Pages

Saturday, February 23, 2013

လက်နက်နှင့် မူးယစ်ဆေးဝါး ရှာဖွေရာတွင် ရုရှားစစ်ဘက်က ကြွက်များ အသုံးပြုမည်


ရုရှားစစ်ဘက်ဆိုင်ရာ သုတေသီများသည် လက်နက်များ၊ ဖောက်ခွဲရေး ပစ္စည်းများနှင့် မူးယစ်ဆေးဝါး များကို ရှာဖွေဖော်ထုတ်ရာတွင် ကြွက်များကို အသုံးပြုနိုင်ရန် လေ့လာလျက်ရှိကြောင်း အစ်ဇဘက်ရှား သ တင်း စာက ဖေဖော်ဝါရီ ၂၁ ရက်တွင် ရေးသားဖော်ပြ သည်။ ကြွက် များသည် ဖောက်ခွဲရေး ပစ္စည်းများနှင့် လက်နက်များ ရှာဖွေရာတွင် ခွေးများထက်ပင် အနံ့ခံနိုင်စွမ်း ပိုမိုကောင်းမွန်ကြောင်း ကျွမ်းကျင်သူ ပညာရှင်များက ပြောကြားကြသည်။ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့သည် အကြမ်းဖက်မှု တိုက် ဖျက်ရေးလုပ်ငန်းတွင် ကြွက်များကို အသုံးပြုလျက်ရှိပြီးဖြစ်ကြောင်း၊ ရုရှားစစ် ထောက်လှမ်းရေးနှင့် လျှို့ ၀ှက်ေ ထာက် လှမ်းရေး တပ်ဖွဲ့ဝင်များက ကြွက်များကို အသုံးပြု၍ ရှာဖွေမှုများ ပြုလုပ်နိုင်ရန် စမ်းသပ်လေ့ လာမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ရုရှားကျွမ်းကျင်သူ ပညာရှင် တစ်ဦးဖြစ်သူ ဗီနီဒီတော့ဗ် က ပြောကြားသည်။ 

ရိုက်တာ

အမေရိကန်-မြန်မာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ ကျင်းပမည်

အမေရိကန်-မြန်မာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ရန် ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၌ ကျင်း ပမည် ဖြစ်ကြောင်း အဆိုပါ အသင်းချုပ် တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂ဝ ရက် တွင် ပြောကြားသည်။ အမေရိကန်နှင့် မြန်မာနိုင်ငံအကြား အပြန်အလှန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ မှု တို့ မြင့်မားတိုးတက်လာစေရန် ရည်ရွယ်လျက် အဆိုပါဆွေးနွေးပွဲကို ကျင်းပရန် စီစဉ်ခြင်းဖြစ်သည်။ ''အမေရိ ကန်-မြန်မာ စီးပွားရေး ဆက်ဆံမှုများအတွက် တိုးတက်မှုလမ်းကြောင်း'' ဟု အမည်ပေး ထားေ သာ ဆွေးနွေးပွဲကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များ အသင်းချုပ် ဝါရှင်တန်ဒီစီ အခြေစိုက် အမေရိကန် ကုန်သည်ကြီးများ အသင်းနှင့် ပူးပေါင်းကာ စီစဉ် ကျင်းပ မည်ဖြစ်သည်။ 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီနိုင်ငံများသို့ တရားဝင် ခရီးသွားရောက်မည်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဖင်လန်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ဆူလီနီနီစတို၊ သြစတြီးယား သမ္မတနိုင်ငံ သမ္မတ မစ္စတာ ဟိန်းဇ်ဖစ်ရှာ၊ အီတလီ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ဂျော်ဂျီယို နာပိုလီတာနို၊ နော်ဝေနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဂျန်း(စ်) စတိုလ်တန်ဘတ်ခ်နှင့် ဥေ ရာပကော်မရှင် ဥက္ကဋ္ဌ မစ္စတာ ဟိုဆေး မန်နျူရယ် ဘာရိုဆိုတို့၏ ဖိတ်ကြားချက်အရ မကြာမီ ကာ လ အ တွင်း နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီနိုင်ငံများသို့ တရားဝင် ခရီး သွားေ ရာက်မည် ဖြစ်သည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ထုတ် ကြေးမုံ သတင်းစာ တွ င်ေ ဖ်ာပြ ထားပါသည်။

