်မာနိုင်ငံအတွက် စစ်သည်အင်အား တစ်သန်း လို ပါသည်။ ယနေ့တွင် စစ်မှုမထမ်းမနေရ စနစ်ကို ပြဌန်းရအောင် တိကျသည့် သန်းခေါင်စာရင်း မရှိသလို အသေး စိတ်အတွက် ပြင်ဆင်ထားမှုများ မရှိသေးပါ။ ထိုအတွက်ကြောင့် ကမ္ဘာပေါ်တွင် ရှိသည် ကြေးစား တပ် မတော်၊ အမြဲတမ်းတပ်မတော်နှင့် မျိုးချစ် တပ်မတော် ဆိုသည့် တပ်မတော် အမျိုးအစား(၃)မျိုးအနက် မျိုးချစ် တပ်မတော် အဖြစ် စာရင်းဝင်နေဆဲ ဖြစ်ပါသည်။

လစာ ၄ သောင်း၊ ထောက်ပံ့ ၃ သောင်း ၊ စုစုပေါင်း ၇ သောင်းကျော် လစာစားပြီး နိုင်ငံအတွက် အသက် စွန့်ဖို့ သင်အဆင်သင့် ဖြစ်ပါပြီလား။ သင်စဉ်းစားတွေးခေါ်နေချိန်တွင် အကြောင်းအမျိုး မျိုးကြောင့် တပ် မတော် ထဲ ၀င် ရောက် ခဲ့သူများက သင်စဉ်းစားနေသည့် အဆင့်များကို ဖြတ်သန်းခဲ့ကြပြီး ဖြစ်သည်။ ယေ န့ခေ တ်သည် ယခင် ခေတ် မဟုတ်တော့သည်ကိုလည်း ယနေ့တပ်မတော် ဗိုလ်ချုပ် နာမည်(၃) ခုကို သင် မသိသည်က ဖော်ပြ နေပါ သည်။ စဉ်းစားကြည့်ပါ။ မြန်မာ စစ်သားတစ်ယောက်ဖြစ်ဖို့ သင်ကိုယ်တိုင် အဆင် သင့်ဖြစ် ပါရဲ့လား။

ကင်တားနား + ဒေါ်စု နှင့် လူ့အခွင့်အရေး လှုပ်ရှားသူများ အပြစ်တင်နေသော်လည်; မြန်မာပြည် လူ့အခွင့်အရေး တိုးတက်နေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပြောကြား





အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ John Kerry က မြန်မာအစိုးရဟာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် အတွင်း နိုင်ငံသားတွေ လူ့အခွင့်အရေး ပိုမိုရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနက ၂ဝ၁၂ ခုနှစ်အတွက် နိုင်ငံတကာ လူ့အခွင့်အရေး အစီရင် ခံစာ ကို သောကြာနေ့မနေ့က ထုတ်ပြန်ခဲ့ရာမှာ မြန်မာပြည်ရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မစ္စတာကယ်ရီက ခု လိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာအစိုးရက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဆောင်နေပြီး လူ့အခွင့်အရေး ကာကွယ်ပေး မှုတွေ ပိုမိုကောင်းမွန်လာတဲ့အတွက် နှစ်ပေါင်းများစွာ အထီးကျန်ဖြစ်နေခဲ့တဲ့ မြန်မာပြည်ဟာ အခုတိုး တက်နေ ပါပြီ၊ မိမိတို့မြင်တွေ့လိုတဲ့ အခြေအနေတွေအထိ ဖြစ်မလာသေးပေမယ့် အကောင်းဖက် ကိုရှေ့ရှုနေတာ မြင်ရပါတယ်လို့ John Kerry က ပြောဆိုခဲ့ပါတယ်။ ကျန်ရှိနိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ တိုင်းရင်းသားဒေသ ပြသနာတွေအပါအဝင် ဖြေရှင်းရမယ့် စိမ်ခေါ်မှုတွေကတော့ အများကြီး ရှိနေသေးကြောင်းလည်း သူကပြောပါတယ်။

www.MyanmarExpress.net

စက်မှုဇုန် အသီးသီးမှ အလုပ်သမားများ ကို အသေးစား ချေးငွေများ ထုတ်ချေးပေးရန် စီမံနေကြောင်း သမ၀ါယမ ၀န်ကြီး ဌာနမှ သတင်းရရှိ

"အသေးစားချေးငွေပေးတာ လတ်တလော အဆင်ပြေရေးကိုသာ ဦးတည်တာမဟုတ်ဘဲ နောင်လေး၊ ငါးနှစ်မှာ မိမိခြေထောက်ပေါ်မိမိ ရပ်တည်နိုင်အောင် ရည်ရွယ်ပါတယ်။ အဓိကကတော့ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုအတွက် ရည်ရွယ်ပြီး ချေးတာပါ" ဟု သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း က လှိုင်သာယာစက်မှုဇုန်၌ အလုပ်သမား၊ အလုပ်ရှင်များနှင့် တွေ့ဆုံပွဲတွင် ပြော ကြားခဲ့သည်။ အသေး စားချေးငွေများ ထုတ်ချေးရာတွင် ငါးဦးတစ်ဖွဲ့ ၀ိုင်းကြီးချုပ်စနစ်ဖြင့် စည်းကမ်းချက် သုံးရပ်နှင့် ကိုက်ညီရန် လို အပ်ကြောင်း သတင်းရရှိသည်။

