စိုင်းလိန်၏ အလောင်းအား ပြန်ဖော်နေကြစဉ် (ဓါတ်ပုံ- သျှမ်းသံတော်ဆင့်)
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ယ္ခုလ ၆ ရက်နေ့ကဖြစ်ပွားခဲ့သောလူသတ်မှုအား အမှုမှန်ပေါ်ထွက် လာရေးအတွက် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဒေသခံဆရာဝန် ဆရာမများအကူအညီဖြင့် ပြန်လည် အလောင်း ဖော်ခဲ့ကြောင်း စုံစမ်း သိရှိ ရသည်။
အလောင်း ဖော်ကြည့်ရာတွင် ၄င်းတို့ ထင်ထားသည်ထက် ဒဏ်ရာများ ပိုပြင်းထန်နေသည်ကိုတွေ့ ရ ကြောင်း၊ မသေမချင်း ဓါးနှင့် ခုတ်သတ်မှုအဖြစ် ပြစ်မှုထင်ရှားကြောင်း၊ အမှုမှန်ပေါ်ပေါက် ရေးအတွက် တရားမျှတစွာ ဖြေရှင်းပေး ဖို့လိုကြောင်း၊ အလောင်းဖော်ပြီး ပြန်လည် စစ်ဆေးပေးသော ဒေသခံ ဆရာဝန်/မ များမှာ ဒေါက်တာ နန်းထွေးခမ်း၊ ဒေါက်တာစိုင်းနိုင်ဌေး ဆေးသူနာပြု ဆရာမ ၂ ဦးနှင့် ဆေး ရုံအကူ ဦးစိုင်းကျော်နိုင် နှင့် ရဲအရာရှိ အချို့ အပါအ၀င် ကျားဖြူဘက်က စိုင်းမွေး၊ ကျားခေါင်း ဘက်က ဦးစိုင်းလိန်မြတ် တို့ပါဝင်ကြောင်း ၄င်းကဆိုသည်။
ထို့အပြင် ယနေ့ ရက်လည် ဆွမ်းကျွေးသည့် နေ့အထိ တရားခံဘက်မှ လူမှုရေးအရ၊ တရားဥပဒေအရ လာရောက်ကူညီခြင်း တောင်းပန်စကား ပြောကြားခြင်း မရှိကြောင်းဆိုသည်။