Pages

Monday, April 8, 2013

တပ်မတော်(ရေ)၏ ဓါး (၄)စင်း၊ ဒိုင်း (၂)ခု နှင့် ချပ်ဝတ်တန်ဆာ (၁)စုံ

မြန်မာ့တပ်မတော် (ရေ) နှင့် ပတ်သက်ပြီး သတင်းကောင်းတွေ ဆက်တိုက်ဆိုသလို ကြားနေ ကြရပါတယ်....။ ဒေသတွင်းနိုင်ငံများနည်းတူ ရေတပ်အင်အားကို တိုးချဲ့လျက်ရှိပြီး ကိုယ်ပျောက် နည်းပညာသုံး စစ်ရေယာဉ်များလည်း ပိုင်ဆိုင်ထားပြီးဖြစ်ပါသည်...။ မကြာတော့သော ကာလတွင် လည်း ရေတပ်၏စစ်ရေယာဉ်အသစ်များ တပ်တော်ဝင် အခမ်းအနားကျင်းပဦး မည်ဖြစ် ပါသည်....။ ရေတပ်အတွက် သတင်းကောင်းတစ်ခုအနေဖြင့် Myanmar Navy စာမျက်နှာ တွင် ဖော်ပြထားသော အချက်လက်များအား ဖော်ပြပေးပါဦးမည်....။ ဖရီးဂိတ်များ၏ အဆင့်မြှင့်တင်ခဲ့မှုများ အား ဖော်ပြပေးပါဦးမည်...။


စစ်ရေယာဉ်- မဟာဗန္ဓုလ (F-21)
 

တပ်မတော်(ရေ)၏ ဓါး (၄)စင်း၊ ဒိုင်း (၂)ခု နှင့် ချပ်ဝတ်တန်ဆာ (၁)စုံ

မကြာမီရက်များအတွင်း မြန်မာ့တပ်မတော်(ရေ)အတွက် မြန်မာ့ရိုးရာ နှစ်သစ်အခါသမယနှင့်အတူ အားသစ်လောင်းရန် FAC စစ်ရေယာဉ် (၄)စီး၊ တင့်ကားတင် ကမ်းထိုးရေယာဉ် (၂)စီး နှင့် Floating Dock (၁)စီး စု စုပေါင်း (၇)စီးအား တပ်တော်ဝင်ပြုလုပ်မည်ဟု ကြားသိရပါသည်။ FAC နှင့် ကမ်းထိုးရေ ယာဉ် များမှာ မြန်မာ့တပ်မတော်(ရေ)မှ ကိုယ်တိုင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။ Floating Dock မှာ ပြည်ပမှ ဝယ် ယူခဲ့ခြင်းဖြစ်ပြီး မြန်မာ့တပ်မတော်(ရေ)အတွက် ပထမဦးဆုံး... Floating Dock အဖြစ် မှတ်တမ်း ဝင်တော့မည်ဟု သိရှိရပါသည်။
 

တပ်မတော် (ရေ)၏ Floating Dock ရေယာဉ်ဖြစ်ပါသည်


 
တပ်မတော်(ရေ)တွင် ပြည်တွင်းထုတ် FAC စစ်ရေယာဉ်များစွာ ပိုင်ဆိုင်ထားပြီး မြန်မာ့ရေပြင်ပိုင် နက်အား နေ့/ညမရွေး ကာကွယ်စောင့်ရှောက်လျက်ရှိခြင်းကြောင့် နိုင်ငံနှင့် တပ်မတော်အတွက် “ အ သွား ထက်သောဓါးများ ” ဟူ၍ လည်းကောင်း ၊ တင့်ကားတင် ကမ်းထိုးရေယာဉ်များသည် ရာသီ ဥတု မရွေး၊အချိန်မရွေး၊နေရာမရွေး စစ်ဖက်/အရပ်ဖက် အထွေထွေ သယ်ယူပို့ဆောင်ရေး တာဝန်များ ကို မြန်မာ့ကမ်းရိုးတန်း တစ်နံတစ်လျားအထိ ထမ်းဆောင်လျက်ရှိခြင်းကြောင့် “ ဒိုင်း ” များအဖြစ် လည်းကောင်း၊ Floating Dock သည် စစ်ရေယာဉ်များ တိုက်ပွဲဝင်အသင့်ဖြစ်ရေးအတွက် Maintenance နှင့် Repair အခန်းကဏ္ဍတွင် ရှေ့တန်းကျကျ အသုံးတော်ခံ ပါဝင်နိုင်တော့မည် ဖြစ်၍ တပ်မတော်(ရေ)၏ ချပ်ဝတ် တန်ဆာ တစ်ခုအဖြစ် လည်းကောင်း တင်စားသမုတ်၍ ဂုဏ်ပြုဖော်ညွှန်းအပ်ပါသည်။

မောင်ဝါဆို
 
Myanmar Navy စာမျက်နှာ..." အထက်ပါဖော်ပြထားသော အချက်လက်များအား လေ့လာကြည့်ရုံနှင့် ပင် မြန်မာ့တပ်မတော် (ရေ) အတွက်အထူးဝမ်းမြောက်ဖွယ်ရာပင် ဖြစ်ကြောင်း သိရပါသည်...။
 

Myanmar Defence Weapons

 
 

ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ( ၁၁၆ ) ( သူရတပ်ခွဲ ) သင်တန်း ဆင်းပွဲ မှတ်တမ်း ဓါတ်ပုံများ

