Pages

Thursday, April 4, 2013

ပြည်ခိုင်ဖြိုးပါတီ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ရန် စတင်ပြင်ဆင်


၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်နိုင် ရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက စီစဉ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ပါတီ၏ လက်ရှိ လွှတ်တော် ကိုယ်စားလှယ်များကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဆက်လက်ဝင်ရောက် အရွေးခံလိုခြင်းရှိ၊ မရှိကို ဆန္ဒသဘောထား ကောက်ခံနေပြီဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ဦးဌေးဦးက ပြောကြားသည်။

ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် ပြည်သူလူထု အကျိုးကို စေတနာအပြည့်ဖြင့် စွမ်းဆောင်ေ ပးနိုင်ခြင်း၊ ပြည်သူနှင့် ဆက်ဆံရေး အဆင်ပြေမည့်သူများ ဖြစ်ရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို မဲဆန္ဒနယ် ၁,၁၅၄ နေရာ၌ ကျင်းပခဲ့ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၈၈၂ နေရာ အနိုင်ရရှိခဲ့သည်။ သို့သော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါဝင်ယှဉ်ပြိုင်ခဲ့သော ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည်  လစ်လပ်နေရာ ၄၅ နေရာ အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ကိုယ်စားလှယ်လောင်း တစ်ဦးမှ အနိုင်ရရှိခဲ့ခြင်း မရှိပေ။

ပါတီတွင် ဖွဲ့စည်းပုံ ကျစ်လျစ်ခိုင်မာစေရန်နှင့် မူဝါဒသဘောထားများ ပြန်လည်သုံးသပ်နိုင်ရန် ပထမဦးဆုံးအကြိမ် ပါတီညီလာခံကို ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက နေပြည်တော်တွင် ကျင်းပခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် လူမှုရေး အသင်းအဖွဲ့အဖြစ် စတင်ဖွဲ့စည်းခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းသည် ၂၀၁၀ ပြည့်နှစ် ဧပြီလ ၂၉ ရက်၌ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကျင်းပကာ နိုင်ငံရေးပါတီအဖြစ် တည်ထောင်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၄ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

တန်ဖိုးမျှတအိမ်ရာ မြေဖိုးမပါ တည်ဆောက်မှု ကုန်ကျစရိတ်အတိုင်းသာ ရောင်းပေးမည်

ရန်ကုန်စည်ပင်မှ ဆောက်လုပ်သော တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများကို အကျိုးအမြတ်မယူဘဲ တည်ဆောက်မှု ကုန်ကျစရိတ် အတိုင်းသာ ရောင်းချပေးသွားမည်ဟု သိရသည်။ ယင်းအပြင် မြေတန်ဖိုးကိုလည်း ထည့်တွက်မည် မဟုတ်ဘဲ မြေပိုင်ရှင်အဖြစ် စည်ပင်သာယာမှသာ ဆောင်ရွက်သွားမည်ဟု ရန်ကုန်စည်ပင် အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ သိရသည်။ ရန်ကုန်စည်ပင်မှ ၂၀၁၅ ခုနှစ်တွင် အပြီး တန်ဖိုးမျှတ အိမ်ရာစီမံကိန်း လေးခုကို အကောင်အထည်ဖော်ရန်ရှိပြီး လက်ရှိတွင် စီမံကိန်းတစ်ခုကို စတင်အကောင် အထည်ဖော် ဆောင်ရွက်နေပြီဖြစ်သည်။

မတ်လဆန်းမှ စတင်ကာ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် (၄၈) ရပ်ကွက် ဗိုလ်မှူးဗထူးလမ်းတွင် ဗိုလ်ဗထူးအိမ်ရာ စီမံကိန်းကို ဆောင်ရွက်နေပြီး ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် (၄၂) ရပ်ကွက် ဗိုလ်မင်းရောင်လမ်းတွင် ဗိုလ်မင်းရောင် အိမ်ရာစီမံကိန်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် (၁၃၀) ရပ်ကွက် မင်းရဲကျော်စွာလမ်းတွင် မင်းရဲကျော်စွာ အိမ်ရာစီမံကိန်းနှင့် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် (၆၂) ရပ်ကွက် ဧရာဝဏ်လမ်းနှင့် ပြည်ထောင်စုလမ်းထောင့်တွင် ဧရာဝဏ်အိမ်ရာ စီမံကိန်းများကို ဆက်လက် အကောင်အထည် ဖော်သွားရန်ရှိကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။ အဆိုပါ အိမ်ရာစီမံကိန်းများရှိ အခန်းတန်ဖိုးကို လက်ရှိအချိန်တွင် မည်သည့်ဈေးနှုန်းဖြင့် ရောင်းချပေးနိုင်မည်ဟု တွက်ချက်ပေးနိုင်မှု မရှိသေးဟု အထက်ပါဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။