သတ်မှတ်စည်းကမ်းချက် သုံးချက်မှာ-

( ၁ ) ထုတ်ချေးပေးသည့်ငွေကြေးကို အလွဲသုံးစားမလုပ်ရန်၊

( ၂ ) ရရှိသည့်ချေးငွေများကို ဒုတိယ၀င်ငွေရ လုပ်ငန်းများ ထူထောင်နိုင်ရန်နှင့်

( ၃ ) ချေးယူထားသည့် ငွေကြေးပမာဏနှင့် ၀န်ဆောင်မှုစရိတ် အတိုးကို သတ်မှတ်ကာလအ တွင်း ပြန် လ ည်ပေး ဆပ်ရန်တို့ဖြစ်သည်။

ဝိုင်းကြီးချုပ်စနစ်ဖြစ်သည့်အတွက် ချေးယူထားသည့် ငွေကို တစ်ဦးပြန်မဆပ်ပါကလည်း ကျန်လေးဦး က ဖြည့်တင်းပေးဆပ် ရမည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ရှင်းပြသည်။ လယ်ယာကဏ္ဍတွင် သမ၀ါယမမှ အသေး စားချေးငွေများ ထုတ်ချေးရာ၌ မိသားစုတစ်စုကို ကျပ်တစ်သိန်းနှုန်းဖြစ်သည်။ အလုပ်သမားများ ကို ချေးငွေေ ပးရာတွင် ဦးစီးဌာနမှ ညှိနှိုင်းဆောင်ရွက် သွားမည်ဟု သိရသည်။

7DaysNewsJournal

ရိုးသားပြီး မြန်မာပြည်သူတို့အတွက် မေတ္တာရှေ့ထား အလုပ်လုပ်နေသည့် နှလုံးရောဂါသည် သမ္မတကြီး ဦးသိန်းစိန်အား ဒေါ်အောင်ဆန်းစုကြည် ဝေဖန် တိုက်ခိုက်

 
ရိုးသားပြီး မြန်မာပြည်သူတို့အတွက် မေတ္တာရှေ့ထား အလုပ်လုပ်နေသည့် နှလုံးရောဂါသည် သမ္မတကြီးဦး သိန်းစိန်အား ဒေါ်အောင်ဆန်းစုကြည် ဝေဖန်တိုက်ခိုက် ကာ စည်းမရှိကမ်း မရှိ ပြော ဆိုခဲ့သည်။ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေမှာ တိကျတဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒချမှတ်ပြီး အကောင်အထည်ဖေါ်နေတာ မတွေ့ရသေးကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်း စုကြည်က မနေ့က ဝေဖန်ပြောဆိုခဲ့သည်။

မနေ့က ဂျပန်နိုင်ငံ တိုကျိုမြို့ သတင်းထောက်များကလပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ပြောင်းလဲမှုတွေ မြန်ဆန်လွန်းတာကို ဘယ်လိုသုံးသပ်ပါသလဲ၊ သမ္မတ ဦးသိန်းစိန် အပေါ် ဘယ်လိုမြင်ပါသလဲလို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်း စုကြည်က   ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က “မိမိအနေနဲ့ နိုင်ငံရေးသမားတွေကို လူပုဂ္ဂိုလ်တစ်ဦးခြင်းအနေနဲ့ အကဲမဖြတ်ပါ ဘူး၊ လက်တွေ့လုပ်ဆောင်မှုတွေနဲ့သာ အကဲဖြတ်ပါတယ်။ သမ္မတ ဦးသိန်းစိန်အစိုးရ ရဲ့ ပြုပြင်ပြောင်းလဲ မှု လုပ်ငန်းစဉ်တွေမှာ အားအနည်းဆုံးအချက်ဟာ တိကျတဲ့မူဝါဒချမှတ်ပြီး အကောင်အ ထည်ဖေါ်နေတာမျိုး မရှိခြင်းပါပဲ၊ လတ်တလော မြင်နေရတာက ပြုပြင်ပြောင်းလဲရေးမှာ အဆင့်လိုက် သတ်မှတ်ပြီး အကောင်အထည် ဖေါ်နေတာမျိုးမရှိသလို၊ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေ ကို အခြေခံပြီး ချမှတ်ရေးဆွဲ အကောင်အထည်ဖေါ်နေတာမျိုး မတွေ့ရပါဘူး” လို့ ပြောခဲ့သည်။

ပြီးခဲ့သည့် ဟာဝိုင်ယီ နှင့် ကိုရီးယား ခရီးစဉ်တုန်းကလည်း က "ကျွန်မခွေးလေးလောက် လူတွေရိုး သားကြရင် ငြိမ်ချမ်းရေးရပြီ" ဟု ပြောဆိုခဲ့သည်။ အသက်အရွယ်နှင့် မလိုက်အောင် စည်းမဲ့ကမ်းမဲ့ ပြောဆိုမှုများကြောင့် ဒေါ်အောင်ဆန်းစုကြည် ကို မြန်မာ လူထုက စိတ်ပျက်လျှက် ရှိကြောင်း သိရသည်။