ပွင့်လင်းတဲ့ အစိုးရအဖွဲ့မှာ ပါဝင်နိုင်ဖို့ ဗြိတိန်အစိုးရ မိတ်ဘက်အဖြစ် လာဆွေးနွေး


ပွင့်လင်းတဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်ရေး (Open Government  Partnership) အဖွဲ့ဝင်ထဲမှာ သမ္မတ ဦးသိန်းစိန်က ပါဝင်ချင်တဲ့ ဆန္ဒရှိတယ်လို့ ဗြိတိန်နိုင်ငံ ဝန်ကြီးများရုံး ဝန်ကြီး Francis Maude MP က သည်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ပွင့်လင်းတဲ့အစိုးရ ပူးပေါင်းဆောင်ရွက်ရေး (OGP) အဖွဲ့ မှာ ပြဋ္ဌန်းထားတဲ့ ဥပဒေရေးရာနဲ့ အခြေခံစည်းကမ်းကို လိုက်နာရမယ့် အချက်တွေ ရှိပါတယ်။ အဲဒါေ တွ က နိုင်ငံတော် ဘဏ္ဍာငွေ ရသုံးငွေစာရင်း ရှင်းတမ်း၊ တိုင်းပြည်နဲ့ ငွေစာရင်းကို ပွင့်ပွင့်လင်းလင်း ချပြဖို့၊ အကြီး တန်း အရာရှိကြီးများရဲ့ ပိုင်ဆိုင်မှုစာရင်း ပြဖို့လိုတယ်။ ဒါတွေကို ပွင့်ပွင့်လင်းလင်း ဖော်ပြနိုင်မှ အိုဂျီပီ အဖွဲ့ဝင်မှာ ပါဝင်ခွင့်ရှိမယ်လို့ သိရပါတယ်။ ဗြိတိန်နိုင်ငံ ဝန်ကြီးများရုံး ဝန်ကြီးက ‘တိုင်းရင်း သား ခေါင်းဆောင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံတဲ့အခါ သူတို့က သေသေချာချာ လိုလားကြတယ်၊ မြန်မာအစိုးရကလဲ ဆန္ဒရှိတယ်၊ ဗြိတိန်က ဘယ်လို ကူညီပါဝင်ဖို့ ဆွေးနွေးထားတယ်’ လို့ ပြောပါတယ်။ အိုဂျီပီ ဝင်ရောက်တဲ့ အကျိုးကျေးဇူးက တိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းမှု အများကြီး ရှိလာမယ်။ သည်လို ပွင့်လင်းမြင်သာမှု ကြောင့် အကျင့်ပျက်ခြစားမှုကို အပြီးအပိုင် ချေမှုန်းနိုင် မယ်။ ငွေကြေးဘယ်မှာ သုံးလဲဆိုတာ ပွင့်လင်းစွာ သိလာနိုင်မယ်လို့ သိရတယ်။ မြန်မာနိုင်ငံရဲ့ ပွင့်လင်းမြင်သာမှု ရှိလာတဲ့ အနေအထားမှာ ပွင့်လင်းတဲ့ မိတ်ဖက်အဖြစ် ဆောင်ရွက်တာ ဖြစ်တယ်လို့ ဆိုတယ်။ ပွင့်လင်းမြင်သာမှုနဲ့ ပွင့်လင်းမှုရှိတဲ့ အစိုးရက အရေးကြီးလို့ ဗြိတိန်နိုင်ငံက အင်ဒိုနီးရှားနဲ့တွဲပြီး သဘာပတိအဖြစ် ဆောင်ရွက်နေပါတယ်။ အိုဂျီပီနှစ်ပတ်လည် ထိပ်သီး အစည်းအဝေးပွဲကို ဗြိတိန်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပဖို့ ရှိပါတယ်။ သည်ပွဲကို မြန်မာနိုင်ငံနဲ့ တခြားနိုင်ငံတွေကိုပါ ဖိတ်ကြားမယ်လို့ သိရကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Khit Lu Nge