“PAE စနစ်ရဲ့ ကုန်ကျစရိတ်အတိုင်း ရောင်းပေးမှာ ဖြစ်တဲ့အတွက် ကျယ်ရင်ကျယ်သလို ဈေးကတော့ မြောက်သွားနိုင်တယ်။ ဒီအတွက် စဉ်းစားနေတယ်။ အထပ်မြင့်ဆောက်ရင် ဓါတ်လှေကားပါ ထည့်ရမယ်။ ဒါဆို ဈေးကမြင့်သွားမယ်။ အခု အခန်းအရေအတွက်ကို ညှိနေတယ်” ဟု ၄င်းက ပြောသည်။ PAE (Plant Area Estimate) ဆိုသည်မှာ တိုင်၊ ကြမ်းခင်း၊ အမိုး စသည်ဖြင့် ခွဲခြားတွက်ချက်ခြင်း မဟုတ်ဘဲ တစ်စတုရန်းပေ ပတ်လည်လျှင် ဈေးနှုန်းတစ်မျိုးတည်း သတ်မှတ်၍ ကုန်ကျစရိတ် တွက်ချက်ခြင်း ဖြစ်သည်။ ရန်ကုန်မြို့တွင်းရှိ တိုက်ခန်းများအား အနည်းဆုံး စတုရန်းပေ အကျယ် ၅၅၀ ထားရှိရန် သတ်မှတ်ထားသည်။ သို့သော် အမှန်တကယ် အိမ်ရာအဆင့်မီ ပုံစံမှာ စတုရန်းပေ ၁၀၀၀ ကျော်ရှိသင့်သည်ဟု ၄င်းကဆက်လက် ပြောသည်။ ၂၀၁၅ အပြီးတည်ဆောက်မည့် ယင်းအိမ်ရာစီမံကိန်းများမှ အခန်းများကို တိုင်းဒေသကြီး အစိုးရ၏ အစီအစဉ်ဖြင့် ပြည်သူများသို့ ရောင်းချသွားမည်ဟု ရန်ကုန်စည်ပင်မှ သိရကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ ၄ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ကျပ် ၁၅၀၀ တန် မိုဘိုင်းဖုန်းများ ဧပြီ ၂၄ ရက်တွင် စတင်ရောင်းချ မည်



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်း အမေရိကန်သမ္မတဟောင်း Mr. Jimmy Carter နှင့်ဇနီး Mrs. Rosalynn Carter ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 



 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်း တို့သည် ဧပြီ ၃ နံနက် (၁၁) နာရီတွင် အမေရိကန်သမ္မတဟောင်း Mr. Jimmy Carter နှင့်ဇနီး Mrs. Rosalynn Carter ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော် အမေရိကန် သမ္မတဟောင်းနှင့်ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။

ယင်းသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်နေသော ပြုပြင် ပြောင်းလဲရေး ကိစ္စရပ်များ၊ ၂၀၁၄ ခုနှစ်တွင် ဆောင်ရွက်မည့် တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူရေး ကိစ္စရပ်များ၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ်များ ရခိုင်ဒေသ အပါအဝင် ပဋိပက္ခဖြစ်ပွားခဲ့သော ဒေသများမှ ဒုက္ခသည်များအတွက် အိုးအိမ် ပြန်လည်ထူထောင်ရေး၊ အလုပ်အကိုင် ရရှိရေး၊ ပညာရေးနှင့် ကျန်းမာရေး မြှင့်တင်ရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံ ချစ်ကြည်မှုနှင့် ဆက်ဆံရေးတိုးမြှင့်ရေး ကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ဧည့်သည်တော် အမေရိကန် သမ္မတဟောင်းနှင့်ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့အား ဂုဏ်ပြုနေ့လည်စာ စားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