ဂျပန်နိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်သည်  တဖက်တွင် သမ္မတ၊ အစိုးရ နှင့် စစ်တပ်ကို အပြစ်တွေ ပုံချပြီး တဖက်တွင် သမ္မတ ဖြစ်လိုကြောင်း၊ အထောက်အပံ့တွေပေးလျှင် သူမကို လည်း ပေးစေ လိုကြောင်းများ ပြောဆိုခဲ့သည်။ အမေရိကန် နှင့် ဥရောပခရီးစဉ်များကလည်း အစိုးရကို အကောင်းမမြင်ဖို့ နှင့် စီးပွားပိတ်ဆို့မှုများကို ရုတ်သိမ်းမည်ဆိုပါက သေသေချာချာ စဉ်းစားဖို့  ဒေါ်အောင် ဆန်းစုကြည်မှ တိုက်တွန်းခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် မှ ဝေဖန်တိုက် ခိုက် ပြော ဆိုနေသော်လည်း ယနေ့ သမ္မတကြီးဦးသိန်းစိန် နှင့် အစိုးရအဖွဲ့၏ ထူးချွန်အောင်မြင်မှုများ ကို မြန်မာလူထု နှင့် ကမ္ဘာက အသိမှတ် ပြုလျှက်ရှိကြောင်း သိရသည်။

ME

လူမျိုးဘာသာ မခွဲခြား မြန်မာနိုင်ငံသား ဆိုပဲ



အခုတစ်လော ဖြစ်ပေါ်နေတဲ့ ကျုပ်တို့မြန်မာပြည် အခြေအနေတွေကြောင့် စာတိုပေစလေးတွေ တစ်ကြောင်းတစ်လေ ရေးရမှာကို လက်တွန့်နေမိတယ်။ ကျုပ်တို့ မြန်မာလူမျိုးတိုင်းရဲ့ နှလုံးသားထဲမှာ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့စိတ်တွေကိုယ်စီ ပြည့်ပြည့်ဝဝ ရှိနေခဲ့ကြပါတယ်။ နှလုံးခုံသံကို နားထောင်ကြည့်ရင်တောင် မျိုးချစ် မျိုးချစ်လို့ မြည်ဟိန်းနေတာ အတိုင်းသား ကြားနေရပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးသို့ စီးဆင်းလည်ပတ်နေတဲ့ သွေးတွေကလည်း မျိုးချစ်သွေးတွေပါပဲ။ ဒီတော့ဗျာ ခန္ဓာကိုယ်အနှံ့ ဘယ်နေရာကို ဖောက်ကြည့်ဖောက်ကြည့် မျိုးချစ်သွေးတွေပဲ ထွက်လာမှာပါ။ ရင်နှင့်မဆန့်အောင်ခံစားရတဲ့ ခံစားချက်စာပေတွေရေးတဲ့အခါမှာလဲ မျိုးချစ်စိတ်ဓာတ် ပြင်းထန်လွန်းတဲ့ စာပေတွေပဲဖြစ်လာမှာပါ။

အဲဒီလို မျိုးချစ်စိတ်ဓာတ်ပြင်းထန်လွန်းတဲ့စာပေတွေ ရေးမိရင် ကျုပ်တို့ကို မျက်ကန်းမျိုးချစ် (သို့) အကြမ်း ဖက် ဆူပူမှုတွေဖြစ်အောင် လှုံ့ဆော်သူလို့ ဝိုင်းပြီးကင်ပွန်းတပ်ကြဦးမယ်။ တစ်ချို့ကျတော့ ရက်ရက် စက်စက်ကြီးကို နာဇီလက်သစ်နာမည်တပ်လိုက်ကြသေးတယ်။ ဖေ့စ်ဘုတ်မှာ ကွန်မန့်လေး တစ်ချက်ရေး မိရင်ေ တာင် အဖွကောင်၊ ဖေ့စ်ဘုတ်လူသတ်ကောင်လို့ အစွပ်စွဲခံရဦးမယ်။ ဒီတော့ ဘာမှမရေး တာ ပဲကောင်း ပါတယ်ဆိုပြီး အသာလေးငြိမ်နေမိတာ။

“ဘာသာလူမျိုးမခွဲခြား မြန်မာနိုင်ငံသား …” ဆိုင်းဘုတ် စတစ်ကာတွေကို လိုက်ဝေနေကြ တယ် ၊ ဈေးဆိုင်တိုင်း ကားတိုင်းမှာ စတစ်ကာတွေ လိုက်ကပ်နေကြတယ်ဆိုတဲ့ သတင်းတွေ ကြည့်လိုက်ရတော့ ရင်ထဲ မှာ အပ်နဲ့ဆွသလို ခံစားလိုက်ရတယ်။ အံမယ် သူတို့က နောက်က အဆစ်ကလေးကပါသေးတယ်ဗျာ “ကျွန်ုပ်ကြောင့် လူမျိုးရေး ဘာသာရေးပဋိပက္ခ မဖြစ်စေရ …” တဲ့။