လိုင်ဇာသွား ကုလအဖွဲ့များ လုံခြုံရေးကြောင့် ကြန့်ကြာနေ

ကချင်ပြည်နယ်၊ လိုင်ဇာရှိ စစ်ပြေးဒုက္ခသည်များအား ကူညီရန် လုံခြုံရေးအခက်အခဲကြောင့် ကမ္ဘာ့ကုလ သမဂ္ဂ အကူအညီပေးရေးအဖွဲ့များ ကြန့်ကြာနေကြောင်း ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး တာဝန်ခံ ဦးဒွဲပီဆား က ပြောသည်။အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်တို့အကြား စစ်ရေးတင်းမာ မှုများ ရှိနေသေး၍ ကုလ အဖွဲ့အစည်းများက မြစ်ကြီးနား-လိုင်ဇာ၊ မြစ်ကြီးနား-ဗန်းမော် ကားလမ်းအတိုင်း လာရောက်ရန် လုံခြုံမှု မရှိသေးခြင်း ဖြစ်သည်။

“သူတို့ လမ်းကြောင်းနဲ့ ပတ်သက်လို့ ညှိနှိုင်းနေတယ် ထင်တယ်။ လာမယ်လို့တော့ သတင်းပေးလာတယ်။ ဘယ်တော့ လာမယ်ဆိုတာ မပြောလာသေးဘူး။ လိုင်ဇာနဲ့ ဗန်းမော် တိုက်ရိုက်သွားဖို့ လမ်းကြောင်း နည်းနည်းခက်ခဲနေတယ်။ ဒါကြောင့် မိုင်ဂျာယန်၊ လွယ်ဂျယ်ဘက်ကနေ လာမယ်လို့တော့ ပြောတယ်။ ဒါပေမယ့် ဘယ်လို ဖြစ်လာမယ်ဆိုတာတော့ မသေချာသေးဘူး” ဟု KIO ၏ ဒုက္ခသည် ကူညီရေး တာဝန်ခံ  ဦးဒွဲပီဆား က မဇ္စျိမကို ပြောသည်။

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် အကြိုတွေ့ဆုံပွဲ အပေါ် UNFC ကျေနပ်အားရ

မြန်မာအစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော် မတီနှင့် ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ Holiday Inn ၌ ယနေ့ အကြိုတွေ့ ဆုံဆွေးနွေးရာတွင် အားရကျေနပ်မှုရှိကြောင်း ညီညွတ်သော တိုင်းရင်း သား လူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC က ပြောသည်။

နံနက် ၉နာရီမှ ညနေ ၅ နာရီအထိ တွေ့ဆုံခဲ့သည့် ယင်းဆွေးနွေးပွဲတွင် UNFC မှ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက “အခု UNFC အဖွဲ့တွေနဲ့ အစိုးရအကြား တွေ့ဆုံတာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ဒီတွေ့ ဆုံပွဲမှာ နှစ်ဦးနှစ်ဖက်သူ့အမြင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတဲ့ အခါ က်ေ တာ့ ေ တ်ာတော်လေး အားရကျေနပ်မိ ပါတယ်”ဟု ကေအိုင်စီ သို့ ပြောသည်။

Friday, February 22, 2013

ပြည်တွင်း ဒုက္ခသည်များ အတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဦးစားပေးမည်