နိုင်ငံတော် သမ္မတရုံး

Wednesday, April 3, 2013

ရဲတပ်ဖွဲ့ဝင်အယောင်ဆောင်သူအား ဖမ်းဆီးအရေးယူ

၃၁-၃-၂၀၁၃ ရက်နေ့ ၁၂၃၅ အချိန် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့၊ အမှတ်(၂) ရပ်ကွက်၊ မျက်သွယ် ခေါင်ရည်ဆိုင်တွင် ရဲတပ်ကြပ်အဆင့်ယူနီဖောင်းဝတ်ထားသည့် မသင်္ကာဖွယ် လူတစ်ဦးရောက် ရှိနေကြောင်း သတင်း အရ မတ္တရာရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စုံစမ်းရာ အဆိုပါလူသည် အမှတ်( ၂) ရပ်ကွက်လမ်းမပေါ်ရှိဆိုင်ကယ် ကယ်ရီ မောင်းသူများအား““မင်းတို့ဆိုင်ကယ်တွေ လိုင်စင်မရှိရင် ဖမ်းပစ်မယ် ”” ဟု ခြိမ်းခြောက်ပြောဆို၍ အနီးရှိဆိုင်တွင် ခေါင်ရည်ေ သာက်ပြီးပြန် ထွက်သွားကြောင်း သိရှိရသဖြင့်လိုက်လံရှာဖွေခဲ့သည်။ထိုသို့ရှာဖွေခဲ့ရာအဆိုပါမသင်္ကာ ဖွယ်လူအား မြို့သစ် (၂)ရပ်ကွက် လမ်းပေါ်တွင် တွေ့ရှိရသဖြင့်စစ်မေးရာ မတ္တရာမြို့၊ မြို့သစ်(၁)ရပ်ကွက်နေအောင် ကျော်မိုး (ခ)မိုးမိုး (၃၂)နှစ်ဖြစ်ပြီး ၎င်းင်းဝတ်ဆင်လာသောယူနီဖောင်းမှာ ဦးလေးဖြစ်သူ၏ ယူနီဖောင်းအား ခိုးယူဝတ် ဆင် လာခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် အောင်ကျော်မိုး(ခ)မိုးမိုးအား မတ္တရာရဲစခန်း (ပ)၁၁၃/ ၂၀၁၃ ၊ ပြစ်မှု ပုဒ်မ ၁၇၀ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်များ ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည် သဖြင့် ဗုဒ္ဓဘာသာသို့ကူးပြောင်ရန်ရှိ



ယနေ့ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာဝင်အများအပြာသည် အစ္စလာမ်ဘာသာ၏ ရက်စက်ကြမ်းကြုပ်မှု များကို ကိုယ်တိုင်ခံစားနေရသလို ကမ္ဘာတလွှာတွင်လည် အခြာသောဘာသာများထက် အမတန်ေ အာက် တန်း ကျလှစွာသော အစ္စလာမ်ဘာသာ၏ အယုတ်တမာ လုပ်ရပ် များကိုလည် မျက်ဝါထင်ထင်မြင်ေ တွ့နေ ရသောကြောင့် အစ္စလာမ်ဘာသာဝင်တို့သည် အခြာသော ဘာသာများသို့ ကူးပြောင်းလျှက်ရှိပါသည်။

ထို့အတူမြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်တို့သည်လည် မိမိတို့ ကိုကွယ်နေ သည့် ဘာသာအယူဝါဒမှာ သံသရာအတွက်ရော လက်ရှိဘဝ အတွက် ငြိမ်ချမ်မှုမရှိသောကြောင့် ဗုဒ္ဓဘာသာသို့ကူးပြောင်းရန် ကြို စာနေ သည်ဟု အဆိုပါ ဗလီနှင့် နီးစပ်သူများ၏ ပြောကြားချက်နှင့် ဓာတ်ပုံ အထောက်ထာများအရ သိရပါသည်။

ဖော်ပြပါ ဓာတ်ပုံအတိုင်း ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်မြို့နယ် အမှတ်(၈/၁၀)ပန်းခြံလမ်း -မြေနီကုန် (တောင်)ရပ်ကွက်မှ အဆိုပါဗလီတွင် ဗုဒ္ဓဘာသာသို့ကူပြောင်းရန်အတွက် ဗုဒ္ဓမြတ်စွာဟောကြားခဲ့သည့်