ဧပြီလ (၅) ရက်နေ့၊ ၂၀၁၃ ခုနှစ်၊ ဗထူးတပ်မြို့



နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်


အစ္စရေးနှင့် ပါလက်စတိုင်း အပြန်အလှန်ပစ်ခတ်

ဂါဇာကမ်းမြောင်ဒေသတွင်းမှ ပါလက်စတိုင်း စစ်သွေးကြွများသည် နှစ်ရက်အတွင်း ဒုတိယ အကြိမ်မြောက်အဖြစ် နယ်စပ်ကို ဖြတ်ကျော်၍ အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည်တစ်စင်း ပစ်ခတ်ခဲ့သည်ဟု ဘီဘီစီက ဖော်ပြသည်။ ထို့သို့ မပစ်မီ စောစောပိုင်းတွင် အစ္စရေးစစ်ဘက်က ဂါဇာကမ်းမြောင် ကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ ယမန်နှစ် နိုဝင်ဘာလအတွင်း၌ ဟားမားစ်နှင့် အစ္စရေးတို့အကြား အပစ်အခတ် ရပ်စဲရေး သေဘာတူညီချက် ရရှိခဲ့ပြီးသည့်နောက် ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်း ဖြစ်သည်။ အစ္စရေးတို့ လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် လည်းကောင်း၊ ပါလက်စတိုင်းတို့က ဒုံးကျည်ပစ် ခတ်ခြင်းကြောင့် လည်းကောာင်း ဒဏ်ရာရရှိသူ တစ်ဦးတစ်ယောက်မျှမရှိဟု ဆိုသည်။ အင်္ဂါနေ့တွင် ပါလက် စတိုင်တို့က ဒုံးကျည်တစ်စင်း ပစ်ခတ်ပြီးနောက် အစ္စရေးစစ်လေယာဉ်များက ဂါဇာကို ဗုံးကြဲခဲ့သည်ဟု အစ္စရေးတို့က ပြောသည်။ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် ပါလက်စတိုင်းတို့က ဒုတိယမြောက် ဒုံးကျည်ကို ပစ်ခတ်ခဲ့သည်။

ဘီဘီစီ

အမေရိကန်နှင့် လက်ဦးမှုရယူမည့် နျူကလီးယားစစ်ပွဲ အချိန်မရွေးစတင်လာနိုင်ဟု မြောက်ကိုရီးယားပြော

နှစ်နိုင်ငံအကြား တင်းမာမှုများ ဆက်လက် မြင့်မားလာမှုကြောင့် မြောက်ကိုရီးယားက အမေရိကန်နိုင်ငံကို လက်ဦးမှုရယူမည့် နျူကလီးယားစစ်ပွဲတစ်ခု မည်သည့် အချိန်မဆို စတင် လာနိုင်ကြောင်း မြောက် ကိုရီး ယားက ပြောကြားသည်။ အမေရိကန်နိုင်ငံသည် လတ်တလော အခြေအနေအရ မြောက်ကိုရီးနိုင်ငံအပေါ် အထူးအာရုံစိုက်နေပြီး နျူကလီးယားစစ်ပွဲ ဖြစ်ပွားရန် အလျင်အမြန် ချဉ်းကပ်လာပြီဖြ စ်ကြောင်း မြောက်ကိုရီးယား ပြည်သူ့တပ်မတော် (ကေပီအေ)မှ စစ်ဦးစီးအရာရှိက ဧပြီ ၄ ရက်တွင် ထုတ်ပြန်ချက် တစ်ရပ်၌ ပြောကြားသည်။ ယင်းစစ်ပွဲသည် ဒီနေ့ သို့မဟုတ် မနက်ဖန် ဖြစ် ပွားနိုင်သည်ဟုလည်း ၄င်းက ယင်းထုတ်ပြန်ချက်တွင် ထပ်လောင်း ပြောကြားသွားသည်။ ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ ဂူအမ်ကျွန်းသို့ အဆင့်မြင့် ပဲ့ထိန်းဒုံးကျည်စနစ် ဖြန့်ကြက် ချထားမှုအစီအစဉ်နှင့် ဝါရှင်တန်၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရာတွင် အမေရိကန်ကို နျူကလီးယား တိုက်ခိုက်မှုအ တွက် နောက် ဆုံးအဆင့်အထိ ပြင်ဆင်ထားပြီးဖြစ်ကြောင်း ယင်းနေ့ အစောပိုင်းတွင် မြောက်ကိုရီးယား စစ်တပ်က ပြောကြားသည်။ ဝါရှင်တန်အနေဖြင့် လာမည့် သီတင်းပတ်များတွင် ဂူအမ်ကျွန်းသို့ အဆင့်မြင့် ပဲ့ထိန်းဒုံးကျည် ကာကွယ်ရေးစနစ်ကို ဖြန့်ကြက်သွားမည်ဖြစ်ကြောင်း ပင်တဂွန်က ဧပြီ ၃ ရက်တွင် ပြောကြားထားသည်။ ထိုအတောအတွင်း မြောက်ကိုရီးယားကလည်း ၄င်း၏ အရှေ့ဘက် ကမ်းခြေဒေသသို့ ဒုံးကျည်တစ်ခုကို ရွှေ့ပြောင်းထားခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့သည်။

ပရက်စ်တီဗွီ

မြောက်ကိုရီးယား တာလတ်ပစ်ဒုံးကျည်တစ်စင်း တောင်ကိုရီးယားနှင့် ဂျပန်ကို ချိန်ရွယ်ထား

မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနှင့် ဂျပန်ကို ပစ်မှတ်ထားလျက် ၄င်း၏ တာလတ်ပစ် ဒုံးကျည်တစ်စင်းကို အရှေ့ဘက် ကမ်းရိုးတန်းသို့ ပြောင်းရွှေ့ ချထားပြီးဖြစ်ကြောင်း ပရက်စ်တီဗွီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ပြုံယမ်း၏ လှုပ်ရှားမှုအပေါ် အမေရိကန်နှင့် တောင် ကိုရီး ယား ထောက်လှမ်းရေး အဖွဲ့က စုံစမ်း ထောက်လှမ်းခဲ့ကြောင်း တောင်ကိုရီးယား ယွန်ဟတ် သ တင်းအေဂျင်စီက ဧပြီ ၄ ရက်တွင် ပြောကြားသည်။ ယင်းဒုံးကျည်သည် အကွာအဝေး အတော်အတန်ကို ပစ်ခတ် ရောက်ရှိနိုင်ကြောင်း၊ သို့သော် အမေရိကန်ပြည်မအထိ မရောက်နိုင်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကင်ကွမ်းကျင်းက ပြောကြားသည်။ ယင်းဒုံးကျည်သည် မူဆူဒန်ဟုခေါ်ပြီး ကီလိုမီတာ ၃ဝဝဝ ခန့် ပစ်နိုင်သည်ဟု သတင်းများက ဆိုသည်။ ယင်းဒုံးကျည်ကို မြောက်ကိုရီးယားနိုင်ငံ ထူထောင်သူ ကင်အီဆွန်၏ မွေးနေ့ကျရောက်ချိန် ဧပြီလလယ်တွင် စမ်းသပ် ပစ်ခတ်ဖွယ်ရှိကြောင်း ထောက်လှမ်းရေး သတင်းရပ်ကွက်များက ဆိုသည်။ မြောက်ကိုရီးယား၏ မည်သည့် တိုက်ခိုက်မှုကိုမဆို ချက်ချင်း လက်တုံ့ ပြန်သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံက ပြောကြားသည်။ ထိုစဉ်အတွင်း ပြုံယမ်း၏ ဒုံးကျည်ခြိမ်းခြောက်မှုကို လက်တုံ့ပြန်ရန် လိုအပ်သည်များ ပြင်ဆင်ထားကြောင်း အိမ်ဖြူတော် ပြောရေး ဆိုခွင့်ရှိသူ ဂျေးကာနေးက ဆိုသည်။