ထိုင်းနိုင်ငံနယ်စပ်ရှိ ဒုက္ခသည်တစ်သိန်းကျော်အား မြန်မာပြည်တွင်းသို့ ပြန်လည်ခေါ်ယူမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ပြည်တွင်းဒုက္ခသည်များအတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းများအား ဦးစားပေး ဆောင်ရွက်ပြီးမှသာ ပြည်ပရှိ ဒုက္ခသည်များအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်အ မျိုးသား အစည်းအရုံး (ကေအင်န်ယူ)၏ ကာကွယ်ရေးဝန်ကြီး စောရော်ဂျာခင်က ပြောသည်။ “ပထမကေ တာ့ ပြည်တွင်း ဒုက္ခသည်တွေက ဘယ်မှမသွားကြတော့ လုပ်ရတာ လွယ်တယ်။ မြို့ကျော်နေတဲ့ ရွာပုန်း ရွာေ ရှာင်ေ တွအတွက် စနစ်တကျ ပြန်လည်ထူထောင်ရေး လုပ်ပြီးမှပဲ တစ်ဖက်မှာရှိတဲ့ သူတွေ ကို ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်” ဟု စောရော်ဂျာခင်က ဖေဖော်ဝါရီလ ၁၂ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့ ၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောသည်။

မြန်မာနိုင်ငံသည် ယနေ့ကမ္ဘာပေါ်တွင် စိတ်ဝင်စားမှု၊ အာရုံစူးစိုက်မှု အခံရဆုံးနိုင်ငံဖြစ်လာ

ပထမအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမနေ့ ပုံမှန်အစည်းအဝေး (၁၇)ရက်မြေက်နေ့ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် အစီအစဉ် (၁၅)ခုဖြင့် ကျင်းပသည်။ အစည်းအဝေး၌ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၆)မှ ဦးခင်မောင်ရီက အဆိုတင်သွင်းရာတွင် မြန်မာနိုင်ငံသည် ယနေ့ကမ္ဘာပေါ်တွင် စိတ်ဝင်စားမှု၊ အာရုံစူးစိုက်မှု အခံရဆုံး နိုင်ငံဖြစ်လာပြီး နိုင်ငံတကာမှ အကြီးအကဲများ၊ အစိုးရပိုင်တာဝန်ရှိသူများ၊ အမေရိကန်၊ အင်္ဂလန်၊ ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များစွာ လာရောက်လေ့လာညှိနှိုင်းခြင်း၊ ကမ္ဘာဘဏ်၊ နိုင်ငံတကာ ဖွံ့ဖြိုးရေးဘဏ်၊ အာရှဖွံ့ဖြိုးတိုးတက်ရေး ဘဏ်တို့မှ ပုဂ္ဂိုလ်များ လာရောက်ညှိနှိုင်းမှုများ၊ ဖိုရမ်များ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ၍ အကူအညီနှင့် ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းမှုများ၊ သံခင်းတမန်ခင်းသာပြီး ယခင်ဆက်ဆံရေး နိမ့်ကျရာမှ သံအမတ်ကြီးအဆင့်နှင့် တိုးမြှင့်ဆက်ဆံနိုင်မှုများသည် အပြောင်းအလဲများကြောင့် ဖြစ်ထွန်းလာသော အသီးအပွင့်များ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် အလွန်ထင်သာမြင်သာသော ဖွံ့ဖြိုးတိုးတက်မှုများမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အင်နှင့်အားနှင့် ဝင်လာခြင်း (သီလဝါ၊ ထားဝယ် ရေနက်ဆိပ်ကမ်း စသည်)၊ ကမ္ဘာလှည့် ခရီးသွား ရာခိုင်နှုန်း နှစ်ဆကျော် တိုးတက်လာခြင်း၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ပဲရစ်ကလပ်နိုင်ငံများမှ ကြွေးမြီများ တစ်စိတ်တစ်ပိုင်း ပေးဆပ်နိုင်ရန် ဂျပန်၊ နော်ဝေကဲ့သို့ မိတ်ဆွေနိုင်ငံများ၏ ကြွေးမြီပေးလျှော်ပေးခြင်း၊ ဖွံ့ဖြိုးရေးချေးငွေများ ရရှိပြီး ကြွေးမြီကိစ္စ ရှင်းလင်းကာ နိုင်ငံသိက္ခာ မြှင့်တင်နိုင်ခြင်း စသည်တို့ဖြစ်ပါကြောင်း။ မိမိတို့နိုင်ငံ၌ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအနက် အဓိက စိန်ခေါ်မှုကြီး လေးရပ်မှာ ရခိုင်ပြည်နယ် ပဋိပက္ခများကိစ္စ၊ ကချင်ပြည်နယ် ပဋိပက္ခကိစ္စ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတကာ/ နှစ်နိုင်ငံ သဘောတူညီမှုဖြင့် ယခင်အစိုးရလက်ထက်က စီမံကိန်းကြီးများနှင့် ၎င်းတို့ကြောင့် ပတ်ဝန်းကျင်အပေါ် ထိခိုက်သက်ရောက်မှု (EIA, HIA,SIA) ကိစ္စများနှင့် စက်ရုံ၊ အလုပ်ရုံစီမံကိန်းများရှိ လုပ်သားဆန္ဒပြုမှု၊ နိုင်ငံအနှံ့ အကြောင်းကြောင်းဖြင့် ဆန္ဒထုတ်ဖော်မှု၊ ပြဿနာဖြစ်လျှင် အုပ်စုနှင့် ဖြေရှင်းလိုသော ကိစ္စများဖြစ်ပါကြောင်း၊ ယနေ့ နိုင်ငံတော်က တည်ငြိမ်စွာ အဆင့်ဆင့်ပြောင်းလဲမှုဖြစ်စဉ် (Evolution နည်း) ဖြင့် သွားနေပါကြောင်း၊ (Revolution) ကဲ့သို့ အချိန်တိုအတွင်း လုံးဝပြောင်းပြန်လှန် ပြောင်းပစ်ပါက အလွန်အန္တရာယ် ကြီးပါကြောင်း။ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း လိုက်နာမှုမရှိလျှင် အရေးယူရခြင်းများ ရှိလာပြီး မလိုလားအပ်မှုများ ပေါ်လာမည်ဖြစ်ပါကြောင်း၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ကျင့်ဝတ်သိက္ခာ၊ Code of Conduct တို့နှင့် ထိန်းထိန်းသိမ်းသိမ်း မကျင့်သုံးလျှင် တရားဥပဒေဖြင့် ထိန်းရမှုများ ဖြစ်လာမှာဖြစ်ပါကြော်း၊ လူအုပ်စုနှင့် ဖြေရှင်းခြင်းမျိုး ဖြစ်လာပါက တည်ငြိမ်အေးချမ်းရေးအတွက် မလုပ်မဖြစ် နှိမ်နင်းထိန်းသိမ်းရမည်ကို သိမြင်နားလည်ပြီး မဖြစ်စေချင်သည်များ မဖြစ်အောင် မိတ်ဖက်အဖွဲ့အစည်းများ အားလုံးက မိမိတို့ဘက်က ထိန်းထိန်းသိမ်းသိမ်းလုပ်မည်၊ အိမ်နီးချင်း၊ ဒေသအတွင်း၊ နိုင်ငံတကာ တိုင်းပြည်များနှင့် နားလည်မှုပျက်မည့်၊ နိုင်ငံသိက္ခာ ထိခိုက်မည့်ကိစ္စများ ရှောင်ရှားမည်ဆိုသည့် အမြင်ရှိရန် လိုသည်ကို စဉ်းစားစေချင်ပါကြောင်း၊ အဓိက ဦးထိပ်ထားရန်မှာ နိုင်ငံတော်၊ သန်း(၆၀) သော ပြည်သူတစ်ရပ်လုံး၊ အမျိုးသားရေး အကျိုးစီးပွားနှင့် လုံခြုံရေး၊ အခြေခံဥပဒေနှင့် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးတို့ ဖြစ်ပါကြောင်း။ မိမိတို့ ဦးထိပ်ထားရမည့် အချက်များနှင့် နှိုင်းယှဉ်ကြည့်လိုက်ပါက မိမိတို့ပြဿနာသည် သေးငယ်သွားသည်ကို ခံစားရမည်ဖြစ်ပါကြောင်း၊ ယင်းမှာ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တစ်ဒေသကို ဆိုလိုခြင်း မဟုတ်ပါကြောင်း၊ နိုင်ငံတော် အပါအဝင် မိတ်ဖက် အဖွဲ့အစည်းများ အားလုံကိုး ဆိုလိုခြင်း ဖြစ်ပါကြောင်း၊ ယင်းအမြင်နှင့် ကြည့်ပါက နောက်ကြောင်းပြန် ကိစ္စများ၊ အာဃာတများ၊ ပုဂ္ဂိုလ်ရေး မကျေနပ်မှုများ၊ ပြည်ပထိုးဖောက်မှုများ၊ အဖျက်လုပ်ငန်းများ စသည်တို့ပါမလာအောင် သတိထားရှောင်ရှားပြီး အားလုံးပါဝင်သော All Inclusive ဖြစ်မည့် အစီအစဉ်များ ပေါ်ထွန်းလာရေးအတွက် အားလုံးက စိတ်ရှည်ခြင်း၊ သည်းခံခွင့်လွှတ်ခြင်း၊ မိသားစုစိတ်ဓာတ်၊ သွေးစည်းညီညွတ်မှု၊ အသိတရား၊ သတိတရားကြီးစွာ တည်တည်ငြိမ်ငြိမ်ဖြင့် ချဉ်းကပ်ဖြေရှင်းကြရန် လိုပါကြောင်း၊ ထိုသို့ဖြစ်ရန် မိတ်ဖက် အဖွဲ့အစည်းများ အားလုံး၏ အချုပ်ဖြစ်သော လွှတ်တော်ကြီးက ကျန်မိတ်ဖက် အဖွဲ့အစည်းများများကို ထိတွေ့ ညှိနှိုင်းသွားရန် လိုပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိ၏ အဆိုဖြစ်သော နိုင်ငံတော်၏ ကံကြမ္မာကို ဖန်တီးနိုင်သော နိုင်ငံတော်၏ မဏ္ဍိုင်သုံးရပ် အပါအဝင် ပါဝင်ပတ်သက်သူ အားလုံးက နိုင်ငံတော်နှင့် ပြည်သူအတွက် အမြင့်မားဆုံး ရည်မှန်းချက် တစ်ခုတည်းကိုသာ အာရုံရှေးရှု ဆောင်ရွက်သွားကြရန်နှင့် လမ်းကြောင်းမှန်မှ သွေဖည်သွားနိုင်သော ကိစ္စရပ်များကို အထူးရှောင်ရှားကြပါရန် ပါဝင်ပတ်သက်သူ အားလုံးကို အလေးအနက် တိုက်တွန်းအပ်ပါကြောင်း အဆိုကို တင်သွင်းသည်။ ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်သည်။ အစည်းအဝေးကို မွန်းလွဲ ၂ နာရီ မိနစ် ၄၀ တွင် ရပ်နားလိုက်ပြီး အစည်းအဝေး (၁၈) ရက်မြောက်နေ့ကို ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၁၀ နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။ 