တရားတော်များကို အစ္စလာမ်ဘာသာဝင်ဖြစ်သော မောင်လာနာ ဦးအဘူလ်ကာစင်မီယားရှားမှ ဦးေ ဆာင်ပြီး ဝိပဿနာကမ္မဌာန်းကျောင်း ကို ဖွင့်လှစ်၍ ဗုဒ္ဓဘာသာသို့ ကူးပြောင်းရန်အတွက် စိတ်အား ထက်သန်နေ သည့် အခြာသော အစ္စလာမ်ဘာသာဝင်များနှင့် အဆိုပါဗလီတွင် ဝိပဿနာ ကမ္မဌာန်း တရားများနှင့် ဗုဒ္ဓမြတ်စွာဟောကြားသည့် တရားတော်များကို ပါလေ့လာကျင့်ကြံ အားထုတ်နေသည်ဟု သိရပါသည်။

(သရော်စာ)
လူထု မောင်ကာဠု

ငြိမ်းချမ်းရေး လမ်းလျှောက်သူများ အတွက် မိုင်းရှင်းပေးစဉ် တပ်မတော်သား သုံးဦး ကျဆုံး ( သို့မဟုတ် ) အပုပ်ချမဏ္ဍိုင် အချို့၏ အမှောင်ချခြင်းခံ ရသောသတင်း တစ်ပုဒ်


ရခိုင်ပြည်နယ်ဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း ( အမိန့်အမှတ်၊ ၁၃/၂ဝ၁၃ )


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

(အမိန့်အမှတ်၊ ၁၃/၂ဝ၁၃)

၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက်

(၂ဝ၁၃ ခုနှစ်၊ ဧပြီလ ၂ ရက်)

ရခိုင်ပြည်နယ်ဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ (င) နှင့် ပုဒ်မခွဲ (စ)၊ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မ ၈၂၊ ပုဒ်မခွဲ(ဂ)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (ဆ)၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ (က)တို့ပါ ပြဋ္ဌာန်းချက်များအရ ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်စန်ရွှေအား ရခိုင်ပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ် တာဝန် ပေးလိုက်သည်။

(ပုံ)သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမုန်းတရားမဲ့၊ အကြမ်းဖက်မှုမဲ့၊ မျက်ရည်မဲ့ဘဝများ ဤမြေတွင် ပွင့်ပါစေသား

 
 
ရန်ကုန်က ရန်ကုန်မဟုတ်တော့။ ရန်ကုန်၏ ညများသည်လည်း အရင်လို ရန်ကုန်ညမျိုးမဟုတ်။လမ်းပေါ်မှာ လူတွေရှင်းနေသည်။ မိုးအလင်းဖွင့်တတ်သော လမ်းဘေး ဆိုင်များလည်း ဆိတ်သုဉ်းလျက်။ တဝေါဝေါဖြတ်သွားသော အငှား ကားများနှင့် ကိုယ်ပိုင်ကား တချို့ သာ မရှိလျှင်ရန်ကုန်ညသည် နယ် မြို့တစ်ခုနှင့် မခြား။ ညသည် လူများအိပ်စက်အနား ယူချိန်မို့ တိတ်ဆိတ်နေသည် ဆို သော်ငြား အခုတိတ်ဆိတ်ခြောက် သွေ့နေပုံက သမားရိုးကျမဟုတ်ပါ။ အထူးသဖြင့် ရန်ကုန်ညသည် ရန် ကုန် ညစတိုင်မှ ကွဲပြားကာ ညှိုး ရော် ချောက်ချားဖွယ်ကောင်းနေ ခြင်းကိုတော့ ဤရက်များအတွင်း သိသိသာသာ ခံစားနေရသည်က အသေအချာ ဖြစ်သည်။     ထိုခံစားမှုတွင် အဖြေရှိပါ သည်။ တကယ်တော့ရန်ကုန်၏ ညများက စိုးထိတ်မှု၊ ကြောက်ရွံမှု နှင့် ခြောက်အိပ်မက်များကြောင့် အနံ့အရသာ ပျောက်နေခြင်းပင် ဖြစ်သည်။ ထိုသို့သော နွေနေ၏ ရက် စက်သော အပူရှိန်မပြေသေးသည့်  ဧပြီလ ၂ရက် နံနက် ၃ နာရီအချိန် တွင် ဝမ်းနည်းဖွယ်ကောင်းသော ကံကြမ္မာဆိုးတစ်ခုက ရန်ကုန်ကို အလစ်အငိုက် တိုက်ခိုက်လိုက်သည်။