ပရက်စ်တီဗွီ

ပြည်သူအထောက်အကူပြု သတင်းများကို သတင်းစာများ၌ ဖော်ပြမှုကြောင့် ဈေးကွက်တွင် လူကြိုက်များ


မြန်မာနိုင်ငံ၌ ယခင်က သတင်းထုတ်ပြန်ရာတွင် ပွင့်လင်းမြင်သာမှု မရှိသဖြင့် ပြည်တွင်းပြည်ပ သတင်း ဖွယ်ဖွယ်ရာရာများကို ပြည်ပသတင်းဌာနများမှ ထုတ်ပြန်သော သတင်းများကိုသာ အာရုံစူးစိုက်နေ ရသော ကြောင့် အားမလိုအားမရ ဖြစ်နေသော ပြည်သူအချို့မှာ ယခုအခါ နိုင်ငံပိုင် သတင်းစာများနှင့်အတူ ဧပြီလဆန်း၌ ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေဖြန့်ချိမည့်သတင်း ကြားသိရသဖြင့် ပြည်ပသတင်း ဌာနများကို အလေးထား နားထောင်စရာ မလိုတော့ကြောင်း သတင်းကြိုက်သူ ပြည်သူတစ်ဦး ၏ ပြောပြချက်အရ သိရသည်။

''အရင်တုန်းက ပြည်တွင်းမှာ သတင်းပွင့်လင်းမှု မရှိတော့ ပြည်ပက ထုတ်လွှင့်တဲ့ BBC, VOA, RFA တို့ကို နားထောင်တဲ့ သူတွေများတယ်။ အခုတော့ နိုင်ငံပိုင် သတင်းစာတွေက အရင်နဲ့ မတူတော့ဘူး။ သတင်း ပွင့်လင်းမှုတွေ ရှိလာပြီ။ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒတွေကို အလေးထား ဖော်ပြနေကြပြီ။ ပြည်သူတွေ နား၊ မျက်စိ ပွင့်ကုန်ကြပါပြီ'' ဟု သတင်းကြိုက်သူ ပြည်သူတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီး ဖ.ဆ.ပ.လ ခေတ်နောက်ပိုင်း ဝါဒရေးရာ စည်းရုံးရေး သတင်းများကို တစိုက်မတ်မတ် ဖော်ပြခဲ့ကြသည်။

ယခုအခါ သတင်းများအစား ပြည်သူအထောက်အကူပြု သတင်းများကို သတင်းစာများက ဖော်ပြ လာကြသဖြင့် ဈေးကွက်တွင် လူကြိုက်များလာကြောင်း အရောင်းကိုယ်စားလှယ်တစ်ဦးထံမှ ကြားသိရသည်။ အစ ကနဦးက ဧပြီလဆန်းတွင် နိုင်ငံပိုင် သတင်းစာများနှင့်အပြိုင် ပုဂ္ဂလိကသတင်းစာ ၁၆ မျိုး ထုတ်ဝေဖြန့်ချိမည်ဟု ဆိုသော်လည်း စံတော်ချိန်၊ The Voice၊ ရွှေနိုင်ငံ သစ်၊ ပြည်ထောင် စုနေ့စဉ်သတင်းစာ လေးမျိုးသာ ထုတ်ဝေဖြန့်ချိမှု ကို မြင်တွေ့ရ သည်။ ဈေးကွက် တွင် ကြေး မုံ၊ မြန်မာ့အလင်း၊ မြို့တော်၊ မြဝတီ၊ The New Light of Myanmar သတင်းစာတို့ကို တစ်စောင်လျှင် ကျပ် ၁ဝဝ နှုန်း၊ စံတော်ချိန်၊ The Voice၊ ရွှေနိုင်ငံသစ်၊ ပြည်ထောင်စု နေ့စဉ်သတင်းစာတို့မှာ တစ်စောင်လျှင် ကျပ် ၂ဝဝ နှုန်းဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် ဧပြီလ ၆ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

သင်္ကြန်အထူးရထားများ အစုန်/အဆန် ပြေးဆွဲမည့် အစီအစဉ် အသိပေးကြေညာ

မြန်မာ့မီးရထားမှ သင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး အတွက် နေပြည်တော်-ရန်ကုန် လမ်းပိုင်းနှင့် ရန်ကုန်-မန္တလေး လမ်းပိုင်းတို့တွင် သင်္ကြန်အ ထူးရထားများ ပြေးဆွဲပေးမည်ဖြစ်ရာ နေပြည်တော်-ရန်ကုန် အမှတ်(၃၂)အစုန်၊ အမှတ်(၈)အစုန် အမြန်ရထားနှစ်စင်းအပြင် အထူးရထား နှစ်စင်းကို ဧပြီ ၁၁ ရက်တွင် နေပြည်တော်-ရန်ကုန် ခရီးစဉ်အဖြစ် တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်ပြီး အစုန်အထူးရထား(၁)သည် နေပြည်တော်မှ ည ၇ နာရီခွဲတွင် ထွက်ခွာ၍ ရန်ကုန်သို့ နောက်တစ်နေ့ နံနက် ၅ နာရီတွင် ရောက်ရှိမည်ဖြစ်ကာ အစုန်အထူးရထား(၂) သည် နေပြ ည်ေ တာ် မှ ည ၈ နာရီခွဲတွင် ထွက်ခွာ၍ ရန်ကုန်သို့ နောက်တစ်နေ့ နံနက် ၆ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။