လူမြင်ကောင်းအောင် လှုပ်ရှားနေတာက တစ်ခြား တကယ်တမ်း လုပ်နေတာက တစ်ခြားဆိုတာ အသိဉာဏ်ရှိကြတဲ့သူတိုင်း သိကြမှာပါ။ အဲဒီလို အပြောတစ်မျိုး အလုပ်တစ်မျိုးနဲ့ အဆီအငေါ် မတည့်တာ တွေကို တွေ့တွေ့နေရတော့ ရယ်လည်းရယ်ချင်တယ်၊ ငိုလည်းငိုချင်တယ်။ ဘာ့ကြောင့် ရယ် ချင်ရ တာလဲ ဆိုတော့ ဒီအဖွဲ့ကို ဦးဆောင် ပါဝင်နေကြတဲ့သူတွေကကော တကယ့်ကို လူမျိုးဘာသာမခွဲခြားဘဲ ဗုဒ္ဓဘာသာတွေရဲ့ ဈေးဆိုင်တွေမှာ ဝယ်ယူအားပေးနေကြလို့လား။ လူမျိုးရေး ဘာ သာရေးပဋိပက္ခဖြစ်အောင် ကော ဘယ်သူတွေက ဖန်တီးနေတာလဲ။ ကမ္ဘာအရပ်ရပ်ကို လှမ်းကြည့်လိုက် တစ်ကမ္ဘာလုံး လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ ဆူပူအကြမ်းဖက်မှုတွေကို ဘယ်သူတွေက ဖန်တီးနေကြ တာလဲ မှန်မှန်ဖြေကြပါ၊ သေသေချာချာ မြင်အောင်ကြည့်ကြပါ။ အဲဒီလို မီးစတစ်ဖက် ရေမှုတ်တစ်ဖက် အရှက်မရှိတဲ့ မျက်နှာတွေကို မြင်ရလို့ကိုပဲ တစ်ကမ္ဘာလုံးကြားအောင် ဟားတိုက်ရယ်မောပစ်လိုက်ချင်တာ။

ဘာ့ကြောင့် ငိုချင်ရတာလဲဆိုတော့ ကိုးခြောက်ကိုးဆိုတဲ့ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့ မျိုးချစ်အဖွဲ့တွေကို ဆူပူအကြမ်းဖက်မှုတွေဖြစ်ပေါ်လာအောင် လှုံ့ဆော်တဲ့အဖွဲ့လို့ စွပ်စွဲလိုက်ကြလို့ပါပဲ။ ကိုယ့်အမျိုး ကိုယ့်ဘာသာ သာသနာအပေါ်မှာ ချစ်မြတ်နိုးတတ်လာအောင်၊ အမျိုးဘာသာ သာသနာ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ အသိပညာတွေပေးနေတဲ့ မျိုးချစ်အဖွဲ့ကို အခုလို မတရားပုတ်ခတ် စော်ကားခံနေရတာကို ဘယ်သူတွေကမှ ပြန်လည်ချေပ ထောက်ပြဝေဖန်တာမျိုး မရှိခဲ့တာဟာလည်း ဝမ်းနည်းဖို့ အင်မတန်ကောင်းပါတယ်။

သူတို့ကတော့ လူမျိုးဘာသာမခွဲခြား မြန်မာနိုင်ငံသား – လို့ နာမည်လှလှလေးပေးလိုက်တဲ့အခါမှာ ကိုယ့်လူမျိုး ကိုယ့်ဘာသာဆိုင်ကိုပဲ အားပေးကြဖို့ စည်းရုံးတဲ့ “ကိုးခြောက်ကိုး” အဖွဲ့ကို နာမည်ဆိုး ထွက်သွားအောင် ထိုးနှက် လိုက်တာပါပဲ။ ဒါကို မြန်မာလူငယ်တွေက မသိရှာကြဘူး။ သူတို့ အဖွဲ့တွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေတာကို တွေ့ရပါတယ်။

တစ်နည်းအားဖြင့်ဆိုရင် ကိုးခြောက်ကိုးလှုပ်ရှားမှုတွေ အောင်မြင်သွားရင် သူတို့တစ်တွေဈေးဆိုင်တွေ မှာ မြန် မာတွေ အားမပေးကြတော့ဘူး။ အဲဒီလို အားမပေးကြတော့ဘူးဆိုရင် မြန်မာအမျိုးသမီးတွေကို တစ်ယောက်ပြီး တစ်ယောက် သိမ်းပိုက်ပြီး လူလူချင်းမြိုမည့် စီမံကိန်းကြီးတွေ ကျဆင်းကုန်လိမ့်မယ်ဆိုတာ သိလို့ ကိုးခြောက်ကိုး နာမည်ပျက်အောင် အကြမ်းဖက်မှုတွေ မဖြစ်ဖြစ်အောင် သူတို့ကိုယ်တိုင်ဖန်တီးပြီး အကြမ်းဖက်မှုတွေ ဖြစ်လာတဲ့အခါမှာ ကိုးခြောက်ကိုးအဖွဲ့ရဲ့ လှုံ့ဆော်မှုကြောင့် ဒီလိုဖြစ်ရတာပါလို့ နာမည်ဆိုးတပ်ကြတော့မယ်လေ။ အဲဒီအခါမှာ လူတွေကလည်း နားယောင်ပြီး ကိုးခြောက်ကိုး တံဆိပ်ကြီးက အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်ပေးတတ်တယ်တဲ့ – ဆိုပြီး ကြောက်လန့်ပြီး သိမ်းထားကြတော့မယ်။ လူမျိုးဘာသာ မခွဲခြား မြန်မာနိုင်ငံသားဆိုတဲ့ ဆိုင်းဘုတ်ကလေးက လှပါတယ်။ ဒါလေးပဲ ကပ်ထားတာကောင်းပါတယ်ဆိုပြီး လူမျိုးခြားတွေရဲ့ လှည့်ကွက်ထဲကို ပြန်ရောက်သွားကြတော့မယ်။