အင်းလျားကန်အနီး လူသတ်၍ ပြိုင်ကားဖြင့် ထွက်ပြေးသူ ကိုယ်တိုင် လာရောက်အဖမ်းခံ'

 
 
အင်းလျားကန်ဘောင်အနီး လူသတ် ၍ ပြိုင်ကားမောင်းပြီး ထွက်ပြေးသွား သူဟု ရဲက သံသယရှိသူမှာ ၄င်းကိုယ် တိုင် လာရောက်အဖမ်းခံလိုက်ကြောင်း သတင်းရရှိသည်။

ဧပြီ ၁ ရက် နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၌ ၄င်းကိုယ်တိုင် လာရောက် အ ဖမ်းခံခြင်း ဖြစ်ကြောင်း လှိုင်မြို့နယ် ရဲစခန်းမှူး က ပြောသည်။

မတ် ၁၇ရက် ည ၈နာရီ ၅ မိနစ် ခန့်တွင် အေဒီမီးပွိုင့်မှ လှည်းတန်းသို့ မောင်းလာသော ယာဉ်အမှတ်(၇ဂ/---) ငွေမင်ရောင်ပြိုင်ကားသည် အင်းလျား ကန်ဘေးရှိ အိအိုင်ဘီစီရှေ့အရောက်တွင် ရပ်ပြီး ကားပေါ်မှ ထိုးသွင်းဒဏ်ရာဖြင့် အမျိုးသားတစ်ဦးဆင်းလာကာလဲကျသွား ၍ လုံခြုံရေးတာဝန်ကျက သွားရောက် ကြည့်ရှုစဉ် အဆိုပါပြိုင်ကားမှာ လာရာလမ်း အတိုင်း မောင်းနှင်ထွက်ပြေးသွားခဲ့ သည်။ ရဲများက ဒဏ်ရာရရှိသူအား ရန်ကုန်ဆေးရုံကြီးသို့ပို့ပြီး ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့သည်။

''သတ်ရတဲ့အကြောင်းအရင်းကတော့ သေဆုံးသူက ရင့်ရင့်သီးသီးပြောလို့ တစ်ယောက်တစ်ခွန်း စကားများ ရာကနေ အသင့်ပါလာတဲ့ဓားနဲ့ ထိုးလိုက်တယ်လို့ ထွက်ချက်ရထားတယ်''ဟု စခန်းမှူးက ပြောသည်။
 

မြန်မာ့ တပ်မတော် (ရေ) မှ စစ်ရေယာဉ်တစ်စင်း မလေးရှားနိုင်ငံ လန်ကာဝီကျွန်းသို့ ချစ်ကြည်ရေး ခရီးသွားရောက် ခဲ့ရာမှ ပြန်လည်ရောက်ရှိ

 

 
မြန်မာ့ တပ်မတော်(ရေ)မှ စစ်ရေယာဉ် မဟာဗန္ဓုလသည် မလေးရှား နိုင်ငံရေတပ်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံ လန်ကာဝီကျွန်းတွင် ကျင်းပပြုလုပ်သည့် Langkawi International Maritime and Aerospace Exhibition 2013 (LIMA-2013) ပြပွဲသို့ တက်ရောက်ရန်အတွက် မတ် ၂၂ ရက် နံနက် ၁ဝ နာရီ မိနစ် ၄ဝ က အမှတ်(၃) ရေတပ်ဆိပ်ခံ တံတား (သီလဝါ)မှ ထွက်ခွာခဲ့ရာ ဧပြီ ၂ ရက် ညနေ ၄ နာရီ ၁ဝ မိနစ်တွင် ပြန်လည် ရောက်ရှိသည်။

စစ်ရေယာဉ် မဟာဗန္ဓုလအား ဧရာဝတီရေတပ် စခန်းဌာနချုပ် ဌာနချုပ်မှူး ဦးဆောင်သော တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်၊ မိသားစု များက  ကြိုဆိုနှုတ်ဆက်ကြသည်။