သင်္ကြန်အကြိုကာလအတွက် ဧပြီ ၁၂ နှင့် ၁၃ ရက်တို့တွင် အထူးရထား တစ်စင်းစီကို ရန်ကုန်ဘူတာမှ မန္တလေးဘူတာသို့ ပြေးဆွဲမည်ဖြစ်သည်။ သင်္ကြန်အလွန် ကာလအတွက် ဧပြီ ၁၇ ရက်တွင် သင်္ကြန်အထူးရထား(၁)စင်းသည် မန္တလေးဘူတာမှ ရန်ကုန်ဘူတာသို့ လည်းကောင်း၊ ဧပြီ ၁၈ ရက်နှင့် ၁၉ ရက်များတွင် အထူးရထားနှစ်စင်းသည် ရန်ကုန် ဘူတာနှင့် မန္တလေးဘူတာမှ လည်းကောင်း၊ ဧပြီ ၂ဝ ရက်တွင် အထူးရထားတစ်စင်းသည် မန္တလေးဘူတာမှ ရန်ကုန်ဘူတာသို့ လည်းကောင်း ပြေးဆွဲသွား မည် ဖြစ်သည်။ ရန်ကုန်-မန္တလေးအဆန် အထူးရထားသည် ရန်ကုန်ဘူတာမှ ညနေ ၄ နာရီတွင် စတင်ထွက်ခွာ၍ မန္တလေးဘူတာသို့ နောက်တစ်နေ့ နံနက် ၈ နာရီ မိနစ် ၄ဝ တွင် ဆိုက်ရောက်မည်ဖြစ်ပြီး မန္တလေး-ရန်ကုန် အစုန်အထူးရထားသည် မန္တလေးဘူတာမှ ညနေ ၄ နာရီတွင် စတင်ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ နောက်တစ်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ဆိုက်ရောက်မည် ဖြစ်သည်။

ရန်ကုန်မှ နေပြည်တော် ခရီးစဉ်အပြင် လက်ရှိ အမှတ်(၃၁)အဆန်၊ အမှတ်(၇)အဆန် အမြန်ရထား နှစ်စင်း အဖြစ် နောက်ထပ် အထူးရထား နှစ်စင်းကို ဧပြီ ၂၁ ရက်တွင် ပြေးဆွဲပေးမည်ဖြစ်ရာ အဆန် အထူးရထား(၁) သည် ရန်ကုန်မှ ည ၇ နာရီတွင် ထွက်ခွာ၍ နေပြည်တော်သို့ နောက်တစ်နေ့ နံနက် ၄ နာရီခွဲတွင် လည်းကောင်း၊ အဆန်အထူးရထား(၂)သည် ရန်ကုန်မှ ည ၈ နာရီတွင် ထွက်ခွာ၍ နေပြည်ေ တာ် သို့ နောက်တစ်နေ့ နံနက် ၅ နာရီခွဲတွင် လည်းကောင်း ရောက်ရှိမည်ဖြစ်သည်။ အထက်ပါ နေပြည်တော်-ရန်ကုန် အထူး(အစုန်/အဆန်) ရထားများကို ပျဉ်းမနား၊ တောင်ငူ၊ ပဲခူးနှင့် တိုးကြောင်ကလေး ဘူတာများ တွင် ရပ်တန့်သွားမည် ဖြစ်ပြီး ရန်ကုန်-မန္တလေး အထူး(အစုန်/အဆန်) ရထားများကို တိုးကြောင်ကလေး၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်နှင့် သာစည်ဘူတာများတွင် ရပ်တန့်သွားမည်ဖြစ်သည်။ သင်္ကြန်ကာလ အတွင်း ဧပြီ ၁၄ ရက်မှ ၁၆ ရက်အထိ အဆိုပါ အထူးရထား ပြေးဆွဲခြင်းကို ရပ်နား ထားမည်ဖြစ်ရာ ခရီးသွားပြည်သူများ အချိန်မီသိရှိစေရန် မြန်မာ့မီးရထားမှ ကြိုတင်အသိေ ပး ကြေ ညာထားကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် ဧပြီလ ၆ ရက်နေ့ထုတ် ကြေးမုံ သတင်းစာ တွင် ဖော်ပြထားပါသည်။

အင်ဒိုနီးရှားတွင် မြန်မာရှစ်ဦး အသတ်ခံရမှု ဖြေရှင်းရန် မြန်မာအစိုးရ တောင်းဆို

အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းဆွယ်ရှိ ရွှေ့ပြောင်းနိုင်ငံခြားသားများ ထိန်းသိမ်းရေးစခန်း၌ မြန်မာနိုင်ငံမှ ခိုးဝင်လာသည်ဆိုသူ အချင်းချင်းသတ်ဖြတ်မှုကြောင့် လူရှစ်ဦး သေဆုံးမှု ကို ဖြေရှင်း ချက်ပေးရန် မြန်မာအစိုးရက အင်ဒိုနီးရှားအစိုးရကို တောင်းဆိုသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။ ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ယင်းဖြစ် စဉ် အမှန်ကို မှန်မှန်ကန်ကန် တရားမျှတစွာ စုံစမ်းဖော်ထုတ်ပေးရန်၊ အပြစ်ရှိသူ များ၊ ပြစ် မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူပေးရန်၊ မြန်မာနိုင်ငံသားများ၏ လုံခြုံရေး ကို အလေးထား ဆောင်ရွက်ပေးရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဧပြီလ ၅ ရက်နေ့ တွင် တောင်းဆိုသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းဆွယ် မယ်ဒန်မြို့နယ် ဘယ်လဝန်ဆိပ်ကမ်းတွင် ဖမ်းဆီးထိန်းသိမ်း ထားသော မြန်မာနိုင်ငံမှ ခိုးဝင်သူအချင်းချင်း ဧပြီလ ၄ ရက်နေ့ အင်ဒိုနီးရှား စံတော်ချိန်ည ၁၂ နာရီခွဲခန့်က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုကြောင့် ရှစ်ဦးသေဆုံးခဲ့ပြီး ၁၅ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း အင်ဒိုနီးရှား သတင်းများတွင် ဖော်ပြသည်။ ဓား သို့မဟုတ် သေကျေစေသော ကိရိယာများ ထိန်းသိမ်းရေး စခန်းအတွင်း ရောက်ရှိနေသည့် အကြောင်းအရင်းနှင့် ယင်းစခန်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ စောင့်ကြပ်ထိန်းသိမ်းမှု အခြေအနေများကို စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။ ယင်းပဋိပက္ခများသည် ၂ နာရီကြာ ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်သူများတွင် သစ်သားနှင့် သံချောင်းများကို အသုံးပြုထားကြောင်း နိုင်ငံခြားသားများ ထိန်းသိမ်းထားရာ စင်တာမှ အမှုဆောင်အရာရှိက ပြောကြားချက်ကို ဂျာကာတာဂလို့ဘ် သတင်းဌာနတွင် ဖော်ပြထားသည်။