ကျုပ်တို့ မြန်မာလူမျိုးတွေက အရမ်းအရမ်းကို သဘောထားကောင်းခဲ့ကြပါတယ်။ သူတို့ ဘာသာဝင် တံဆိပ်တွေ တပ်ထားတဲ့ဆိုင်တွေမှာ လူမျိုးဘာသာ မခွဲခြားပဲ အားပေးခဲ့ကြဘူးပါတယ်။ အဲဒီတုန်းကထဲက သူတို့လူမျိုးတွေကတော့ သူတို့ဘာသာဝင်ဆိုင်တွေမှာ အားပေးခဲ့ကြတာပါ။ မြန်မာဆိုင်ဆိုရင်တော့ အငတ်သာခံမယ် လုံးဝမစားဘူးဆိုတာမျိုး မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ဘူးပါတယ်။ သူတို့ဘက်ကျတော့ သိ တတ် လိုက်ကြတာ။

လူ့အခွင့်အရေးတွေ၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ပေါ်ပေါက်လာတဲ့ ဒီကနေ့ခေတ်မှာ အမျိုးဘာသာ သာသနာအတွက် စည်းရုံးမှုတွေ၊ ယဉ်ကျေးလိမ္မာမှုတွေရှိအောင် သိမ်းသွင်းမှုတွေ မလုပ်ရင် မဖြစ်တော့လို့ ကိုးခြောက်ကိုးလှုပ်ရှားမှုကို မျိုးချစ်လူငယ်တွေ ကိုယ့်အသက်ကို ပဓာနမထားပဲ လုပ်ဆောင်ခဲ့ကြတာပါ။ ဒီနေ့ခေတ်မှာ အမျိုးဘာသာ သာသနာအတွက် စည်းရုံးမှုတွေက မဖြစ်မနေ လိုအပ်ပါသလဲဆိုတော့ လူ့အခွင့်အရေးနဲ့ လွတ်လပ်တဲ့သတင်းမီဒီယာတွေ ခေတ်စားလာတဲ့ ဒီနေ့လို အင်တာနက်ခေတ်မှာ ကမ္ဘာကြီးတစ်ခုလုံးမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပေါင်းစည်းဆက်သွယ်ထားတဲ့ လမ်းတံတားကြီးများ တောက်ေ လျှာက် ဖွင့်ထားလိုက်ပါပြီ။ ယဉ်ကျေးမှုချင်း လူမျိုးဘာသာချင်းမတူလို့ ပိတ်ကာထားခဲ့တဲ့ လူ့စည်း လူ့ဘောင်တံခါးကြီးဟာလည်း ဟင်းလင်းပွင့်သွားပါပြီ။ လူမျိုးခြား တိုင်းတစ်ပါး ယဉ်ကျေးမှုတွေ ကလည်း မြန် မာနိုင်ငံထဲကို ဒလဟော စီးဝင်လာနေပါပြီ။

ဒီတော့ အပျော်အပါး လောင်းကစား အာရုံခံစားမှုတွေကလည်း ဒလကြမ်း ကြောက်ခမန်းလိလိ ဖြစ်လာပါပြီ။ ဒီတော့ အာရုံခံစားမှုအတွက်ဆိုရင် လူမျိုးပျောက်မှာကိုလည်း မကြောက်ဘူး၊ ဘာသာစွန့်ရမှာလည်း ဝန်မလေးဘူးဆိုတာတွေက ဖြစ်လာနေပါပြီ။ ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင်သာ နေရမယ်ဆိုရင် ဘာပဲလုပ်ရလုပ်ရ ငရဲလည်းမကြောက် ထောင်လဲမမှုတဲ့ မိုက်ရူးရဲတွေကလည်း များလာနေပါပြီ။ ကိုယ်မွေးတဲ့မျောက်က ကိုယ့်ပြန်မချောက်ခင် ကိုယ့်သားငယ်သမီးငယ် လေးများကို စောစောစီးစီး ကြိုကြိုတင်တင် သွန်သင်ဆုံးမကြဖို့ အမျိုးဘာသာ သာသနာအတွက် လှုပ်ရှားမှုတွေ မဖြစ်မနေ လိုအပ်လာပြီဆိုတာကို ပြောခဲ့တာပါ။