စစ်ရေယာဉ် မဟာဗန္ဓုလသည် မလေးရှားနိုင်ငံ   ရေပိုင်နက် အတွင်းသို့ မတ် ၂၄ ရက် ဒေသစံ တော်ချိန် နံနက် ၇ နာရီခွဲက စတင်ရောက်ရှိပြီး မလေးရှားနိုင်ငံ လန်ကာဝီကျွန်းသို့ ဒေသစံတော် ချိန် နံနက် ၉ နာရီခွဲ တွင် ရောက်ရှိသည်။

စစ်ရေယာဉ် မဟာဗန္ဓုလမှ စစ်ရေယာဉ်မှူးနှင့် အရာရှိများသည် မတ် ၂၆ ရက်တွင် လန်ကာဝီကျွန်း၊ Langkawi International Maritime and Aerospace Exhibition 2013(LIMA-2013) ပြပွဲ ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်သည်။

ထို့အပြင် စစ်ရေယာဉ်မှူးနှင့် အရာရှိ၊ စစ်သည်များသည် မတ် ၂၆ ရက်မှ  ၃ဝ ရက်အတွင်း Mahisuri International Exhibition Center(MIEC) ရှိ ရေကြောင်းဆိုင်ရာ ပြခန်းများသို့ သွားရောက်လေ့လာခြင်း၊ Porto Malai ကမ်းခြေတွင် ပြုလုပ်သော Maritime Demostrations သို့ သွားရောက် လေ့လာခြင်း၊ လန်ကာဝီကျွန်း Resort World Hotel တွင် ကျင်းပပြုလုပ်သည့် International Maritime Food Festival သို့တက်ရောက်၍ မြန်မာ့အစား အစာများဖြင့် ခင်းကျင်းပြသ ဧည့်ခံခြင်း နှင့် Kuah Town မြို့တွင် ကျင်းပပြုလုပ်သည့် Maritime Cultural Perfor- mace အခမ်းအနားသို့ တက်ရောက် ၍ မြန်မာ့ရိုးရာ အကများဖြင့် ဖျော်ဖြေခြင်းများ ပြုလုပ်ဆောင်ရွက် ခဲ့ကြသည်။

၄၈ လမ်း မီးလောင်မှုမှ လွတ်မြောက်လာသူအချို့ ဘာပြောကြသလဲ


ယခုကျောင်းသား သုံးဦးမှာ ဧပြီ ၂ ရက် နံနက် သုံးနာရီက ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းတွင် မီးလောင် ရာ၌ ရှိနေခဲ့သူများ ဖြစ်သည်။ ဧပြီ ၂ ရက် ညနေ ၅ နာရီကျော်တွင် မီဒီယာအချို့နှင့် တွေ့ဆုံခွင့်ရခဲ့သည်။ မီးလောင်မှု ဖြစ်စဉ်အတွင်း သူတို့ကြုံတွေ့ခဲ့ရမှုများအား ကျွန်တော်တို့ကို ပြောပြခဲ့သည်။ ထို့ပြင် ဗလီဥက္ကဋ္ဌ ဦးဘနီနှင့် ကျောင်းဆရာ ဦးဆာအိ တို့က သတင်းစဉ်သို့ပြောကြားချက် များကိုလည်း ပေါ်ပြူလာနယူးစ် ပရိသတ်များသိရှိနိုင်ပါရန် စုစည်း တင်ဆက်လိုက်ပါသည်။

မောင်ဝေယံသူ(၁၄ နှစ်)

အဲဒီမှာနေတာတော့ တစ်နှစ်ကျော်လောက်ရှိပြီ။ ကျွန်တော်က အောက်ထပ်မှာအိပ်တယ်။ မီးလောင်နေေ တာ့ ကျွန်တော်တို့ ထမင်းစားခန်းထဲ ဝင်ပြေးကြတယ်။ မီးသတ် တွေလာမှ ကျွန်တော်တို့ ထွက်လာကြတယ်။ သူတို့ကလည်း ကျောင်းသားလေးတွေ ထွက်လာလို့ရပြီလို့ ပြောတယ်။ အဲဒီမှာ ထွက်လာကြတာ။ ကိုယ့်ဘာ သာ လွတ်အောင် ပြေးလာတော့ တခြားသူတွေကိုလည်း ဂရုမစိုက်ဖြစ်ဘူး။ ဘေးအိမ်ကို အကူအညီ အော်ေ တာင်းတော့ ဘေးအိမ်က မီးတော့လင်းလာတယ်။ ဒါပေမဲ့ လူတစ်ယောက်မှ မတွေ့ဘူး။