ရွှေ့ပြောင်းနိုင်ငံခြားသားများ ထိန်းသိမ်းရေးဌာနတွင် မြန်မာနိုင်ငံမှ ခိုးဝင်သူအကြား ကွဲပြားခြားနားသော ယုံကြည်မှု ကိုယ်စီဖြင့် နေထိုင်သော အဖွဲ့နှစ်ဖွဲ့ ကွဲပြားနေပြီး အကြမ်းဖက်မှုမှာ ယင်းအဖွဲ့ အစည်း နှစ်ခုကြား ဖြစ်ပွားခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား သတင်းများအရ သိရှိရသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဘယ်လဝန်ဆိပ်ကမ်းရှိ ရဲတပ်ဖွဲ့က မြန်မာနိုင်ငံမှ ခိုးဝင်လာသည် ဆိုသူ ၂၁ ဦးကို ဖမ်းဆီး ထားကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၈ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဧပြီ ၂၄ ရက် စရောင်းမည့် CDMA 800 MHz ကို 0931 နဲ့စပြီး စုစုပေါင်း နံပါတ် ၁၀ လုံး ပါဝင်မည်

သည်လ ၂၄ ရက်မှစပြီး CDMA- 800 MHz ဖုန်းနဲ့ WCDMA ဆင်းကတ်တွေကို ငွေကျပ်တစ်ထောင့် ငါးရာနဲ့ ရောင်းချပေးမယ်လို့ ယနေ့ည မြန်မာ့ရုပ်သံမှာ စာတန်းထိုး ကြေညာပါ တယ်။ မြန် မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက “CDMA- 800 MHz နဲ့ WCDMA ဆင်းကတ်တွေကို ငွေကျပ်တစ်ထောင့်ငါးရာနဲ့ သည်လ ၂၄ ရက်နေ့ကစပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်နဲ့ ရောင်းချပေးမှာ ဖြစ်တယ်၊ ရောင်းချပေးမယ့် နံပါတ်တွေကတော့ 800 MHz ကို 0931 နဲ့စပြီး စုစုပေါင်း နံပါတ် ၁၀ လုံး ပါဝင်မှာ ဖြစ်ပါတယ်။

တယ်လီဖုန်း လျှောက်ထားဖို့ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းနဲ့အတူ လစဉ် အလုံးရေ သုံးသိန်းခွဲ ရောင်းချပေးမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ အင်တာနက်ကိုတော့ သီးသန့် လျှောက်ထားဖို့ လိုတယ်လို့ သိရပါတယ်။ ကိုယ်စားလှယ် ကုမ္ပဏီတွေနဲ့ မိုဘိုင်းအရောင်းဆိုင်တွေကိုတော့ ရောင်းချခွင့် မပြုသေးပါဘူး။ တစ်နိုင်ငံလုံးကို အလုံးရေခွဲတမ်းနဲ့ ရောင်းချပေးမှာလို့ ဆိုပါတယ်။ ခေါ် ဆို ခနှုန်းထား ပြောင်းလဲခြင်း မရှိဘူးလို့ သိရပါတယ်။ စတင်ရောင်းချတဲ့ ရက်ကစပြီး လစဉ်အလုံးရေ သုံးသိန်း ခွဲ ရောင်းချပေးသွားမှာဖြစ်ပြီး အော်ပရေတာတွေနဲ့ အကျိုးတူ ပူးပေါင်းတည်ဆောက်မယ့် တာဝါတိုင် တိုးချဲ့စီမံကိန်းတွေ ပြီးသွားခဲ့ရင်တော့ ဖုန်းတွေကို အကန့်အသတ်မရှိ ရောင်းချပေးမယ်လို့ ရုပ်မြင် သံကြား ပြည်တွင်းသတင်းမှာ ကြေညာပါတယ်။ ဘယ်နေရာ၊ ဘယ်ဌာနတွေမှာ ရောင်းချမယ် ဆိုတာကိုတော့ မတွေ့ရပါဘူးဟု ၂၀၁၃ ခုနှစ် ဧပြီလ ၅ ရက်နေ့ထုတ် မော်ဒန် ဂျာနယ် တွင် ဖော်ပြထားပါသည်။

Thursday, April 4, 2013

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်း၊ ဟိုပုံးမြို့၊ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံသို့ သွားရောက် စစ်ဆေး





ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်း၊ ဟိုပုံးမြို့၊ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံသို့ သွားရောက် စစ်ဆေး

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် နှင့် တပ်မတော် အရာရှိကြီးများ လိုက်ပါလျက် ဧပြီ ၃ တွင် နေပြည်တော်မှ ထွက်ခွာ လာခဲ့ရာ တောင်ကြီးမြို့သို့ နံနက်ပိုင်းတွင် ရောက်ရှိကြပြီး  အရှေ့ပိုင်းတိုင်း စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်နှင့် တာဝန် ရှိသူများမှ ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တောင်ကြီးမြို့မှ မော်တော်ယာဉ် များဖြင့် ဆက်လက် ထွက်ခွာပြီး ဟိုပုံးမြို့ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံသို့ သွားရောက် စစ်ဆေးရာ ရှင်းလင်းဆောင် ခန်းမ၌ ကျောင်းအုပ်ကြီးမှ သင်ကြား လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် တပ် တည်ဆောက်ရေး လုပ်ငန်းကြီး (၄) ရပ် ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း တင်ပြပြီး ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တင်ပြချက်များ အပေါ် လိုအပ်သည် များကို အသေးစိတ် ပေါင်းစပ်ညှိနှိုင်း ဖြည့် ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် သင်တန်းသား စားရိပ်သာ (၂)၌ သင်တန်းသား များနှင့် အတူ တကွ နေ့လယ်စာ စားသုံးကြသည်။

ထို့နောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် စားချက်ဆောင်အတွင်း ချက်ပြုတ်နေမှု အခြေအနေများ၊ ရိက္ခာအမယ်စုံ ထားရှိမှု အခြေအနေများ လှည့်လည်ကြည့်ရှု စစ်ဆေး ကြသည်။

၎င်းနောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံရှိ ဆံသဆိုင်၊ အင်တာနက် café ဆိုင်နှင့် ရာသီ သီးနှံ စိုက်ခင်းတို့အား ကြည့်ရှု စစ်ဆေးပြီး အိမ်ထောင်သည် လိုင်းခန်းအတွင်း မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် သင်တန်းသား စားရိပ်သာ (၁)၌  တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံမှ အရာရှိ၊ စစ်သည် မိသားစုများနှင့် သင်တန်းသား များကို တွေ့ဆုံ အမှာစကား ပြောကြားသည်။