KLN

Thursday, February 21, 2013

Cyber တိုက်ခိုက်မှု စွပ်စွဲချက် တရုတ်ပယ်ချ

အမေရိကန်ပြည်ထောင်စုထဲက ပစ်မှတ်တွေကို တရုတ်စစ်တပ်က အင်တာနက်ကနေ ထွင်းဖောက် တိုက်ခိုက်တာတွေ ရှိခဲ့ တယ်ဆိုတဲ့ အမေရိကန် အခြေစိုက် အင်တာနက် လုံခြုံရေးဆိုင်ရာ အဖွဲ့တဖွဲ့ ရဲ့ စွပ်စွဲချက်ကို တရုတ်ကာကွယ်ရေးဝန်ကြီးဌာန က ပယ်ချလိုက်ပါတယ်။ တရုတ်စစ်တပ်ဟာ ဆိုင်ဘာ တိုက်ခိုက်မှုတွေကို ဘယ်တုန်းကမှ အားမပေးဘူးလို့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ တရုတ်ကာကွယ် ရေး ၀န်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။ Mandiant အဖွဲ့က အင်္ဂါနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာဟာ အချက် အလက်တွေ အပေါ် အခြေခံထား တာ မဟုတ်သလို နည်းပညာပိုင်း အထောက်အထားလည်း မပါဘူးလို့ ထုတ်ပြန်ချက် က ဆိုပါတယ်။