ကိုးခြောက်ကိုးရဲ့ အဓိပ္ပါယ်ကတော့ ကိုးဆိုတာ ဘုရားဂုဏ်တော်ကိုးပါး၊ ခြောက်ဆိုတာက တရား ဂုဏ်တော် ခြောက်ပါး၊ ကိုးဆိုတာက သံဃာ့ဂုဏ်တော်ကိုးပါးကို ဆိုလိုတာပါ။ နောက်ခံ ဘက်ဂရောင်းကို လည်း ကြည့်လိုက်ဦး၊ သာသနာ့အလံတော်၊ နှစ်ဆယ့်လေးပစ္စည်းစက်ဝိုင်း၊ အသောကကျောက်တိုင်တွေပါ။ ဒီလို စိတ်ကူးကောင်းကောင်းနဲ့ တီိထွင်ကြံဆထားတဲ့ အမြတ်ဆုံးရတနာသုံးပါး အမြတ်ဆုံးထားတဲ့ တံဆိပ်တွေကို ကိုယ့်အိမ် ကိုယ့်ဆိုင် ကိုယ့်ယာဉ်တွေမှာ အမြတ်တနိုး ချိတ်ဆွဲထားခြင်းဖြင့် ဘေးဆိုးကပ်ဆိုး အန္တရာယ်ဆိုး တွေ ကင်းဝေးပြီး စည်းစိမ်ချမ်းသာ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံနေမှာပါ။ ဤတံဆိပ် ကို အိမ်မှာ ကပ်ထားခြင်းဖြင့် ကျွန်ုပ်တို့သည် ရတနာသုံးပါး အမြတ်ဆုံးထားပြီး အမျိုးဘာသာ သာသနာ ကို ချစ်မြတ်နိုးသော ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ ထို့ကြောင့် ဤအိမ် ဤဆိုင်သို့ ရောက် လာသူတိုင်း ဘေးရန်ကင်းကွာပြီး အေးချမ်းသာယာမင်္ဂလာ ရှိကြပါစေ-ဆိုတဲ့ အဓိပ္ပါယ် ကို ဆောင်နေ ပါတယ်။

လူ့အခွင့်အရေးနဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ လူမျိုးခြား ဘာသာခြားတွေက ဒီအခွင့်အရေးတွေကို လက်တွေ့အသုံးချနေကြတယ်။ ဗုဒ္ဓဘာသာ မြန်မာတွေကတော့ ဖဲ့စားတာကိုလည်းခံရ လှီးစားတာကိုလည်းခံရ ဝါးမြိုတာကိုလည်း ခံနေကြရပါတယ်။ ဒါ့ကြောင့် ဒီနေ့ခေတ်မှာ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့စိတ် မရှိရင် မဖြစ်တော့လို့ ကိုးခြောက်ကိုး လှုပ်ရှားမှုတွေကို ဘုရားသားတော် သံဃာတော်တွေနဲ့ မျိုးချစ်လူငယ်တွေ စတင်လှုပ်ရှားခဲ့ကြခြင်းဖြစ်ပါတယ်။

ကိုးခြောက်ကိုးအဖွဲ့ရဲ့ ရည်ရွယ်ချက်က

(က) ဗုဒ္ဓဘာသာ အချင်းချင်း စည်းလုံးညီညွတ်ကြရန်၊
(ခ) ဗုဒ္ဓဘာသာ အချင်းချင်း ရိုင်းပင်းကူညီသောအားဖြင့် ဗုဒ္ဓဘာသာဈေးဆိုင်တွေမှာပဲ ဝယ်ယူအားပေး ကြ ရန်၊
(ဂ) ဗုဒ္ဓဘာသာ အချင်းချင်းသာ ထိမ်းလက်ထပ်ရန်ဆိုတဲ့ ရည်ရွယ်ချက်တွေပါပဲ။ ဘယ်သူ့ကိုမှလည်း အ ကြမ်း မဖက်ပါဘူး။ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာအောင် ဘယ်သူ့ကိုမှလည်း မလှုံ့ဆော်ပါဘူး။

ကျုပ်တို့မြန်မာလူမျိုးတွေဟာ သမိုင်းအဆက်ဆက်ကထဲ ကိုယ့်နိုင်ငံနဲ့ ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ့်ဘာသာ သာသနာနဲ့ အေးအေး ချမ်းချမ်းနေလာခဲ့ကြတဲ့သူတွေပါ။ ဗုဒ္ဓဘာသာရဲ့ အဆုံးအမအောက်မှာ မိသားစု အချင်းချင်း၊ ရွာသားအချင်းချင်း၊ မြို့သားအချင်းချင်း၊ နိုင်ငံတော်သားအချင်းချင်း ချစ်ချစ်ခင်ခင် စည်းစည်း လုံးလုံး ညီညီညွတ်ညွတ် အေးအတူပူအမျှ နေလာခဲ့ကြခဲ့ကြတဲ့သူတွေပါ။