ရှေးဦးစွာ အဖွဲ့ဝင်အဖြစ် လိုက်ပါလာ ကြသော အရာရှိကြီး များမှ တပ်စစ်ဆေး ရေးဆိုင်ရာ ကိစ္စရပ်များ၊ စစ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စစ်ထောက်ဆိုင်ရာ ကိစ္စရပ် များနှင့် စစ်ဦးစီး ဆိုင်ရာ ကိစ္စရပ် များကို အသီးသီး ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒီမိုကရေစီ ပန်းတိုင်သို့ ချီတက်ချိန် တပ်မတော်၏ လုပ်ငန်း တာဝန်များ၊ တပ်ရင်း/ တပ်ဖွဲ့အလိုက် တပ်တွင်း/ တပ်ပြင် စည်းရုံးရေး လုပ်ငန်းများ၊ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၄)ရပ် ဆိုင်ရာများအား အသေးစိတ် ရှင်းလင်း မှာကြားခဲ့သည်။

တွေ့ဆုံပွဲ အပြီးတွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များက ဟိုပုံးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များအတွက် စားသောက် ဖွယ်ရာများ ပေးအပ်ပြီး အခမ်းအနားသို့ တက်ရောက် လာကြသူများကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

ထို့နောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံရှိ သုတေသနနှင့် နည်းပညာ ပြခန်း၊ စာပေ ဌာနနှင့် လက်တွေ့သင်ကြားရေး ဆိုင်ရာ အလုပ်ရုံတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိ သူများ၏ တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းေ ဆာင် ရွက် ပေး ခဲ့ကြောင်း သတင်း ရရှိသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အင်ဒိုနီးရှားသမ္မတနိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီး H.E.Mr. Hatta Rajasa ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ




ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဧပြီ ၂ နံနက် (၁၁) နာရီတွင် အင်ဒိုနီးရှားသမ္မတနိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီး H.E. Mr. Hatta Rajasa ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ ဦးဝင်းမြင့်၊ ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော် အင်ဒိုနီးရှားသမ္မတနိုင်င စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသမ္မတနိုင်ငံ သံအမတ်ကြီး H. E. Mr. Sebastianus Sumarsono လည်း တက်ရောက်သည်။

ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေး ပိုမိုတိုးတက်ရေး၊ လယ်ယာကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ သတ္တု တူးဖော်ရေးကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍ၊ ရာဘာ၊ ဆီအုန်း၊ သားငါးနှင့် သီးနှံစုံ ထုတ်လုပ်မှုကဏ္ဍများ အပါအဝင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာစေရေးနှင့် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ နှစ်ဆတိုးမြှင့်ရေးတို့နှင့် စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော် သမ္မတ ရုံး

ကမ္ဘာလှည့် ခရီးသည်များ ပြည်တွင်းသို့ ဝင်ရောက် ရာတွင် ပြည်ဝင် ဗီဇာများ ရယူနိုင်ရန် ကောင်းမွန် ပြည့်စုံသော ပြည်ဝင် စနစ် မူဝါဒ ချမှတ် နိုင်ရေး ဆွေးနွေး

 
 
နိုင်ငံတော်တွင် ပြည်သူ ဗဟိုပြု လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက် များကို ရုပ်လုံး ဖော်လျက်ရှိရာ စီးပွားရေး လုပ်ငန်းများအတွက် တန်းတူ ယှဉ်ပြိုင်ခွင့်နှင့် ရင်းနှီး မြှုပ်နှံမှု အတွက် အခြေခံကောင်းများ ဖန်တီးပေးပြီး နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ချိတ်ဆက်ကာ ဈေးကွက် စီးပွားရေး စနစ် ပုံပေါ်အောင် ကြိုးပမ်း ဆောင်ရွက်နေချိန် ဖြစ်ကြောင်း၊ ရင်းနှီး မြှုပ်နှံမှုနှင့် နည်းပညာများ စီးဝင်ရေးအတွက် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေနှင့် အထူးစီးပွား ရေးဇုန် ဥပဒေများ ပြဋ္ဌာန်းကာ ရင်းနှီးမြှုပ်နှံ မှုများအား ဖိတ်ခေါ် လျက်ရှိရာ နိုင်ငံအတွင်း ဝင်ရောက် ရင်းနှီး မြှုပ်နှံလိုသူများ အများအပြား ရှိလာပြီ ဖြစ်ကြောင်း၊ မကြာမီ ကာလအတွင်း  အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကြီးအား အိမ်ရှင် နိုင်ငံအဖြစ် လက်ခံ ကျင်းပရန်ရှိခြင်း၊ ၂ဝ၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ရန်ရှိခြင်း တို့ကြောင့်လည်း နိုင်ငံတကာ မှ နိုင်ငံခြားသားများ ဝင်ထွက် သွားလာမှု ပိုမိုများပြား လာမှာ ဖြစ်ကြောင်း၊ ထိုသို့ အကြောင်း အမျိုးမျိုးဖြင့် နိုင်ငံအ တွင်း ဝင်ရောက် လာကြသူများ အတွက် ပြည်ဝင်ဗီဇာ လွယ်ကူ ချောမွေ့စွာ ထုတ်ပေး နိုင်ရေးသည် အရေးပါသော လုပ် ငန်း တစ်ရပ် ဖြစ်ကြောင်းဖြင့် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၌ ကျင်းပသည့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၏ ပြည်ဝင် ဗီဇာစနစ် မူဝါဒ (Visa Policy in Myanmar) ကျင့်သုံး အကောင် အထည် ဖော်ဆောင်ရေး ဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းက အမှာစကား ပြောကြားသည်။
 