သာကေတ မန်ပြေ ရပ်ကွက်ရှိ ပြန်လည် ဖျက်သိမ်းခဲ့သော အဆောက်အအုံ ၀န်ကြီးချုပ် စစ်ဆေး



ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) တို့ ၏ ပူးတွဲ ကြေငြာချက်


အပစ်ရပ်တပ်ဖွဲ့နှင့် အစိုးရတပ်ကြား တိုက်ပွဲ ဖြစ်ဖို့မရှိတော့ကြောင်း ဦးအောင်မင်းပြော

ယမန်နေ့ ဖေဖော်ဝါရီ ၁၉ မွန်းလွဲ ၁ နာရီက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Sheik Istana Hotel ဟိုတယ်တွင် သျှမ်းပြည်တပ် မတော် RCSS/SSA နှင့် ဦးအောင်မင်းတို့ တွေ့ဆုံရာ၌ စစ်ဘက်နှင့်အစိုး ရဘက် ဆွေးနွေးဖြေရှင်းခဲ့ကြပြီးဖြစ်သဖြင့် အပစ်ရပ်တပ်ဖွဲ့နှင့်အစိုးရတပ်မေ တာ် ကြား ရှေ့ဆက် တိုက် ပွဲ ဖြစ်ဖို့အလားအလာမရှိတော့ကြောင်း ဦးအောင်မင်းက ပြောသည်ဟု RCSS/SSA သတင်း ရပ်ကွက်က ဆိုပါသည်။

“အပစ်ရပ် သဘောတူညီခဲ့ပြီဆိုပေမယ့် ခုချိန်ထိ အစိုးရစစ်တပ်နဲ့ ကျနော်တို့ ပစ်ခတ်မှုရှိနေတုန်းဘဲ ။ အရင်တုန်းက ကျနော်တို့ထင်တာက အစိုးရစစ်တပ်ရဲ့ အောက်ခြေတပ်သားတွေ အရာရှိတွေဟာ အထက်ရဲ့ အ မိန့်ကို မနာခံဘဲ မိမိဆန္ဒ အလျောက် ကျနော်တို့ကို ပစ်ခတ်တိုက်ခိုက်နေတာလို့ ထင်မိတယ်။ ကျနော်တို့ လေ့လာကြည့်တော့ အထက်ရဲ့ ညွှန်ကြား ချက်ကြောင့် ပစ်ခတ်ရတာလို့ သိရတယ်။ ဒီကိစ္စတွ မေးဖြစ်စေ ချင်တော့ဘူးလို့ စဝ်ယွက်စစ်က ပြောတော့ ဦးအောင်မင်းက စစ်ဘက်နဲ့အစိုးရ တို့ ဆွေးနွေးပြီးပြီ။ ရှေ့ဆက်မဖြစ်တော့ပါဘူးလို့ ပြောသွားတယ်” ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် RCSS / SSA အရာရှိတဦးက ပြောသည်။

rcss-govt-cm1

ရှေ့ဆက်တိုက်ပွဲများဆက်မဖြစ်အောင် အစိုးရအပေါ် အပစ်ရပ်တပ်ဖွဲ့များမှ ယုံကြည်မှုရှိသင့်သည်ဟု ဦးအောင်မင်းက ပြောဆိုရာ ၊ ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က အစိုးရအပေါ်တွင်သာ မူတည်ကြောင်းပြောခဲ့ သည် ဟုဆိုပါသည်။

KNU ဥက္ကဌ နှင့် ဒုသမ္မတ စိုင်းမောက်ခမ်း တွေ့ဆုံ

ကရင်အမျိုးသားအစည်းအရုံး-KNUမှ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ပါဝင်သည့် အဖွဲ့ဝင်လေး ဦးနှင့် မြန်မာ အစိုးရ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းတို့သည် ကရင်ပြည်နယ် မြ၀တီမြို့၊ အေး ချမ်းဖြိုး ရိပ်သာတွင် ယနေ့ နေ့လည် ၁၂နာရီမှစ၍ တစ်နာရီကျော် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် မြ၀တီမြို့ရှိ ကုန်သွယ်ဇုံကို ကြည့်ရှုစစ်ဆေးရန်လာရောက်ခဲ့ခြင်း ဖြစ် ပြီး ထိုသို့ ရောက်ရှိလာစဉ် KNU ဘက်မှ သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု တွေ့ဆုံမှုတွင် ပါဝင်သည့် KNU တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဖြစ်သူ စောဂျွန်(စောတာမူလာ)က ကေအိုင်စီသို့ ပြောသည်။