လူမျိုးခြား ဘာသာခြား တိုင်းတပါးကကောင်တွေ ဝင်လာမှ ကိုယ့်ယဉ်ကျေးမှုတွေ ကိုယ့်ဘာသာ သာသနာတွေကို အဖျက်အဆီးခံရ၊ ကိုယ့်လူမျိုးတွေ အဖျက်အဆီးခံရနဲ့ လူလိမ္မာလူယဉ်ကျေးေ လးတွေ ကနေ လူကြမ်းကြီးတွေ ဖြစ်ကုန်ကြပါတော့တယ်။ ဒါတောင် ကျုပ်တို့မြန်မာလူမျိုးတွေက သည်းခံစိတ်တွေ သနားညှာတာစိတ်တွေ သိပ်လွန်ကဲခဲ့ကြပါတယ်။

အဲဒီလို သည်းခံစိတ် သနားညှာတာစိတ်လွန်ကဲခဲ့ကြလို့လဲ လူမျိုးခြားတွေက ကိုယ့်လူမျိုးကို တစ်ဖြည်းဖြည်း ဝါးမြိုလာရာကနေ အခုတော့ သူတို့လူမျိုးတွေက ကြောက်ခမန်းလိလိ ဒုနဲဒယ်နဲ့ဖြစ်လာပါပြီ။ ကိုယ့်လူမျိုးတွေကလည်း ကျောချမှ ဓားပြမှန်းသိကြတာမို့လား၊ ကိုယ့်သားသမီးကို မျိုးချစ်စိတ်ဓာတ် ထက် သန်အောင် ကြိုကြိုတင်တင် သွန်သင်ဆုံးမတာမျိုး မလုပ်ကြဘူးလေ။ အဲဒီတော့ တစ်ေ ယာက်ပြီး တစ်ယောက် လူမျိုးခြားတွေ ဘာသာခြားတွေရဲ့ သွေးဆောင်ဖြားယောင်း မှုနောက် ကို ကောက်ေ ကာက် ပါအောင် လိုက်သွားကြတာတွေ့နေရတယ်။ လူမျိုးခြား ဘာသာခြားတွေက နည်းလမ်းအမျိုးမျိုးတွေကို သုံးပြီး မြန်မာလူမျိုးတွေကို ဖဲ့စားလှီးစား ဝါးမြိုလာခဲ့တာ အခုဆိုရင် ဘယ်အခြေအေ န ထိရောက်ေ နပြီလဲ ဆိုတာ အားလုံးသိကြမှာပါ။

အဲဒါတွေကို မြင်တွေ့နေရတဲ့ မျိုးချစ်ဘုရားသားတော်တွေ၊ မျိုးချစ်လူငယ်တွေက ကိုယ့်လူမျိုး ကိုယ့်ဘာ သာဝင်တွေ မသိသေးတာတွေကို သိရှိနားလည်အောင် သွန်သင်ဆုံးမရမည့်တာဝန်ရှိပါတယ်။ ကိုယ့်လူမျိုး ကိုယ့်ဘာသာဝင်တွေအပေါ် သူတို့တစ်တွေ သမိုင်းအဆက်ဆက်က ရက်စက်ယုတ်မာခဲ့ကြ တာ တွေ ကို ဟောပြောဆုံးမမိခဲ့ရင် အကြမ်းဖက်မှုတွေ ဖြစ်အောင်လှုံ့ဆော်သူလို့ ကင်ပွန်းတပ်ကြမှာလား ? ကိုယ့်လူမျိုး ကိုယ့်ဘာသာ သာသနာအပေါ်မှာ မတရား အနိုင်ကျင့်ခံရတာကို မတရားအနိုင်ကျင့်ခံရပါတယ် လို့ ပြန်ပြောပြခွင့် မရှိတော့ဘူးလား။ ဆူပူမှုတွေ အကြမ်းဖက်မှုတွေ ဖြစ်မှာစိုးလို့ ကိုယ့်ညီမတွေ ကိုယ့်သမီးတွေ လူမျိုးခြားနဲ့ ယဉ်ပါးနေရင်လည်း မသိချင်ယောင်ဆောင်နေရမှာလား ? ကိုယ့်ညီမတွေ ကိုယ့်သမီးတွေကို လူမျိုးခြားက မတရားစော်ကားသွားရင်ကော ကိုယ့်ဘာသာကျိတ်ခံစားနေရမှာလား? ကိုယ့်လူမျိုးကို လူမျိုးခြားတွေက အုပ်စုလိုက် ဝိုင်းသတ်နေကြရင်တောင် မမြင်ချင်ယောင်ဆောင်နေ ရမှာ လား? တရားဥပဒေကကော အမှန်တရားဘက်ကနေ ရပ်တည်ပြီးတော့ အကာအကွယ်ပေးမှာလား ? ဆိုတာကို သမာသမတ်ကျလှပါတယ်ဆိုတဲ့ ဆရာကြီးများကို မေးကြည့်လိုက်ချင်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် အုပ်စုလိုက် ဆူပူမှုတွေ အကြမ်းဖက်မှုတွေ ဖြစ်လာခဲ့ရင်တော့ အခြေအနေတွေ လက်မလွန်ခင် ထိန်းသိမ်းပေးရမှာက အစိုးရနဲ့ တရားဥပဒေရဲ့တာဝန်ပဲဖြစ်ပါတယ်။ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်သူများအဖွဲ့ကတော့ သူ့အလုပ်သူ လုပ်ပေးနေကြရမှာပါ။ ဆူပူမှု အကြမ်းဖက်မှုတွေ ဖြစ်လာမှာကို ကြောက်လို့ ဘယ်လူမျိုးခြားက ကိုယ့်လူမျိုးကို ဘယ်လောက်ပဲ ဝါးမြိုဝါးမြို၊ ဘယ်လောက်ပဲ လှီးစားဖဲ့စား မတရားစော်ကားနေနေ လက်ပိုက်ကြည့်နေကြမယ်ဆိုရင် ငါးနှစ်အ တွင်းမှာ ပဲ မြန်မာနိုင် ငံမှာ အလွန်လှပတင့်တယ် ကျက်သရေမင်္ဂလာအပေါင်းနဲ့ ခညောင်းပြည့်စုံလှပါတယ် ဆိုတဲ့ စေတီ ပုထိုးတွေ ကျောင်းတော်ကြီးမျိုးစုံ ရိပ်သာဓမ္မာရုံတွေ ပြာပုံဘဝရောက်သွားနိုင်ကြောင်း ကို ကောင်းကောင်း သိကြမှာပါ။