ဆက်လက်၍ လက်ရှိ စနစ်အရ မြန်မာနိုင်ငံ အတွင်း ဝင်ရောက်လိုသူ များအား ကမ္ဘာလှည့် ဗီဇာ၊ လုပ်ငန်းဗီဇာ၊ ပြည်ဝင်ဗီဇာ၊ ဖြတ်သန်းဗီဇာ၊ သံတမန် ဗီဇာ၊ အကြိမ်ကြိမ် ပြည်ဝင်ခွင့် ဗီဇာ ဟူ၍ ဗီဇာ ခြောက်မျိုးဖြင့် အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ အပြည်ပြည် ဆိုင်ရာ ရေဆိပ်နှင့် နယ်စပ် ဝင်ပေါက်များမှ ဝင်/ ထွက်ခွင့် ပြုလျက်ရှိကြောင်း၊  အပြည်ပြည် ဆိုင်ရာ လေဆိပ်များမှ ဝင်ရောက်/ ထွက်ခွာရာတွင် ပိုမိုလျင်မြန် စေရန်အတွက် အပြည်ပြည်ဆိုင်ရာ လေဆိပ် များတွင် စစ်ဆေးရေး ကောင်တာများ တိုးချဲ့ခြင်း၊ နိုင်ငံ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကို အထောက်အကူပြု နိုင်ရေးအတွက် ကနဦး အဆင့်အဖြစ် လုပ်ငန်းဗီဇာ၊ ဖြတ်သန်းဗီဇာ၊ ပြည်ဝင် ဗီဇာသုံးမျိုးအား ၁- ၆- ၂ဝ၁၂ ရက်မှစ၍ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် လည်းကောင်း၊ ၁- ၁၁- ၂ဝ၁၂ ရက်မှစ၍ မန္တလေး အပြည် ပြည်ဆိုင်ရာ လေဆိပ်တွင် လည်း ကောင်း၊ နိုင်ငံ ၂၇ နိုင်ငံအား ဆိုက်ရောက် ဗီဇာ (Visa On Arrival) စနစ်သစ်ဖြင့် ဝင်ခွင့် ပြုခဲ့ ပြီး ၁- ၂- ၂ဝ၁၃ ရက်မှစ၍ နောက်ထပ် ၂၂ နိုင်ငံကို လည်းကောင်း၊ ၁၈- ၃- ၂ဝ၁၃ ရက်တွင် နီပေါလ် နိုင်ငံကိုလည်းကောင်း ထပ်မံ ခွင့်ပြုခဲ့ရာ ယခုအခါ နိုင်ငံပေါင်း ၅ဝကို ဆိုက်ရောက် ဗီဇာ (Visa On Arrival) စနစ်သစ်ဖြင့် ခွင့်ပြုပေးပြီး ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း မြန်မာနိုင်ငံ အတွင်းသို့ လုပ်ငန်းဗီဇာ၊ လူမှုရေး ဗီဇာများဖြင့် ဝင်ရောက်၍ ကာလ ကြာရှည်စွာ အခြေချ နေထိုင်နေသော နိုင်ငံခြားသား များအား ဗီဇာ စည်းကမ်းများနှင့် ညီညွတ်မှု ရှိ/ မရှိ စိစစ်နိုင်ရေး အတွက် စနစ်ကျသော နိုင်ငံခြားသား ထိန်းသိမ်းရေး လုပ်ငန်းစဉ် များကိုလည်း အားဖြည့် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ လက်ရှိ ရရှိထားသော တည်ငြိမ် အေးချမ်းမှုနှင့် တရား ဥပဒေ စိုးမိုးရေး အခြေအနေများ အရ နယ်စပ် ဒေသများတွင် ပါဝင်/ ထွက်သွားလာမှု လုံခြုံချော မွေ့လာပြီဖြစ်ပြီး နိုင်ငံ၏ ပြည်ဝင်ခွင့် စနစ်ကိုလည်း တိုးချဲ့ပြုပြင် ပြောင်းလဲရန် လိုအပ် လာပြီ ဖြစ်ကြောင်း၊ နိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် အမျိုးသား ယဉ်ကျေးမှု ဓလေ့ စရိုက်များ ရေရှည်တည်တံ့ ခိုင်မြဲစေရန် အတွက် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရန် စည်းကမ်းပျက်၊ နိုင်ငံခြား သားများ ဝင်/ထွက် သွားလာမှုများကို စနစ်တကျ  ထိန်းသိမ်း ကြပ်မတ်ပေးရန် လိုအပ် သကဲ့သို့ တစ်ဖက်မှလည်း ဖွံ့ဖြိုး တိုးတက်ရေးကို အားယူ ဆောင်ရွက် နေသည့် နိုင်ငံတစ်နိုင်ငံ အနေဖြင့် ရင်းနှီးမြှုပ်နှံ လိုသူများ၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူ ပြုနိုင်သည့် ကျွမ်းကျင် ပညာရှင်များ၊ တိုင်းပြည်ဝင်ငွေ တိုးတက် လာစေမည့် ကမ္ဘာလှည့် ခရီးသည်များ ပြည်တွင်းသို့ ဝင်ရောက်ရာတွင် စနစ်ကျ သော ပြည်ဝင် ဗီဇာများ လွယ်ကူ ချောမွေ့စွာ ရယူနိုင်ရေး ကိုလည်း ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ အစည်းအဝေး တက်ရောက် ကြသူများမှ နိုင်ငံတော် အကျိုးစီးပွားကို ရှေးရှု၍ အမျိုးသားရေး ရှုထောင့်၊ စီးပွားရေး ရှုထောင့်၊ နိုင်ငံတကာ ရှုထောင့်စသည့် ရှုထောင့် အမျိုးမျိုးမှ လေ့လာ သုံးသပ်ပြီး ကောင်းမွန် ပြည့်စုံသော ပြည်ဝင် စနစ်မူဝါဒ ချမှတ်နိုင်ရေး အတွက် ဝိုင်းဝန်းအကြံ ပြု ဆွေးနွေး သွားကြရန် တိုက်တွန်း ပြောကြားသည်။
 
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြည်ဝင်စနစ် မူဝါဒကျင့်သုံး အကောင်အထည် ဖော်ရေး ဆိုင်ရာ စီမံ ဆောင်ရွက် ထားရှိမှုများကို  အကျယ်တဝင့် ရှင်းလင်း တင်ပြသည်။
 
ဆက်လက်၍ အစည်းအဝေး သို့ တက်ရောက် လာကြသည့် ပြည်ထောင်စုဝန် ကြီးများ၊ ဒုတိယ ဝန်ကြီးများ နှင့် တိုင်းဒေသကြီး နှင့်ပြည်နယ် အစိုးရ အဖွဲ့များက သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြု ထပ်မံဖြည့်စွက် တင်ပြကြသည်။ ယင်းနောက် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းက တင်ပြချက်များ အပေါ် သုံးသပ်ညှိနှိုင်း ပေါင်းစပ်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။
အဆိုပါ ညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်း နှင့် ဦးခင်ရီ၊ ဒုတိယ ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည် နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ တက်ရောက်ကြသည်။
 