UNFC နှင့် အစိုးရ တို့ နိုင်ငံရေး စဆွေးနွေးပြီ


စီစဉ် ထားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် မြန်မာ အစိုးရ တို့အကြား နို င်ငံေ ရး တွေ့ ဆုံ ဆွေးနွေး နိုင်ရေး အတွက် ပထမဆုံး တရားဝင် အကြို ညှိနှိုင်း ဆွေးနွေး ပွဲ တစ်ရပ်ကို ယနေ့ (ဖော်ေ ဖာ် ဝါရီ ၂၀) ရက်နေ့ နံနက် (၉) နာရီ၌ ထိုင်းနိုင်ငံ ချင်းမိုင် မြို့ရှိ Holiday Inn ဟိုတယ် ၌ ပြုလုပ်လျက် ရှိ သည်။ ယခု ဆွေးနွေး ပွဲသည် ကချင် စစ်ပွဲ၏ အဆုံးအဖြတ် တစ်ရပ် အဖြစ် ၄င်းနှင့် တိုင်းရင်းသား တန်း တူရေး နိုင်ငံရေး အခန်းကဏ္ဍ အတွက် တစ်စုံ တစ်ရာ လမ်းစ ဖော်ဆောင် ပေးနိုင်မည့် အခြေ အနေ၌ ရှိ သဖြင့် ပြည်တွင်း ပြည်ပမှ နိုင်ငံရေး တက်ကြွှ သူများနှင့် သတင်း မီဒီယာ များမှလည်း စိတ်ဝင် တ စား စောင့်ကြည့် နေလျက် ရှိကြသည်။

ကျေးလက်များတွင် မိုဘိုင်းဖုန်း ဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရန် လိုကြောင်း ဒေါက်တာ ဗညာအောင်မိုး ပြော

 မြန်မာနိုင်ငံတဝန်းရှိ မြို့ကြီးများတွင်သာမက ကျေးလက်ဒေသများတွင်လည်း မိုဘိုင်းဖုန်း ဆက်သွယ်ရေး ဖွံ့ဖြိုး တိုးတက်ရန် လိုအပ်ကြောင်း မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၇) မှ ဒေါက်တာဗညာအောင် မိုး က ပြောသည်။

sim-card-being-placed-into-a-mobile-phone

ဖော်ဖေဝါရီလ ၁၉ ရက်နေ့ နေပြည်တော် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ကျင်းပစဉ် တွင် ဒေါက်တာဗညာအောင်မိုးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။သူက “လမ်းပန်း ဆက် သွယ်ရေး အလှမ်းဝေတဲ့ ကျေးလက်တောရွာတွေမှာ ဆက်သွယ်ရေးကောင်း မွန်လာမယ်ဆိုရင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်း အထိုက်အလျှောက် ဖြည်းဆည်းရာရောက်ပါတယ်” ဟု ပြောသည်။

မြန်မာ့ဆက်သွယ်ရေး အင်တာနက်သတင်း စာမျက်နှာဖေါ်ပြချက်အရ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ယနေ့အထိ မြန်မာတစ်နိုင်ငံလုံးတွင် အိတ်ချိန်းဌာနပေါင်း (၈၈၇)ခု ရှိခဲ့ပြီး အော်တိုတယ်လီဖုန်းနှင့် လက်သုံးတယ်လီဖုန်း လိုင်းအင်အား (မိုဘိုင်းဖုန်းအပါအဝင်) (၇၃၄,၂၁၉)ရှိပြီဟု သိရသည်။

ဆက်သွားချင်သေးတယ် ဆိုရင်