ဆီရီးယား ပြည်တွင်းပဋိပက္ခများကြောင့် ယခုနှစ်မတ်လတွင် လူအသေအပျောက် အများဆုံးဖြစ်

ဆီးရီးယားနိုင်ငံအတွင်း နှစ်နှစ်တာ ဖြစ်ပွားနေသော အကြမ်းဖက်မှုများ၌ ၂၀၁၃ ခုနှစ် မတ်လသေဆုံးမှုမှာ ယခင်လ သေဆုံးမှုများထက်ပင် များပြားခဲ့ကြောင်း သိရသည်။ ၂၀၁၃ ခုနှစ် မတ်လတွင် ဆီးရီးယားပြည်သူများ သေဆုံးမှု ပမာဏများခဲ့ပြီး မတ်လအတွင်း၌ ၆၀၀၅ ဦး သေဆုံးခဲ့သည်။ ယင်းသေဆုံးသူများအနက် ကလေး ၂၉၈ ဦး၊ အမျိုးသမီး ၂၉၁ ဦး၊ အစိုးရတပ်ဖွဲ့ဝင် ၁၄၆၄ ဦးနှင့် သူပုန် ၁၄၈၆ ဦးတို့ သေဆုံးခဲ့ကြောင်း ဗြိတိန်အခြေစိုက် လူ့အခွင့်အရေး အဖွဲ့က စာရင်းထုတ်ပြန်ခဲ့သည်။ ဆီးရီးယားနိုင်ငံ၌ အစိုးရအဖွဲ့နှင့် သူပုန်တို့ တိုက်ခိုက်မှုကြောင့် နှစ်နှစ်အတွင်း လူပေါင်း ခုနစ်သောင်း သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့က စာရင်း ထုတ်ပြန်သည်။ သမ္မတ အာဆတ်သည် ဆန္ဒပြမှုများကို အပြင်းအထန် နှိပ်ကွပ်ခဲ့ပြီးနောက် ဆန္ဒပြသူများ စုပေါင်းကာ အစိုးရကို လက်နက်ကိုင် ဆန့်ကျင်လာသဖြင့် ပြည်တွင်းစစ် အဖြစ်သို့ ရောက်ရှိခဲ့ရသည်။

ရိုက်တာ

နိုင်ငံတော်အဆင့်သတင်းများ ပြန်ကြားရေးဝန်ကြီးဌာနက ပုဂ္ဂလိက သတင်းစာကို ပြန်ရောင်းရန်စီစဉ်

ပုဂ္ဂလိကပိုင် သတင်းမီဒီယာများကို နိုင်ငံတော်အစိုးရနှင့် ပတ်သက်သည့် သတင်းများ ပြန်ကြားရေး ၀န်ကြီးဌာနမှ ပြန်လည်ရောင်းချ သွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားသည်။ လက်ရှိတွင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် အစိုးရ၏ သတင်းများကို ပြန်လည်ရောင်းချနိုင်ရန် ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က “နိုင်ငံတော်အစိုးရရဲ့ သတင်းတွေနဲ့ ဓာတ်ပုံတွေကို နိုင်ငံတကာ သတင်းဌာနတွေက ရောင်းချတဲ့ ပုံစံအတိုင်း ပြန်လည်ရောင်း ချသွားမယ်”ဟု ပြောကြားသည်။ ပြန်ကြားရေး ၀န်ကြီးဌာနအနေဖြင့် နိုင်ငံတော်အဆင့် သတင်းများ ကိုမည်ကဲ့သို့ ရောင်းချမည်၊ မည်သို့ရောင်းချမည်ကို လာမည့် ဧပြီလ တတိယပတ်တွင် ထုတ်ပြန်ပေးသွား မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။ ဦးရဲထွဋ်က “လက်ရှိမှာ ပြန်ကြားရေး က လဲ နိုင်ငံတကာ သတင်းတွေကို ပြန်ဝယ်ပြီးတော့ လပေးစနစ်နဲ့ သုံးနေတာတွေ ရှိတယ်။ အခုလဲ သတင်းတွေကို လပေးစနစ်၊ နေ့အလိုက်စနစ်နဲ့ ရောင်းချဖို့ စီစဉ်နေပါတယ်”ဟု ထပ်မံပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၄ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြထားပါသည်။