အဲဒီတော့ ကျုပ်တို့က ဘာလုပ်ကြရမှာလဲဆိုရင် ဘာသာခြားလူမျိုးခြားတွေနဲ့ သူတို့ အဆောက်အအုံတွေ ပစ္စည်းတွေကို လက်ဖျားလေးနဲ့တောင်သွားတို့စရာ မလိုပါဘူး။ ကျုပ်တို့လူမျိုးအချင်း ချင်း ရှေး က ထက်ပိုပြီးတော့ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး နေထိုင်ကြရမယ်၊ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ဝင်ဆိုင်မှာပဲ ဈေးဝယ်ကြရမယ်၊ ကိုယ့်လူမျိုး ကိုယ့်ဘသာဝင်အချင်းချင်းသာ ထိမ်းမြားလက်ထပ်ကြရမယ်-ဆိုတဲ့ ကိုယ့်လူမျိုးရဲ့ သံမဏိအတွင်းစည်းကမ်းတွေကို ကိုယ့်မိသားစု အချင်းချင်း၊ ကိုယ့်ဆွေမျိုး ညီအစ်ကို မောင်နှမအချင်းချင်း နားလည်သဘောပေါက်အောင် သွန်သင်ညွှန်ပြ ဆိုဆုံးမပေးကြရပါမယ်။ ကိုယ့်သားသမီးလေးများကို ယဉ်ကျေးလိမ္မာဗုဒ္ဓဘာသာသင်တန်းကျောင်းများသို့ မဖြစ်မနေ (အချိန်ပိုင်းလေး ပဲဖြစ်ဖြစ်) ပို့ပေးကြရမှာပါ။ လူတိုင်းလူတိုင်း ဗုဒ္ဓတရားတော်ကို နားလည်အောင် လေ့လာ သင်ကြား မှတ် သား နာယူကြရမှာပါ။

ကျုပ်တို့ မြတ်စွာဘုရားက သူတစ်ပါးကို သတ်ဖြတ်ညှင်းဆဲတာတွေ၊ သူတစ်ပါး သားမယားကို မတရားစော်ကားတာတွေ၊ သူတစ်ပါး ပစ္စည်းလုယက်ဖျက်ဆီး ခိုးယူတာတွေ၊ လိမ်ညာလှည့်ဖြားတာတွေ၊ မူးယစ်ဆေးဝါး သောက်သုံးမှီဝဲတာတွေ၊ ကြမ်းကြမ်းတမ်းတမ်း ဆဲဆို၊ ဂုန်းတိုက်၊ မိုက်မိုက်ရိုင်းရိုင်း ညစ်ညမ်းယုတ်မာတဲ့ အပြောအဆိုတွေ အလုပ်တွေကို အမြဲတမ်း ရှောင်ကြဉ်ကြဖို့ မိန့်တော်မူခဲ့ပါတယ်။

အဲဒီတော့ ဗုဒ္ဓဘာသာပီပီ ဘယ်သူတွေက ဘယ်လောက်ပဲ ယုတ်မာနေနေ ကိုယ်ကတော့ သူတော်ကောင်း တရားလက်ကိုင်ထားပြီး စိတ်ကောင်းမွေးကာ ဘယ်သူတော်တော် မတော်တော် ကိုယ်တိုင် က တော်အောင် ကြိုးစားကြပါ။ ဘယ်သူတွေက ကောင်းကောင်း မကောင်းကောင်း ကိုယ်ကတော့ ကောင်းအောင် ကြိုးစားကြ ရမှာပါ-ဟု မေတ္တာဖြင့် ရေးသားတင်ပြလိုက်ပါတယ်။

အရှင်ဇဝန (ကုန်းဇောင်း)

ဆက်သွားချင်သေးတယ် ဆိုရင်