MWD

မိတ္ထီလာ ပဋိပက္ခတွင် သံဃာတော်တစ်ပါးအား မီးရှို့သေဆုံးစေမှုကို ကျူးလွန်ခဲ့သူ လေးဦးနှင့် ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည့် နယူးဝိန့်စိန် ရွှေဆိုင်မှ ဆိုင်ရှင်အပါအ၀င် သုံးဦးကို ရက်ပိုင်းအတွင်း စွဲချက်တင်မည်ဟု တိုင်းဒေသကြီး ဥပဒေချုပ် ပြောကြား

မိတ္ထီလာမြို့ ပဋိက္ခဖြစ်စဉ်တွင် သံဃာတော်တစ်ပါးအား မီးရှို့သေ ဆုံးစေမှုကို ကျူးလွန်ခဲ့သူ လေးဦးနှင့် ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည့် နယူးဝိန့်စိန်ရွှေဆိုင်မှ ဆိုင်ရှင်အပါအ၀င် သုံးဦးကို ယခုရက်ပိုင်း အတွင်း တရားရုံးတွင် စွဲချက်တင်သွားမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ တိုင်းဒေသကြီး ဥပဒေချုပ်ဖြစ်သူ ဦးရဲအောင်မြင့်က ဧပြီ ၃ ရက်နေ့ ညနေပိုင်းက Eleven Media Group သို့ ပြောကြား ခဲ့သည်။

မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် မိတ္ထီလာမြို့ ဈေးအရှေ့ပြင်ရပ်ရှိ နယူးဝိန့်စိန် ရွှေဆိုင်တွင် ရွှေရောင်း ၀ယ်ရာမှ သာမန်ခိုက်ရန် ဖြစ်ပွားကာ ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ရွှေဆိုင်ဖြစ်စဉ်နဲ့ သံဃာတော်ကို သတ်တဲ့ဖြစ်စဉ်တွေကို အမြန်ဆုံးဆောင်ရွက်ဖို့အတွက် ဒီနှစ်မှုကို ဒီတစ်ရက်နှစ်ရက်အတွင်းမှာ စွဲချက်တင်သွားမယ်။ အမြန်ဆုံး စစ်ဆေးမယ်။ အမိန့်ချမယ်။ ပြီးရင် ထုတ်ပြန်ပေးသွားမယ်။ ကျူးလွန်တဲ့ လူတွေကိုတော့ ပြစ်မှုဆိုင်ရာ ဥပဒေတွေအတိုင်း ထိထိရောက်ရောက် ပြစ်ဒဏ်တွေ ချမှတ်သွားမယ်။ နာကျင်စေမှုဆိုရင် အမြင့်ဆုံး ပြစ်ဒဏ်ခုနှစ်နှစ် ချလို့ရတယ်။ ပုဒ်မ ၃၀၂ ဆိုရင် အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ထိ ချလို့ရတယ်။ ပြစ်မှုကျူးလွန်တဲ့ ပုဒ်မတွေ အတိုင်းပဲ ထိထိရောက်ရောက် ပြစ်ဒဏ်တွေ ချမှတ်သွားပါမယ် . . .

ရွှေဆိုင်၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ နှစ်ဦးနှင့် ဆိုင်ဝန်ထမ်း တစ်ဦး အား ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၈၂၊ ၂၉၄၊ ၃၂၅ တို့ဖြင့် လည်းကောင်း၊ သံဃာတော်တစ်ပါးအား မီးရှို့သေဆုံးစေမှု ကျူးလွန်ခဲ့သူလေးဦးအား ပုဒ်မ ၃၀၂၊ ၁၁၄၊ ၃၂၆၊ ၄၃၆ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ တိုင်းဒေသကြီး ဥပဒေချုပ်ဖြစ်သူ ဦးရဲအောင်မြင့်က "ဒီမိတ္ထီလာ ပဋိပက္ခဖြစ်စဉ်မှာ ပါဝင်ကျူးလွန်ခဲ့တဲ့လူတွေ အများကြီးရှိတယ်။ အဲ့ဒီထဲ ကမှ ရွှေဆိုင်ဖြစ်စဉ်နဲ့ သံဃာတော်ကို သတ်တဲ့ဖြစ်စဉ်တွေကို အမြန်ဆုံးဆောင်ရွက်ဖို့အတွက် ဒီနှစ်မှုကို ဒီတစ်ရက်နှစ်ရက်အတွင်းမှာ စွဲချက်တင်သွားမယ်။ အမြန်ဆုံးစစ်ဆေးမယ်။ အမိန့်ချမယ်။ ပြီးရင် ထုတ်ပြန်ပေးသွားမယ်။ ကျူးလွန်တဲ့ လူတွေကိုတော့ ပြစ်မှုဆိုင်ရာ ဥပဒေတွေအတိုင်း ထိထိရောက်ရောက် ပြစ်ဒဏ်တွေ ချမှတ်သွားမယ်။ နာကျင်စေမှုဆိုရင် အမြင့်ဆုံး ပြစ်ဒဏ်ခုနှစ်နှစ် ချလို့ရတယ်။ ပုဒ်မ ၃၀၂ ဆိုရင် အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ထိချလို့ရတယ်။ ပြစ်မှုကျူးလွန်တဲ့ ပုဒ်မတွေ အတိုင်းပဲ ထိထိရောက်ရောက် ပြစ်ဒဏ်တွေ ချမှတ်သွားပါမယ်" ဟု ပြောကြားခဲ့သည်။

ကျန်ရှိနေသည့် ကျူးလွန်သူများကို ဆက်လက်စစ်ဆေးပြီး အမှုအား ခိုင်မာစွာ တည်ဆောက်ကာ စွဲချက် တင်ပြီး အရေးယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

မတ်လ ၂၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်ကြောင့်သေဆုံးသူ ၄၃ ဦး (ဧပြီလ ၃ ရက်နေ့အထိ သိရှိရသော စာရင်းအရ) ထိ ရှိသွားပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဖြစ်သူ ဗိုလ်မှူးကြီး အောင်ကျော်မိုးထံမှ သိရသည်။

ယခုလက်ရှိတွင် ပဋိပက္ခ ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့တွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင် ရွက်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။

Eleven

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက် သည့် သတင်းထုတ်ပြန်ချက်



ဆက်သွားချင်သေးတယ် ဆိုရင်