၄၈ လမ်း ဗလီ မီးလောင်မှု အဖြစ်မှန် ပေါ်ပေါက် ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် သတင်းနှင့် စာနယ်ဇင်း ရှင်းလင်း

 

 
ရန်ကုန်မြို့၄၈ လမ်းဗလီမှ စာသင် ကလေးငယ် မောင်ဝေယံသူ (အသက် ၁၄နှစ်)၊ မောင်မောင်ေ ဇာ် ၊မောင်မျိုးအောင်တို့မှ မီးလောင်ကျွမ်းခဲ့ပုံအဖြစ် မှန်များကို ထုတ်ဖော်ပြောပြခဲ့သောကြောင့်ဧပြီလ ၂ရက်နေ့နံနက်ပိုင်းက ၄၈လမ်း ဘာသာရေးစာသင်ကျောင်းဗလီမီးသင့် လောင်ကာ လူသေဆုံးမှု၏ အများက စိတ်ဝင်စားနေသော အဖြစ်မှန်ပေါ် ပေါက်သွားခဲ့ပြီဟုဧပြီလ ၂ရက်နေ့ညနေက ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တွင်ပြုလုပ်သည့် စာ နယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးတို့က ရှင်းလင်းပြောပြရာတွင် ဝေယံသူ(အသက် ၁၄နှစ်)မှာ မီးစတင်လောင်ကျွမ်းခဲ့သော မီးအားမြင့်စက်ဘေး တွင် အိပ်စက်ခဲ့ကြောင်း၊ အဆိုပါ ၄၈လမ်းဗလီတွင်လွန်ခဲ့သော ၂ရက်ခန့်ကရောက်ရှိ လာကြသော ဘာသာရေးစာသင်မည့်ကလေးငယ် ၇၀ကျော်ကိုအပေါ်ထပ်တွင်ကလေး ၁၃ဦး၊ အောက် ထပ်တွင် ကလေး၅၀ကိုဗလီဆရာ ဇေယျာဖြိုးခေါ်၊မိုဟာ မက်အူလဟွာ နေရာချထားပေး ခဲ့ရာ၊ ဧပြီလ၂ ရက်နေ့နံနက် ၃နာရီခန့်တွင်မောင်ဝေယံသူအိပ်နေသော နေရာဘေး ကမီးအားမြင့်စက်မ အသံများ ဆူညံစွာ မြည်လာပြီး မီးခိုးများထွက် လာသော ကြောင့်ဗလီဆရာဇေယျာဖြိုးနှင့် အခြားလူကြီးများ ကို ပြေးနှိုးသော်လည်း မနိုး ကြကြောင်း ထို့ကြောင့်စောင်များနှင့် ၀ိုင်းအုပ်ကြကြောင်းမီးမသေဘဲမီးခိုးများ အူထွက်လာပါကြောင်း ထို့နောက် ဗလီဆရာဇေယျာဖြိုးနိုးလာပြီးစောင် များကို ဗလီတွင်သန့်ရှင်းရေး ေ ဆးေ က်ာ သော ရေ အိုးမှရေများကိုဆွတ်ပြီးမီးလောင် နေသောနေရာကို အုပ်ခဲ့ကြောင်း၊ မီးအားမြင့်စက်ေ အာက်မှ ဒီဇယ်ငါးဂါလံပုံး လဲမှောက်ပြီးမီးလောင် နေသောကြောင့် စောင် များဖြင့်အုပ်သော် လည်းမီးငြိမ်း မသွားဘ မီးခိုးများအူထွက်လာပြီးအပေါ်ထပ်တွင် အိပ်နေကြသော ကလေး၁၃ဦးလုံးသေ ဆုံးကုန်ကြောင်း၊

ဆက်သွားချင်သေးတယ် ဆိုရင်